menu

Sunday, 5 August 2012

အပြောင်းအလဲများစွာနဲ့ ဂီတအစည်းအရုံးအခြေအနေ ရွေးကောက်ပွဲရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရ

၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့က အလွှာသစ်တောင်းခံရေးအတွက် လူငယ်ဂီတသမားများ စုပေါင်းလက်မှတ်ရေးထိုးနေကြစဉ်။
အနုပညာရပ်ဝန်းမှာ လတ်တလော ရေပန်းစားနေတဲ့ သတင်းတစ်ခု
ကို ပြော ပါဆိုရင် ဂီတအစည်းအရုံး(ဗဟို)ရဲ့ အမှုဆောင်သစ် ပြန်လည်ရွေးချယ်မယ့် ကိစ္စပဲ ဖြစ်ပါတယ်။
အစည်းအရုံးကို လက်ရှိမှာ အလွှာ ငါးလွှာနဲ့ဖွဲ့စည်းထားရာက အလွှာသစ် တိုးရေးနဲ့ မတိုးရေးပြဿနာ၊ အမှုဆောင် ရွေးချယ်ပွဲ
အတွက် ကြီးကြပ်ဆောင်ရွက် ပေးဖို့ ရွေးချယ်ခံရတဲ့ ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ကလည်း လက်ခံ ထားတဲ့ တာဝန်ပြန်လည်
အပ်နှင်းလာ ပြန်၊ နောက်ဆုံးမှာတော့ သတ်မှတ်ထား တဲ့ ရွေးကောက်
ပွဲရက်ကို ဖျက်သိမ်းပြီး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက် ရတာ
ကြောင့် လူတိုင်းစိတ်ဝင်စားနေတဲ့ ဟော့သတင်းကတော့ ဂီတအစည်း အရုံးအကြောင်းပဲ ဖြစ်နေပါတယ်။
ဒါကြောင့် မြန်မာတိုင်း(မ်)မှ လူမှုဘ၀ သတင်းထောက် နွမ်ဘွိုင်းက အမှုဆောင် သစ်ရွေးပွဲကျင်းပဖို့ ရက်ကြေညာချိန် ၂၀၁၂ ခုနှစ်၊ မေလမှ
စပြီး ခုနောက်ဆုံး အခြေအနေအထိ ကြားကာလတွေမှာ ဖြစ်ပျက်
ခဲ့တာတွေကိုပါ စုစည်းပြီး သတင်းအစုံအလင်ကို ဖော်ပြပေးထား ပါတယ်။

အမှုဆောင်သစ် ရွေးကောက်တင် မြှောက်ပွဲကျင်းပရန် ကြေညာ
၂၀၀၅ ခုနှစ်မှစပြီး တာဝန်ယူထားတဲ့ လက်ရှိအမှုဆောင်တွေက ဂီတ
လောက သားများရဲ့ဆန္ဒအရ မြန်မာနိုင်ငံဂီတ အစည်းအရုံးအမှု
ဆောင်သစ် ရွေး ကောက်ပွဲကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လထဲ မှာ ကျင်းပ
သွားဖို့နဲ့ အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်းမှုအောင်မြင်ပြီးမြောက် ရေးအတွက် ကူညီပေးမယ့် ရွေးကောက် ပွဲ ပြန်လည်ဖွဲ့စည်းရေး
ကြီးကြပ်မှု ကော် မရှင်ကိုလည်း ရွေးချယ်သွားမယ့် အကြောင်းကို ၂၀၁၂ ခုနှစ်၊ မေလ ၂၅ ရက်က ကျင်းပပြုလုပ်တဲ့ စာနယ်ဇင်းရှင်း လင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကြီးကြပ်မှုကော်မရှင်အဖွဲ့ဝင်တွေကို ရွေးချယ်တဲ့အခါမှာလည်း လက်ရှိ
ဂီတ အစည်းအရုံးမှာ အမှုဆောင်မဟုတ်သူ နဲ့ လာမယ့်ရွေးကောက်ပွဲ
မှာ ပါဝင်အရွေး ခံခြင်းမပြုလုပ်မယ့်သူတွေကိုသာ ရွေး ချယ်မယ်လို့ ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲကြီးကြပ်မှု ကော်မရှင်ဖွဲ့စည်း
ရွေးကောက်ပွဲ ကြီးကြပ်မှုကော်မရှင် အဖွဲ့ဝင်တွေကို ၂၀၁၂ ခုနှစ်၊ မေလ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့နယ်မှာ တည်ရှိတဲ့ မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို)မှာ ဂီတလောကသားတွေက မဲပေး စနစ်နဲ့ ရွေးချယ်ခဲ့ကြပြီး ရွေးချယ်ခံရသူ များစာရင်းကို ဇွန်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကြီးကြပ်မှုကော်မရှင်အဖွဲ့မှာ နာယက ကြီးအဖြစ် စည်သူဗိုလ်ကလေးတင့် အောင်၊ စည်သူ ဦးမင်းနောင်နဲ့ စည်သူ ဦးမောင်မောင်ကြီး
တို့ကို ရွေးချယ်ခဲ့ကြ ပြီး အဖွဲ့ဝင်များအဖြစ် ဒေါ်သင်းသင်း မြတ်၊ ဒေါ်နန်းနွဲ့နွဲ့၊ ဦးဌေးအောင်၊ စန္ဒရားဦးမောင်မောင်တုတ်၊ ဦးအေး သန်း(မလိခ)၊ ဦးသန်းရီလေး၊ ဦးမောင် မောင်လေး၊ ရေနံ့သာဝင်းမောင်၊ ထရမ်း ပက်တင်သိန်း၊ လှစန်းဦး၊ ခင်မောင်ထူး၊ သုခမိန်လှိုင်၊ ဦးညီညီ (လ၀န်းသစ်)၊ ဦးကျင်ထွန်းအောင်၊ ဦးကြည်မင်းသိန်း၊ ဦး ကျော်မင်း၊ လီယိုနတ်မောင်မောင်လွင်၊ R ခိုင်၊ အနဂ္ဂနဲ့ ချမ်းအေးဝင်းတို့ကို ရွေးချယ်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲရက် ထုတ်ပြန်
မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ရဲ့အမှုဆောင်သစ် ပြန်လည်ရွေးကောက် ပွဲကို ဇူလိုင်လ ၂၄ ရက်ကနေ ၂၇ ရက် နေ့ထိ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)မှာ ကျင်းပသွားမယ်လို့ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့က ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ သတင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ ဧပြီလကုန်နောက်ဆုံး ထားပြီး အသင်းဝင်ခွင့်ပိတ်လိုက်တဲ့ မြန်မာနိုင်ငံဂီအတအစည်းအရုံး (ဗဟို) ရဲ့ ဧပြီလကုန်
မှတ်တမ်းအရ အစည်း အရုံးအသင်းဝင် စုစုပေါင်း ၆,၂၇၆ ဦးရှိပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြန်လည် တောင်းဆိုမှုအရ အသင်း
မ၀င်ရသေးတဲ့ ဂီတလောကသားများကို ဇူလိုင်လ ၁၀ ရက်နေ့၊ ညနေ ၄ နာရီအထိ အသင်းဝင် ခွင့်ရနိုင်ရန်အချိန်တိုးမြှင့်ပေးခဲ့ပါတယ်။
ခေတ်သစ်အလွှာသစ် ထည့်သွင်း ပေးရန် လူငယ်များရဲ့တောင်းဆို မှုကို လက်ရှိဂီတအစည်းအရုံး (ဗဟို) ပယ်ချခဲ့
ရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင် ခင် လူငယ်ဂီတသမားများမှ တောင်းဆို ထားတဲ့ ခေတ်သစ်ဂီတအလွှာ ထည့် သွင်းပေးရေးကို လက်ရှိမြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)က ပယ်ချလိုက်တယ် လို့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှာ လူငယ်ဂီတသမားများက စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပကာ ပြောကြားခဲ့ပြီး အလွှာသစ်ထည့်သွင်းပေးရန် ဆက် လက်တောင်းဆိုသွားဖို့အတွက် အဲဒီ နေ့မှာပဲ ဂီတအနုပညာရှင်ပေါင်း ၁၇၀ ကျော်က သဘောတူလက်မှတ်များ ရေး ထိုးခဲ့ကြပါတယ်။
အလွှာသစ်ထည့်သွင်းရေးကို လွှတ်တော်ထံ တင်ပြတောင်းဆိုရာ ခွင့်ပြုချက်ရရှိ
ဂီတအစည်းအရုံး အမှုဆောင်သစ် ပြန်လည်ဖွဲ့စည်းမှုမှာ လူငယ်ဂီတသမား တွေပါဝင်နိုင်စေဖို့ အရင်ရှိပြီးသား အလွှာငါးလွှာအပြင် ခေတ်သစ်ဂီတ အလွှာကို ထပ်မံထည့်သွင်းပေးရန် အတွက် အနုပညာရှင်များ စုပေါင်းရေး ထိုးပေးကြတဲ့ လက်မှတ်များနဲ့အတူ လွှတ်တော်ကို စာတင်တောင်းဆိုခဲ့ရာ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ် ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု
ကော်မတီက ခေတ်သစ်ဂီတ အလွှာတောင်းခံသူ အနုပညာရှင်တွေနဲ့ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး အလွှာသစ်ထပ်တိုးဖို့ ခွင့်ပြု ပေးခဲ့ပါတယ်။
ပြန်လည်ဖွဲ့စည်းရေးကြီးကြပ်မှု ကော်မရှင်အဖွဲ့မှ တာဝန်ပြန်လည် အပ်နှင်း
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ က ကျင်းပခဲ့တဲ့ ကော်မရှင်အဖွဲ့ရဲ့ (၁၀) ကြိမ်မြောက် အစည်းအဝေးပွဲမှာ နာယ ကကြီးများ ဦးဆောင်ပြီး ကော်မရှင်ဝင် အများစုရဲ့ သဘောတူညီချက်နဲ့ ကြီး ကြပ်ရေးကော်မရှင်ရဲ့ လုပ်ငန်းအရပ်ရပ် နဲ့ လုပ်ပိုင်ခွင့်များအားလုံး
ကို လက်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံး အမှု ဆောင်အဖွဲ့ကို ပြန်လည်လွှဲအပ်ဖို့ ဆုံးဖြတ်ပြီး လွှဲအပ်ခဲ့ပါတယ်။
တာဝန်ပြန်လည်အပ်နှင်းခြင်းနဲ့ပတ် သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကိုလည်း ဇူလိုင်လ ၂၆ ရက်နေ့မှာ ကျင်းပခဲ့ပြီး လူငယ်အလွှာသစ် ထပ်တိုးခွင့်ရတာ ကြောင့် ၀မ်းသာသလို ရွေးကောက်ပွဲဖြစ် မြောက်ဖို့ ဆက်လက်စီစဉ်ခဲ့ကြပေမယ့် အစည်းအရုံးအဖွဲ့ဝင်တွေ ထပ်မံ
လက်ခံ ဖို့အတွက် တိုးမြှင့်သတ်မှတ်ပေးထားတဲ့ ရက်ကို ထပ်တိုးပေးဖို့ စသဖြင့် ထပ်မံ တောင်းဆိုမှုတွေ များပြားလာပြီး ဖွဲ့ စည်းပုံနဲ့ သတ်မှတ်ပြဋ္ဌာန်းချက်များ အတိုင်း လုပ်ဆောင်ဖို့ ခက်ခဲလာခြင်း ကြောင့် ကော်မရှင်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အားလုံးကို လက်ရှိအမှု
ဆောင်အဖွဲ့ထံ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အမှုဆောင်သစ်ရွေးကောက်တင်မြှောက် ပွဲရက် အကန့်အသတ်မရှိရွှေ့ဆိုင်း
ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ မြန်မာ နိုင်ငံ ဂီတအစည်းအရုံး(ဗဟို)က အမှု ဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲ ကို အရင်သတ်
မှတ်ထားတဲ့ ဇူလိုင်လ ၂၄ ရက်နဲ့ ၂၇ ရက်နေ့အတွင်း ပြုလုပ်ဖို့ကို ဖျက်သိမ်းလိုက်ပြီး ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါ တယ်။
ပြန်လည်ဖွဲ့စည်းရေးကြီးကြပ်မှု ကော်မရှင်အဖွဲ့ဝင်များကို ဒုတိယအကြိမ်ရွေးချယ် (နောက်ဆုံးရသတင်း)
ပထမအကြိမ် ရွေးချယ်ထားကြတဲ့ ကြီးကြပ်ရေးကော်မရှင်အဖွဲ့က တာဝန် ပြန်လည်အပ်နှင်းခဲ့တာကြောင့် ကော်မ တီအဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဒုတိယ အကြိမ် ဖွဲ့စည်းလိုက်တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)ကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ကော်မရှင်အဖွဲ့မှာ ပါဝင်တဲ့သူတွေ ကတော့ မဟာဂီတအလွှာမှ ဦးဌေး အောင်နဲ့ ဦးဘိုအေး၊ ကာလပေါ် အလွှာမှ ဦးခင်မောင်လွင်၊ ဦးလှိုင်နဲ့ ဒေါ်သီသီမာ၊ စတီရီယိုအလွှာမှ ၀င်းမင်းထွေး၊ လင်းလင်းနဲ့ လီယိုနတ်မောင်မောင် လွင်တို့ ပါဝင်ကြပြီး ခေတ်သစ်အလွှာမှ အနဂ္ဂ၊ R ခိုင်နဲ့ ချမ်းအေးဝင်းတို့ဖြစ်ကြ ပါတယ်။
ထုတ်လုပ်အလွှာမှ ကိုညီညီ (လ၀န်းသစ်)နဲ့ ဂျေဂျေတို့ ရွေးချယ်ခံကြ ရပြီး စက်မှုအလွှာမှ ဦးစန်းယုနဲ့ ဦးရစ် ချတ်တို့ ပါဝင်ကြပါတယ်။
ဘယ်တော့ဖြစ်မလဲ..ရွေးကောက်ပွဲ
ဂီတအစည်းအရုံးဟာ လက်ရှိမှာ အလွှာခြောက်လွှာနဲ့ သက်ဝင်လှုပ်ရှား နေပြီဖြစ်ပြီး ရွေးကောက်ပွဲရက် ဘယ် တော့ဖြစ်မလဲ၊ ရွေးကောက်ပွဲကြီးကိုရော လောကသားတွေ စည်းစည်းရုံးရုံး၊ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ကြ
ရဦး မှာပါ။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis