ရတနာပုံတယ်လီပို့က
Development and Maintenance ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး
ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက
ပြောပါတယ်။
“အဲဒါကတော့
ဌာနကို သူရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတယ်။ ဒီကလူတွေကို
ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံသွားတဲ့အတွက် အဲဒါတွေကို မကျေနပ်ကြပါဘူး။
အဲဒီ့ လူကြီးကို မကျေနပ်ပါဘူး။ အဲဒီအတွက် အထက်ကနေ ထိထိရောက်ရောက်
အရေးယူပေးရန်၊ နောက်တချက်က အခုသူခေါ်သွားတဲ့ လူ ၁၇ ယောက်စာအတွက် ကုမ္ပဏီဘက်က
ပြန်စဉ်းစားပေးပါရန်၊ အခု စာချုပ်မှာ အကုန်ပါ ပါတယ်။ ကုမ္ပဏီက လိုအပ်ရင်
လိုအပ်တဲ့နေရာမှာကို အားလုံးလွှတ်ရမယ်ဆိုတာ ပါပါတယ်။
ဒါပေမယ့်
အခုဒီကနေ သွားတဲ့လူတွေအားလုံး ဒီဇိုင်နာတွေပါ။ အဲဒါတွေကို ဟိုဘက်မှာ
ခဲအရည်ဖျော်ခိုင်းတယ်၊ နောက်တခုက ဘာမှပြန်မပြောနဲ့ ခိုင်းတာလုပ်ရမယ်
ဆိုတဲ့ဟာတွေ အဲဒါတွေအားလုံးကို မကျေနပ်ပါဘူး။ အဲဒီ ၁၃ ယောက်စာ အတွက်လည်း
ပြန်စဉ်းစားပေးပါ။ ပြီးတော့ ဒီလူကြီးကို ဌာနမှူးအဖြစ်
လုံးဝလက်မခံနိုင်ပါဘူး။ အဲဒါကို တင်ပြထားတာပါ။”
အဲဒီ
ကန့်ကွက်စာကို ရတနာပုံတယ်လီပို့ ကုမ္ပဏီစီမံခန့်ခွဲမှု အင်ဂျင်နီယာဌာနက
ပြည်ထောင်စု အစိုးရအဖွဲ့၊ သမ္မတရုံးအထိ ကန့်ကွက်မယ်လို့ ကုမ္ပဏီက ၀န်ထမ်းက
ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ
အစိုးရနဲ့ ပုဂ္ဂလိက အစုစပ် လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ ရတနာပုံ
တယ်လီပို့ ဥက္ကဋ္ဌဟာ ပြည်ထောင်စုအစိုးရ ဆက်သွယ်ရေး စာတိုက်နဲ့ကြေးနန်းဝန်ကြီး
ဦးသိန်းထွန်း ဖြစ်ပါတယ်။
ကန့်ကွက်တောင်းဆိုတာ
မရရင်အားလုံးထွက်ဖို့ ပြင်ဆင်ထားတယ်လို့ ကိုယ်တိုင် လက်မှတ်ရေးထိုး
ကန့်ကွက်စာပို့တဲ့ အထဲမှာ ပါဝင်သူက ပြောပါတယ်။
ရတနာပုံတယ်လီပို့ဟာ
အငြိမ်းစားဗိုလ်ချုပ်တွေရဲ့ ရှယ်ယာတွေ ပါဝင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ရတနာပုံ တယ်လီပို့ဟာ အင်တာနက် တပ်ဆင်တဲ့ လုပ်ငန်းနဲ့ မန္တလေးနဲ့
ပြင်ဦးလွင်မြို့တို့မှာ အင်တာနက်နဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့
ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment