နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၌ နိုင်ငံတော်ဧည့်ဂေဟာ စတင် တည်ဆောက်နေကြောင်း သတင်း ရရှိသည်။
အဆိုပါနိုင်ငံတော် ဧည့်ဂေဟာကို စတင်တည်ဆောက်ရန်အတွက် ဒီဇင်ဘာလအတွင်း ပန္နက်တင်အခမ်းအနားများ ကျင်းပခဲ့ပြီး ဧည့်ဂေဟာ တည်ဆောက်ရန်အတွက် မြေနေရာ ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ဧည့်ဂေဟာ တည်ဆောက်မည့် မြေနေရာသည် သံတမန်ဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမှ နေပြည်တော်သို့ ၀င်ရောက်သည့် စီလမ်းမကြီးဘေးတွင် တည်ရှိကြောင်း သိရှိရသည်။
၎င်းနိုင်ငံတော် ဧည့်ဂေဟာကြီး ကို ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သည့် ထူးကုမ္ပဏီ၊ အေ၀မ်းကုမ္ပဏီနှင့် အခြားပုဂ္ဂလိက ကုမ္ပဏီများမှ တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရပါသည်။
By EMG
No comments:
Post a Comment