menu

Tuesday, 20 March 2012

ပုသိမ်သူ ရှပ်ပြေးရေယာဉ် နစ်မြုပ်


ဧရာဝတီတိုင်း ဒေသကြီး၏ မြို့တော် ပုသိမ်မြို့မှ ငပုတောမြို့သို့ ပြေးဆွဲနေသော ပုသိမ်သူ (၁၁) ရှပ်ပြေးရေယာဉ်သည် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ငပုတောမြို့နယ် တစ်ဖက်ကမ်း ကံဆိပ်ကျေးရွာအနီး၌ နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့ခံများနှင့် ငပုတောမြို့ခံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

အဆိုပါ ပုသိမ်သူ ရေယာဉ်မှာ ပုသိမ်မှ သရက်တောကျေးရွာသို့ အသွား ငပုတော တစ်ဖက်ကမ်း ကံဆိပ်ကျေးရွာတွင် ကမ်းကပ်ရန် လှည့်ရာမှ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ငပုတောမြို့နယ် ဆေးရုံသို့ ဆက်သွယ် မေးမြန်းချက်များအရ ရောက်ရှိလာသည့် လူလေးဦးတွင် တစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း၊ သဘောင်္ပေါ်တွင် ခရီးသည်နှင့် ကုန်စည် အပြည့်ပါဝင် လာကြောင်း ကနဦးသတင်း ရရှိထားသည်။
The Voice Weekly (facebook)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis