menu

Wednesday, 23 October 2013

ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိသော ၁၀ နိုင်ငံ

ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိသော ၁၀ နိုင်ငံ 

ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိတဲ့ ၁၀ နိုင်ငံ စာရင်းကို Statista မှ ယခုလို ထုတ်ပြန်ပေးလိုက်ပါတယ်။ အများစု မထင်မှတ်ထားတာ ကတော့ အမေရိကန်ဟာ အဆင့် ၈ မှာ ရှိနေခြင်းပါ။ 

နံပါတ် ၁ နေရာမှာ တောင်ကိုရီးယားက တည်ရှိနေပါတယ်။ သူပြီးရင်တော့ ဂျပန်၊ ဆွစ်ဇာလန် နဲ့ လပ်တီဗာတို့က တည်ရှိနေပါတယ်။ ပြီးရင် နယ်သာလန်၊ ချက်သမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဖင်လန် နဲ့ ဗြိတိန်တို့ အစဉ်လိုက် တည်ရှိနေပါတယ်။ ဘားမှာ ပြထားတဲ့ ရာခိုင်နှုန်းက အခြားမဟုတ်ပါဘူး။ လူဦးရေ ရာခိုင်နှုန်းဖြစ်ပြီး ဥပမာ တောင်ကိုရီးယား မှာဆိုရင် လူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းက 10Mbps အထပ်က Speed ကိုရရှိနေတယ်လို့ ညွန်းဆိုခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်းသာ ရရှိ ပါတယ်။ 

အင်တနက်လိုင်း မြန်ဆန်မှုနဲ့ လူဦးရေ အရေအတွက် များများအား ပေး စွမ်းနိုင်မှုက တိုင်းပြည်ရဲ့  နည်းပညာနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ကျပါတယ်။  
.
Ref: mashable
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/blog-post_23.html

.

ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိတဲ့ ၁၀ နိုင်ငံ စာရင်းကို Statista မှ ယခုလို ထုတ်ပြန်ပေးလိုက်ပါတယ်။ အများစု မထင်မှတ်ထားတာ ကတော့ အမေရိကန်ဟာ အဆင့် ၈ မှာ ရှိနေခြင်းပါ။
နံပါတ် ၁ နေရာမှာ တောင်ကိုရီးယားက တည်ရှိနေပါတယ်။ သူပြီးရင်တော့ ဂျပန်၊ ဆွစ်ဇာလန် နဲ့ လပ်တီဗာတို့က တည်ရှိနေပါတယ်။ ပြီးရင် နယ်သာလန်၊ ချက်သမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဖင်လန် နဲ့ ဗြိတိန်တို့ အစဉ်လိုက် တည်ရှိနေပါတယ်။ ဘားမှာ ပြထားတဲ့ ရာခိုင်နှုန်းက အခြားမဟုတ်ပါဘူး။ လူဦးရေ ရာခိုင်နှုန်းဖြစ်ပြီး ဥပမာ တောင်ကိုရီးယား မှာဆိုရင် လူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းက 10Mbps အထပ်က Speed ကိုရရှိနေတယ်လို့ ညွန်းဆိုခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်းသာ ရရှိ ပါတယ်။

ဥရောပပါလီမန်၏ လူ့အခွင့်အရေးဆု ၂၃ နှစ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

Photo: ဥရောပပါလီမန်၏ လူ့အခွင့်အရေးဆု ၂၃ နှစ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဥရောပပါလီမန်က တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီအရေး တောင်းဆို တိုက်ပွဲဝင်ခဲ့မှုကြောင့် ၁၉၉၀ ပြည့်နှစ်က ချီးမြှင့်ခဲ့သည့် ဆာခ်ရော့ဗ်ဆုကို  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂၃ နှစ်အကြာ အောက်တိုဘာလ ၂၂ ရက်နေ့တွင်  လက်ခံလိုက်ပြီ ဖြစ်သည်။

အဆိုပါ လူ့အခွင့်အရေးဆုကို လက်ခံရယူရန်နှင့် အခြားနိုင်ငံတကာ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဥရောပငါးနိုင်ငံသို့ ခရီးသွားရောက် နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို  ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ အီးယူပါလီမန် အဆောက်အအုံတွင် ဥရောပပါလီမန် ဥက္ကဋ္ဌ Martin Schulz က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

"လွတ်လပ်စွာ တွေးခေါ်ခွင့်အတွက် ဘဝတစ်လျှောက်လုံး ခုခံတိုက်ပွဲ ဝင်ခဲ့ပြီး နောက်ဆုံးမှာ သူမ အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့  မြန်မာနိုင်ငံအတွက် ခရီးရှည်ကြီး ကတော့ ကျန်နေသေးတယ်" ဟု Martin Schulz က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတစ်ခုတည်း အတွင်းသာမက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံထားပြီ ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြော ကြားသည်။

"လူသားဖွံ့ဖြိုးတိုးတက်မှု အတွက် လွတ်လပ်စွာ တွေးခေါ်ခွင့်က မရှိမဖြစ်လို အပ်ပါတယ်။ လူငယ်တွေ မေးခွန်းများများ မေးအောင် သင်ကြားပေးဖို့ အရေးကြီးတယ်။ ဘာသာစကား အားလုံးထဲမှာ ဘာကြောင့်လဲ ဆိုတဲ့စကားလုံးက အရေးပါဆုံး စကားလုံးပဲ" ဟု ဒေါ်အောင်ဆန်းစုကြည် က ဆုယူ အခမ်းအနားတွင် ထုတ်ဖော် ပြောကြားသည်။

လွတ်လပ်စွာ တွေးခေါ်ခွင့်ကို နိုင်ငံသားတိုင်း အတွက် မွေးရာပါ လူ့အခွင့်အရေး တစ်ခု ဖြစ်စေလိုကြောင်း၊ တစ်ချိန်ချိန်တွင် မြန်မာနိုင်ငံသား အားလုံးကို လူသားဂုဏ်သိက္ခာ နှင့်အညီ နေထိုင်နိုင်ရန် အခြေခံ ဥပဒေ အပါအဝင် တိုင်းပြည်အတွင်းရှိ ဥပဒေများက ခွင့်ပြုပေးနိုင် စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ် ကျခံနေစဉ် ၁၉၉၀ ပြည့်နှစ်၌ ဥရောပပါလီမန်က ဆာခရော့ဗ် ဆုပေးအပ်ရန် ရွေးချယ်ခဲ့ပြီး ၁၉၉၁ ခုနှစ် တွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု အတွက် ထပ်မံရွေးချယ် ချီးမြှင့်ခံရကာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား သားနှစ်ဦးဖြစ်သည့် အလက်ဇန္ဒားနှင့် ကင်မ်တို့က လက်ခံရယူခဲ့ သည်။

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဥရောပပါလီမန်က တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီအရေး တောင်းဆို တိုက်ပွဲဝင်ခဲ့မှုကြောင့် ၁၉၉၀ ပြည့်နှစ်က ချီးမြှင့်ခဲ့သည့် ဆာခ်ရော့ဗ်ဆုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂၃ နှစ်အကြာ အောက်တိုဘာလ ၂၂ ရက်နေ့တွင် လက်ခံလိုက်ပြီ ဖြစ်သည်။

အဆိုပါ လူ့အခွင့်အရေးဆုကို လက်ခံရယူရန်နှင့် အခြားနိုင်ငံတကာ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဥရောပငါးနိုင်ငံသို့ ခရီးသွားရောက် နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ အီးယူပါလီမန် အဆောက်အအုံတွင် ဥရောပပါလီမန် ဥက္ကဋ္ဌ Martin Schulz က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

"လွတ်လပ်စွာ တွေးခေါ်ခွင့်အတွက် ဘဝတစ်လျှောက်လုံး ခုခံတိုက်ပွဲ ဝင်ခဲ့ပြီး နောက်ဆုံးမှာ သူမ အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် ခရီးရှည်ကြီး ကတော့ ကျန်နေသေးတယ်" ဟု Martin Schulz က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ပြောဆိုသည်။

မလေးရှားရောက် မြန်မာဇနီးမောင်နှံ ဘင်္ဂါလီငါးဦး၏တိုက်ခိုက်မှုခံရ အမျိုးသမီးဒဏ်ရာပြင်းထန်ပြီး ဆေးကုသရန် အကူအညီလိုအပ်နေ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဘင်္ဂါလီငါးဦးက အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မလေးရှားရောက်မြန်မာများကပြောသည်။

အောက်တိုဘာ ၁၈ ရက် တွင် အလုပ်မှပြန်လာသော ကိုအောင်ဇော်ဝင်းနှင့် မဝေမာလင်းတို့ ဇနီးမောင်နှံကို ဘင်္ဂါလီငါးဦးက အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  ထိုတိုက်ခိုက်ခံရမှုကြောင့် မဝေမာလင်းမှာ လက်နှစ်ဖက်ပြတ်သွားပြီး ဦးခေါင်းနှင့် မျက်နှာတို့တွင်လည်း ဓားဒဏ်ရာများ ရရှိခဲ့သည်။ အမျိုးသားဖြစ်သူ ကိုအောင်ဇော်ဝင်းမှာလည်း တင်ပါးတွင် ဓားဒဏ်ရ ရရှိခဲ့သည်။

““လက်တစ်ဖက်ကတော့ ပြန်ဆက်လို့မရတော့ဘူး။ နောက် လက်တစ်ဖက်က ပြန်ဆက်လို့ရတယ်လို့ပြောပါတယ်။ မေးရိုး အစားထိုးရမှာပါ။ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဆရာဝန်ကပြောထားပါတယ်””ဟု မဝေမာလင်း၏အမျိုးသားဖြစ်သူ ကိုအောင်ဇော်ဝင်းက  အောက်တိုဘာ ၂၂ ရက်တွင်ပြောသည်။

ဆွဲကြိုးချ သေဆုံးသွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦးမည်

ရန်ကုန်၊ အောက်တိုဘာ ၂၃။

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း ၄ သောင်းကျော် လိမ်လည်သူ ကိုကျော်ခိုင်စိုး (ခေါ်) နားကွင်းကျော်ကြီးအား မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦး မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဝင်းက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ သူ့ကို တရားစွဲကို စွဲမှာပါ၊ လက်ရှိ သူသေသွားပေမယ့် သူ့ကို ဖွင့်ထားတဲ့ အမှုနဲ့ တရားစွဲဦး မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နားကွင်းကျော်ကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှာ လာရောက် ၀န်ခံခဲ့ပြီး နားကွင်းကျော် ကြီးအား စစ်ဆေးမှုများ ပြုလုပ်ပြီး နောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေး လိုက်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ
သိရသည်။

ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို

ရန်ကုန်၊ အောက်တိုဘာ၂၃။

အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်နိင်ရန် အမေရိကန် ပြည်ထောင်စုက နည်းပညာများပံ့ပိုးကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးသည် အမေရိကုန်နိင်ငံတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက
ဆိုသည်။

“ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်း ခံတာကို ဖော်ထုတ်ဖို့ အမေရိကန်ကအချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သူမှ လက်မခံဟု KNU ပြောကြား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သူမျှ လက်မခံဟု အစိုးရဘက်မှ ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်ပေါ်လာပါက ရှေ့ဆုံးမှ လက်မှတ်ထိုးမည်ဟုဆိုသော ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

နိုင်ငံအနှံ့အပြား ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို (MPC) ၌ KNU ဘက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်အပြီး မီဒီယာများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် KNU ၏ သဘောထားကို မေးမြန်းရာတွင် ပဒိုမန်းငြိမ်းမောင်က ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်က "၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ခင်ဗျားတို့လည်း သိတာပဲ။ ဒါဟာ အင်မတန်မှ တင်းကျပ်တဲ့အောက်မှာ ရေးဆွဲခဲ့တာ။ အဲဒီတော့ အားနည်းချက်တွေ အများကြီး ရှိတာပေါ့။ ဘယ်သူမှတော့ လက်မခံဘူး။ တိုင်းရင်းသားတွေလည်း လက်မခံဘူး။ သမ္မတကြီးကိုယ်တိုင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိပါတယ်။

ဘက်ထရီ ၀ါယာရှော့ခ် ကားမီးလောင်မှု ဖြစ်စဉ် များပြားလာ

Photo: ဘက်ထရီ ၀ါယာရှော့ခ် ကားမီးလောင်မှု ဖြစ်စဉ် များပြားလာ

၁၀ လအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် ကားမီးလောင်မှု ဖြစ်စဉ် ၁၅ ကြိမ် ဖြစ်ပွားခဲ့ ပြီး ဘက်ထရီအိုး ၀ါယာရှော့မှ တစ်ဆင့်  မီးလောင်မှုမှာ အများဆုံး ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

ယခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း ကားမီးလောင်မှု ဖြစ်စဉ်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဉ်တိုင်းတွင် ကားဘက်ထရီအိုး ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှုမှာ အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၁၀ လအတွင်း ကားမီးလောင်မှု ဖြစ်စဉ်များတွင် ဘက်ထရီ ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှုဖြစ်စဉ် ၁၀ ကြိမ်၊ ကားအင်ဂျင် အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်စဉ် နှစ်ကြိမ်၊ ဒိုင်နမိုဝါယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်စဉ် သုံးကြိမ် ပါဝင်ကြောင်း သိရသည်။ ၁၀ လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်း ကားမီးလောင်မှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် လေးကြိမ်၊  နေပြည်တော်တွင် နှစ်ကြိမ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားမီးလောင်မှု ဖြစ်စဉ်များအနက် မတ် ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်ချို (၁)ရပ်ကွက်၊ ကိုယ့်မင်းကိုယ်ချင်းလမ်း ဇီဝတဒါန သံဃာ့ဆေးရုံအနီး၌ ကိုယ်ပိုင်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ကိုယ့်မင်းကိုယ်ချင်းလမ်း ဇီဝတဒါနသံဃာ့ဆေးရုံ အနီးတွင် မ.....မောင်းနှင်လာသော အနက်ရောင် Hondar Fit အမျိုးအစားယာဉ်သည် မောင်းနှင်စဉ်အတွင်း အင်ဂျင်ခန်းအတွင်း အပူလွန်ကဲရာမှ ၀ါယာကြိုးများ ရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် အင်ဂျင်ခန်း၊ ဒတ်စ်ဘုတ်နှင့် ဆိုဖာခုံများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ "ကားဆိုတာက လျှပ်စစ်လည်းရှိတယ်၊ ဓာတ်ဆီလည်းရှိတယ်၊ လောင်စာတွေလည်း ပါတယ်။ ဂက်စ်တွေလည်း ပါတယ် အဲဒါကြောင့် မီးလောင်နိုင်ခြေက အများဆုံးပါ၊ မီးလောင်မှုတွေမှာ ကားဘက်ထရီအိုး ၀ါယာရှော့ကြောင့် လောင်တာတွေက များပါတယ်၊ ကားတွေမှာ မီးသတ်ဆေးဘူး ဆောင်တာတွေက လိုက်နာမှု အားနည်းနေတာတွေကိုလည်း တွေ့ရပါတယ်" ဟု မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဖြစ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။             

မတ်လအတွင်း ပုဇွန်တောင်မြို့နယ် ရေကျော် ကားမှတ်တိုင်အနီးတွင် ကားတစ်စီး မီးလောင်နေမှုအား တွေ့စဉ်။
မတ်လအတွင်း ပုဇွန်တောင်မြို့နယ် ရေကျော် ကားမှတ်တိုင်အနီးတွင် ကားတစ်စီး မီးလောင်နေမှုအား တွေ့စဉ်။

၁၀ လအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် ကားမီးလောင်မှု ဖြစ်စဉ် ၁၅ ကြိမ် ဖြစ်ပွားခဲ့ ပြီး ဘက်ထရီအိုး ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှုမှာ အများဆုံး ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

ယခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း ကားမီးလောင်မှု ဖြစ်စဉ်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဉ်တိုင်းတွင် ကားဘက်ထရီအိုး ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှုမှာ အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၁၀ လအတွင်း ကားမီးလောင်မှု ဖြစ်စဉ်များတွင် ဘက်ထရီ ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှုဖြစ်စဉ် ၁၀ ကြိမ်၊ ကားအင်ဂျင် အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်စဉ် နှစ်ကြိမ်၊ ဒိုင်နမိုဝါယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်စဉ် သုံးကြိမ် ပါဝင်ကြောင်း သိရသည်။ ၁၀ လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်း ကားမီးလောင်မှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ကြိမ်၊

အရပ်သားလုံခြုံရေး များကို နေအိမ်များက ပိုမိုခေါ်ယူလာ

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ဗုံး ပေါက်ကွဲမှုများနှင့် ဗုံးလန့်မှု များ ဖြစ်ပေါ်ပြီးနောက် အရပ်သားလုံ ခြုံရေး များ ကို နေအိမ်များက ပိုမို ခေါ်ယူလာကြကြောင်း လုံခြုံရေး ဝန်ထမ်းဝန်ဆောင်မှု ကုမ္ပဏီများ ၏ ပြောပြချက်အရ သိရသည်။ ယခုနှစ် တွင် အဆိုပါအရပ် သားလုံခြုံရေး ဝန်ဆောင်မှုကဏ္ဍ လိုအပ်ချက်သည် ယခင်နှစ်များ ထက် ပိုမိုမြင့်မားလျက် ရှိနေပြီး ယခင်က ခေါ်ယူမှုနည်းခဲ့သည့် ကိုယ်ပိုင်အိမ်များကပင် ယင်းကဲ့ သို့ ခေါ်ယူမှုများပြားလာကြောင်း သိရသည်။

''ယခင်ကတော့ သံရုံးတွေ၊ ရှော့ပင်မောလ်တွေ၊ ကုမ္ပဏီတွေမှာ လုံခြုံရေးဝန်ဆောင်မှုဝန်ထမ်း တွေကို အဓိကခေါ်ယူခန့်ထားခဲ့ တာတွေ့ရပါတယ်။ တချို့အိမ်တွေ ကလဲ ခေါ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက် အရမ်း နည်းပါတယ်။ အခုတစ်လော ဖြစ် ပေါ်ခဲ့တဲ့ ဗုံးသတင်းတွေကြောင့် လားတော့ မသိပါဘူး။ အိမ်တွေ ကတော့ အရင်ထက်ခေါ်ယူမှုတွေ များလာတာတော့ သေချာပါတယ်'' ဟု အိတ်ဇယ်လ်လုံခြုံရေးဝန် ဆောင်မှုကုမ္ပဏီမှ Deputy General Manager ဦးကျော်စိုးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ သို့ ပြောကြားသည်။

မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်

Photo: မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်

မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို ဖမ်းဆီးခွင့် သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများက အောက်တိုဘာ ၂၂ ရက်က ပြောကြားသည်။

လက်ရှိတွင် မြန်မာ့ပင်လယ်ပြင်၌ Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် ထိုင်းနိုင်ငံမှ Ryuji International Co.,Ltd  က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ ဖမ်းဆီးခွင့် ထပ်တိုးပေးရန် ထပ်မံ တောင်းဆိုထားသည်။

အထက်ပါ ကုမ္ပဏီက မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights ဖြင့်ဆက်လက် ဖမ်းဆီးခွင့်ရရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ နောက်ထပ် ဖမ်းဆီးခွင့် ထပ်တိုးပေးရန်သင့်၊ မသင့်ကို ဆုံးဖြတ်ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု ၀န်ကြီးအပါအ၀င် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် အခြားပညာရှင်များက နောက်ထပ် ဖမ်းဆီးခွင့်သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"နေပြည်တော်မှာ ကျင်းပတဲ့ Fishing Rights အစီအစဉ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ နိုင်ငံခြား ငါးဖမ်းယာဉ်တွေကို သတ်မှတ်ပြီး စာချုပ်ချုပ်ဆိုထားရက် ပြည့်ရင်တော့ နောက်ထပ် ဖမ်းဆီးခွင့်မပေးဖို့၊ ပိတ်သိမ်းဖို့အတွက် ပညာရှင်များ အားလုံးက ထပ်တိုးမပေးဖို့ ဆုံးဖြတ်ကြပါတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက ဦးစိုးဝင်းက ပြောကြားသည်။

Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များထံမှ တစ်နှစ်လျှင် အခွန်ငွေ အမေရိကန် ဒေါ်လာ ၁၂ သန်းကျော် ရရှိကြောင်း သိရပြီး ယင်းငါးဖမ်းရေယာဉ်များ၏ ဖမ်းဆီးခွင့် သက်တမ်းမှာ လာမည့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း သိရသည်။          

မြိတ်ဆိပ်ကမ်းရှိ နိုင်ငံသားပိုင် ငါးဖမ်းစက်လှေ တစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
မြိတ်ဆိပ်ကမ်းရှိ နိုင်ငံသားပိုင် ငါးဖမ်းစက်လှေ တစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)

မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို ဖမ်းဆီးခွင့် သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများက အောက်တိုဘာ ၂၂ ရက်က ပြောကြားသည်။

လက်ရှိတွင် မြန်မာ့ပင်လယ်ပြင်၌ Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် ထိုင်းနိုင်ငံမှ Ryuji International Co.,Ltd က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ ဖမ်းဆီးခွင့် ထပ်တိုးပေးရန် ထပ်မံ တောင်းဆိုထားသည်။

အထက်ပါ ကုမ္ပဏီက မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights ဖြင့်ဆက်လက် ဖမ်းဆီးခွင့်ရရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ နောက်ထပ် ဖမ်းဆီးခွင့် ထပ်တိုးပေးရန်သင့်၊ မသင့်ကို ဆုံးဖြတ်ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု ၀န်ကြီးအပါအ၀င် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် အခြားပညာရှင်များက နောက်ထပ် ဖမ်းဆီးခွင့်သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး သမားများကို ထောင်ချခဲ့သည့် အီလက်ထရွန်နစ် ဥပဒေပါ ထောင်ဒဏ်အစား ငွေဒဏ်များဖြင့် အစားထိုးပြင်ဆင်မှု ပြည်သူ့လွှတ်တော် အတည်ပြု

Photo: နိုင်ငံရေး သမားများကို ထောင်ချခဲ့သည့် အီလက်ထရွန်နစ် ဥပဒေပါ ထောင်ဒဏ်အစား ငွေဒဏ်များဖြင့် အစားထိုးပြင်ဆင်မှု ပြည်သူ့လွှတ်တော် အတည်ပြု

နိုင်ငံရေး သမားများကို ထောင်ချခဲ့သည့် အီလက်ထရွန်နစ် ဥပဒေပါ ထောင်ဒဏ်များအစား ငွေဒဏ်များဖြင့် အစားထိုး ပြင်ဆင်မှုကို ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၂ ရက်က အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို ၂၁.၈.၂၀၁၃ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေးလိုသူများ၏ အမည်စာရင်း တောင်းခံခဲ့သည်။ သို့သော် ၁၀.၁၀.၂၀၁၃ ရက်အထိ ဆွေးနွေးရန် တင်ပြလာသည့် ကိုယ်စားလှယ် တစ်ဦးမျှ မရှိခဲ့သဖြင့် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာပါ ပြင်ဆင်ချက်များအတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ ပါ "အနည်းဆုံး ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ" ဆိုသည့် စကားရပ်အစား "အနည်းဆုံး ငါးနှစ်မှ အများဆုံးခုနစ်နှစ်အထိ" ဟု ပြင်ဆင်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ ပါ "ထောင်ဒဏ်ငါးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဆိုသည့် စကားရပ်အစား "ငွေဒဏ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်" ဟု ပြင်ဆင်ထားသည်။

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၅ ပါ "ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဆိုသည့် စကားရပ်အစား "ငွေဒဏ်ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ အထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ချမှတ်ရမည်" ဟု ပြင်ဆင်ထားသည်။

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၆ ပါ "ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဆိုသည့် စကားရပ်အစား "ငွေဒဏ်ကျပ် တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်ရမည်" ဟု ပြင်ဆင်ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "ဒီဥပဒေကို ပြင်ဆင်ပြီး တင်ရတဲ့ ရည်ရွယ်ချက်က ဒီဥပဒေက နိုင်ငံရေး သဘောကွဲတဲ့ ပညာရှင်တွေကို ထောင်ထဲပို့တဲ့ ဥပဒေ ဖြစ်နေတယ်။ ဒါ့ကြောင့် ဒီဥပဒေကို အရင်ဆုံး ပယ်ဖျက်ဖို့ တင်တယ်။ ပယ်ဖျက်လို့ မရတော့ ပြင်ဆင်ခဲ့တာပါ။ ပညာရှင်တွေကို ကာကွယ်ဖို့ နည်းပညာကို နိုင်ငံရေးအရ အသုံးမချဖို့ တင်တာပါ" ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ်

နိုင်ငံရေး သမားများကို ထောင်ချခဲ့သည့် အီလက်ထရွန်နစ် ဥပဒေပါ ထောင်ဒဏ်များအစား ငွေဒဏ်များဖြင့် အစားထိုး ပြင်ဆင်မှုကို ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၂ ရက်က အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို ၂၁.၈.၂၀၁၃ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေးလိုသူများ၏ အမည်စာရင်း တောင်းခံခဲ့သည်။ သို့သော် ၁၀.၁၀.၂၀၁၃ ရက်အထိ ဆွေးနွေးရန် တင်ပြလာသည့် ကိုယ်စားလှယ် တစ်ဦးမျှ မရှိခဲ့သဖြင့် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာပါ ပြင်ဆင်ချက်များအတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီအား ရာထူးမှ နုတ်ထွက်ခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၆ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်  ၃  ရက်
(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁၂၊ ပုဒ်မခွဲ(က) နှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(က) တို့ပါ ပြဋ္ဌာန်းချက်များအရ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီအား ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်။

                                                                                                             (ပုံ)သိန်းစိန်        
                                                                                                           နိုင်ငံတော်သမ္မတ        
                                                                                                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 http://www.president-office.gov.mm

ဆယ်ကျော် သက် မိန်းကလေး တစ်ဦး ကို အက်ဆစ် ရည် အတင်း အကျပ် သောက်သုံး စေပြီး ပင်လယ် တွင်း သို့ တွန်းချ ခဲ့သူ အား အိန္ဒိယ ရဲ တပ်ဖွဲ့ ဖမ်းဆီး

ဆယ်ကျော် သက် မိန်းကလေး တစ်ဦး ကို အက်ဆစ် ရည် အတင်း အကျပ် သောက်သုံး စေပြီး ပင်လယ် တွင်း သို့ တွန်းချ ခဲ့သူ အား အိန္ဒိယ ရဲ တပ်ဖွဲ့ ဖမ်းဆီး

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း မြို့၏ အနောက် ဘက် ဆင်ခြေ ဖုံး ဒေသ ရှိ Gorai Beach တွင် အောက်တိုဘာ ၁၉ ရက် ညနေ ပိုင်းက ဆယ်ကျော် သက် အမျိုး သမီး တစ်ဦး အား အက်ဆစ် ရည် အတင်း အကျပ် သောက်ခိုင်း ကာ ပင်လယ် အတွင်း သို့ တွန်းချ ခဲ့သည့် အမျိုးသား တစ်ဦး ကို ရဲတပ်ဖွဲ့ က   ဖမ်းဆီး ခဲ့သည် ဟု အင်တာ နက် သတင်း တစ်ပုဒ် အရ သိရသည်။

ဖြစ်စဉ်မှာ အမျိုးသမီး များ ကို လိမ်လည် လှည့်ဖြားသူ အမျိုးသား တစ်ဦး သည် အသက် ၁၈ နှစ် အရွယ် ရှိ အဆိုပါ အမျိုး သမီးငယ် အား လှည့်ဖြား ခေါ်ဆောင် ခဲ့ပြီး နောက်တွင် အက်ဆစ် ရည် များ ကို  အတင်း အကျပ် သောက် သုံး စေခဲ့ပြီး နောက် ပင်လယ် တွင်း သို့ တွန်းချ ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ယခု အချိန်တွင် တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်သူ အဆိုပါ အမျိုးသမီး ငယ် သည် ဆေးရုံ တွင် အရေး ပေါ် အခြေ အနေ နှင့် ရင်ဆိုင် နေရပြီး ပြစ်မှု ကျူးလွန် ခဲ့သည့် အသက် ၂ဝ အရွယ် ဂျီတန်ဒရာဆက်ခ်ပါလ် အမည် ရှိ အမျိုးသား ကိုမူ ရဲ တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ထား၍ စစ်ဆေး မှု များ ပြုလုပ် လျက် ရှိသည် ဟု သိရသည်။

MWD

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း မြို့၏ အနောက် ဘက် ဆင်ခြေ ဖုံး ဒေသ ရှိ Gorai Beach တွင် အောက်တိုဘာ ၁၉ ရက် ညနေ ပိုင်းက ဆယ်ကျော် သက် အမျိုး သမီး တစ်ဦး အား အက်ဆစ် ရည် အတင်း အကျပ် သောက်ခိုင်း ကာ ပင်လယ် အတွင်း သို့ တွန်းချ ခဲ့သည့် အမျိုးသား တစ်ဦး ကို ရဲတပ်ဖွဲ့ က ဖမ်းဆီး ခဲ့သည် ဟု အင်တာ နက် သတင်း တစ်ပုဒ် အရ သိရသည်။

ဖြစ်စဉ်မှာ အမျိုးသမီး များ ကို လိမ်လည် လှည့်ဖြားသူ အမျိုးသား တစ်ဦး သည် အသက် ၁၈ နှစ် အရွယ် ရှိ အဆိုပါ အမျိုး သမီးငယ် အား လှည့်ဖြား ခေါ်ဆောင် ခဲ့ပြီး နောက်တွင် အက်ဆစ် ရည် များ ကို အတင်း အကျပ် သောက် သုံး စေခဲ့ပြီး နောက် ပင်လယ် တွင်း သို့ တွန်းချ ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာ ဖတ်ခွင့်ရလို့ အိန္ဒြာကျော်ဇင် ဂုဏ်ယူ

(ရန်ကုန်၊ အောက်တိုဘာ ၁၄)

(၉၃) နှစ်မြောက် မြန်မာ့ ရုပ်ရှင်နေ့ ဂုဏ်ပြု အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သဝဏ်လွှာ ကို ဖတ်ခွင့်ရခြင်း အတွက် အင်မတန် တာဝန် ကြီးပြီး ဂုဏ်ယူမိကြောင်း အိန္ဒြာ ကျော်ဇင်က ပြောသည်။
”သဝဏ်လွှာ ဖတ်ရင်း အမှားပါ သွားမှာ စိုးရိမ်စိတ် ကတော့ ရှိတယ်။ ဒါပေမဲ့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦး လူမင်း ကပေးအပ်တဲ့ တာဝန် ဆိုတာရယ် ဖြစ်ပါ့မလားလို့။ မပြောရဲဘူး လို့ ငြင်း တော့ သူက အားကိုး တကြီးနဲ့ အကူ အညီတောင်းတော့ လုပ်ပေးလိုက်တာ ပါ”ဟု ၄င်းက ဆိုသည်။
 ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ”မြန်မာ့ ရုပ်ရှင် ဂုဏ်ပြု အခမ်းအနားသို့ ကိုယ်တိုင် လာရောက် နိုင်ခြင်း မရှိတာကို တောင်းပန်ပါတယ်။ ယခုခေတ်ကြီး မှာ ရုပ်ရှင် ဆိုတာ ပြည်သူ နဲ့ အနီးဆုံး အနုပညာရပ်ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံ တိုးတက်ဖို့ ကြိုးစားကြရာ မှာ အားလုံး ကိုယ်စီ ကိုယ်စီ တာဝန်ရှိကြ ပါတယ်။ ဘက်ပေါင်းစုံ က ကိုယ်ကျရာ တာဝန်ကို စေတနာ အပြည့်နဲ့ ကျေကျေ ပွန်ပွန် ဆောင်ရွက်မယ် ဆိုရင် နိုင်ငံသား အားလုံး နိုင်ငံ့ တာဝန်ကို ကျေပွန်ရာ ရောက်ပါတယ်။

အိပ်မက်ရန်လွယ်ကူသော်လည်း လောင်းရိပ်သင့်နေဆဲ ကြိုးလျော့လက်များ

ဂီတကို မကြိုက်နှစ်သက်သည့် လူ ငယ်ဟူ၍မရှိ။ ထို့အတူ သီချင်းမဆိုဖူး သော လူငယ်နှင့်ဂစ်တာနှင့် အခြားတူရိ ယာတစ်မျိုးမျိုးကို မတီးခတ်ဖူးသော လူ ငယ်လည်း မရှိ သလောက် ရှားပါသည်။တချို့က အပျော်အနေဖြင့် ဂစ် တာတဒေါင်ဒေါင်ခေါက်သည်။ သူငယ် ချင်းများနှင့်ဆိုကြဖို့၊ လမ်းဘေးနှင့် ကျောင်း သားများဆိုပါက မိန်းကေ လးဆောင်များ တွင်လှည့်ပတ်တီးဖို့ သက်သက်။ ဤမျှ ဆိုလုံလောက်ပြီ။သို့သော် အချို့အတွက် တော့ ဂီတက သူတို့အတွက် အိပ်မက် ဖြစ်သည်။ ယခင်ကာ လများတုန်းက ဂစ်တာတီးတတ်ဖို့ပင်ခက်သည်။ တီး တတ်သည့်သူများထံ အောက်ကျို့ပေါင်း သင်းကာသင်ကြားရသည်။ ထို့ထက်မပို။ စင်မြင့်ပေါ်ရောက်ရန်နှင့် တကယ့် တီး ဝိုင်းတစ်ခု တီးနိုင်ဖို့က အလွန်အလှမ်း ဝေးသော အခြေအနေဖြစ်သည်။ သို့ပေ မယ့် အခုခေတ်တွင်တော့ ထိုကဲ့သို့ မ ဟုတ်တော့ပါ။ ဂစ်တာ သင်ခန်းစာများ အလွယ် တကူဝယ်၍ ရနိုင်သကဲ့သို့ အွန် လိုင်းကဲ့သို့နေရာမှလည်း အလွယ်တကူ သင်ကြားနိုင်လာသည်။ ဝါသနာရှင် လူငယ်များ အတွက်လည်း နာရီပိုင်းအခ ကြေးငွေပေး၍ တီးဝိုင်းတစ်စုံစာ တီး ခတ်လေ့ကျင့်နိုင်သည့် စတူဒီယိုအသေး စားလေးများကလည်း နေရာအနှံ့။ ထို့ အတူ အဆိုဝါသနာပါသူများ အတွက် အစွမ်းပြနိုင်မည့် ပြိုင်ပွဲနှင့် ရုပ်သံအစီ အစဉ်များကလည်း ရွေးချယ်စရာ များ ပြားလာသည်က အမှန်ပင်။

Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း

Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ ဒါကြောင့် ယင်းဆိုးကျိုးများကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လိုအသုံးပြုရမယ်ဆိုတာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

Get a Large Screen

Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ် ကို ရွေးချယ်ဝယ် ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။

လူနာတင်ယာဉ်စောင့်နေရသည့် ယာဉ်တိုက်မှုကြောင့် လူတစ်ယောက် အသက်ဆုံးရှုံး

ကည့်မြင်တိုင်မြို့နယ်၊ ကမ်း နားလမ်း၊ စာတိုက်မှတ်တိုက်အနီး တွင် အောက်တိုဘာလ (၇) ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့် က အရှေ့မှအနောက်သို့ မောင်း နှင်လာသော  Super Custom  အိမ်စီးကားတစ်စီးသည် လမ်းဖြတ် ကူးသူကို တိုက်မိသည့်ဖြစ်ရပ်တစ် ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်တွင်  Super Custom ကိုယ်ပိုင်ယာဉ်ကိုမောင်း နှင်လာသူမှာ Duty  ထွက်လာ သည့်ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ လမ်းဖြတ်ကူးသူမှာ အမှတ်မထင် ကူး၍ တိုက်မိခြင်းဖြစ်ကြောင်း၊ သိရသည်။

ကျန်းမာရေး အသိ လွဲနေမှု များ

ကျန်းမာရေး နဲ့  ပက်သက် လို့ အများ လက်ခံ သိရှိ ထားတဲ့ အချက် နဲ့ တကယ့် အဖြစ်မှန် တို့ဟာ ကွဲလွဲ နေတတ် ပါတယ်။ အောက် ဖော်ပြပါ အမေး၊ အဖြေ များ ကို ကြည့်လိုက် ရင် အထင် နဲ့ အမြင် ကွဲပြား ခြားနား နေတာ ကို သိရှိ နားလည် သွား နိုင် ပါတယ်။

( ၁ ) လက်ဆစ် တွေ ကို ချိုးဖန်များရင် အဆစ် အမြစ် ရောင် ရောဂါ ဖြစ်တတ် တယ်

မဟုတ်ပါ ဘူး။ လက်ဆစ်တွေ ကို ချိုးလိုက် တဲ့ အခါ ဂျွတ်ခနဲ၊ ဗျစ်ကနဲ မြည် သွား တာက အရိုးများ အကြား မှာ ပိတ်မိ နေတဲ့ ဓာတ်ငွေ့တွေ ထွက်သွား လို့ အသံမြည် ရခြင်း သာ ဖြစ်ပါ တယ်။ အရိုး ကြား က အခိုးအငွေ့ တွေ ထွက်သွား လို့ ပေါ့ပါး တောင် သွားပါသေး တယ်။

အပြာရောင် ကမ္ဘာကြီး ဆု အတွက် မိုး လေ၀သ ပညာရှင် ဦးထွန်းလွင် ကို တင်ပြထား

အပြာရောင် ကမ္ဘာကြီး ဆု အတွက် မိုး လေ၀သ ပညာရှင် ဦးထွန်းလွင် ကို တင်ပြထား

ဂျပန် နိုင်ငံမှ တစ်နှစ် လျှင် တစ်ဦး သာ ပေးအပ်သော အပြာရောင် ကမ္ဘာကြီး ( Blue Plannet ) ဆု အတွက် မြန်မာ နိုင်ငံ အနေဖြင့် မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကို တင်ပြ ထားကြောင်း FREDA မှ ဦးအုန်း က ပြောကြား သည်။

ယင်း ဆု သည် တကမ္ဘာ လုံး တွင် တစ်နှစ် လျှင် တစ်ဦး နှင့် နှစ်ဦးကြား သာ ပေးသော ဆု ဖြစ်ပြီး Blue Plannet ဆု ကို ဂျပန် ရှင်ဘုရင် က ပေးအပ် မည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ မှ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ၏ လုပ်ဆောင်ချက် များ ကို ကမ္ဘာ မြေ ချစ်သူ ဆု ရရှိ ထားသူ ဦးအုန်း က ထောက် ခံ ၍ ဂျပန် ရှင်ဘုရင်ထံ သို့ တင်ပြ ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အပြာရောင် ကမ္ဘာကြီး ဆု ဆိုတာ ကမ္ဘာကြီး ကောင်းအောင် လုပ်တယ် ပေါ့။ သူ သက်ဆိုင် ရာ ပညာရပ် တွေမှာ ကောင်း
အောင် လုပ်တယ် ပေါ့။ ဦးထွန်းလွင် က လည်း သူ့ မိုးလေ၀သ ပညာရပ် နဲ့ ပတ်သက် ပြီး လူတွေ အတွက် သဘာဝ ပတ်ဝန်း ကျင်တွေ အတွက် ကောင်းအောင် လုပ်လို့ တင်ပေး တာ ရမရ တော့ မသိ ဘူး” ဟု ဦးအုန်း က ပြောကြား သည်။

ယင်း ဆု ရရှိရန် ယခင် နှစ် က June Pharmueutical Ltd ၏ ဥက္ကဋ္ဌ ဒေါက်တာ မင်းသိမ်း ကို တင်ပြ ပေးခဲ့ သော်လည်း ဆုရရှိ ခဲ့ခြင်း မရှိ ကြောင်း ယင်းဆု ကို ရရှိ ပါက မြန်မာ ငွေကျပ် သိန်းပေါင်း ၅၀၀၀ ရရှိမည် ဖြစ်သည်။

Blue Plannet အပြာရောင် ကမ္ဘာကြီးဆု ကို ဒေါက်တာ ထွန်းလွင် ကို ထောက်ခံ ၍ အောက်တိုဘာ ၁၄ ရက်နေ့တွင် ဂျပန် နိုင်ငံ သို့ ပေးပို့ ခဲ့ကြောင်း၊ အဖြေ ကို ၂၀၁၄ ခုနှစ် ဇွန်လ မှ သိရမည် ဖြစ်ကြောင်း ဦးအုန်း က ရှင်းလင်း ပြောကြား သည်။ ဂျပန် နိုင်ငံ တွင် ရှိသော အာဆာရီးဂရပ်( စ် ) ဖောင်ဒေးရှင်း အသင်းဝင် များ သာ ယခု ကဲ့သို့ ဆု ကို တင်ပြခွင့် ရှိပြီး ဦးအုန်း သည် အဆိုပါ အဖွဲ့ ၏ အသင်းဝင် ဖြစ်သဖြင့် ဦးထွန်းလွင် ကို တင်ပြခွင့် ရရှိ ခဲ့သည်။

People power

ဂျပန် နိုင်ငံမှ တစ်နှစ် လျှင် တစ်ဦး သာ ပေးအပ်သော အပြာရောင် ကမ္ဘာကြီး ( Blue Plannet ) ဆု အတွက် မြန်မာ နိုင်ငံ အနေဖြင့် မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကို တင်ပြ ထားကြောင်း FREDA မှ ဦးအုန်း က ပြောကြား သည်။
ယင်း ဆု သည် တကမ္ဘာ လုံး တွင် တစ်နှစ် လျှင် တစ်ဦး နှင့် နှစ်ဦးကြား သာ ပေးသော ဆု ဖြစ်ပြီး Blue Plannet ဆု ကို ဂျပန် ရှင်ဘုရင် က ပေးအပ် မည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ မှ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ၏ လုပ်ဆောင်ချက် များ ကို ကမ္ဘာ မြေ ချစ်သူ ဆု ရရှိ ထားသူ ဦးအုန်း က ထောက် ခံ ၍ ဂျပန် ရှင်ဘုရင်ထံ သို့ တင်ပြ ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်၍(၁)ဦးသေ

Photo: ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်၍(၁)ဦးသေ
 
နေပြည်တော်၊ အောက်တိုဘာ ၂၁

 ၁၈-၁၀-၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၃/၇)နှင့် (၁၂၄/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မအူတန်းရပ်နေ ထွန်းအောင်ဇော်(၂၅)နှစ် မောင်းနှင်လာသော ၈ဏ/xxxx လိုက်အေ့အဖြူရောင်ယာဉ်သည် ဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ(၂၁)ဦးအနက် မန္တလေးမြို့၊ ဗောဓိကုန်း အလယ်ရပ်နေသူများဖြစ်သည့် ဒေါ်ကော်မူ(၅၅)နှစ်တွင် ၀ဲ/ယာမျက်လုံးဖူးရောင်၊ နှာခေါင်းသွေးထွက်၊ ၀ဲနားရွက်အပေါ်ပိုင်းပြက်ရှပေါက်ပြဲဒဏ်ရာ၊ မရှမ်းမ(၄၅)နှစ်တွင် ယာနဖူး/ယာပါး/ ယာမျက်လုံးပေါက်ပြဲ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ဒေါ်ကော်မူမှာ ဖြူးဆေးရုံမှတစ်ဆင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားခဲ့သည်။ ထို့ပြင် ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ၀ဲ/ယာတံခါး မှန်ကွဲ၊ ဘော်ဒီအနည်းငယ်ပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ထွန်းဇော်အောင်အား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိ

Photo: အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိ

နေပြည်တော်၊ အောက်တိုဘာ ၂၁

 ၂၀-၁၀-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃/၆၈လမ်းနေ မယဉ်ယဉ်မြင့်(၃၁)နှစ် မောင်းနှင်လာသော ၉ဃ/xxxx အာအေဗွီ-၄ အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်သို့ထိုးကျခဲ့ပြီး လမ်းဘေးရှိသစ်ပင်အားဝင်ရောက်တိုက်မိကာ တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်မောင်း မယဉ်ယဉ်မြင့်တွင် ယာဘက်နားထင်ပေါက်ပြဲ၊ ယာလက်မောင်းပွန်းပဲ့၊ ယာဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် တစ်ရပ်တည်းနေ ဒေါ်သန်းစိန်(၆၃)နှစ်တွင် နဖူး/၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲ/ယာတံခါးတွန့်ကြေ၊ တန်ဖိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မယဉ်ယဉ်မြင့် အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

Related Posts Plugin for WordPress, Blogger...

ShareThis