ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးက လှူဒါန်းမှု သဘောတူညီချက် လက်မှတ်ကို ပေးအပ်စဉ်
“ပညာရေးဆိုတာ လူအဖွဲ့အစည်းအတွက် အခြေခံဖောင်ဒေးရှင်း တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ပညာရေးကဏ္ဍမှာ ယူနီဆက်အပါအ၀င် တခြား အဖွဲ့အစည်းတွေကလည်း ထည့်ဝင်လှူဒါန်းလျက်ရှိပြီး အဓိကအားဖြင့် အခြေခံပညာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါတယ်။ ပညာသင်ကြားရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ ကလေးငယ်တွေအတွက် ကူညီထောက်ပံ့လျက် ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပညာရေးကဏ္ဍ အတွက် ၂၀၁၂ ခုနှစ်အစောပိုင်းမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းကို လှူ ဒါန်းသွားဖို့ရှိပါတယ်။ ဒါကြောင့် ဒီနေ့အဲဒီအကူအညီပေးဖို့ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်” ဟု ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့ သည်။
By EMG
No comments:
Post a Comment