|
စကားသံဖြင့်ထိန်းချုပ်အသုံး ပြုရမည့် ယင်းမျက်မှန်ကို Project Glass ဟု အမည်ပေးထားသည့် ဂူးဂဲလ်၏ လူမှုရေးဝက်ဘ်ဆိုက် Google Plus တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ပြင်ပကမ္ဘာနှင့် အွန်လိုင်းကမ္ဘာကို ပေါင်းစပ်ပေးမည့် နည်းပညာမြင့် မျက်မှန်ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု ကာလရှည် သတင်းထွက်နေခဲ့မှုကို အတည်ပြုခဲ့သည်။ ဂူးဂဲလ်ကတင်ထားသော ဓာတ်ပုံများအရ ငွေရောင်မျက်မှန်ကိုင်းနှင့် သေးငယ်သော ကင်မရာ တပ်ထားသော မျက်မှန်ဖန်သားပြင်တွင်ပင် ပုံဖော်ပေးနိုင်သည့် အထူးမျက်မှန်တစ်မျိုးကို တွေ့ခဲ့ရသည်။ |
Tuesday, 10 April 2012
ဂျီပီအက်စ်နှင့် မြေပုံကြည့်၊ အီးမေးလ်ပို့၊ အင်တာနက်သုံးနိုင်သည့် မှော်မျက်မှန် ဂူးဂဲလ်ဖန်တီးနေ
ဆီယာချမ်း ရေခဲမြစ် စစ်မဲ့ဇုန်သတ်မှတ် ဖို့ အိန္ဒိယ ပါကစ္စတန် စဉ်းစား
ဓာတ်ပုံ AFP
ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ် အာရှဖက် ပါဘက် ကနီရာ (Ashfaq Parvez Kayani) အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိစဉ်
အိန္ဒိယ နဲ့ ပါကစ္စတန် နယ်စပ်၊ ပါကစ္စတန် မြောက်ပိုင်း ကက်စ်ရှမီးရား
ဒေသမှာ ကြီးမား တဲ့ ရေခဲ ပြိုကျမှု ဖြစ်ပွားပြီး တော့ ပါကစ္စတန် စစ်သား နဲ့
အရပ်သား ၁၀၀ ကျော် နှင်း နဲ့ ရေခဲ ပြင်အောက် မှာ နစ်မြုပ် သေဆုံး
ခဲ့ရပြီးတော့ အဲဒီ ဒေသ ကို စစ်မဲ့ဇုန် အဖြစ် ပြုလုပ်ဖို့ တောင်းဆိုမှု တွေ
ပြန်လည် ထွက်ပေါ်လာပါတယ်။
အမြင့် မီတာ ၂၀ ရှိတဲ့ နှင်းထု နံရံကြီးဟာ ဆီယာချမ်း ရေခဲမြစ် ဒေသရဲ့ အမြင့်ပိုင်းမှာ ရှိတဲ့ စစ်တပ် စခန်း အတွင်းကို စနေနေ့ က ပြိုကျခဲ့ တာဖြစ်ပါတယ်။ အဲဒီ ဒေသမှာ အိန္ဒိယရော ပါကစ္စတန် ရှေ့တန်း စခန်းတွေ တည်ရှိပြီးတော့ ကမ္ဘာအမြင့် ဆုံး စစ်မြေပြင်လို့ အသိအမှတ် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။
အမြင့် မီတာ ၂၀ ရှိတဲ့ နှင်းထု နံရံကြီးဟာ ဆီယာချမ်း ရေခဲမြစ် ဒေသရဲ့ အမြင့်ပိုင်းမှာ ရှိတဲ့ စစ်တပ် စခန်း အတွင်းကို စနေနေ့ က ပြိုကျခဲ့ တာဖြစ်ပါတယ်။ အဲဒီ ဒေသမှာ အိန္ဒိယရော ပါကစ္စတန် ရှေ့တန်း စခန်းတွေ တည်ရှိပြီးတော့ ကမ္ဘာအမြင့် ဆုံး စစ်မြေပြင်လို့ အသိအမှတ် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။
ရေတွင်းသန့်ရှင်းရေးလုပ်စဉ် အောက်ဆီဂျင်ပြတ်၍ ရဟန်းတစ်ပါးပျံလွန်ပြီး လူတစ်ဦးကွယ်လွန်
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ ပေါမမြိုင်ကျေးရွာ
ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ၂၇ ပေနက်သော ရေတွင်းအား
ဆယ်ယူသန့်ရှင်းကြရာမှ အောက်
ဆီဂျင်ပြတ်လပ်၍ ဦးပဉ္ဇင်းတစ်ပါး ပျံလွန်တော်မူပြီး လူတစ်ဦးကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နွေရာသီကာလရောက်ပြီဖြစ်၍ ဧပြီလ ၁ရက် တွင် ရေတွင်းအတွင်း၌
