ဇွန်လအတွင်း အန္တရာယ်မကင်းသော သတင်းပေးပို့ချက် ၃.၂ သန်း ကို စစ်ထုတ်ခဲ့ရပြီး အင်တာနက် ဝန်ဆောင်မှု ပေးသူ Provider ၃ဝ အား လိုင်စင်မရှိသော ဝက်ဘ်ဆိုက်များကို ခွင့်ပြုခဲ့ခြင်းအတွက် အပြစ်ပေး အရေးယူခဲ့ကြောင်း လူထုလုံခြုံရေး ဝန်ကြီးဌာနက ဆိုသည်။
ဤနှိမ်နင်းမှုမှာ ညစ်ညမ်းဓာတ်ပုံနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ ဥပဒေမဲ့ ရောင်းချမှုတို့ကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အွန်လိုင်းပေါ်မှ အစိုးရကို ဝေဖန်ချက်များအား ဆင်ဆာလုပ်ရန် အသုံးချခြင်း ဖြစ်သည်ဟု အချို့က ဆိုသည်။







