Saturday, 10 November 2012
သက်တံပေါ်က မာမာအေးနှင့် တွေ့ဆုံခြင်း
|
၂၀၁၁
ခုနှစ် မတိုင်ခင် တုန်းက ကျွန်တော်တို့ မဂ္ဂဇင်း၊ ဂျာနယ် စာမျက် နှာများ
ပေါ်မှာ အစိုးရက Black List သတ်မှတ် ထားတဲ့ ပုဂ္ဂိုလ်များရဲ့ အမည်များကို
ပင်လျှင် ဖော်ပြခွင့် မရှိတာကြောင့် မဖြစ်မနေ အဲဒီလူတွေ ရဲ့နာမည်ကို
ဖော်ပြဖို့ လိုအပ်လာရင် အနုပညာ နာမည် မသုံးဘဲ နာမည်ရင်းများနဲ့ လှည့်ပတ်
သုံးကြရ ပါတယ်။
ဒါလည်း စာပေစိ စစ်ရေးက နာမည်ရင်းကို
သိတယ်ဆိုရင် “အဲဒါ ဘယ်သူ့ကို ပြောတာ မဟုတ်လား။ ဖြုတ်ပါ” ဆိုတဲ့ အမိန့်များ
ကြောင့် ဖြုတ်ကြရ ပြန်ပါတယ်။
နာမည်ဖော် ပြခွင့် မရှိတဲ့ အနုပညာ သည်များထဲမှာ အဆိုတော်ကြီး ဒေါ်မာမာအေးလည်း ပါတာကြောင့် သူ့နာမည်ကို ဖော်ပြဖို့ လိုအပ်ရင် ရေးသူများက “မအေးမြင့်” လို့ သုံးကြပါတယ်။ ဦးဝင်းဖေကို ဆိုရင် “အုပ်ကြီး” လို့ သုံးကြပြီး ဆရာ တင်မိုးကိုတော့ “ဆရာဂျမ်း” လို့ သုံးကြပါတယ်။ အခုတော့လည်း အစိုးရသစ် အပြောင်းအလဲမှာ အရာရာ ပွင့်လင်းလာ ခဲ့ပြီမို့ ပြည်ပမှာ ရောက်ရှိနေတဲ့ အနုပညာသည် တော်တော်များများလည်း ပြည်တော်ပြန် ခရီးများနဲ့ ၀မ်းမြောက် ၀မ်းသာ ရှိနေကြပါပြီ။ |
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည် လာမယ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ လာမယ့် သီတင်းပတ်အတွင်း
အာရှတိုက်ကို ခရီးလှည့်လည်မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကို
ဝင်ရောက်လာဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က သတင်း
ထုတ်ပြန်ပါတယ်။
ဟီလာရီ ကလင်တန် ဟာ နိုဝင်ဘာလ ၁၁ရက်နေ့မှာ သြစတေးလျ နိုင်ငံ Perth မြို့ကို သွားရောက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Panetta နဲ့အတူ သြစတေးလျ အစိုးရအဖွဲ့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီကတဆင့် စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာပါ။

တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့
ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ဦး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ
နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့်
တပ်ဖွဲ့ ဘီဂျီဘီသို့ ယမန်နေ့က ဒုတိယ
အကြိမ်မြှောက် စာတစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။
ယခုကဲ့သို့ နစက တပ်ဖွဲ့မှ စာရေးသား ပေးပို့ကြောင်းကို ယမန်နေ့ သောကြာနေ့က လက်ခံ ရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က အတည်ပြု ပြောကြားသည်။
နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာနစက တပ်ဖွဲ့မှ စာကို လက်ခံ ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ဆောင်သွားသော မြန်မာနိုင်ငံသားများကို ရှာဖွေ ကယ်တင် ပေးရန် အကူအညီ တောင်းခံထားသည်ဟု ဖေါ်ပြထားကြောင်း ပြောဆိုသည်။

