၂၇.၁၀.၂၀၁၂ ရက် စနေနေ့က ဒဂံတက္ကသိုလ်မှ ပထမနှစ် ဒဿနိက ကျောင်းသား
မောင်ငြိမ်းဇံဖြိုး(ခ) သဲကြီးသည် နံနက် ၁၀နာရီခွဲခန့်တွင်
မင်္ဂလာဒုံရှိသူငယ်ချင်းထံ သွားရောက်ခဲ့ပြီး ထိုနေ့က နေအိမ်သို့
ပြန်လည်ရောက်ရှိခဲ့ခြင်း မရှိဘဲ တနင်္ဂနွေနေ့တွင်လည်း နေအိမ်သို့ ပြန်လည်
ရောက်ရှိလာခြင်း မရှိသဖြင့် ဖခင်ဖြစ်သူနှင့် မောင်ငြိမ်းဇံဖြိုး၏ ညီမလေးမှာ
ဒဂုံတက္ကသိုလ်ကျောင်းသို့လိုက်လံ၍ သူငယ်ချင်းဖြစ်သူများထံ
စုံစမ်းမေးမြန်းရာ စနေ့နေ့ ၃နာရီရထားဖြင့် ရန်ကုန်ဘက်သို့ပြန်လာကြောင်း
သူငယ်ချင်းများထံမှ ကြားသိခဲ့ရ သည်။ ထိသို့ကြားသိခဲ့ရသည့်အပေါ် အမဖြစ်သူ
မခိုင်သဇင်မိုးမှ တံတားလေးဘူတာရုံပိုင်ထံ
သွားရောက်မေးမြန်းခဲ့သည်။တံတားလေးဘူတာအနီးတွင် ၂၇.၁၀.၂၀၁၂
ရက်နေ့ကယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ ရုံပိုင်မှလည်း
ဖြစ်သွားခဲ့သည်ကိုသာသိရှိပြီး သေသေချာချာ သိရှိခြင်း မရှိကြောင်း
သိခဲ့ရသည်။
Friday, 2 November 2012
မြန်မာ- ဘင်္ဂလာ နယ်စပ် ပင်လယ်ပြင် နှစ်ဘက်နိုင်ငံ ရေတပ်သင်္ဘောများ တိုးချ
ရခိုင်တွင် ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ်
စပ် ပင်လယ်ပြင်တွင် နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘောများကို တိုးချကာ
လုံခြုံရေး မြှင့်တင် ထားကြောင်း သတင်း ရရှိသည်။
ယခုတိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ်ဘက်နှင့် တစ်ဘက် ရန်စောင် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန် အတွက် ဖြစ်သည်ဟု သိရသည်။
ယခုတိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ်ဘက်နှင့် တစ်ဘက် ရန်စောင် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန် အတွက် ဖြစ်သည်ဟု သိရသည်။
ရမ်းဗြဲမြို့နယ်တွင် ရခိုင်တစ်ဦး သတ်ဖြတ်ခံရ
ရမ်းဗြဲမြို့ ရမ်ဘောက်ကုန်တိုက်နယ် ရွေကျေးရွာတွင် နိုဝင်ဘာလ တစ်ရက်နေ့
နံနက်(၁၁)နာရီခန့်က ရခိုင်တစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။
အဆိုပါ သတ်ဖြတ်ခံရသူမှာ ဦးမြထွန်း(၅၂)နှစ်ဖြစ်ပြီး သူ၏(၁၀)နှစ်သားအရွယ်မြေးဖြစ်သူနှင့် ကွမ်းခင်း စောင့်နေစဉ် ဘင်္ဂလီ(၄)ဦးလာရောက်ကာ ဖမ်းဆီးချုပ်နှောင်ပြီး သတ်ဖြတ်နေတာကိုတွေ့မြင်ရတဲ့အတွက် ကြောက်လန့်တကြား ထွက်ပြေးလွတ်မြောက်လာသည့် သူ၏မြေးပြောပြချက်အရ သိရသည်။

၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေ ဒေါ်လာ ၂၄၅ သန်းပေးရန် စီစဉ်
ကမ္ဘာ့ဘဏ်က ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံကို
ချေးငွေနှင့်အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၂၄၅ သန်း ထုတ်ပေးသွားရန်
စီစဉ်ထားသည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ လုပ်ဆောင်ရန် အထောက်အပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာသန်း
