ခွင့်ပြုကောက်ခံခဲ့သော်လည်း ယခုနှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် သင်တန်းအားလုံးအသီးသီးကို နှစ်ဆတိုးမြှင့်၍ကောက်ခံခဲ့၍ ကျောင်းလခတစ်နှစ်စာကို တစ်ကြိမ်တည်းဖြင့် အကျေပေးသွင်းရမည်ဟု သတ်မှတ်ခဲ့သည့်အပြင် ကျောင်းသုံးပုံနှိပ်ဖတ်စာအုပ်များကို ကျောင်းအပ်နှံရာတွင် မယူမနေရအနေဖြင့် သင်တန်းဌာနအလိုက် ကျောင်းသားတစ်ဦးလျှင် နှစ်သောင်းကျပ်ပါကောက်ခံခဲ့သည်။ နှစ်ကျကျောင်းသားများအနေဖြင့် ပုံနှိပ်ဖတ်စာအုပ်ဖိုး တစ်သောင်းကျပ်သာကောက်ခံမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ကောက်ခံခြင်းမရှိခဲ့ဟု သတင်းရရှိသည်။ ကျောင်းလခတိုးမြှင့်ခဲ့သည့်အပြင် ကျောင်းသားကတ် (Smart Card) အတွက် သုံးထောင်ကျပ်နှင့် တခြားအထွေထွေကြေးများပေါင်းကာ AGTI (ပထမနှစ်နှင့် ဒုတိယနှစ်) သင်တန်းသားတစ်ဦးအတွက် လေးသောင်းကျပ်နီးပါးသွင်းရပြီး B-Tech (ပထမနှစ်နှင့် ဒုတိယနှစ်) အတွက် ငါးသောင်းကျပ်ကျော်ကျော်သွင်းရကာ BE အတွက် ခြောက်သောင်းနီးပါးပေးသွင်းနေရသဖြင့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံရာတွင်များစွာ အခက်အခဲရှိကြောင်း သိရသည်။ ယခုအခါ ကျောင်းသားမိဘများ၏ အဆင်မပြေမှုတင်ပြချက်များကြောင့် ယခင်နှစ်များကဲ့သို့ ကျောင်းလခကို မိမိတတ်နိုင်သလောက်သာ ခွဲဝေပေးသွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ နည်းပညာတက္ကသိုလ်များတွင် ဒီဇင်ဘာလအစောပိုင်းမှစတင်၍ ဒီဇင်ဘာလကုန်ထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်းလည်း သိရှိရသည်။ ရေးသားသူ - ကိုဟိန်း
Internet Journal
No comments:
Post a Comment