menu

Tuesday, 29 October 2013

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ

Photo: ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ


ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။

အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့  ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။

ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။
----
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

www.yoyarlay.com/entertainment/123-discovery/38447-poision-frog

.

ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

The Voice Daily မှ သတင်းထောက်တစ်ဦး နေပြည်တော် ပျဉ်းမနား၌ ရိုက်နှက်ခံရ

နေပြည်တော်၊ အောက်တိုဘာ ၂၉

The Voice Daily သတင်းစာ တွင် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက်တစ်ဦးအား ဝိုင်းဝန်း ရိုက်နှက်မှု ပျဉ်းမနားမြို့၌ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယင်းဖြစ်ရပ်မှာ အောက်တိုဘာ ၂၈ ရက်နေ့ ၁ဝ နာရီခွဲခန့်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အမှုကို ပျဉ်းမနားမြို့မ ရဲစခန်းတွင် (ပ) ၆၉၄/ဝ၃၊ ပုဒ်မ ၂၉၄/၃၂၃ တို့ဖြင့် ဖွင့်လှစ်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝိုင်းဝန်းရိုက်နှက်ခံရသူ သတင်းထောက် ကိုအောင်ထက်သည် မင်္ဂလာရပ်ကွက် သံလမ်းထိပ် ထမင်း ဆိုင်မှ ထမင်းစားပြန်လာချိန် အောင် ချမ်းသာဘုရားအနီးအရောက် စက်ဘီး တစ်စီးကို ၄င်းစီးနင်းလာသည့် ဆိုင် ကယ်ဖြင့်ကျော်တက်စဉ် စက်ဘီးနှင့် ဆိုင်ကယ်ထိမိရာမှ စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် မြန်မာပြည် ရောက်

အိန္ဒိယ, မြန်မာ, တပ်မတော်, စစ်တပ်, စစ်ဘက် ဆက်ဆံရေး
အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီကာရမ် ဆင်း (Bikram Singh) (ဓာတ်ပုံ – thehindu.com)

နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်ရန် အိန္ဒိယ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီကာရမ် ဆင်း (Bikram Singh)နှင့် အဖွဲ့ ယနေ့ မြန်မာနိုင်ငံသို့ သွားရောက်ကြောင်း The Times of India သတင်းစာတွင် ဖော်ပြထားသည်။
ယခု ခရီးစဉ်အတွင်း မြန်မာတပ်မတော် ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ ပိုမိုကောင်းမွန်သော နယ်စပ်ဒေသ စီမံခန့်ခွဲမှုမှသည် စွမ်း ရည် ပြည့်ဝသည့် မြန်မာတပ်မတော် တည်ဆောက်ရေး အထိ ဆွေးနွေးသွားမည်ဟု သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ နှင့် တိုးချဲ့ဆက်ဆံရန် ရည်ရွယ်ပြီး မြန်မာတပ်မတော်အား စွမ်းရည်မြှင့်တင်ပေးရေး အတွက် အိန္ဒိယ စစ်တက္ကသိုလ်များနှင့် စစ်သင်တန်းများတွင် မြန်မာစစ်အရာရှိများ ပိုမိုတက်ရောက်နိုင်ရေး စီစဉ်သွားမည်ဟုလည်း  အဆိုပါသတင်း၌ ဆက်လက် ဖော်ပြထားသည်။
ထို့အပြင် မြန်မာတပ်မတော်အား ရေတပ်ကင်းလှည့် လေယာဉ် များ၊ စစ်သင်္ဘောများ၊ ထောက်လှမ်းရေး ကိရိယာများ၊ ၁၀၅ မမ အမြောက်ကြီးများ စသည့် လက်နက်များ ထောက်ပံ့နေရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အိန္ဒိယနိုင်ငံလုပ် အသံလှိုင်းဖြင့် ရေ အောက် ထောက်လှမ်းရေး Sonar ကိရိယာများ မြန်မာရေတပ်သို့ ရောင်းချမည်ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ၀န်ကြီး ၏ အကြံပေး ပုဂ္ဂိုလ်ကို ကိုးကားပြီး The Hindu သတင်းစာတွင်လည်း ရေးသားထားသေးသည်။

UNFC အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာနှင့် တွေ့ဆုံခြင်း

interv_fdrphs-KOK_NKK
ကေအိုင်အို အဖွဲချုပ်ရှိရာ လိုင်ဇာတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသော UNFC အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာနှင့် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေတွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
DVB : MPC က အပစ်အခတ် ရပ်စဲရေး မူကြမ်းအပေါ် ဘယ်လိုသဘောရလဲ။
UKO : မူကြမ်းတစ်ခုတော့ တွေ့ပါတယ်။ သို့သော် အလုပ်ဖြစ်နိုင်တဲ့ အခြေအနေတော့ နည်းနည်းလေး ဝေးသေးတယ်။ ကျွန်တော်တို့ဘက်က ထုတ်ထားတဲ့ မူကြမ်းလည်း ရှိတယ်။ အဆင့် သုံးဆင့်ပေါ့။ အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံး အပိုင်းသုံးပိုင်း။ အဲ့ဒါက တိုတိုတောင်းတောင်း။ ခုဟာတော့ နည်းနည်းရှည်တယ်။ ဒါကြောင့် အဲ့ဒီနှစ်ခု ညှိဖို့လိုတယ်။ ညှိဖို့လိုတော့ ကျွန်တော်တို့ ကတော့ ကျွန်တော်တို့ တိုင်းရင်းသား ညီလာခံက ထုတ်ထားတဲ့ မူကြမ်းကိုပဲ အဲ့ဒီမှာ အဓိက ညှိမှာပေါ့။ အဲ့ဒီဟာ ညှိပြီးလို့ ရလို့ရှိရင် အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ MPC ကပေးထားတဲ့ မူကတော့ ကျွန်တော်တို့ နည်းနည်း အကြောင်းအရာတွေများတော့ ချုံ့လိုက်မှာပေါ့။ ချုံ့လိုက်ပြီးတော့ အလုပ်ဖြစ်နိုင်တဲ့ မူတစ်ခုတော့ ထွက်မယ်လို့ ယူဆရတယ်။

အင်းလေးကို ကယ်တင်ခြင်း....( ကိုထက် )

F-30-10
အင်းလေးကန်နှင့် အင်းလေးဖောင်တော်ဦး ဘုရားကို မေလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ) အောင်မျိုးသန့်
အင်းလေးကန်သည် လွန်ခဲ့သော နှစ်သန်းပေါင်း များစွာကတည်းက သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ရေကန်၊ ရာဇ၀င် အဆိုအရ အလောင်းစည်သူ မင်းကြီးရဲ့ ဘုန်းတန်ခိုး အာနုဘော်ကြောင့် ပေါ်ပေါက်လာတဲ့ ရေကန်။ မည်သို့ပင် ဆိုစေကာမူ အင်းလေးကန်ကတော့ ရှမ်းပြည်နယ်ရဲ့ ပြယုဂ်ကို အလှဆင်ထားတာကတော့ အမှန်ပါပဲ။ အင်းလေးကန်ဟာ တောင်-မြောက် ၁၄ မိုင်၊ အရှေ့-အနောက် ၇ မိုင်ခန့် ကျယ်ဝန်းပါတယ်။ ညောင်ရွှေစော်ဘွားကြီးရဲ့ အပိုင်စား နယ်မြေမှာလည်း ပါဝင်ပါတယ်။ နောက်တော့ ခေတ်အခြေအနေအရ ကိုလိုနီလက်အောက်ကို ကျသွားတော့လည်း အင်္ဂလိပ်တွေဟာ အင်းလေးကန်ကို ထိန်းသိမ်းဖို့အတွက် ကြိုးစားခဲ့တယ်လို့ ဒေသရဲ့ သမိုင်းကြောင်းအရ သိရပါတယ်။ ဂျပန်ခေတ် ရောက်ပြန်တော့လည်း ဂျပန်တွေက အင်းလေးကန်ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂျပန်ခေတ် ကုန်ဆုံးသွားတဲ့ အခါမှာတော့ ရပ်တန့်သွားခဲ့ ရပါတယ်။
နှစ်ပေါင်းခြောက်ဆယ် ကျော်လာပါတယ်။ အင်းလေးကန်ရဲ့ စိုးရိမ်ဖွယ် ရေမှတ်ကို ပြီးခဲ့တဲ့ ၂၀၁၂ နွေရာသီမှာ သတိထားမိ လာကြပါပြီ။ ပူပြင်းတဲ့ နွေရာသီ ကာလမှာ အပူရှိန်ကြောင့် အင်းလေးကန်ရဲ့ ရေတိမ်ပိုင်း နေရာတွေမှာ ရေခန်းခြောက် သွားပါတယ်။ အင်းလေးကန်ကြီးတောင် ရေခန်းသွားတယ်ဆိုတဲ့ သတင်းက ပြည်သူတွေကြားထဲမှာ ပျံ့နှံ့လာပါတယ်။ အင်းလေးကန် သတင်းကြားတော့ ပထမဆုံး တွေးမိတာက အင်းသားတွေ ဘယ်လိုလုပ်ကိုင် စားသောက်ကြမလဲ။ သူတို့ရဲ့ ကျွန်းမျောစိုက်ခင်းတွေ၊ နောက်ပြီး ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု အခြေအနေ၊ အနီးပတ်ဝန်းကျင် ကျေးရွာ ၄၀၀ က လူတွေ သောက်သုံးရေကိစ္စ စသဖြင့်ပေါ့လေ၊ ကိုယ်မီသလောက်လေးတော့ တွေးမိပါသေးတယ်။ နောက်ကွယ်က ဖြစ်ရပ်တွေကိုတော့ သတင်းစာ၊ ဂျာနယ်တွေမှာ ပါသလောက်ပဲ ဖတ်မှတ်မိပါတယ်။

လိုင်ဇာ ညီလာခံကို ‘ဝ’ နဲ့ မိုင်းလား ဘာကြောင့် မတက်သလဲ

လိုင်ဇာ, တိုင်းရင်သား, ညီလာခံ, ကချင်, UWSA, KIA, မိုင်းလား
လိုင်ဇာသို့ ရောက်ရှိလာသော တိုင်းရင်းသား ခေါင်းဆောင်များကို KIA က ဧည့်ခံကြိုဆို (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ကချင် လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ စုစည်းဆွေးနွေးကြမယ့် ညီလာခံကို အင်အားကြီး လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) နဲ့ သူ့ရဲ့ မဟာမိတ် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်ခြင်းမရှိဘူးလို့ သတင်း ရရှိပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ၃ ရက်အကြာ ပြုလုပ်မယ့် အဲဒီညီလာခံ KIO ကစီစဉ်ကျင်းပတာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားထားရာ တခြားအဖွဲ့က ခေါင်းဆောင်တွေ လိုင်ဇာကို ရောက်ရှိနေကြပြီဖြစ်ပေမယ့် ဝ နဲ့ မိုင်းလား အဖွဲ့တွေကတော့ ရောက်မလာဘူးလို့ သိရပါတယ်။
လိုင်ဇာညီလာခံကို မတက်ဖြစ်ရတဲ့ အကြောင်း အရင်းနဲ့ပတ်သက်ပြီး ဧရာဝတီက UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လိုင်ဇာ ညီလာခံ နဲ့ ပတ်သက်ပြီး လတ်တလော မဖြေဆိုနိုင်သေးဘူးလို့ ပြောပါတယ်။

သံတွဲပဋိပက္ခ သံသယဖြစ်ခံရသူငါးဦး ထပ်မံဖမ်းဆီးခံရ

ရန်ကုန်၊ အောက်တိုဘာ-၂၈

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ သံသယဖြစ်ခံရ သူရခိုင်အမျိုးသားငါးဦးကို တစ်ပတ်အတွင်း ထပ်မံဖမ်းဆီးခဲ့ ပြီး ဖမ်းဆီးခံရသူ ရခိုင်အမျိုးသား ၅၃ ဦးအထိရှိပြီဖြစ်ကြောင်း သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုမောင်ဖြူက စံတော်ချိန်သို့ အောက်တိုဘာ ၂၇ ရက်က ပြောဆိုသည်။

တစ်ပတ်အတွင်း ဖမ်းဆီးခံရသူများတွင် အောက်တို ဘာ ၁၈ ရက်က ဒွါရာဝတီကွက်သစ်မှ ကိုတင်ထွဋ်နှင့် ဗိုက်ကလေးတို့ နှစ်ဦးဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ဒွါရာဝတီမြို့သစ် (၆) လမ်းမှ ကိုခင်ထွန်းဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်တွင် ကိုသိန်းဝင်းဦးနှင့် အောက်တိုဘာ ၂၂ ရက်က ရခိုင်အမျိုးသား တစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲပြီလား

 ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ, ဦးသိန်းစိန်, ဦးရွှေမန်း, ရွှေးကောက်ပွဲ, သမ္မတ
ကြံ့ခိုင်ရေးပါတီ နှစ်ခြမ်းကွဲသွားလျှင်သော်မျှ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့၏ ပုဂ္ဂိုလ်ရေးအခြေခံ ကွဲပြားမှုသာ ဖြစ်မည် (ကာတွန်း – စိုင်းစိုးကြည်)

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်က ထပ်မံ တာဝန်ထမ်းဆောင်မည်မဟုတ် ဟု ယခင်အပတ်က သူရဦးရွှေမန်း မီဒီယာများသို့ ထုတ်ဖော်ပြောဆိုမှုသည် သမ္မတ၏ သဘောထားမဟုတ်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က တုန့်ပြန် ပြောဆိုလိုက်ပြီးနောက် အုပ်ချုပ်ရေးနှင့် အာဏာရပါတီ အသိုင်းအဝိုင်းကြား ဦးသိန်းစိန်ထောက်ခံသော အုပ်စုနှင့် ဦးရွှေမန်း ထောက်ခံသော အုပ်စု ၂ ခု ပိုမိုပေါ်လွင်လာနေပြီး ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှစ်ခြမ်းကွဲတော့မလား ဟု မေးခွန်းထုတ်ရန် ဖြစ်လာနေစေသည်။
သမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွှေးကောက်ပွဲတွင် သမ္မတရာထူး ပါဝင်ယှဉ်ပြိုင်ခြင်းကို သမ္မတကိုယ်တိုင် တိုင်းပြည်သို့ အသိပေးမည် ဖြစ်ပြီး ကြားလူမှ တဆင့် အသိပေးစရာ အကြောင်းမရှိဟု ဦးရဲထွဋ်က အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် 7 Day Daily သတင်းစာသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။
” ဦးရွှေမန်း ဘယ်လိုသဘောမျိုးနဲ့ ဒါကို ထုတ်ပြောတယ် ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ သမ္မတကြီးက သူ့သဘောထား ဆုံးဖြတ်ချက်တွေကို ပြည်သူထံ အသိပေးဖို့လိုရင် လိုအပ်တဲ့အချိန်မှာ တိုက်ရိုက် အသိပေးပြောကြားမှာပါ။ အခုလို ကြားလူကတဆင့် ပြည်သူကို အသိပေးဖို့ အကြောင်းမရှိပါဘူး”ဟု သမ္မတပြောရေးဆိုခွင့် ရှိသူက ပြောဆိုကြောင်း 7 Day Daily သတင်းစာတွင် ဖော်ပြထားသည်။

ဗုံးခွဲတိုက်ခိုက်မှု အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် ကေအန်ယူ ဖွဲ့စည်း


မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူတွေကို ဥပဒေအရ အပြစ်ပေး အရေးယူနိုင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွနဲ့ ကေအန်ယူအဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်နေမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ဘားအံခရိုင် တပ်မဟာ ၇ ဌာနချုပ်မှာ ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်က အရေးပေါ် အစည်းအဝေးခေါ်ယူ ကျင်းပကာ ဆွးနွေးကြပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

စာနာမှုကင်းတဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့အတွက် ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာလို့ ကေအန်ယူ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်ထောင်ထပ်ပြုဖို့ စိတ်မဝင်စားသေးတဲ့ ခိုင်နှင်းဝေရဲ့ စကား

ခိုင်နှင်းဝေ, ရုပ်ရှင်သရုပ်ဆောင်
သရုပ်ဆောင် ခိုင်နှင်းဝေ (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
ကိုယ်က တကယ်ချစ်ပေမယ့် အချစ်ကို အလိမ်ခံရတဲ့ မိန်းမတယောက် အဖြစ် ဇာတ်ကားတကားမှာ သရုပ်ဆောင်ထားတဲ့ ခိုင်နှင်းဝေကို သိချင်တာတချို့ မေးမြန်းပြီး ဧရာဝတီရဲ့ အနုပညာ ပရိသတ်တွေအတွက် သူ့အကြောင်းတွေကို ရေးသား ဖော်ပြလိုက်ပါတယ်။
အခု လောလောဆယ်တော့ ခိုင်နှင်းဝေက အိမ်ထောင်ထပ်ပြုဖို့ ကိစ္စကို စိတ်မ၀င်စားသေးဘူး၊ စီးပွားရေးနဲ့ အနုပညာ အလုပ်ကိုပဲ စိတ်ဝင်စားနေတဲ့ အတွက် ဒါတွေကိုပဲ ဦးစားပေးရမယ်လို့ ဟြေပါတယ်။
“အစ်မ လောလောဆယ်တော့ အိမ်ထောင်ထပ်ပြုဖို့ ကိစ္စကို စိတ်ကို မ၀င်စားဘူး။ အခုလောလောဆယ် စိတ်ဝင်စားတာက စီးပွားရေးနဲ့ ကိုယ့်အနုပညာကို ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ ဦးစားပေးရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘ၀မှာ ဦးစားပေး ခဲ့တာတွေက အများကြီးပဲလေ၊ အခုတော့ ဖြစ်သင့်တာကိုပဲ ဦးစားပေး ရတော့မယ်လေ။ အမှန်တကယ်တော့ သရုပ်ဆောင် တိုင်းက အပြင်မှာ စီးပွားရေး တခုခုတော့ ရှိကြတယ်” လို့ သူက ဆိုပါတယ်။
သရုပ်ဆောင် လောကဆိုတာ အမြဲတမ်း တက်လိုက် ကျလိုက်ဖြစ်နေတာ တကြောင်း၊ သရုပ်ဆောင် ဆိုတာက ငယ်တဲ့ အရွယ်နဲ့တင် တန့်နေမှာ မဟုတ်ဘဲ တဖြည်းဖြည်း အသက်ကြီးလာမှာ ဖြစ်တဲ့အတွက် ဘဝရပ်တည်ဖို့ စီးပွားရေး လုပ်ငန်း တခုခု ရှိထားသင့်တဲ့အကြောင်း ခိုင်နှင်းဝေက ရှင်းပြပါတယ်။
“သရုပ်ဆောင် အလုပ်က ၀ါသနာ အရသာ လုပ်နေရတာ၊ တကယ်တမ်း ဘ၀ရပ်တည်ဖို့ အတွက် ခိုင်မာတဲ့ စီးပွားရေးတခု ရှိဖို့လိုတယ်။ ကိုယ်ကတော့ အနုပညာ လုပ်ငန်းနဲ့ပဲ စီးပွားရေး လုပ်ရတာ ၀ါသနာပါတော့ ပရိုဂျူဆာ လုပ်မယ်၊ ဒီထဲမှာပဲ ကျင်လည် နေမှာပဲ၊ အောင်မြင်တယ် ဆိုတာကလည်း ၀ါသနာရှိမှ အောင်မြင်တာလေ၊ ၀ါသနာမရှိဘဲ တခြား သွားလုပ်လည်း ကျရှုံးမှာပဲ။ အနုပညာ လောကထဲမှာပဲ အစ်မ ရပ်တည်သွားမှာပါ” လို့ သူက ဟြေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တုနှိုင်းမဲ့ ပုဂ္ဂိုလ်တဦးလို့ ကမ္ဘာကျော် ဘောလုံးသမား ဘက်ဂီယို ပြော

 ဒေါ်အောင်ဆန်းစုကြည်, ဘက်ဂီယို, အီတလီ, ဥရောပ
ဂုဏ်ထူးဆောင် ရောမမြို့သူဆု ချီးမြှင့်ပွဲမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – robertobaggio.com)
ဒေါ်အောင်ဆန်းစုကြည်ဟာ တုနှိုင်း မမီနိုင်တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပြီး ခေတ်သစ် သူရဲကောင်းစစ်စစ် တဦးလည်း ဖြစ်တယ်လို့ ကမ္ဘာကျော် ဂန္ထ၀င် ဘောလုံးသမား ရောဘတ်တို ဘက်ဂီယိုက ယမန်နေ့က ပြောလိုက်ပါတယ်။
နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရောမ မြို့တော်ဝန် Ignazio Maroni က ဂုဏ်ထူးဆောင် ရောမမြို့သူဆု ချီးမြှင့်ပွဲအပြီး အီတလီ ဘောလုံးသမား ဘက်ဂီယိုက အီတလီအခြေစိုက် ANSA.it သတင်း ဌာနကို ပြောလိုက်တာပါ။
“လူတိုင်းက သူ့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သတ္တိတွေအကြောင်း ပြောကြတယ်။ ဒါပေမယ့် သူ့ရဲ့ ကြီးမားတဲ့ သူ့ နှလုံးသားကို လူတိုင်းက မသိကြဘူး”လို့ ဘက်ဂီယိုက ဒေါ်အောင်ဆန်းစုကြည်ကို ခေတ်သစ် သူရဲကောင်း စစ်စစ်လည်း ဖြစ် တယ် လို့ ချီးမွမ်း ပြောဆိုခဲ့ပါတယ်။
ဒီအပြင် ရွှေရောင် မြင်းမြီး ဆံကေသာပိုင်ရှင် ဘက်ဂီယို က “သူ့ခန္ဓာ ပိန်ပါးသေးသွယ်ပေမယ့် သူ့စိတ်ဓာတ်က အရမ်း ခိုင်မာ အားကောင်းတယ်။ သူ့ဘ၀မှာ ဖြတ်သန်း ထိုးဖောက် ကျော်လွှားရတာတွေကို ကြည့်ပြီး ဘောလုံး ဝေါဟာရနဲ့ ပြောမယ် ဆိုရင် တော့ သူ့ကို ဘယ်သူမှ လူကပ်ပြီး ကစားလို့ မရဘူး”လို့လည်း ပြောပါတယ်။
ဘက်ဂီယို ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် က လွတ်မြောက်ရေး လှုပ်ရှားခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အပါအ၀င် ဘက်ဂီယိုဟာ ဆုပေါင်းများစွာ ရထားသူဖြစ်ပြီး သူ့ရဲ့ Golden Ponytail ဆိုတဲ့ ရွှေရောင်မြင်းမြီးလို ဆံကေသာဟာ ပရိသတ်တွေ စွဲမက်ခဲ့ရသူလည်း ဖြစ်ပါတယ်။

ငွေဆောင်မြို့နယ်တွင် ဆင်ရိုင်းအန္တရာယ်စိုးရိမ်နေရဟုဆို

ပုသိမ်၊ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့နယ် ပုသိမ်-ငွေဆောင် ကားလမ်းဘေးရှိ သလပ်ခွာ ကျေးရွာအနီးရှိ မဒေါ့ကုန်းကျေးရွာ၊ ရွာသစ် ကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ ညောင်ကုန်း ကျေးရွာတို့တွင် စပါးရိတ်သိမ်းချိန်၌ ဆင်ရိုင်းများ အန္တရာယ်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာရှိလယ်သမားများသည် မိမိပိုင် လယ်များကို စပါးရိတ်သိမ်းချိန်တွင် လင့်စင်ထိုး ၍ ဆင်များဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ရ ကြောင်း၊ ဆင်များရောက်ရှိလာလျှင် မိသားစု လိုက် ဗြောက်အိုးဖောက်ခြင်း၊ ဒန်အိုးများတီး၍ အော်ဟစ်ခြောက်လှန့်မောင်းထုတ်ရကြောင်း ၄င်း တို့က ပြောသည်။

ရပ်ရွာဖွံ့ဖြိုးမှုဆောင်ရွက်နေသော ကျောင်း ကုန်းကျေးရွာရှိ အမျိုးသမီးတစ်ဦးက ''ရွာတွေကို ဖွံ့ဖြိုးဖို့ ကျွန်မတို့ဆောင်ရွက်တဲ့အခါဆင်းရဲမွဲတေမှု ပြဿနာကိုတွေ့ရပါတယ်။ ဒီမှာလယ်ယာတွေ ရိတ်သိမ်းခါနီးရင် ဆင်တစ်ဝက်၊ လူတစ်ဝက်ပဲ ရတဲ့ ပြဿနာကိုတွေ့ရပါတယ်''ဟု ပြောသည်။

အိန္ဒိယအတိုက်အခံ မဲဆွယ်ဟောပြောပွဲမလုပ်ခင် ဗုံးများပေါက်ကွဲ၊ ငါးဦးသေဆုံး

foreign_idyatak_bloomberg-com

ပတ္တနာ၊ အောက်တိုဘာ ၂၈
အိန္ဒိယနိုင်ငံအရှေ့ပိုင်း မြို့တော် ပတ္တနာတွင် အတိုက်အခံ BJP ပါတီမှ ဝန်ကြီးချုပ်လောင်း နာရန်ဒါမိုဒီ၏ စည်းရုံးမဲဆွယ် လူထုစုဝေးပွဲ မတိုင်ခင် ဗုံးခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ငါးဦး သေဆုံးသွားခဲ့ပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြ ထားသည်။
သဘောထား တင်းမာသော ဟိန္ဒူအမျိုးသားရေးဝါဒီ မစ္စတာမိုဒီ၏ မိန့်ခွန်းကို နားထောင်ရန် လူထောင်ပေါင်းများစွာ လာရောက်စုဝေးခြင်း မတိုင်ခင် အနီးအနား၌ ဗုံးခုနစ်လုံး ပေါက်ခဲ့ ခြင်းဖြစ်သည်။
စုစုပေါင်း လူ ၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘီဟာပြည်နယ် ဝန်ကြီးချုပ် နီတစ်ရှ်ကူးမားက သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားပေးခဲ့သည်။
“ခုအချိန်မျိုးမှာ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာကို ခန့်မှန်းပြောဆိုဖို့ မသင့်ပါဘူး။ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုး ဆိုတာ မဟုတ်ဘူးလို့ ကျွန်တော်ငြင်းပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ် မစ္စတာ ကူးမားက ပြောကြားသည်။

သူရဦးရွှေမန်းသည် ကိုယ့်သိက္ခာကိုယ် အလွန်တန်ဖိုးထားသူဖြစ် မိမိအတွက် ဖြောင့်မတ်သောပြိုင်ဘက်ဖြစ်လာမည်ဟုယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန် အောက်တိုဘာ ၂၈

ဥရောပ (၅)နိုင်ငံ ခရီးစဉ်အတွင်း လန်ဒန်မြို့သို့ရောက်ရှိစဉ် ဘီဘီစီ သတင်းဌာနနှင့် ယခုလ ၂၅ ရက် တွေ့ဆုံမေးမြန်းခန်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်နာယက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရ ဦးရွှေမန်းသည် ကိုယ့်သိက္ခာကိုယ်အလွန် တန်ဖိုးထားသူဖြစ်ကြာင်း၊ ဖြောင့်မတ်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်၍ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဘီဘီစီသတင်းဌာနမှ ဒေါ်တင်ထားဆွေက ''၂ဝ၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်နာယကကြီးသူရဦးရွှေမန်း ပါဝင်ယှဉ်ပြိုင်မယ်လို့ ကျွန်မတို့နားလည်ထားပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်လာနိုင်ပါသလဲ''ဟူ၍ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ဘယ်သူနဲ့ပဲ ယှဉ်ပြိုင်ယှဉ်ပြိုင် နိုင်အောင်လုပ်ရမှာပဲ။ ဒါပေမယ့် သူရဦးရွှေမန်းဟာ အင်မတန်မှ မိမိရဲ့သိက္ခာကို မိမိတန်ဖိုးထားတဲ့လူဆိုတော့ ကျွန်မအတွက် ဖြောင့်မတ်တဲ့ယှဉ်ပြိုင် ဘက်တစ်ဦးဖြစ်လာမယ်လို့ ယူဆတဲ့အတွက် ကျွန်မကတော့ ကြိုဆိုပါတယ်''ဟု ဖြေကြားခဲ့သည်။ ဒေါ်တင်ထားဆွေက ဆက်လက်၍''အပေးအယူ ညှိထားတာမျိုးရှိပါသလား''ဟုမေးရာ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ကတော့ နှစ်ယောက်စလုံးပြောထားပြီးသား။ ပြိုင်ရင်တော့ နိုင်အောင် လုပ်မှာပဲလို့''ဟူ၍ ပြောကြားခဲ့ကြောင်းသိရသည်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို ပြင်ဆင်နိုင်စေဖို့ နည်းလမ်းများ

မနက်ခင်းစာဟာ တစ်နေ့တာမှာ အရေးအကြီးဆုံးဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် မှန်ကန်တဲ့ အစားအစာကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းကို Make Mine Milk  လှုပ်ရှားမှုအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး နို့ထွက်ပစ္စည်းများကို အခြေခံထားတဲ့ အစားအစာတွေကို မနက်ခင်းစာအဖြစ် စားသုံးဖို့ အဓိကအကြံပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။

နည်းလမ်းများကို အကြံပြုထားတာကတော့-
- ရုံးပိတ်ရက်အပြီး တနင်္လာနေ့မှာတော့ မလိုင်ဖတ် အနည်းငယ်ပါတဲ့ နို့တစ်ခွက်ထဲကို မိမိနှစ်သက်ရာ သစ်သီးကို မွှေပြီးသောက်သုံးပါ။
- အင်္ဂါနေ့မှာတော့ နို့နဲ့စီမံထားတဲ့ ယာဂု(ဆံပြုတ်)ကို စားသုံးပေးပါ။
- ဗုဒ္ဓဟူးနေ့မှာတော့ အဆီထုတ်ထားတဲ့ နို့တစ်ဖန်ခွက်ကို ပန်းကန်လုံး အပြည့်သစ်သီးစုံတစ်ပွဲနဲ့ တွဲဖက်စားသုံးပေးသင့်ပါတယ်။
- ကြာသပတေးနေ့ ရောက်ပြီဆိုရင်တော့ နို့တစ်ဖန်ခွက်အပြင် ဟင်းသီးဟင်းရွက်ကြော်တစ်ပွဲကို တွဲဖက်စားသုံးပေးခြင်းဟာ နေ့ခင်းဘက်အချိန်ထိ ဗိုက်ပြည့်နေစေပါတယ်။
- သောကြာနေ့မှာတော့ အကြိုက်ဆုံးနှံစားသီးနှံ (cereal) ကို ရွေးချယ်ပြီး နို့တစ်ခွက်နဲ့ စားသုံးပေးပါ။
- စနေနေ့ဆိုရင်တော့ ကောက်နှံ၊ အခွံမာသီးနဲ့ စားဖွယ်အချို့ပါဝင်တဲ့ muesli  လို့ခေါ်တဲ့ မနက်စာကို နို့တစ်ခွက်နဲ့ တွဲဖက်စားသုံးပေးနိုင်ပါတယ်။
- တနင်္ဂနွေနေ့ မနက်ခင်းမှာတော့ ကြက်ဥကို မွှေထားတာကို ခဲကပ်ပြီး ကင်ထားတဲ့ မနက်စာကို စားသုံးပေးပါ။

ငြိမ်းအေး

Health Updates Journal No. 89
ref: IANS

အမျိုးသမီးရော့ခ်သံစဉ်ပြင်းပြင်းတွေကိုခံစားရမယ့် စမိုင်းလ် ရဲ့ New Me စီးရီး

၂ဝဝဝ ပြည့်နှစ်ဝန်းကျင် ကာလတွေမှာမော်ဒယ်လ် သရုပ်ဆောင်အဖြစ် ပရိသတ် အသိအမှတ်ပြုလက်ခံအား ပေး မှုကိုရရှိခဲ့တဲ့စမိုင်းလ်ကအနုပ ညာလောကနဲ့နှစ် အေ တ်ာကြာ ဝေးကွာခဲ့ပြီးနောက်မှာတော့ ၂ဝ၁၁ဝန်းကျင်မှာ မြန်မာ ပြည်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး  New Me ဆိုတဲ့ ရော့ခ်တေးအယ်လ်ဘမ် တစ်ချပ်ကို နိုဝင်ဘာ လ၃ ရက်နေ့မှာ ဖြန့် ချိတော့မှာဖြစ်ပါတယ်။ ဟန်ထူးလွင်၊ဗီနိုထွန်းတို့ပါဝင်တဲ့  Boxer Music Band နဲ့ တီးခတ်ထားတဲ့ စမိုင်းလ်ရဲ့ အခွေမှာတော့ ရွှေဂျော်ဂျော်၊ ဇဝါ၊ ကျားပေါက်၊ ဗီနိုထွန်း၊ ရေမွန် (Idiots) နဲ့ ဖော်ကာ (Wanted) တို့က သီချင်းတွေကို ရေးစပ်ပေးထားပါတယ်။ တေးရေးအင်အားကိုကြည့်တာ နဲ့တင်ပဲ စမိုင်းလ်ရဲ့ အယ်လ် ဘမ် ဟာ ရော့ခ်အငွေ့အသက်မကင်းနိုင်ဘူးဆိုတာသိသာပါ တယ်။ သီချင်း ၁၁ပုဒ်ပါဝင်မယ့် စမိုင်းလ်ရဲ့အယ်လ်ဘမ်မှာအင်္ဂလိပ် သီချင်းနှစ် ပုဒ်နဲ့ မြန်မာ သီချင်းကိုးပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ Rock  စတိုင်တွေ လွှမ်းခြုံ နေမယ့် စမိုင်းလ်ရဲ့ အခွေထဲမှာတော့ အစဦးဆုံးအပုဒ်ကို Hello ချစ်သူဆိုတဲ့ သီချင်းအေးအေးလေးနဲ့ စထားပါတယ်။

လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည်

Photo: လျှပ်စစ်ဓာတ်အားခများ နိုဝင်ဘာလမှစ၍ တိုးကောက်မည်

မန္တလေး အောက်တိုဘာ ၂၈

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးတက် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို နိုဝင်ဘာလမှ စတင်ကာ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

လက်ရှိ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ် ကောက်ခံနေရာ မှ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ သုံးစွဲသည့်ယူနစ် ၁၀၀ ကျော်ပါက ကျော်လွန်သည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စက်မှုသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံရာမှ ၁၀၀ ကျပ်ထိ တိုးမြှင့်လိုက်ပြီး အဆိုပါ တစ်ယူနစ် တစ်ရာကျပ်ဖြင့် ယူနစ်ငါးထောင်ထိ ကောက်ခံမည် ဖြစ်ပြီး ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်က အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး ပေးနေရာက ယင်းသို့ ဓာတ်အားခ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် အနည်းဆုံး ၅၀ ကျပ်၊ ကျောက်မီးသွေးဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၀၀ ကျပ်၊ သဘာဝ ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၃၀ ကျပ်၊ နေစွမ်းအင်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၆၀ ကျပ်ခန့် ကုန်ကျမှု ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“အိမ်မှာသုံးစွဲမှုက တစ်လကို ယူနစ်လေးရာ ကျော်တယ်။ ခုက တစ်သောင်း ကျော်လောက်ပဲ ဆောင်ရတာ။ ခုသတ် မှတ်တဲ့ဈေးနဲ့ဆိုရင် ၂၀,၀၀၀ နီးပါး ဆောင်ရတော့မယ်” ဟု မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အခြေခံ လူတန်းစား အများစု၏ လစဉ် ဓာတ်အားသုံးစွဲမှုမှာ ယူနစ် ၁၀၀ ဝန်းကျင်တွင်သာ ရှိသဖြင့် ယူနစ်  ၁၀၀ အောက် သုံးစွဲသူများကို ဓာတ်အားခ မြင့်တက်ခြင်းမရှိဘဲ လူလတ်တန်းစားများနှင့် လုပ်ငန်းရှင်များ အတွက်သာ ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်း ဖြစ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။
“မီးစက်သုံးရမယ့် ပမာဏထက် စာရင်တော့ လုပ်ငန်းသုံး အတွက် ဈေးသက်သာတယ် ပြောရမှာပါ။ နွေရာသီမှာလည်း မီးပေးနိုင်တယ်ဆိုတော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းလို့ သုံးသပ်ချင်ပါတယ်” ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

မန္တလေးစက်မှုဇုန် တည်ရှိရာ ပြည်ကြီးတံခွန် မြို့နယ်အတွင်း ဓာတ်အား သုံးစွဲမှု ယူနစ်ပေါင်း ၁၆ သန်းခန့် ရှိကြောင်း စက်တင်ဘာလ စာရင်းအရ သိရသည်။
“မီတာခ တက်မယ်ဆိုတာ နှစ်လလောက် ကြိုပြောစေချင်တယ်။ လုပ်ငန်းရှင်တွေက ကုန်ကြမ်းတွေဝယ် လုပ်ရတာဆိုတော့ ဈေးနှုန်းညှိဖို့ အဆင်ပြေအောင်လို့ပါ” ဟု မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်မိုးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပုံမှန် မဂ္ဂါဝပ် ၃၀၀ ကျော် သုံးစွဲမှုရှိပြီး မန္တလေးခရိုင်အတွင်း မဂ္ဂါဝပ် ၂၀၀ ကျော် သုံးစွဲမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရ သည်။

ယင်းကဲ့သို့ မီတာခများ တိုးမြှင့်လိုက်ခြင်းကြောင့် မီတာဖတ် စာရေးများ ယူနစ်သေချာဖတ်ရန် လိုအပ်ကြောင်း၊ ခန့်မှန်းကောက်ခံပါက မီတာပိုင်ရှင်နှင့် အငြင်းပွားဖွယ်ရာများ ဖြစ်လာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၏ ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီး ရရှိနေပြီး ကျန် ၇၀ ရာခိုင်နှုန်း ရရှိရေးအတွက် ဓာတ်အားပေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ဆိုသည်။ 

ဓာတ်အားခ နှုန်းထားများကို တိုးမြှင့် ပြင်ဆင်ကောက်ခံမည် ဆိုသော်လည်း မီတာ ထိန်းသိမ်း စောင့်ရှောက်ခကိုမူ ငါးရာကျပ်သာ ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ထပ်လောင်း ပြောကြားသည်။

မန္တလေး အောက်တိုဘာ ၂၈

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား တိုးတက် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို နိုဝင်ဘာလမှ စတင်ကာ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

လက်ရှိ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၃၅ ကျပ် ကောက်ခံနေရာ မှ နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ သုံးစွဲသည့်ယူနစ် ၁၀၀ ကျော်ပါက ကျော်လွန်သည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စက်မှုသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် ကောက်ခံရာမှ ၁၀၀ ကျပ်ထိ တိုးမြှင့်လိုက်ပြီး အဆိုပါ တစ်ယူနစ် တစ်ရာကျပ်ဖြင့် ယူနစ်ငါးထောင်ထိ ကောက်ခံမည် ဖြစ်ပြီး ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်က အရှုံးခံ ထုတ်လုပ်ဖြန့်ဖြူး ပေးနေရာက ယင်းသို့ ဓာတ်အားခ တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၊ ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် အနည်းဆုံး ၅၀ ကျပ်၊ ကျောက်မီးသွေးဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၀၀ ကျပ်၊ သဘာဝ ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၃၀ ကျပ်၊ နေစွမ်းအင်ဖြင့် ထုတ်လုပ်ပါက တစ်ယူနစ် ၁၆၀ ကျပ်ခန့် ကုန်ကျမှု ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ပြည်နှင်ဒဏ်ခံ တရုတ်နိုင်ငံသားများ ပတ်စ်ပို့သစ်ဖြင့် ပြန်ဝင်ရောက်ဟုဆို

Photo: ပြည်နှင်ဒဏ်ခံ တရုတ်နိုင်ငံသားများ ပတ်စ်ပို့သစ်ဖြင့် ပြန်ဝင်ရောက်ဟုဆို

မန္တလေး၊ အောက်တိုဘာ ၂၈

ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ် ခံရသည့် တရုတ်နိုင်ငံသားများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံကူး လက်မှတ်အသစ်ဖြင့် ပြန်လည် ဝင်ရောက်လာမှုများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လေဆိပ်မှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ တစ်လလျှင် နှစ်ဦးခန့် ဖမ်းဆီးမိပြီး လေယာဉ်ဖြင့် နေရပ် ပြန်ခိုင်းရခြင်းများ ရှိကာ ဇူလိုင်လမှ စက်တင်ဘာလအထိ ခြောက်ဦးခန့် ရှိ ကြောင်း ၎င်းကပြောကြားသည်။
“အဓိကက ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေမှာ ဖရဲလာစိုက်နေတဲ့ တရုတ်နိုင်ငံသားတွေ များတယ်။ သူတို့ကို အမည်ပျက်စာရင်း သွင်းတာကို ပတ်စ်ပို့ အသစ်ကိုင်ပြီး လာကြတာမှာ လေဆိပ်မှာ မိတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် တရုတ်နိုင်ငံသားများသည် တောင်သူများထံမှ စိုက်ခင်းများကို နှစ်ချုပ်ဖြင့် တစ်လလျှင် အနည်းဆုံး တစ်သိန်းကျပ်ဖြင့် ငှားရမ်းကာ ဖရဲစိုက်ကြကြောင်း အဆိုပါ ဒေသခံ တောင်သူများထံမှ သိရသည်။
“တရုတ်ကုန်သည်တွေ ဧကထောင်ချီ ငှားပြီးတော့ ဖရဲစိုက်နေတာ။ မန္တလေးတိုင်းထဲမှာ လေးဦးလောက် ရှိတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အလည်အပတ် ဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်နေသူများ တွေ့ရှိပါက စည်းကမ်းနှင့် မညီသဖြင့် အရေးယူမှု ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးဗီဇာဖြင့် အလုပ်လာရောက် လုပ်ကိုင်သူ နိုင်ငံခြားသား ၅၀၀ ဦး ဝန်းကျင်ခန့် ရှိပြီး ပညာရေးလုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အများဆုံး ဖြစ်ကြောင်း ၎င်းက ထပ်မံဆိုသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က အမည်ပျက် စာရင်းဝင်သူ တရုတ်နိုင်ငံသားတစ်ဦး ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်လျက် ရှိသည်ကို တွေ့ရှိရ၍ အရေးယူခဲ့သည်။ ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသော ခရီးသည်များထဲမှ မြန်မာနိုင်ငံက အမည်ပျက်စာရင်း ကြေညာထားသူ တရုတ်နိုင်ငံသား Mr. Feng Shuiaing ကို စိစစ် တွေ့ရှိရသဖြင့် သြဂုတ်လ ၂၄ ရက်နေ့တွင် လည်းကောင်း၊ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် ဥပုသ်တော်ရပ်ကွက် ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ် ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက  ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ၇ (၂) အရ ယခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့တွင် လည်းကောင်း နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသားများတွင် တရုတ်လူမျိုး အများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ မှတ်တမ်းများအရ သိရသည်။

မန္တလေး၊ အောက်တိုဘာ ၂၈

ဗီဇာစည်းကမ်း ဖောက်ဖျက်သဖြင့် အမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ် ခံရသည့် တရုတ်နိုင်ငံသားများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံကူး လက်မှတ်အသစ်ဖြင့် ပြန်လည် ဝင်ရောက်လာမှုများ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ လေဆိပ်မှ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်လာသူ တစ်လလျှင် နှစ်ဦးခန့် ဖမ်းဆီးမိပြီး လေယာဉ်ဖြင့် နေရပ် ပြန်ခိုင်းရခြင်းများ ရှိကာ ဇူလိုင်လမှ စက်တင်ဘာလအထိ ခြောက်ဦးခန့် ရှိ ကြောင်း ၎င်းကပြောကြားသည်။
“အဓိကက ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်တွေမှာ ဖရဲလာစိုက်နေတဲ့ တရုတ်နိုင်ငံသားတွေ များတယ်။ သူတို့ကို အမည်ပျက်စာရင်း သွင်းတာကို ပတ်စ်ပို့ အသစ်ကိုင်ပြီး လာကြတာမှာ လေဆိပ်မှာ မိတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မိုက်ကယ်လ်ဂျက်ဆင် သေဆုံးမှုတွင် တာဝန်ရှိသော ဆရာဝန် ဆေးကုသခွင့် လိုင်စင် ပြန်လိုချင်

Photo: မိုက်ကယ်လ်ဂျက်ဆင် သေဆုံးမှုတွင် တာဝန်ရှိသော ဆရာဝန် ဆေးကုသခွင့် လိုင်စင် ပြန်လိုချင်

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၇

ပေါ့ပ်ဘုရင် မိုက်ကယ်လ်ဂျက်ဆင် သေဆုံးရမှုမှာ အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ထောင်ဒဏ် ကျခံနေရတဲ့ ဒေါက်တာကွန်းရက်ဒ်မာရေးက သူထောင်က လွတ်တဲ့အချိန်မှာ ဆေးကုသခွင့် လိုင်စင် ပြန်ပေးဖို့ တောင်းဆိုခဲ့ကြောင်း Contactmusic. com မှာ ဖော်ပြထားပါတယ်။

ဒေါက်တာကွန်းရက်ဒ်မာရေးဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထောင်က ပြန်လွတ်ခဲ့ပြီး ထောင်က မလွတ်မီမှာပဲ ဆိုင်းငံ့ခံထားရတဲ့ သူ့ရဲ့ဆေးကုသခွင့် လိုင်စင်ကို ပြန်ထုတ်ပေးဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာကွန်းရက်ဒ်မာရေးဟာ မိုက်ကယ်လ်ဂျက်ဆင်ကို အကိုက်အခဲ သက်သာလျော့ပါးစေတဲ့ ပရိုပိုလ်ဖောင်းကို သေစေနိုင်လောက်တဲ့ ပမာဏအထိ သုံးစွဲခွင့် ပြုခဲ့ကြောင်း ထင်ရှားသဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ထောင်ဒဏ်လေးနှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပေမယ့် ပြစ်ဒဏ်ကျခံနေစဉ် ကာလအတွင်း ကောင်းမွန်စွာ နေထိုင်ခဲ့တာကြောင့် လျှော့ရက်တွေ ရရှိခဲ့ပြီး အခုလိုစောစီးစွာ ပြစ်ဒဏ်မှ လွတ်မြောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါက်တာကွန်းရက်ဒ်မာရေးက ထောင်မှ စောစီးစွာ လွတ်မြောက်ခွင့် ရရုံနဲ့တင် မကျေနပ်ဘဲ သူ့ရဲ့ ဆေးကုသခွင့် လိုင်စင်ကို ပြန်ထုတ်ပေးဖို့ပါ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
“ဒေါက်တာမာရေးဟာ လူတွေကိုကူညီဖို့ အမြဲတမ်း ဆန္ဒပြင်းပြနေသူ တစ်ယောက်ပါ။ ဘယ်လို နေရာမျိုးမှာပဲ နေရ၊ နေရ သူကျွမ်းကျင်တဲ့ ဆေးပညာနဲ့ လူတွေကို ဆေးကုသပေးတဲ့ အလုပ်ကို ပြန်လည် လုပ်ကိုင်သွားမှာပါ” လို့ ဒေါက်တာမာရေးရဲ့ ရှေ့နေက ပြောပါတယ်။

ဒါပေမဲ့ လော့စ်အိန်ဂျလိစ် ခရိုင်တရားရုံးကတော့ ဒေါက်တာမာရေး ရဲ့ ဆေးကုသခွင့် ပြန်ရဖို့ ကြိုးစားမှု မှန်သမျှကို တားဆီးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၇

ပေါ့ပ်ဘုရင် မိုက်ကယ်လ်ဂျက်ဆင် သေဆုံးရမှုမှာ အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ထောင်ဒဏ် ကျခံနေရတဲ့ ဒေါက်တာကွန်းရက်ဒ်မာရေးက သူထောင်က လွတ်တဲ့အချိန်မှာ ဆေးကုသခွင့် လိုင်စင် ပြန်ပေးဖို့ တောင်းဆိုခဲ့ကြောင်း Contactmusic. com မှာ ဖော်ပြထားပါတယ်။

ဒေါက်တာကွန်းရက်ဒ်မာရေးဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထောင်က ပြန်လွတ်ခဲ့ပြီး ထောင်က မလွတ်မီမှာပဲ ဆိုင်းငံ့ခံထားရတဲ့ သူ့ရဲ့ဆေးကုသခွင့် လိုင်စင်ကို ပြန်ထုတ်ပေးဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာကွန်းရက်ဒ်မာရေးဟာ မိုက်ကယ်လ်ဂျက်ဆင်ကို အကိုက်အခဲ သက်သာလျော့ပါးစေတဲ့ ပရိုပိုလ်ဖောင်းကို သေစေနိုင်လောက်တဲ့ ပမာဏအထိ သုံးစွဲခွင့် ပြုခဲ့ကြောင်း ထင်ရှားသဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ထောင်ဒဏ်လေးနှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပေမယ့် ပြစ်ဒဏ်ကျခံနေစဉ် ကာလအတွင်း ကောင်းမွန်စွာ နေထိုင်ခဲ့တာကြောင့် လျှော့ရက်တွေ ရရှိခဲ့ပြီး အခုလိုစောစီးစွာ ပြစ်ဒဏ်မှ လွတ်မြောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ ဦးခင်ညွန့် စဉ်းစားနေသလား

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသလား။
ဝင်ဖို့ ရည်ရွယ်ချက် ရှိသလား။


ဝင်နိုင်ဖွယ်ရှိတယ်၊ သူ့ကို အားပေးသူ အများအပြားရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ကနေ ဝင်လိမ့်မယ် လို့ တချို့က ဆိုပါတယ်။
အခုတလောက သဲ့သဲ့ထွက်နေတယ်ဆိုတဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး  သူကတော့ တစုံတရာ ပြောသေးဟန် မတူပါဘူး။

Related Posts Plugin for WordPress, Blogger...

ShareThis