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
၈၀
ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံက ယခင်ကယူထားသည့် အေ<ကးဟောင်း
ဒေါ်လာသန်း ၄၀၀ ခန့်ကို အကြေဆပ်ပြီးပါက နောက်ထပ်ချေးငွေ ၁၆၅ သန်း
ထုတ်ချေးသွားမည်ဟု ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းရန် နိုင်ငံတော် သမ္မတရုံးက သဝဏ်လွှာ ပေးပို့
နေပြည်တော်၊ နိုဝင်ဘာ၂
နိုင်ငံတော် သမ္မတရုံးက ပြည်ထောင်စု လွှတ်တော် အစည်းအဝေး သို့ နိုဝင်ဘာ ၁ ရက်၊ ရက်စွဲဖြင့် ပြည်ထောင်စု ဝန်ကြီးဌာန နှစ်ခု အမည်ပြောင်းရန် ယနေ့တွင် သဝဏ်လွှာ တစ်စောင် ပေးပို့လိုက်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
လက်ရှိ ပြည်ထောင်စု ဝန်ကြီးဌာနများ ဖြစ်သော ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ြ

ကီးဌာနကို
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနဟူ ၍လည်းကောင်း၊
အလုပ်သမား ဝန်ကြီးဌာနကို အလုပ်သမားနှင့် အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန ဟူ၍လည်းကောင်း အမည် ပြောင်းလဲနိုင်ရန် ပြည်ထောင်စု လွှတ်တော်
နာယကထံသို့ နိုင်ငံတော် သမ္မတရုံးက သဝဏ်လွှာပေးပို့ခဲ့သည်။
The Voice Weekly
The Voice Weekly
မော်လမြိုင်ခရိုင်တရားရုံးရှေ့ ဓမ္မသတ်ရွာသားများလာရောက်ဆန္ဒပြ
အသရေဖျက်မှုဖြင့် ထောင် ၆ လ ကျခံနေရသူ ဓမ္မသတ်ရွာသား ဦးစိုးသိန်းအား
တရားစီရင်နေချိန် ၎င်းလွတ်မြောက်ရေးအတွက် မွန်ပြည်နယ်၊
မော်လမြိုင်ခရိုင်တရားရုံးရှေ့တွင် ယနေ့နေ့လည်ပိုင်းက ဓမ္မသတ်ရွာသား
၇၀ဝ ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။
“ အမှန်တရားပေါ်ပေါက်ရေး-ဒို့အရေး၊ အမှုမှန်ပေါ်ပေါက်ရေး-ဒို့အရေး၊ ဦးစိုးသိန်းလွတ်မြောက်ရေး ဒို့အရေး စာ တမ်းတွေကိုင်ပြီး ကျွေးကြော်သံတွေနဲ့ တရားရုံးဝင်းရှေ့မှာအော်ခဲ့ကြတယ်” ဟု ခေါင်းဆောင် တစ်ဦး အဖြစ်လှုပ် ရှားနေသူ မင်းစိုးမြင့်က ပြောသည်။
ဆန္ဒပြပွဲအား မွန်းတည့် ၁၂ နာရီကျော်ဝန်းကျင်ခန့်က စတင်ခဲ့ပြီး ၄၅ မိနစ်ခန့်ကြာမြင့်သည်ဟုမျက်မြင်တွေ့ ရှိ သူ များ ပြောပြချက်အရ သိရသည်။

ဥရောပ၏ ရှေးအကျဆုံး မြို့တော် ဘူဂေးရီးယား၌ တူးဖော်တွေ့ရှိ
ဘူဂေးရီးယား နိုင်ငံတွင် ဥရောပ၏ သမိုင်း မတင်မီ ရှေးအကျဆုံး မြို့တော်အား
တူးဖော် တွေ့ရှိ ခဲ့ကြောင်းရှေးဟောင်း သုတေသန ပညာရှင် များ၏ ပြောကြားချက
်အရသိရသည်။
အဆိုပါ မြို့တော်ကို တံတိုင်း
အဆိုပါ မြို့တော်ကို တံတိုင်း
များဖြင့်
အခိုင်အမာ တည်ဆောက် ထားပြီး ပရိုဗာ ဒီယားမြို့ အနီးတွင် တည်ရှိသည်။ ရှာဖွေ
တွေ့ရှိ ခဲ့သော မြို့တော် ဟောင်းသည် ဆား အဓိက ထုတ်လုပ်သည့် နေရာ တစ်ခု
ဖြစ်မည်ဟု သုတေသီ များက ခန့်မှန်း ထားသည်။
...
...
အာဆီယံ၏ ရခိုင်အရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်အား မြန်မာပယ်ချ
အာဆီယံမှ ကြောက်မက်ဖွယ်ရခိုင်အဓိကရုဏ်းအား အဆုံးသတ်ရေးရည်သန်ပြီး မြန်မာအစိုးရအား ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းခဲ့ကြောင်း
၊
ယင်းကမ်းလှမ်းမှုကို မြန်မာအစိုးရဘက်မှ ငြင်းဆန်ပယ်ချလိုက်ကြောင်း
စီအင်အေသတင်းတစ်ရပ်အရ သိရှိရပါသည်။ အာဆီယံအထွေအထွေအတွင်းရေးမှူး
ဆူရင်ပစ်ဆူဝမ်က သူ့အနေဖြင့် မြန်မာအသွင်းပြောင်းအစိုးရ၊ ကုလသမဂ္ဂနှင့်
အာဆီယံတို့ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အကြံပြုတင်ပြခဲ့ကြောင်း
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ်ပါဝင်
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက်
ကျောင်းသားမျိုးဆက်များ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ်
ပါဝင်သွားမည်ဖြစ်ကြောင်း
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးဘသက်အောင်က အောက်တိုဘာ ၂၉ ရက်တွင်
ရှင်သန် ဖူးဝေကံ့ကော်မြေပန်းချီပြပွဲ ကျင်းပရန် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဦးဘသက်အောင်က““အောက်တိုဘာ ၂၇ ရက်နေ့မှာ ကိုမင်းကိုနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြတယ်။ တွေ့ဆုံရတဲ့ အကြောင်းရင်းက တ-က-သ အဆောက်အအုံ ပြန်လည်ဖြစ်မြောက်ရေးနဲ့ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတာပါ။ အဲဒီမှာ နာယက အဖြစ် ပါဝင်ဖို့ တောင်းဆိုတော့ အန်တီက သဘောတူတယ်လို့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်”” ဟုပြောသည်။

မြန်မာနိုင်ငံ ပြည်ပကြွေးမြီ တိုး၊ ရင်း စုစုပေါင်း ကန်ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိ
မြန်မာနိုင်ငံတွင် ပြည်ပကြွေးမြီ တိုးရင်းစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ
၁၅၀၈၉ ဒသမ ၄၃၄ သန်းရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းက အောက် တိုဘာ ၂၄ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ဒေါက်တာ မောင်မောင်သိမ်းက ပြည်ပကြွေးမြီတိုးရင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၀၈၉ ဒသမ ၄၃၄သန်းရှိကြောင်း၊ ပြည်တွင်းကြွေးမြီစုစုပေါင်းမှာ ငွေကျပ်သန်းပေါင်း ၉၉၈၈၈၅၇ဖြစ်ကြောင်း တစ်နိုင်ငံလုံးတွင် လက်ရှိလည်ပတ်သုံးစွဲနေသော ငွေပမာဏမှာ ၂၀၁၂-၂၀၁၃ စက်တင်ဘာလ ကုန်အထိ ငွေကျပ်သန်းပေါင်း ၆၁၉၉၁၂၂ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံခြားအရန်ငွေနှင့် ရွှေတန်ဖိုးကိုမူ စိစစ်ဆောင်ရွက်လျက် ရှိကြောင်းပြောသည်။

ရခိုင် ဒုက္ခသည်များ အတွက် ပေါင်၂ သန်း ဗြိတိန် ကူညီ ထောက်ပံ့မည်
ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသော ရခိုင် ဒေသရှိ ဒုက္ခသည် များအတွက် ဗြိတိန်
နိုင်ငံမှ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ အဖြစ် ပေါင်၂ သန်း ပေးအပ်မည်
ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြ ထားသည်။
ဗြိတိန် နိုင်ငံမှ ရခိုင် ဒေသရှိ ဒုက္ခသည် ငါးသောင်းရှစ်ထောင်ကျော် အတွက် ရေသန့်၊ ကျန်းမာရေး ပစ္စည်းများ နှင့် အာဟာရ ပစ္စည်းများ ပေးအပ
ဗြိတိန် နိုင်ငံမှ ရခိုင် ဒေသရှိ ဒုက္ခသည် ငါးသောင်းရှစ်ထောင်ကျော် အတွက် ရေသန့်၊ ကျန်းမာရေး ပစ္စည်းများ နှင့် အာဟာရ ပစ္စည်းများ ပေးအပ
်
သွားမည် ဖြစ်ကြောင်း၊ ယင်း အကူအညီ များကို မြန်မာနိုင်ငံ ရှိ အစိုးရ
မဟုတ်သော အဖွဲ့အစည်း များမှ တစ်ဆင့် ပေးအပ် သွားမည် ဖြစ်ကြောင်း သတင်း တွင်
ဖော်ပြ ထားသည်။
လူကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် ပုဂ္ဂလိကဏ္ဍ(၀င်းနိုင်ထွန်း)
|
နေ့စဉ်သုံးစွဲနေကြသည့်ပစ္စည်းများအား အခြေခံကျကျထုတ်လုပ်သည့် လုပ်ငန်းစဉ်ကွင်းဆက်များတွင် လူကုန်ကူးမှုနှင့် ကျွန်ပြုမှုတို့ ဆက်စပ်ချိတ်ဆက်မှုတချို့ရှိနေကြသည်။ထိုသို့သော ထုတ်ကုန်ပစ္စည်းများ ပေးသွင်းသည့်ကွင်းဆက်တွင် လူကုန် ကူးမှု၊ ကျွန်ပြုမှုနှင့် ပုဂ္ဂလိကဏ္ဍတို့ ဆက်စပ်မှုရှိနေသည်ကို အသိပညာပေးနေကြရမည်ဖြစ်သည်။ ကမ္ဘာနှင့်တစ်ဝန်း လူသုံးကုန်အများအပြားသည် အလုပ်သမားများအပေါ် ကျွန်ပြုခိုင်းစေခြင်းဖြင့် ထုတ်လုပ်ကြသည့် စက်ရုံအလုပ်ရုံများ၏ ထွက်ကုန်များဖြစ်ကြသည်။ ယေဘုယျအားဖြင့် အလုပ်သမားများ၏ အခြေအနေကို စောင့်ကြည့်နိုင်ခြင်း မရှိသည့် အနေအထားဖြစ်သော ကုန်ထုတ်လုပ်မှုအတွက် ဖြည့်ဆည်းပေးရသည့် အနိမ့်ဆုံးအောက်ခြေအဆင့်မျိုးများတွင် အလုပ်သမားများအပေါ် အလွဲသုံးစားပြုမူမှုမျိုးများရှိကြသည်။ |
အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားကွင်း ကို နေလုံ၊ မိုးလုံ ပြုလုပ်မည်
အောင်မင်္ဂလာ အဝေးပြေး ယာဉ် ရပ်နားကွင်း ကို ခရီးသည် များ အဆင်ပြေ ချောမွေ့
စေရန် အမိုး မိုး၍ ဆောက်လုပ် သွားမည် ဟု ယင်း ယာဉ်ရပ်နား စခန်း စည်ပင်သာယာ
ဌာနမှ ဒုတိယ ဌာနမှူး ဦးဉာဏ်ထွန်းအောင် က The Voice Weekly သို့ ပြောကြားသည်။
"ရပ်နားကွင်း အမှတ် (၂) ကို ခရီးသည် တွေ အဆင်ပြေစွာ နားနေနိုင်အောင် နေလုံ မိုးလုံအောင် ပြန်လည် ဆောက်လုပ် သွားမှာပါ။ အဓိက ကတော့ ဆောက်နေတဲ့ အချိန် ယာဉ်ကြော မပိတ်အောင် ညှိနှိုင်း ဆွေးနွေး နေတုန်းပဲ၊ အတည် ပြုပြီး သွားရင် မီဒီယာ တွေကနေ တစ်ဆင့် အသိ ပေးသွား မှာပါ" ဟု ၄င်းက ပြောကြားသည်။

လ၀က ရုံး အဆောက်အဦကြီးကို ကျပ် သန်း ၁၅၀၀၀ နဲ့ ဦးဇော်ဇော် ၀ယ်ယူ
မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ လည်းဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း
ဖြစ်တဲ့ ဦးဇော်ဇော်ဟာ ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အဦ တစ်လုံးဖြစ်တဲ့
ရန်ကုန် ကျောက်တံတားမြို့နယ်
မဟာဗန္ဓုလလမ်းပေါ်က လ၀က ရုံး အဆောက်အဦကြီးကို ကျပ် သန်း ၁၅၀၀၀ နဲ့
မဟာဗန္ဓုလလမ်းပေါ်က လ၀က ရုံး အဆောက်အဦကြီးကို ကျပ် သန်း ၁၅၀၀၀ နဲ့
ဝယ်ယူလိုက်ကြောင်း
အောက်တိုဘာ ၁၂ ရက် အစိုးရပြန်တမ်း ဖော်ပြချက်အရ သိရပါတယ်။ ဦးဇော်ဇော်ဟာ
ဒီငွေကို နိုင်ငံပိုင်ပစ္စည်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ဆီမှာ ငွေအ
ကြေပေးချေပြီးဖြစ်လို့ အမည်ပေါက်ဂရံကို
မြို့တော်စည်ပင်အဖွဲ့က လုပ်ပေးဖို့လည်း အမိန့်ကြော်ငြာစာမှာ ညွှန်ကြားထားပါတယ်။
ကြေပေးချေပြီးဖြစ်လို့ အမည်ပေါက်ဂရံကို
မြို့တော်စည်ပင်အဖွဲ့က လုပ်ပေးဖို့လည်း အမိန့်ကြော်ငြာစာမှာ ညွှန်ကြားထားပါတယ်။
လသာမြို့နယ်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်မြေအသိမ်းခံရသူ လယ်သမားများ ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊လသာမြို့နယ် အနော်ရထာလမ်းနှင့်
စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင်
လှိုင်သာယာမြို့နယ်၊အတွင်းပဒန်ေ
ကျးရွာမှ
လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၎င်းတို့၏နစ်နာမှုများအား
မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ
လာရောက်ဖြေရှင်းပေးရေး ဆန္ဒထုတ်ဖော်မှုဆက်လက်ပြုလုပ်လျက် ရှိကြောင်းသိရသည်။
ဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၃၁ရက်နေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ တရားဝင်ခွင့်ပြုမိန့် ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနှင့်ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်းမရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြရာ နိုဝင်ဘာလ ၂ရက်နေ့နံနက် ၁နာရီ ၃၀မိနစ် အချိန်အထိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လူစုခွဲရန် သုံးကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော် သူများ၏ ပြောကြားချက်အရသိရသည်။

မုန်တိုင်းကာလ ဈေးကွက်ထဲဝင်လာတဲ့ Google ရဲ့ ပစ္စည်းသစ်များ
နယူးယောက်မြို့ မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဂူဂယ်ရဲ့ Andriod ပွဲကို
စန္ဒီမုန်တိုင်းကြောင့် ဖျက်သိမ်းခဲ့ပေမယ့် ဂူဂယ် က သူရဲ့ Nexus (နက်ဆက်)
ပစ္စည်းသစ်တွေကို အိုင်တီပစ္စည်းသုံးတဲ့ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။
...ဂူဂယ်က ထုတ်ဖော်ပြသလိုက်တဲ့ ပစ္စည်းသစ် (၃) မျိုးကတော့ Nexus 4 , Nexus 7 (3G) နဲ့  Nexus 10 တို့  ဖြစ်ပါတယ်။
ပစ္စည်း ၃ မျိုးစလုံးဟာ Andriod Version 4.2 ကို အသုံးပြုထားတာပါ။ ဂူဂယ်ကတော့ “ ဂျယ်လီဘင်းရဲ့ အရသာသစ် “ ကို ခံစားရမယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အချိန်အကြာဆုံးဆွေးနွေးခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုဥဒေကြမ်းကို အခု ပဉ္စမအကြိမ်လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့
လွှတ်တော်အတွင်းအချိန်အကြားဆုံး ဆွေးနွေးခဲ့ရသည့် ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို ယနေ့ကျင်း
ပသော
ပြည်ထောင်စုလွှတ်တော် တွင်အတည်ပြုနိုင်ခဲ့သည်။”အခု
ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းက လုံးဝကို ပြီးပြတ်သွားပါပြီ သမ္နတ
လက်မှတ်ထိုးပြီးအတည်ပြုဖို့ပဲကျန်ပါတော့တယ်၊ အခုအတည်ပြုတဲ့ထဲမှာ သမ္မတ
ကပြန်ပို့လိုက်တဲ့ ပြင်ဆင်ချက် ၁၁
မှာတစ်ချက်ကိုပဲပြန်ဆွေးနွေးပြီးစကားလုံးပြင်တယ် ကျန်တာကတော့
အားလုံးသဘောတူတဲ့အတွက် ဒီနေ့ဥပဒေကြမ်းထွက်သွားတာပါ၊ အခု
နိုင်ငံတစ်ကာရင်းနှီးမြုပ်နှံသူတွေကိုဖိတ်ခေါ်တဲ့နေရာမှာပိုပြီး
တိတိကျကျပြောဆိုလို့ရသွားတာပေါ့”ဟု
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးကြည်မြင့်ကပြောသည်။
ပိုက်ဆံချေး၍ ကရမည့်ပွဲအတွက် ခံဝန်ထိုးထားရတဲ့ ပန်းသီး
...နိုင်ငံတော်အား ထိခိုက်နစ်နာစေနိုင်သော ပြတ်လုံးများ မပျက်ရန်
ခံဝန်လက်မှတ်ရေးထိုးခဲ့ရသော လူရွှင်တော်ပန်းသီး၏ တကိုယ်တော်နိုင်ငံရေး
ဟာသတင်ဆက်မှုကို နိုဝင်ဘာ (၅)ရက်နေ့တွင် အ
မျိုးသားကဇာတ်ရုံ၌ ပြုလုပ်သွားမည် ဖြစ်သည်။
“တကိုယ်တော် ဟာသတင်ဆက်မှုလေးတွေကို ထူးထူးခြားခြားလုပ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် လုပ်တာပါ။ လုပ်လာတဲ့အခါမှာ ပွဲချပါမစ်ပေးတဲ့အချိန်ကျတော့ အခက်အခဲတွေက အများကြီး ရှိလာတယ်။ ဆင်ဆာအနေ နဲ့တော့အခက်အခဲမရှိပဲနဲ့ ဒီပွဲနဲ့ပါတ်သတ်လို့ နိုင်ငံတော်ကို ထိခိုက် စေနိုင်တဲ့ စကားလုံးတွေရှိခဲ့ရင် ရန်ကုန်တိုင်းတွင်းမှာ ပွဲပါမစ်ပိတ်ခံရမယ်ဆိုတဲ့ ခံဝန်ကတိတော့ ထိုးထားရတယ်” ဟု လူရွှင်တော်ပန်းသီးက ပြောသည်။

တစ်နှစ်တွင် ဆောင်းရာသီ သုံးလအကြာတွင် နေရောင်မရသော မြို့ 
တစ်နှစ်မှာ သုံးလ (အတိအကျ ဆိုရင် ၈၄ရက်) တိတိ နေရောင်ခြည် လုံးဝ မရတဲ့
မြို့  ရှိပါတယ်။ အီတလီနိုင်ငံ အရှေ့ မြောက်ပိုင်း Verbano-Cusio-Ossola
ပြည်နယ်ရှိ Vingnella အမည်ရ ကျေးလက်ငယ်လေး ဖြစ်ပါတယ်။
အဓိက နေရောင်မရတဲ့ အကြောင်းကတော့ တောင်တွေကြားမှာ တည်ရှိနေတဲ့ မြို့ငယ်လေးမို့လို့ ဖြစ်ပါတယ်။ ဆောင်းရာသီဆိုရင် နေရောင် မရတော့ပါဘူး။ လူဦးရေအားဖြင့်လည်း ၂၀၀ ကျော်သာ နေထိုင်ပါ တယ်။ ဆောင်းရာသီ ရောက်တဲ့အချိန်တွေဆို နေရောင်ခြည် မရရှိမှုကြောင့် စိတ်ကျရောဂါနဲ့ အခြား ဆက်စပ်ရောဂါများ ဖြစ်ကြ ရပါတယ်။ ဒါကို နှစ်ပေါင်း ၆၀၀ ကျော်မက ခံစားလာရပြီး သက္ကရာဇ် ၂၀၀၆ ခုနှစ်မှာတော့ အီတလီအစိုးရက ပြုပြင်ပြောင်းလဲပေးလိုက်ပါတယ်။

ပစ္စည်းအားလုံးကို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်
အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်ပါတယ်။
တကယ်ပေါက်ပေါက်ရှာရှာပါပဲ။ သူတီထွင်တဲ့ ဆားကစ်ကြောင့် ငှက်ပျော်သီး နဲ့ လှေကားများ များက Piano ဖြစ်သွားရပါတယ်။ ရေဇလုံက ကစရာ ခြေနင်း Pad ဖြစ်သွားရပါတယ်။ စာရွက် ဂိမ်းခလုပ် ဖြစ်သွားပါတယ်။ အစရှိသဖြင့် သက်ရှိ၊ သက်မဲ့ အရာအားလုံးကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Subscribe to:
Posts (Atom)