menu

Sunday, 18 March 2012

ကိုရီးယားခရီးသွား အမျိုးသမီးတစ်ဦး လေကြောင်းဝန်ထမ်း မြန်မာအမျိုးသားကို လည်ပင်းညှစ်


ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးကြီးတစ်ဦးက   Air Asia    လေကြောင်းမှ မြန်မာဝန်ထမ်းအမျိုးသားတစ်ဦးအား လည်ပင်းညှစ်သည့်ဖြစ်ရပ်တစ်ခု မတ်  ၄ ရက်က ရန်ကုန်လေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“မတ် ၂၀ ရက် ပြန်မယ့်လက်မှတ်ကို စောပြီးပြန်ချင်တာ ခရီးသည်က ပြည့်နေတော့ မလွယ်ဘူး။ စောင့်နေရတာကြာတယ်ဆိုပြီး လည်ပင်းညှစ်တာ”ဟု အဆိုပါ လေ ကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထိုကဲ့သို့ လည်ပင်းညှစ်သော အမျိုးသမီးကြီးမှာ အသက် ၇၈ နှစ်ရှိပြီး ပြန်လည်တောင်းပန်သောကြောင့် အညှစ်ခံရ သည့် ၀န်ထမ်းက အမှုမဖွင့်တော့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ တာဝန်ရှိသူကပြောသည်။
မကြာသေးမီက ရန်ကုန်မြို့ရှိ  Orchid  ဟိုတယ်တွင် လာရောက် တည်းခိုသည့် ဂျပန်နိုင်ငံသားတစ်ဦးကလည်း ဟိုတယ်ဝန်ထမ်းအမျိုးသမီးတစ်ဦးအား ပါးရိုက်သဖြင့် အမှုဖြစ်ပွားလျက်ရှိသည်။ ယခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုများ၍ ၀န်ထမ်းများ၏ ၀န်ဆောင်မှုမှာလည်း ကျဆင်းလျက်ရှိကြောင်း လာရောက် တည်းခိုသူအချို့က မှတ်ချက်ပြုကြသည်။
7DayNews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis