menu

Saturday, 10 November 2012

တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့

Photo: တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့


ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ဦး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့  ယမန်နေ့က ဒုတိယ အကြိမ်မြှောက် စာတစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ နစက တပ်ဖွဲ့မှ စာရေးသား ပေးပို့ကြောင်းကို ယမန်နေ့ သောကြာနေ့က လက်ခံ ရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က အတည်ပြု ပြောကြားသည်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာနစက တပ်ဖွဲ့မှ စာကို လက်ခံ ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ဆောင်သွားသော မြန်မာနိုင်ငံသားများကို ရှာဖွေ ကယ်တင် ပေးရန် အကူအညီ တောင်းခံထားသည်ဟု ဖေါ်ပြထားကြောင်း ပြောဆိုသည်။

မြန်မာ နစက တပ်ဖွဲ့မှ အဆိုပါ ဒုတိယ အကြိမ်မြှောက် စာကို နှစ်နိုင်ငံ တပ်မှူး အဆင့် ပြု လုပ်ခဲ့သော အလံတင် ဆွေးနွေးပွဲ အပြီး နာရီ (၂၀) အတွင်းတွင် ပေးပို့ခဲ့သည်ဟု ဆိုသည်။

မြန်မာ စစ်တပ်နှင့် နီးစပ်သော သတင်းအရ အဆိုပါ စာထဲတွင် မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့နယ်မြေထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သို့ အတွက်   အဆိုပါ တပ်သား (၃) ဦး အမြန်ဆုံး ပြန်လည် လွှတ်မြောက်လာမည်ကို ကူညီပေးရန် မျှော်လင့်ကြောင်း၊ မဟုတ်ပါက ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲထိ ၀င်ရောက် ရှာဖွေမည်ဟု စာထဲတွင် ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့တွင် အခြေစိုက်သော လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ  ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေပြီး အချိန်မရွှေး သေနတ် ထပေါက်နိုင်သဖြင့်  နယ်စပ်နေ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

 အေးချမ်းမွန်မှ  Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
ဖမ်းဆီး ခေါ်ဆောင်သွားသော တပ်သား (၃) ဦး ကိစ္စနှင့် ပတ်သက်ပြီး မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့ ယမန်နေ့က ဒုတိယ
အကြိမ်မြှောက် စာတစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ နစက တပ်ဖွဲ့မှ စာရေးသား ပေးပို့ကြောင်းကို ယမန်နေ့ သောကြာနေ့က လက်ခံ ရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က အတည်ပြု ပြောကြားသည်။

နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာနစက တပ်ဖွဲ့မှ စာကို လက်ခံ ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ဆောင်သွားသော မြန်မာနိုင်ငံသားများကို ရှာဖွေ ကယ်တင် ပေးရန် အကူအညီ တောင်းခံထားသည်ဟု ဖေါ်ပြထားကြောင်း ပြောဆိုသည်။

မြန်မာ နစက တပ်ဖွဲ့မှ အဆိုပါ ဒုတိယ အကြိမ်မြှောက် စာကို နှစ်နိုင်ငံ တပ်မှူး အဆင့် ပြု လုပ်ခဲ့သော အလံတင် ဆွေးနွေးပွဲ အပြီး နာရီ (၂၀) အတွင်းတွင် ပေးပို့ခဲ့သည်ဟု ဆိုသည်။

မြန်မာ စစ်တပ်နှင့် နီးစပ်သော သတင်းအရ အဆိုပါ စာထဲတွင် မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့နယ်မြေထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သို့ အတွက် အဆိုပါ တပ်သား (၃) ဦး အမြန်ဆုံး ပြန်လည် လွှတ်မြောက်လာမည်ကို ကူညီပေးရန် မျှော်လင့်ကြောင်း၊ မဟုတ်ပါက ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲထိ ၀င်ရောက် ရှာဖွေမည်ဟု စာထဲတွင် ပါဝင်သည်ဟု ဆိုသည်။

အဆိုပါ မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့တွင် အခြေစိုက်သော လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေပြီး အချိန်မရွှေး သေနတ် ထပေါက်နိုင်သဖြင့် နယ်စပ်နေ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

Narinjara

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis