menu

Wednesday, 29 February 2012

စင်ကာပူက ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံဖြစ်လာ




ဖို့ဘ်မဂ္ဂဇင်းက ပြုစုခဲ့သည့် စစ်တမ်းတွင် စင်ကာပူသည် ကာတာနှင့် လူဇင်ဘတ်တို့ပြီးလျင် ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့က ပြုစုခဲ့သည့် အချက် အလက်များကို အသုံးပြုပြီး လေ့လာခဲ့ရာ စင်ကာပူသည် တစ်ဦးချင်းနှစ် စဉ်ဝင်ငွေတွင် ဒေါ်လာ ၅၆၇၀၀ ရှိခဲ့ပြီး တတိယအချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ ရေနံကြွယ်ဝသည် ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ကာတာက တစ်ဦးချင်းနှစ်စဉ်ဝင်ငွေ ၈၈၀၀၀ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ လူဦးရေ ၁ ဒသမ ၇ သန်းရှိသော ကာတာနိုင်ငံသည် ကမ္ဘာ့တတိယသဘာဝဓာတ်ငွေ့ အကြွယ်ဝဆုံး နိုင်ငံဖြစ်သည်။  ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးနိုင်ငံမှာ လူဇင်ဘတ်ဖြစ်ပြီး တစ်ဦးချင်း နှစ်စဉ်ဝင်ငွေဒေါ်လာ ၈၁၀၀၀ ရှိသည်။
လူဦးရေ ၅၀၀၀၀၀ ခန့်သာရှိသော လူဇင်ဘတ်နိုင်ငံသည် ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ ဂျာမနီတို့နှင့် နယ်နိမိတ်ထိစပ်နေသော ဘဏ္ဍာရေး ဗဟိုချက်ဖြစ်သည်။ ၀ယ်နိုင်စွမ်းအားနှင့် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်တွက်ချက်ပြီး နိုင်ငံ ၁၈၂ နိုင်ငံကို စစ်တမ်းပြုစုခဲ့ခြင်းဖြစ်ကြောင်း ဖို့ဘ်မဂ္ဂဇင်းက ပြောကြားခဲ့သည်။  ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ဘရူနိုင်းက နံပါတ် ၅ နေရာရရှိခဲ့ပြီး အမေရိကန်က နံပါတ် ၇ နေရာရရှိခဲ့ကာ ဟောင်ကောင်က နံပါတ် ၈ နေရာရရှိခဲ့ကြောင်း သိရသည်။
Ref:Straits Times
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis