ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ရောက်ရှိလာခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို အထူးလေယာဉ်ဖြင့် သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် သမ္မတ ဦးသိန်းစိန်တို့ ၂၀၁၂ ခုနှစ် ဧပြီလ ရ
ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံနေကြစဉ်။
"ဆွေးနွေးပွဲရယ်လို့ မဟုတ်ပါဘူး။ သမ္မတကြီးကို သွားရောက်တွေ့ဆုံ ဂါရ၀ပြုတာ ဖြစ်ပါတယ်။ သမ္မတကလည်း သူ့ရဲ့ ဘ၀ဖြစ်စဉ် တပိုင်းတစ သူပြောပြပြီးတော့ တကယ့်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ တိုင်းပြည်အတွက် တကယ်တန်းလိုအပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အစစ်အမှန် ပေါ်ထွန်းရေးနဲ့ ဒီမိုကရေစီ စနစ်ပေါ်ထွန်းရေး ဆိုတဲ့ အခြေခံ ၂ ခုအပေါ်မှာ မူတည်ပြီးတော့ သူလုပ်ခဲ့တဲ့ အရာတွေကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားလို့ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့်အတွေ့အကြုံအရ ဆိုရင်တော့ တကယ့်ကို တန်းတူ ပုဂ္ဂိုလ် အခြေခံနဲ့ ခံစားမှုကို မနက်က ဆွေးနွေးပွဲမှာ ကျွန်တော် ခံစားလိုက်ရပါတယ်။" သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တဲ့ အဖွဲ့ဝင် ခုနှစ်ဦးပါအဖွဲ့ကို ကေအင်ယူရဲ့ အထွေထွေ အတွင်းရေးမှုး နော်စီဖိုးရာစိန်က ဦးဆောင်ခဲ့ပြီး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမူတူးစေးဖိုး၊ စစ်ဘက်ရေးရာ ကော်မတီ အတွင်းရေးမှုး ဗိုလ်မှုးကြီး စောထူးထူးလေးတို့ ပါဝင်ကြောင်း သိရပါတယ်။ မနက်ဖြန် မနက်မှာတော့ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
RFA
No comments:
Post a Comment