နယူးယောက်မြို့ မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဂူဂယ်ရဲ့ Andriod ပွဲကို
စန္ဒီမုန်တိုင်းကြောင့် ဖျက်သိမ်းခဲ့ပေမယ့် ဂူဂယ် က သူရဲ့ Nexus (နက်ဆက်)
ပစ္စည်းသစ်တွေကို အိုင်တီပစ္စည်းသုံးတဲ့ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။
...ဂူဂယ်က ထုတ်ဖော်ပြသလိုက်တဲ့ ပစ္စည်းသစ် (၃) မျိုးကတော့ Nexus 4 , Nexus 7 (3G) နဲ့  Nexus 10 တို့  ဖြစ်ပါတယ်။
ပစ္စည်း ၃ မျိုးစလုံးဟာ Andriod Version 4.2 ကို အသုံးပြုထားတာပါ။ ဂူဂယ်ကတော့ “ ဂျယ်လီဘင်းရဲ့ အရသာသစ် “ ကို ခံစားရမယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
Nexus 4 က ဂူဂယ်ရဲ့ စမတ်ဖုန်းပစ္စည်းသစ် ဖြစ်ပြီး ကိုရီးယားကုမ္မဏီ LG တို့ နဲ့ ပူးတွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖုန်းရဲ့ မျက်နှာပြင်ဆိုဒ်က ၄.၇ ရှိပြီး quad-core processor အသုံးပြုထားပါတယ်။
ဖုန်းကို အမေရိကန်ဒေါ်လာ 299 (8GB) နဲ့  349 (16GB)နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
Nexus 4 ဟာ သူနဲ့ အတူ မရှေးမနှောင်းမှာထွက်လာတဲ့၊ Windows Phone 8 OS တွေ အသုံးပြုထားတဲ့ HTC , Nokia , Samsung စတဲ့ နာမည်ကြီးဖုန်းတွေနဲ့ ဈေးကွက် လုရမှာဖြစ်ပါတယ်။
ဂူဂယ် က နောက်ထပ် မိတ်ဆက်သွားတဲ့ ပစ္စည်းသစ် ကတော့ Nexus 7 Tablet ကို သိုလှောင်မှု မြှင့်တင်ထားတဲ့ Nexus 7 (32GB) ပစ္စည်းဖြစ်ပြီး ၂၄၉ ဒေါ်လာ နဲ့ ရောင်းမှာပါ။
သြဂုတ်လ က ထွက်ရှိခဲ့တဲ့ (16GB) ဟာ ဈေးကျသွားပါပြီ။ အရင်က ၂၄၉ ဒေါ်လာရှိရက အခုတော့ ၁၉၉ ဒေါ်လာနဲ့ပဲ ရောင်းပါတော့မယ် တဲ့။
ဒါ့အပြင် Nexus 7 (32GB) 3G ပစ္စည်းအတွက် ၂၉၉ ဒေါ်လာဖြင့် ၀ယ်ယူနိုင်တယ်လို့ ကြေညာခဲ့ပါတယ်။
ဂူဂယ်က နောက်ထပ်ထွက်ရှိလာတဲ့ ပစ္စည်းသစ်ကတော့ ဆမ်ဆောင်းကုမ္မဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ၁၀ လက်မဆိုဒ်ရှိ Nexus 10 tablet ဖြစ်ပါတယ်။
(16GB) အတွက် ၃၉၉ ဒေါ်လာကျသင့်မှာဖြစ်ပြီး (32GB) အတွက် ၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
Ipad နဲ့ ဈေးကွက်ချင်း ပြိုင်လုမယ့် ဒီ Google Nexus 10 ကိုလည်း နိုဝင်ဘာ ၁၃ ရက်နေ့ က စပြီး အမေရိက၊ ယူကေ၊ သြစတေးလျား၊ ပြင်သစ်၊ ကနေဒါ၊ စပိန်၊ ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့ မှာ Google Play Store ကနေ ရောင်းချသွားမှာဖြစ်ပါတယ်။
အထက်ပါ နိုင်ငံမှာ နေထိုင်တဲ့သူများ ၀ယ်ယူချင်တယ် ဆိုရင် Google Nexus ပစ္စည်းသစ်တွေကို http://www.google.com/nexus/ မှာ သွားရောက် မှာယူနိုင်ပါပြီ။
ဧရာဝတီဘလော့ဂ်

No comments:
Post a Comment