မိုးထိမိုးမိရွှေလုပ်သားအဖွဲ့ ပဲခူးမြို့သို့ရောက်ရှိ
ရန်ကုန်မြို့မှ ရမည်းသင်းမြို့အထိ ရန်ကုန် - မန္တလေး အဝေးပြေးကားလမ်းမကြီးအတိုင်း
ခြေလျင်ခရီးလျောက်၍ ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများအဖွဲ့
ပဲခူးမြို့သို့ ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ ည (၁၂း၀၀)
နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့သည်။
အဆိုပါအလုပ်သမားအဖွဲ့မှာ ရန်ကုန်မြို့မှ နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပဲခူးမြို့နယ် အင်းတကော်ကျေးရွာ၌ ခေတ္တနား
အဆိုပါအလုပ်သမားအဖွဲ့မှာ ရန်ကုန်မြို့မှ နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပဲခူးမြို့နယ် အင်းတကော်ကျေးရွာ၌ ခေတ္တနား
ခိုခဲ့သည်။
အင်းတကော် ကျေးရွာမှ ဆက်လက်ထွက်ခွာလာခဲ့ရာ ပဲခူးမြို့သို့ ည (၁၂း၀၀)
နာရီအချိန်ခန့်တွင် ရောက်ရှိခဲ့သည်။
အောက်တိုဘာလ၉ရက်နေ့ ညပိုင်းက မုံရွာမြို့မှ ညောင်ပင်ကြီးဆိပ်ကမ်းဘက်သို့ ခုတ်မောင်းလာသော စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်းသိရ
|
“ညပိုင်း ၈နာရီ အထိပုံမှန်စက်လှေတွေ ပြေးဆွဲပေးပြီး ည ၈နာရီနောက်ပိုင်းဆိုရင် လှေငှားမှရတယ်။ ပုံမှန်ကူးနေကျစက်လှေတွေက လူတစ်ယောက်ကို ၂ရာကျပ်နဲ့  ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်ပေးရတယ်။ ညပိုင်း၈နာရီကျော် ရှိတော့ ညပိုင်းပွဲသွား ပွဲလာတွေနဲ့  အလုပ်ဖြစ်တာများတယ် |
မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၁၁)
မတတ်သာသဖြင့် ခွက်ကို လှမ်းယူလိုက်သည်။
အသက်အောင့်ပြီး မော့ချလိုက်၏။ စိမ်း ရွှေရွှေ၊ ချွဲတဲတဲ၊ အော်ဂလီ ဆန်စရာ
အရသာမျိုး။ အီလည်လည်ကြီး ဖြစ်နေသော ဦးဝင်းမောင်ကြီး ကြည့်၍ ချစ်ဦးက ...
"ဘယ်နှယ်လဲ၊ ချက်ချင်းအားရှိသွားပြီ မဟုတ်လား"
"အင်း .. အဲ ... အော့ ... ဝေါ့"
သံစဉ်မျိုးစုံ ထွက်ပေါ်လာပြီးနောက် ဦးဝင်းမောင်ကြီး ဝေါခနဲ ထိုးအန်ချလိုက်၏။
ဇာတ်လမ်းကတော့ အရှိန်ရလာပြီ။
တစ်ရက် မှာ ဦးဝင်းမောင်ကြီး ရောက်လာပြီး ...
"သဲသဲလေးကော မမြင်ပါလား"
ဟု မေးသည်။ ဒေါ်ငွေဇံက

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၁ဝ)
ဒေါ်ငွေဇံက ဦးဝင်းမောင်ကို အလွန်အရေးပေးသည်။ အရင်က ဈေးလာဝယ်ရင်း အကြောင်းမရှိ အကြောင်း ရှာ စကားပြောရုံသာဖြစ်၏။ ဒါကို ဒေါ်ငွေဇံက
''မောင်ဝင်းမောင်ပါလား၊ လာလေကွယ်၊ လက်ဖက်စားပါဦး ၊ ရေနွေားကမ်းသောက်ပါဦးလေ''
ဆိုပြီး အိမ်ပေါ်ကို ဖိတ်ခေါ်တတ်သည်။ ဦးဝင်းမောင်ကြီးကလည်း
''ဒါဆိုရင်တော့ ကျွန်တော်အားမနာတော့ဘူးနော်''
ဟု နောက်သလို ပြောင်သလိုပြောရင်း ဧည့်ခန်းမှာ တက်ထိုင်တက်လေသည်။ ပြီးတော့ နာရီဝက် တစ်နာရီ ကြာအောင် စကားတွေ ပြောနေတတ်၏။ ထိုအခါမျိုးမှာ ဒေါ်ငွေဇံကလည်း ပြုံးပြုံး ပြုံးပြုံးနှင့်ဧည့်ခံလေရှိပြီး။
''မြလွင်ရေ နင့်အစ်ကိုကြီးကို လက်ဖက်ကလေး သုပ်ပေးပါဦ၊ ရေနွေးကြမ်းလေး ယူခဲ့ပါဦး''
ဆိုတာမျိုး လုပ်တတ်သည်။ တစ်ခါတလေ..

လုံခြုံရေးအပြည့်အဝရှိမှ နေရပ်ပြန်မည်ဟုမြောက်ဦးမြို့မှ ရခိုင်ဒုက္ခသည်များ က ဆို
မီးဘေးသင့် ရခိုင်ဒုက္ခသည်များ အနေဖြင့် ၄င်းတို့၏
ရပ်ရွာတွင်လုံခြုံရေးအပြည့်အဝရှိမှ ပြန်မည်ဟု မြောက်ဦးမြို့
အလိုတော်ပြည့်ကျောင်းတွင် ရောက်ရှိနေသည့် ရခိုင်ဒုက္ခသည်များကပြောသည်။
“ဟိုမှာက လုံခြုံရေးမရှိရင် ကျမတို့ မနေရဲဘူး၊ ပြန်လည်းပြန်မှာမဟုတ်ဘူး၊စိတ်ချရတဲ့လုံခြုံရေးရှိမှ ပြန်မယ်၊ ဘာလို့ဆိုတော့ကျမတို့ရွာဟာအန္တရာယ်အများဆုံးရွာဖြစ်နေတယ်” ဟု အသက် ၄၀ အရွယ်ရှိ ပန်းမော်ကျေးရွာ မှဒုက္ခသည်တစ်ဦးက ပြောသည်။

ဘုရားဂေါပက အဖွဲ့အား အောင်လံ NLD တရားစွဲ
သရက်ခရိုင် ၊ အောင်လံမြို့ သိမ်ကုန်းဓမ္မာရုံ ဘုရားပွဲတွင် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရန်ပုံငွေအဖြစ် ဈေးရောင်းချ ရာတွင်
NLDပါတီ ဆိုင်းဘုတ်အား ဘုရားဂေါပက အဖွဲ့က ဖြုတ်ချခဲ့သည့် အတွက် NLDပါတီက
တရား စွဲဆိုလိုက်ကြောင်း ယင်းမြို့နယ် တရားရုံးထံမှ သိရသည်။
အိုဘားမားခရီးစဉ်အပေါ် ဒီမိုအုပ်စုတွေ မျှော်လင့်ချက်ထား
သမ္မတတာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံးသော
အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပတ်သတ်ပြီး
ပြည်တွင်းမြန်မာနိုင်ငံရေး အင်အားစုတွေကေ
ရာ
ဘယ်လို သဘောထားကြပါသလဲ။ သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ် အပေါ်
မြန်မာ့နိုင်ငံရေးလောကမှာ အများစုက ကြိုဆိုကြတာရှိသလို အခုလိုမျိုး လာရောက်
တာဟာ မြန်မာနိုင်ငံအခြေအနေအရ စောနေသေးတယ်လို့ ယူဆကြပါတယ်။
ဒီလိုနိုင်ငံရေးခေါင်းဆောင် အသီးသီးရဲ့ အမြင်သဘောထားတွေကိုတော့
ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။
လာမယ့်နိုဝင်ဘာလ ၁၇ရက်နေ့ကနေ၂၀ရက်နေ့အထိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အိမ်ဖြူတော်က ကြာသပတေးနေ့က တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရ လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်မှာ ပထမဆုံးအကြိမ် အမေရိကန်သမ္မတ တဦးရဲ့ သမိုင်းဝင်ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလောကမှာ သုံးသပ်မှုအမျိုးမျိုးရှိသလို မတူကွဲပြားတဲ့ အမြင်တွေလည်းရှိနေပါတယ်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်း ပိုင်ရှင်များ သိန်း သောင်းချီရှုံး
မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သော
မြန်မာနေရှင်နယ်လိဂ် ဘောလုံး အသင်းများမှာ နှစ်စဉ် ငွေကျပ်သိန်း သောင်းချီ အရှုံးပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
၂၀၀၉ ခုနှစ်မှ စတင်ခဲ့သော မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ (Myanmar National League) များအတွက် မြန်မာနိုင်ငံ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများက ဘောလုံးအသင်းများ အပြိုင်အဆိုင် တည်ထောင်ခဲ့ကြပြီး ယခု ၃ နှစ်ကျော် ကြာမြင့်လာချိန်တွင် ဘောလုံးအသင်းများအတွက် ကုန်ကျစရိတ်ငွေ နှစ်စဉ် သိန်းသောင်းချီ အရှုံးပေါ်နေခြင်းဖြစ်သည်ဟု အသင်းပိုင်ရှင်များထံမှ သိရသည်။

မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ ကေအိုင်အို အခွန်ကောက်
ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည် ဆိုင်များကို
သိန်းရာချီ အခွန် ပေးဆောင်ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ
အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The
Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုး
" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုး
ညှင်းမြို့ မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။
အဆိုပါ အကောက် အခွန် ငွေကျပ်သိန်း သုံးရာကို မပျက်မကွက် လာရောက် ပေးဆောင်ရန် နှင့် ထွက်ပြေး တိမ်းရှောင်ပါက ရှေ့တန်း တပ်စခန်းမှ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ပြီး အခွန်ငွေ ကို ငြင်းဆန်ပါ ကလည်း မအောင်မြင် မခြင်း လက်တွေ့ အကောင်အထည်ဖော် ပြုမူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လက်ဖက်ရည် ဆိုင် ပိုင်ရှင် များထံ ကေအိုင်အိုက အကြောင်းကြား သည့် စာတွင် ဖော်ပြ ထားသည်။

ရဲတပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုသော တပ်မတော်ဗိုလ် တစ်ဦးအား အမှုဖွင့်
ရန်ကုန် ၊ နိုဝင်ဘာ ၁၀
ကားပြိုင်မောင်းသူများနှင့် တုတ်၊ဓား စသည့် လက်နက်ပုန်းများ သယ်ဆောင်လာသည့် ယာဉ်များကို စစ်ဆေး ဖမ်းဆီး...နေသော တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ကို မချေမငံ ပြောဆိုခဲ့သော
ဗိုလ်မင်းသန်းထွန်းအားအမှုဖွင့် ထားကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များ အရ သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်

တွင်
သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်ထွန်းဦး နှင့်
တပ်ဖွဲ့ဝင်များ အပါအဝင် နယ်မြေ ( ၂ ) မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ
ကမ္ဘာအေးလမ်းမပေါ် ဖူစန် တရုတ်ဘုံကျောင်းရှေ့တွင် တာဝန်အရ ယာဉ်များကို
ရပ်တန့် စစ်ဆေးနေစဉ် ချော်တွင်းကုန်း ဘက်မှ ကုက္ကိုင်းဘက်သို့ ယာဉ်မောင်း
သန့်ဇင် ( ၂၈ ) နှစ် မောင်းနှင် လာသော
သန့်ဇင် ( ၂၈ ) နှစ် မောင်းနှင် လာသော
ကျပ် ငါးသိန်းဖြင့် ချထား ပေးသော ဝ၉၄၉ နှင့် စသည့် CDMA-450 MHz ဖုန်းများ Message အခမဲ့ ပို့နိုင်
ယခင်က ဧရိယာ သတ်မှတ်ချက်ဖြင့် အသုံးပြုခွင့် ပေးခဲ့သော CDMA-800
MHz,CDMA-450 MHz ဖုန်းများ အနက် နေပြည်တော်တွင် ငွေကျပ် ငါးသိန်းဖြင့်
ချထား ပေးခဲ့သော ဝ၉၄၉ နှင့် စသော ဖုန်းများမှာ Message အခမဲ့ ပို့နိုင်ကြောင်း သိရသည်။
Message အခမဲ့ ဆိုတော့လည်း ၂၅ ကျပ် သက်သာတာ ပေါ့ဗျာ။ ဒါပေမဲ့ ကျန်တဲ့ ဖုန်းတွေလို အင်တာနက် သုံးလို့ မရဘူး'' ဟု သိရသည်။
Message အခမဲ့ ဆိုတော့လည်း ၂၅ ကျပ် သက်သာတာ ပေါ့ဗျာ။ ဒါပေမဲ့ ကျန်တဲ့ ဖုန်းတွေလို အင်တာနက် သုံးလို့ မရဘူး'' ဟု သိရသည်။
နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ
ကျေးရွာသားများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့်
ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ်
ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က
ပေါက်တောမြို့နယ်သို့ လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။
ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။
ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် အဆိုကို တပ်မတော်သား ကိုယ်စားလှယ်အများစု ကပါ ထောက်ခံမဲပေးခဲ့
အန်အယ်လ်ဒီပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး
တင်သွင်းသည့်အဆို(၂)ခုကို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သာမက တပ်မတော်သားကိုယ်စားလှယ်အများစုကပါ ထောက်ခံမဲပေးခဲ့ပြီး အတည်ပြုအောင်မြင်ခဲ့သည်ဟု သိရှိရသည်။
“ ထူးခြားတာ တစ်ခုကတော့ တပ်မတော်သားတွေက ပြည်သူ့လွှတ်တော်မှာ(၁၁၀)ဦးရှိတယ်။ ပျက်ကွက်တာက တစ်ယောက်နှစ်ယောက်လောက် ပဲရှိမယ်။ ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆိုကို ကန့်ကွက်သူက (၆၄) ဦးပဲရှိတော့ကျန်တဲ့တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမဲပေးခဲ့တယ်လို့ပြောလို့ရတယ်။ အဲ့တော့ တပ်မတော်သားတွေက ထိန်းချုပ်မှု အောက်မှာမရှိတော့ဘဲလွတ်လွတ်လပ်လပ် ထောက်ခံမဲပေးခဲ့ကြတယ်လို့ ပြောလို့ရတယ်” ဟုအမျိုးသားဒီိမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောသည်။

စီးဆင်းနေသော ဧရာဝတီ
နှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ် ထုတ်ဝေသော ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ
မြဝတီ မဂ္ဂဇင်းတွင် သိန်းစိန်ထွန်း ဆိုသော ကလောင် အမည်ဖြင့် ရေးသားထားသော
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ လက်ရာ ဝတ္ထုတို တစ်ပုဒ်
ဖော်ပြထားသည်ကို တွေ့ရသဖြင့် The VoiceWeekly စာဖတ် ပရိသတ်များ လေ့လာ
ဖတ်ရှုနိုင်စေရန် မြဝတီ စာတည်း အဖွဲ့ထံမှ ခွင့်ပြုချက် ရယူကာ ပြန်လည်
ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)
စစ်ဆေးရုံ ကားဂိတ်သို့ အမှတ် (၉) ကား ထိုးရပ် လိုက်ချိန်တွင် ညနေ ၃ နာရီ၊ ၄၅ မိနစ်သာရှိသေးသည်။ လူနာ တွေ့ချိန်သည် ညနေ ၄ နာရီမှ ၆ နာရီ အထိဖြစ်၍ ၁၅ မိနစ် စောင့်ရပေဦးမည်။ အမှတ် (၂) ဂိတ်ပေါက်ဝရှိ အုတ်ခုံတန်း ပေါ်တွင်ထိုင်ရင်း ထောက်ကြန့်ကား ဂိတ်က ဝယ်လာခဲ့သည့် ၃၅ ပြားတန် ဒူးယား စီးကရက် တစ်လိပ်ကို အင်္ကျီအိတ် ကပ် အတွင်းမှ ဆွဲထုတ်လိုက်သည်။ မီး ညှိရန်အတွက် ဘေး ဘယ်၊ ညာသို့လှမ်း
ကြည့်လိုက်သည်တွင် အုတ်ခုံအစွန်း၌ ဆေးလိပ် ထိုင်သောက်နေသည့် ဦးကြီး တစ်ဦးကို တွေ့၍ အနီးသို့ တိုးကပ်လိုက် မိသည်။

ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အလယ်ပြန်တင့်တယ်ရန် ဒေါ်အောင်ဆန်းစုကြည် အဆိုတင်သွင်း
ပညာရေးနှင့်ပတ်သတ်သောအဆိုကို ဒေါ်အောင်ဆန်းစုကြည်က "ကျမအနေနဲ့ အရေးကြီးတယ်လို့သတ်မှတ်ထားတဲ့အကြောင်းလေးကို ရှင်းပြချင်ပါတယ်။ကျမတို့နိုင်ငံဟာ
ပညာရေး အဆင့်အတန်းအမတန်လိုနေတယ်ဆိုတာကတော့ ဘယ်သူမှငြင်းမဲ့
ကိစ္စမဟုတ်ပါဘူး။ပညာရေးနဲ့ပတ်သတ်ပြီးဆိုလို့ ရှိရင်အရေးကြီးတာက
ဒီနေ့တင်လုပ်ရမဲ့ ကိစ္စမဟုတ်ပါဘူး ၊မနေ့တနေ့တည်းက
လုပ်ရမဲ့ကိစ္စဖြစ်ပါတယ်။ခုချိန်မှာ ကျမတို့နိုင်ငံရဲ့
ဒီမိုကရေစီလမ်းကြောင်းကိုဖြောင့်ဖြူးဖို့အတွက် ကူညီချင်တဲ့စေတနာရှိတဲ့
သူတွေကလည်းပါဝင်ပြီးတော့ ကူညီချင်တဲ့ အနေအထားမှာ ရှိနေတုန်း ဒီအခွင့်အရေးကို လက်မလွတ်အောင် ယူရမယ်လို့ ကျမ ယုံကြည်ပါတယ်၊အခု ပညာရေးမြှင့်တင်ရေး နဲ့ပတ်သတ်လို့မနက်တုန်းက ဒေါက်တာစိုးရင်ပြောသွားခဲ့တာလည်းကြားရပါတယ်၊

Subscribe to:
Posts (Atom)