ရေနည်းလာပြီဖြစ်သောကြောင့် အမှိုက်များ ဆယ်ယူသန့်ရှင်းခြင်း၊ ရေထွက်ပေါက်
များအား ကောင်းမွန်လာစေရန်အတွက် ကုသိုလ်ဖြစ်ကူညီပေးကြသူ ကိုအောင်လွင်နှင့်
ဦးပဉ္ဇင်း ဦးစန္ဒောတို့နှစ်ဦးရေတွင်းထဲ အောက်ဆီဂျင်ပြတ်လပ်မှုနှင့်ကြုံတွေ့
ခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီလ ၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀
အချိန်တွင် ကသာမြို့နယ်၊ ပေါမမြိုင် ကျေးရွာဘုန်းတော်ကြီးကျောင်း အနောက်ဘက်
၂၇ ပေအနက်ရှိသော ရေတွင်းအား ပြန်လည်တူးဖော်ဆယ်ယူသန့်ရှင်းကြရာ
ဟွန်ဒါလက်ဆွဲရေစုပ်စက်ငယ်အား ရေတွင်းထဲသို့ ထည့်သွင်းပြီး ရေကို
စုပ်ထုတ်ခဲ့ကြသည်ဟုဆိုသည်။
ပုသိမ်မြို့ လောင်စာဆီဇုန်တွင် မီးလောင်မှုဖြစ်ပွား
|
မီးလောင်ကျွမ်းမှု အကြောင်းရင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ အမှတ် ၁၃ ရပ်၊ ငကျီးထူရပ်ကွက်ရှိ လောင်စာဆီသိုလှောင်ရုံသို့ သယ်ယူလာသည့် ဆီဘောက်စာကားမှတစ်ဆင့် ဆိုင်အတွင်းသို့ ဆီများချနေစဉ် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကားမှ ဆိုင် အတွင်းသို့ သွယ်တန်း၍ ဆီထည့် သည့် ပိုက်မှတစ်ဆင့် ပွတ်တိုက်မှု ဖြစ်ပွားပြီး စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ |
မြောက်ကိုရီးယား ဒုံးကျည်ပထမအဆင့် လွှတ်တင်စင်ပေါ် ရောက်ရှိလာပြီဟု ယူဆရ
|
38 North (38north.org) ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော ဧပြီ ၄ ရက် ဂြိုဟ်တုဓာတ်ပုံတွင် အွန်ဟ-၃ ဒုံးကျည်ပထမအဆင့်ကို နိုင်ငံမြောက်ပိုင်း ဒုံးကျည်လွှတ်တင်စင်ရှိရာ တောင်ချန်းရီအရပ်တွင် ထားရှိထားပြီဟု ယူဆဖွယ် အခြေအနေများ တွေ့ခဲ့ရသည်။ ဒုံးကျည်ထောက်စင်ဟု ယူဆရသောအရာကို ဖုံးလွှမ်းကာကွယ်ထားမှုကို ယင်းဓာတ်ပုံတွင် မြင်တွေ့ခဲ့ရပြီး အတွင်းပိုင်းတွင် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု ယူဆရသည့် အခြေအနေတွင် ရှိနေသည်။ ယင်းနေရာတစ်ဝိုက်တွင် လုံခြုံရေးများလည်း တင်းကျပ်ထားပြီး ပစ္စည်းများ သယ်ယူရန်လမ်းကြောင်းတစ်ခုကိုသာ ဖွင့်ပေးထားကြောင်းကို ပါတွေ့ခဲ့ရသည်။ |
အသက်သွေးကြော ဧရာဝတီ(မောင်တင်ဦး(မြောင်းမြ))
| လူ့သွေးကြောရဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေရင် လူ့အသက်အန္တရာယ် ရှိနေသလို ဧရာဝတီမြစ်ရဲ့ တစ်နေရာရာမှာ ဆည်ဆောက်လို့ ဖြစ်ဖြစ်၊ ရွှေတူးလို့ဖြစ်ဖြစ် ပိတ်ဆို့လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အသက်ကလည်း အန္တရာယ်ဖြစ်လာမှာ ဖြစ်ပါတယ် ... |
|
မြစ်ဆုံတစ်နေရာကို ၂၀၁၂ ခုနှစ် မတ်လကုန်ပိုင်းက တွေ့ရစဉ်
အချုပ်အခြာအာဏာ ဘာဖြစ်လို့ သူများအိတ်ထဲက ပိုက်ဆံကို မလိုလောဘစိတ်နဲ့ လိုချင်နေတာလဲ။ ဘာဖြစ်လို့များ သူများအိမ်ထဲက သာယာနေတဲ့မိသားစုရဲ့ ချစ်ကြည်နူးမှုကို ဖြိုခွဲဖို့ ကြံစည်နေတာလဲ။ ဘာဖြစ်လို့ ကိုယ့်အပင်လည်း မဟုတ်။ ကိုယ်ကိုယ်တိုင်လည်း ပြုစုပျိုးထောင် ရေလောင်းပေါင်းသင်မပေးဘဲ ၀င်းမှည့်ရွှန်းစိုတဲ့အသီးဖြစ်လာမှ အားရပါးရ ၀ါးမြိုချင်နေရတာလဲ။ China Power Investment Co.,Ltd ရဲ့ဥက္ကဋ္ဌကို ကျွန်တော့်ရှေ့ကို ထိုင်ခိုင်းပြီး မျက်နှာချင်းဆိုင် ဒေါတကြီး မေးချင်နေခဲ့တဲ့ မေးခွန်းတွေပါ။ မယဉ်ကျေးရင် ခွင့်လွှတ်ပါ။ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယအင်အားအကြီးဆုံး နိုင်ငံရေး ပါတီဖြစ်လာမည်
ဧပြီလ ၁ ရက်နေ့က မဲဆန္ဒနယ်ပေါင်း ၄၅
နေရာတွင် ကျင်းပခဲ့သည့် ကြားဖြတ်
ရွေးကောက်ပွဲ၌ ၄၃ နေရာအနိုင်ရရှိခဲ့
သည့်အတွက် ပြည်ထောင်စုလွှတ်တော်
၌ ဒုတိယအင်အားအကြီးဆုံးပါတီ ဖြစ်လာမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲမကျင်းပခင်ကတည်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိထား ပြီးဖြစ်ရာ ယခုအနိုင်ရရှိ သည့် ကိုယ်စားလှယ်များအားလုံး လွှတ် တော်တက်ရောက်ခွင့်ရရှိခဲ့ပါက ပြည် ထောင်စုလွှတ်တော်အတွင်း ကိုယ် စားလှယ် ၄၂ ဦး ရရှိမည်ဖြစ်ရာ ယခင်က ကိုယ်စားလှယ် ၃၄၂ ဦးရရှိထားပြီး တစ်ဦးထပ်မံအနိုင်ရထားသည့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြီးနောက် ကိုယ်စားလှယ်ဦးရေ ဒုတိယ အများဆုံး ရရှိထားသည့် ပါတီဖြစ်လာ မည်ဖြစ်သည်။
တတိယအင်အားအကြီးဆုံးပါတီမှာ တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဖြစ်ပြီး ယင်း ပါတီသည် ယခင်က ကိုယ် စားလှယ် ၂၁ ဦးရရှိထားပြီး ယခုကြား ဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်တစ်ဦး ထပ်မံ အနိုင်ရခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲမကျင်းပခင်ကတည်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးရရှိထား ပြီးဖြစ်ရာ ယခုအနိုင်ရရှိ သည့် ကိုယ်စားလှယ်များအားလုံး လွှတ် တော်တက်ရောက်ခွင့်ရရှိခဲ့ပါက ပြည် ထောင်စုလွှတ်တော်အတွင်း ကိုယ် စားလှယ် ၄၂ ဦး ရရှိမည်ဖြစ်ရာ ယခင်က ကိုယ်စားလှယ် ၃၄၂ ဦးရရှိထားပြီး တစ်ဦးထပ်မံအနိုင်ရထားသည့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြီးနောက် ကိုယ်စားလှယ်ဦးရေ ဒုတိယ အများဆုံး ရရှိထားသည့် ပါတီဖြစ်လာ မည်ဖြစ်သည်။
တတိယအင်အားအကြီးဆုံးပါတီမှာ တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဖြစ်ပြီး ယင်း ပါတီသည် ယခင်က ကိုယ် စားလှယ် ၂၁ ဦးရရှိထားပြီး ယခုကြား ဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားလွှတ် တော် ကိုယ်စားလှယ်တစ်ဦး ထပ်မံ အနိုင်ရခဲ့သည်။
ဗြိတိသျှ ၀န်ကြီးချုပ် မြန်မာနိုင်ငံကို လာမည်
ဗြိတိသျှ ၀န်ကြီးချုပ် David Cameron ဟာလာမယ့် သောကြာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး အဲဒီနေ့မှာပဲ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ရန်ကုန်မြို့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
Photo courtesy of Burma Campaign UK
၂၀၀၈ ခုနှစ် မေလအတွင်း ကွန်ဆားဗေးတစ် ပါတီခေါင်းဆောင် David Cameron လန်ဒန်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေစဉ်။
ဝန်ကြီးချုပ် Mr. Cameron ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံက
ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ ဆက်သွားနိုင်အောင်
တွန်းအားပေးတဲ့အနေနဲ့ သွားရောက်တာ ဖြစ်တယ်လို့ ဗြိတိသျှအစိုးရ
အသိုင်းအ၀ိုင်းက ပြောပါတယ်။
ဗြိတိန်အစိုးရ တာဝန်ရှိသူတွေကတော့ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုတင် ထုတ်ပြန်ပြောဆိုလေ့ မရှိတဲ့အတွက် ဘာမှမှတ်ချက်မပေးပါဘူး။ ဒါပေမယ့် ဗြိတိန်အစိုးရ၊ မြန်မာအစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် တာဝန်ရှိသူတွေကတော့ လာမယ့် သောကြာနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း အတည်ပြုပြောဆိုတယ်လို့ အေအက်ဖ်ပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြပါတယ်။
ဗြိတိန်အစိုးရ တာဝန်ရှိသူတွေကတော့ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုတင် ထုတ်ပြန်ပြောဆိုလေ့ မရှိတဲ့အတွက် ဘာမှမှတ်ချက်မပေးပါဘူး။ ဒါပေမယ့် ဗြိတိန်အစိုးရ၊ မြန်မာအစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် တာဝန်ရှိသူတွေကတော့ လာမယ့် သောကြာနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း အတည်ပြုပြောဆိုတယ်လို့ အေအက်ဖ်ပီနဲ့ ရိုက်တာသတင်းဌာနတွေက ဖော်ပြပါတယ်။
မြန်မာ ကျန်းမာရေး ဝန်ကြီးအဖွဲ့ အမေရိကန် ခရီးစတင်
![]() |
| ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဖေသက်ခင် (ဓါတ်ပုံ-Google Images) |
မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဖေသက်ခင်ဟာ တနင်္ဂနွေ နေ့က စရောက်လာတဲ့ သူ့ရဲ့ ၁၀ ရက်ကြာ အမေရိကန် ခရီးစဉ် ထဲမှာ ကျန်းမာရေး နဲ့ ပညာရေး အဆင်မြင့် အရာရှိတွေ အပါအဝင် အဖွဲ့ဝင် ၁၁ ပါတဲ့ အဖွဲ့ကို ဦးဆောင် လာခဲ့ ပြီး ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန် အဆင်မြင့် တက္ကသိုလ် တစ်ခုမှာ စကား ပြောဖို့ ရှိနေပါတယ်။
မြန်မာ သမ္မတရဲ့ နိုင်ငံရေး အကြံပေးတစ်ဦးနဲ့ အစိုးရ မဟုတ်တဲ့ NGO တစ်ခုလည်း ပါတဲ့ ဒီ ခရီးစဉ်ရဲ့ ထူးခြားမှု ကို လိုက်ပါလာတဲ့ မင်္ဂလာ မြန်မာ အဖွဲ့က ဒေါက်တာ ဖုန်းဝင်း က အခုလို ရှင်းပြပါတယ်။
Sunday, 8 April 2012
လူငယ်လေးတွေ တော်ကြပါပေတယ်(မောင်စံပေါ)
| လုပ်သင့် လုပ်ထိုက်တာတစ်ခုကို လုပ်နိုင်ပါလျက်နဲ့ မလုပ်ခဲ့ကြသူတွေ၊ မလုပ်သင့် မလုပ်ထိုက်တာ တစ်ခုကို မလုပ်ဘဲ နေနိုင်လျက်နဲ့ လုပ်ခဲ့ကြသူတွေ၊ အဲဒီလိုလူတွေရဲ့ စားမြုံ့ပြန်ဝိုင်းတွေထဲမှာ ကိုယ့်ရဲ့မျိုးဆက်တွေ လူငယ်တွေ မပါစေချင်ပါဘူး။ မပါနိုင်ဘူးလို့လည်း ယုံကြည်တယ်။ |
|
(၁)
လူငယ်နဲ့ လူကြီးတွေရဲ့ကြားမှာ ကွာဟာမှုဆိုတာ အစဉ်အဆက် ရှိခဲ့ကြတာ။
ခေတ်တိုင်း ခေတ်တိုင်းလိုလိုမှာ လူငယ်တွေရဲ့ ပြောဆိုပြုမူနေ
ထိုင်လုပ်ကိုင်ကြတာတွေကို သဘောမတွေ့ကြတဲ့ လူကြီးတွေ ရှိတတ်ကြ
ပါတယ်။သဘောမတွေ့တဲ့အလျောက် ဗြစ်တောက်ဗြစ်တောက် လုပ်ကြတာတွေလည်း
ရှိပါတယ်။ မောင်စံပေါတို့ ငယ်ငယ်တုန်းကလည်း ၀တ်စားဆင်ယင်ပုံတွေကို
လူကြီးတွေ တွေ့ကြပြောကြ ဝေဖန်ကြတာပါပဲ။ မောင်စံပေါကိုယ်တိုင် တောင်
အထက်တန်းကျောင်းသား ဘ၀အထိ တိုနန့်နန့် ဆံပင်နဲ့နေခဲ့ရတာ၊ တက္ကသိုလ်ရောက်မှ
ဆံပင်ရှည် ထားခွင့်ရခဲ့တာ။
(၂)
အခု အသက်ကလေးရလာချိန်မှာ ပတ်ဝန်းကျင်တွေကလည်း ကွာခြားလာတယ်။ ဒီခေတ်
လူငယ်လေးတွေလည်း ဟိုခေတ် လူငယ်တွေလိုပါပဲ။ ခေတ်အလိုက် သူတို့အကြိုက် ၀တ်စား
နေထိုင်ကြတယ်။ နိုင်ငံရပ်ခြားနဲ့ ကူးလူးဆက်ဆံမှုတွေကလည်း များလာတော့
နိုင်ငံခြား ယဉ်ကျေးမှု ထိုးဖောက်စိမ့်ဝင်လာမှုတွေလည်း
ရှိလာတာပေါ့။ မကြာမတင်ကာလက ကျော် ဖြတ်ခဲ့ကြတဲ့ ဖေဖော်ဝါရီလ ၁၄
ရက်နဲ့ပတ်သက်ပြီး ရေးကြပြုကြ ပြောကြတာတွေ တော်တော်များခဲ့ပါတယ်။
မီဒီယာတွေလည်း တော်တော်များများ တွေ့မြင်ရပါတယ်။ |
ဦးသိန်းစိန် (သို့မဟုတ်) အပြောင်းအလဲများစတင်သူ
သူ့ကိုတစ်ခါတစ်ရံ မြန်မာပြည်၏ မစ်ခေးလ် ဂိုလ်ဘာချော့(ဖ) ဟုခေါ်ဆိုကြသည်။ နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများကိုလွှတ်ပေးခြင်း၊ ပုံနှိပ်မီဒီယာများအား တစ်ခုသော အတိုင်းအတာထိ လွတ်လပ်ခွင့်ပေးခြင်း၊ ကာလကြာမြင့်စွာ တောက်လျောက်နှိပ်ကွပ်လာခဲ့သည့် အတိုက်အခံ အဖွဲ့အစည်းအား မကြာမီကကျင်းပပြီးစီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာစေခြင်း စသည်တို့ဖြင့် တစ်ချိန် တစ်ခါက ကမ္ဘာ့အလယ်တွင် ဆိုးရွားလှသော စစ်အာဏာရှင်စံနစ်တစ်ခု၏ ဆိုးမွေများကို တစ်စစီ ရှင်းလင်းဖယ်ရှားရန် ကြိုးပမ်းအားထုတ်နေသူလည်းဖြစ်သည်။
ဒီမိုကရေစီစံနစ်သို့ပြုပြင်ပြောင်းလဲရန်နှင့် ပြောင်းလဲရန်ကြိုးပမ်းသူများကို အကြောက်တရားကြီးမားစွာ ရင်ဆိုင်ခဲ့ကြသော ယခင်စစ်အာဏာရှင် ခေါင်းဆောင်ဟောင်းများ၏ ညာလက်ရုံးတစ်ယောက်အဖြစ်မှ ယနေ့မြန်မာပြည်သမ္မတ ဦးသိန်းစိန် မည်ကဲ့သို့ ဖြစ်လာသနည်း ဆိုသည်နှင့် စစ်အစိုးရခေါင်းဆောင်များက သူ့ကို ပြုပြင်ပြောင်းလဲရေးများ လုပ်ခွင့်ပြုခြင်းသည် ပဟေဠိဆန်သော ပုစ္ဆာတစ်ပုဒ်ပင်ဖြစ်သည်။
သို့ပေမင့် ဦးသိန်းစိန် ဖြတ်သန်းလာခဲ့သော တပ်မတော်သား ဘ၀တစ်လျောက် တွေ့ဆုံကြုံကြိုက်ခဲ့ကြသော ပုဂ္ဂိုလ်များဖြင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခြင်းများ နောက်တွင်မတော့ သူ၏အခြားလုပ်ဖော်ကိုင်ဘက် စစ်ဗိုလ်ချုပ်ကြီးများနှင့်မတူ ကွဲပြားခြားနားသည့် စရိုက်လက္ခဏာများရှိနေခဲ့သည့် လူတစ်ယောက်၏ ဘ၀ပုံရိပ်သည် ပီပြင်ထင်ရှားစွာ ပေါ်ထွက်လာခဲ့ပါတော့သည်။
"ဥပမာ ရေအားလျှပ်စစ်နဲ့ဝင်မယ်။ လျှပ်စစ်ဝန်ကြီးဌာနက approve offer ပေးရတယ်။ ၀င်တဲ့သူ ကို green card ဆိုတာပေးတယ်။ ကာလကရက်ပေါင်း ၉၀" ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် အင်တာဗျူး
|
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ |
စိတ်တွေကို အရင်ပြင်ဖို့ လိုလိမ့်မည်(ဇော်မင်း)
၁။
ဘန်ကောက်မြို့ လူစည်ကားသည့် တနေရာ ဖြစ်သည်။ အသက် ၆ဝ ဝန်းကျင်ခန့် အမျိုးသမီးကြီးသုံးဦးနှင့် အသက် ၂၅ နှစ်ခန့် အမျိုးသမီးငယ်တဦး ဈေးဝယ်နေကြသည်။ သူတို့လေးဦးစလုံး မြန်မာလူမျိုးတွေ ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ အဖွားကြီး သုံးယောက်နှင့် မိန်းမပျိုတို့ တဦးနှင့်တဦး မြန်မာလို စကားကို အကျယ်ကြီးပြောနေတာကို ကြားရသောကြောင့် ဖြစ်သည်။ ထိုအချိန် သူတို့နားသို့ အပြာနုရောင် ရှပ်လက်ရှည်နှင့် ကာကီရောင် ရှိုးဘောင်းဘီကို သားသားနားနား ဝတ်စားထားသည့် အသက်လေးဆယ်အရွယ်ခန့် လူစိမ်းအမျိုးသားတဦး ချဉ်းကပ်လာသည်။
လူစိမ်း။ ။ အဒေါ်တို့က မြန်မာပြည်က လာတာမဟုတ်လား၊ ထိုင်းကိုလာတော့ ပတ်စ်ပို့တွေ ဘာတွေ ပါကြရဲ့လား၊ အဒေါ်တို့ကို ကြည့်ရတာ နယ်စပ်ကနေ ခိုးဝင်လာတဲ့ ပုံမျိုးတော့ မဟုတ်ပါဘူး၊ ဒီမှာ ဘယ်လောက်ကြာကြာ နေကြမှာတုန်း။
မြန်မာစကားဖြင့် မေးလိုက်သော လူစိမ်း၏ အသံကြောင့် အဒေါ်ကြီးသုံးဦးစလုံး အလန့်တကြားဖြင့် ထိုလူကို မော့ကြည့်ရင်း ကျယ်လောင် ကျယ်လောင် စကားပြောနေရာမှ ဟုတ်ခနဲဆိုသလို အသံများတိတ် သွားကြသည်။
ဘန်ကောက်မြို့ လူစည်ကားသည့် တနေရာ ဖြစ်သည်။ အသက် ၆ဝ ဝန်းကျင်ခန့် အမျိုးသမီးကြီးသုံးဦးနှင့် အသက် ၂၅ နှစ်ခန့် အမျိုးသမီးငယ်တဦး ဈေးဝယ်နေကြသည်။ သူတို့လေးဦးစလုံး မြန်မာလူမျိုးတွေ ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ အဖွားကြီး သုံးယောက်နှင့် မိန်းမပျိုတို့ တဦးနှင့်တဦး မြန်မာလို စကားကို အကျယ်ကြီးပြောနေတာကို ကြားရသောကြောင့် ဖြစ်သည်။ ထိုအချိန် သူတို့နားသို့ အပြာနုရောင် ရှပ်လက်ရှည်နှင့် ကာကီရောင် ရှိုးဘောင်းဘီကို သားသားနားနား ဝတ်စားထားသည့် အသက်လေးဆယ်အရွယ်ခန့် လူစိမ်းအမျိုးသားတဦး ချဉ်းကပ်လာသည်။
လူစိမ်း။ ။ အဒေါ်တို့က မြန်မာပြည်က လာတာမဟုတ်လား၊ ထိုင်းကိုလာတော့ ပတ်စ်ပို့တွေ ဘာတွေ ပါကြရဲ့လား၊ အဒေါ်တို့ကို ကြည့်ရတာ နယ်စပ်ကနေ ခိုးဝင်လာတဲ့ ပုံမျိုးတော့ မဟုတ်ပါဘူး၊ ဒီမှာ ဘယ်လောက်ကြာကြာ နေကြမှာတုန်း။
မြန်မာစကားဖြင့် မေးလိုက်သော လူစိမ်း၏ အသံကြောင့် အဒေါ်ကြီးသုံးဦးစလုံး အလန့်တကြားဖြင့် ထိုလူကို မော့ကြည့်ရင်း ကျယ်လောင် ကျယ်လောင် စကားပြောနေရာမှ ဟုတ်ခနဲဆိုသလို အသံများတိတ် သွားကြသည်။
ပါကစ္စတန်ရေခဲတောင်ပြိုမှု စစ်သား ၁၀၀ သေဆုံး
ပါကစ္စတန်နိုင်ငံ မှာ ရေခဲတောင် ရုတ်တရက် ပြိုဆင်းလာတဲ့အတွက်
စစ်အခြေစိုက်စခန်း တခု ထိခိုက်ပျက်စီး သွားပြီး စစ်သား ၁၀၀ လောက်
ရေခဲပြင်အောက်မှာ နစ်မြှုပ် သေဆုံးသွားတယ်လို့ ပါကစ္စတန် အစိုးရ
တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ကမ္ဘာ့ တောင်ထူထပ် မြင့်မားဆုံး
စစ်မြေပြင်လို့ ထင်ရှားတဲ့ Siachen ရေခဲလွှာ ဒေသထဲက စစ်အခြေစိုက်စခန်းဟာ
ပြိုကျလာတဲ့ ရေခဲတောင်ကြောင့် ပျက်စီးသွားပြီး စစ်သားတွေ သေဆုံးခဲ့ရတယ်လို့
စစ်ဘက် အရာရှိတွေက အတည်ပြု ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံ အနီး၊ ဟိမ၀န္တာဒေသ ထဲက ဝေးလံခေါင်သီတဲ့ စစ်စခန်းကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားနေကြပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ အနီး၊ ဟိမ၀န္တာဒေသ ထဲက ဝေးလံခေါင်သီတဲ့ စစ်စခန်းကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားနေကြပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်သူ့လွှတ်တော်တွင် တစ်သီးပုဂ္ဂလနှင့် အတိုက်အခံပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ ၁၀၂ ဦး ရှိလာပြီဖြစ်
| လွှတ်တော်တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရန် လွှတ်တော်ကိုယ်စားလှယ် ၁၀၈ ဦး လက်မှတ်ရေးထိုးရမည် . . . |
|
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား တွေ့ရစဉ်
လက်ရှိ ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂၂၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် အတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၆၄ ဦး ရှိနေသည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦးက ပြည်သူ့လွှတ်တော်ထဲသို့ ရောက်ရှိလာမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၄၃၂ ဦး ရှိမည် ဖြစ်ပါသည်။ |
မန္တလေးမြို့ တွင် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက အခါမဲ့မိုးရွာသွန်းမှုနှင့် ငုံးဥအရွယ်ခန့်ရှိ မိုးသီးများကြွေကျခဲ့ပြီး သစ်ပင်ကြီးအချို့၊ သင်္ကြန်မဏ္ဍပ်အချို့ နှင့် ကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲခဲ့
|
မန္တလေးမြို့တွင် ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက အခါမဲ့မိုးရွာသွန်းမှုနှင့် မိုးသက်လေပြင်း အနည်းငယ်ကျခဲ့ပြီး သစ်ပင်ကြီးအချို့နှင့် ကြော်ငြာဆိုင်းဘုတ်အချို့ ပြိုလဲခဲ့ကြောင်း သိရသည်။ မိုးရွာသွန်းစဉ် ငုံးဥအရွယ်ခန့်ရှိ မိုးသီးမိုးပေါက်များ ကြွေကျခဲ့ကြောင်း သိရပါသည်။ "နေ့လယ် ၂ နာရီလောက်မှာ မိုးသားတွေ ညို့တက်လာပြီး ချက်ချင်းဆိုသလို အမှောင်ကျသွားတယ်။ လျှပ်စီးတွေလက် မိုးခြိမ်းသံတွေပြီးတော့ ၃ နာရီလောက်မှာ မိုးရောလေရောကျလာတာ။ မိုးရွာတာ နာရီဝက်လောက်ရှိတော့ မိုးသီးမိုးပေါက်တွေ ပါလာတာပဲ။ မိုးသီးတွေက မန်ကျည်းသီးလောက်ရှိပါတယ်။ မိုးရေကလည်း အေးစက်နေတာပဲ"ဟု နန်းရှေ့၊ မဟာဇေယျာ ဘုံရပ်နေထိုင်သူတစ်ဦးက ပြောပါသည်။ |
မြန်မာနိုင်ငံ နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂအဖွဲ့ဝင် ဖြစ်ပြီ
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ရှိတဲ့ IPU မှာတောင်ဆူဒန်က ၁၆၁ နဲ့ မြန်မာက ၁၆၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သွားကြပါတယ်။
ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပနေတဲ့ ၆ ရက်ကြာ IPU ညီလာခံ နောက်ဆုံးနေ့မှာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရာဒီ က- " မြန်မာနဲ့ တောင် ဆူဒန်နိုင်ငံတွေ အသစ်ပါဝင်လာကြလို့ အခုဆိုရင် IPU မှာအဖွဲ့ဝင် ၁၆၂ နိုင်ငံ ရှိသွားပါပြီ။ အခုလို IPU အဖွဲ့ဝင်ဖြစ်လာတာဟာ သက်ဆိုင်ရာ နိုင်ငံတွေအတွက် သူတို့ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာပဲဖြစ်ပါတယ်။
ဖော့ကလန်ကျွန်းစုတိုက်ပွဲ နှစ် ၃၀ ပြည့် နှစ်နိုင်ငံစလုံး၌ကျင်းပ
ဧပြီလ ၂ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရီးစ်မြို့ ဖော့ကလန်စစ်ပွဲတွင် ကျဆုံးခဲ့သူများအထိမ်းအမှတ်ဗိမာန်တွင်
အလေးပြုနေသူ စစ်မှုထမ်းဟောင်းတစ်ဦးအား တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဗြိတိန်နိုင်ငံနှင့်
အာဂျင်တီး
နားနိုင်ငံတို့ ၇၄ ရက်ကြာ တိုက်ခိုက်ခဲ့ ကြသည့် ဖော့ကလန်ကျွန်းစုတိုက်ပွဲ
နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပွဲကို ဧပြီလ ၂ ရက်နေ့တွင် နှစ်နိုင်ငံစလုံးက
ကျင်းပ
ခဲ့ကြသည်။ အလေးပြုနေသူ စစ်မှုထမ်းဟောင်းတစ်ဦးအား တွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
၁၈၃၃ ခုနှစ်ကတည်းက ဗြိတိန်က အုပ်စိုးခဲ့သော ဖော့ကလန် ကျွန်းစုကို အာဂျင်တီးနားအစိုးရက မကြာမီကမှ အပိုင်စီး လိုက်သောကြောင့် ဗြိတိန်က အထူးတပ်ဖွဲ့တစ်ဖွဲ့စေလွှတ်၍ အာဂျင်တီး နားထံမှ ဖော့ကလန်ကျွန်းစုကို ပြန်လည် တိုက်ခိုက် ရယူခဲ့ခြင်းဖြစ်သည်။
ယခုစစ်ပွဲတွင် အာဂျင်တီးနားသည် စစ်သည် ၆၄၉ ဦး သေဆုံးပြီး ဗြိတိန် တပ်သား ၂၅၅ ဦး သေဆုံးနှင့် ဖော့ကလန်ကျွန်းသား သုံးဦးသေဆုံး ခဲ့သည်။
အမေရိကန် ထိပ်သီး GE ကုမ္ပဏီ မြန်မာပြည်လာမည်
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအတော်များများနှင့် အချိန်အတန်ကြာ အဆက်အသွယ်ပြတ်နေခဲ့ပြီး ယခုကဲ့သို့ နိုင်ငံရေး စီးပွားရေါ် ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေချိန်တွင် အရေးအကြီးဆုံးဖြစ်သည့် အခြေခံအဆောက်အဦနှင့် အရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ကူညီဖော်ထုတ် ဆောင်ရွက်နိုင်ရန် လာရောက်ခြင်းဖြစ်သည် ဟု သိရသည်။
သမ္မတနဲ့ ကေအင်ယူတွေ့ဆုံ
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိလာခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို အထူးလေယာဉ်ဖြင့် သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ပါတယ်။
RFA
ကရင်အမျိုးသားအစည်းအရုံး KNU ငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ၂၀၁၂ ခုနှစ် ဧပြီလ ရ
ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံနေကြစဉ်။
Subscribe to:
Posts (Atom)





