menu

Wednesday, 15 February 2012

အင်တာနက်မှတစ်ဆင့် နိုင်ငံတကာသို့ ဖုန်းခေါ်နိုင်မည့် Ytalk စနစ်အသုံးပြုနိုင်ပြီ


ရတနာပုံဝက်ဘ်ပေါ်တယ်နှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းပြီး နိုင်ငံတကာသို့ အင်တာနက်မှ တစ်ဆင့် ဖုန်းခေါ်ဆို နိုင်မည့် Ytalk စနစ်ကို ယခု လ ၇ ရက်နေ့တွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
" Ytalk ကို နိုင်ငံခြားခေါ်ဆိုမှုအတွက် ပြုလုပ်ထားတာပါ။ ဈေးနှုန်းကတော့ အနီးနဲ့ အဝေးဆိုပြီး နှစ်မျိုးပဲ သတ်မှတ်ထားတာပါ။ ဥပမာ အနီးကတော့ အိမ်နီးချင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေပေါ့။ အဝေးကတော့ ဥပမာ ဂျပန်နိုင်ငံ တို့လိုပေါ့။ အနီးကတော့ တစ်မိနစ်ကို အမေရိကန်ဒေါ်လာ ၁၅ ဆင့်ဖြစ်ပြီး အဝေးကတော့ တစ်မိနစ် ၃၅ ဆင့်လို့ သတ်မှတ်ထားပါတယ်"ဟု ရတနာပုံမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးတင်ဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို အီးယူ ကော်မရှင်နာမင်းကြီး အားရ


ဥရောပ သမဂ္ဂနိုင်ငံများအဖွဲ့ အီးယူအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေအပေါ် မြန်မြန်ထက်ထက် တုံ့ပြန်သင့်တယ်လို့ မြန်မာနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အီးယူ ကော်မရှင်နာမင်းကြီး မစ္စတာ Andris Piebalgs က ပြောလိုက်ပါတယ်။
courtesy of European Commission
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် တွင် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ နည်းလမ်းများ နှီးနှောဖလှယ်ပွဲ ညီလာခံ၌် အီးယူ ကော်မရှင်နာမင်းကြီး မစ္စတာ Andris Piebalgs ဆွေးနွေးနေစဉ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုဟာ မြန်မာအတွက်ရော အာဆီယံအတွက်ပါ အကျိုးမရှိတဲ့အတွက် ရုပ်သိမ်းပေးဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ရှမ်မူဂမ်းက တိုက်တွန်း ပြောကြားလိုက်ပါတယ်။
AFP PHOTO/ROSLAN RAHMAN
သမ္မတ ဦးသိန်းစိန် (ယာ) နှင့် စင်္ကာပူ ၀န်ကြီးချုပ် လီရှန်လုံး (၀ဲ)တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနေစဉ်။

လူ့အခွင့်အရေးကိစ္စဆွေးနွေးဖို့ တရုတ်အဆင်သင့်ရှိ


တရုတ်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ အသင့်ဖြစ်နေသလို စီးပွားရေးပြဿနာတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကတိတွေအတွက်လည်း အသင့်ဖြစ်နေပြီလို့ အမေရိကန်မှာရောက်နေတဲ့ တရုတ် ဒုသမ္မတ ရှီကျင်းပင်က အမေရိကန်ခေါင်းဆောင်တွေကို ပြောလိုက်ပါတယ်။

ဘန်ကောက်မှာ ဗုံးခွဲသူ အီရန်နိုင်ငံသား ပြင်းထန်စွာဒဏ်ရာရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အီရန်နိုင်ငံသားတယောက်က ဗုံးတလုံးဖောက်ခွဲခဲ့ရာမှာ သူ့ခြေထောက် နှစ်ချောင်းစလုံးပြတ်သွားပြီး၊ တခြားသူ လေးဦး ဒဏ်ရာရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလူဟာ ဘန်ကောက်မြို့က သူငှားနေတဲ့ အိမ်မှာ ပထမဗုံးတလုံးကို ဖောက်ခွဲခဲ့ပြီး ခဏအကြာမှာ Taxi အငှားယာဉ်ကို ငှားရမ်းခဲ့ရာက ရပ်မပေးလို့ဆိုပြီး နောက်ထပ်ဗုံးတလုံးကို ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ အဲဒီနောက် စာသင်ကျောင်း တကျောင်း အနီး လူစည်ကားရာ လမ်းမပေါ်က ရဲကိုလည်း လက်ပစ်ဗုံးတလုံးနဲ့ ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

Monday, 13 February 2012

ပြတင်းပေါက်ကို ဖွင့်ချင်တယ်(ဂျူး)




“ဒီပြတင်းပေါက်ကို ဘယ်တော့မှ မဖွင့်ကြနဲ့တော့ ကြားလား။ အမြဲတမ်းပိတ် ထားလိုက် တော့”
           မေမေက ပြောပြီး ပြတင်းပေါက်ကို သူကိုယ်တိုင်ပိတ်ကာ ချက်ထိုးလိုက်သည်။
           ကျွန်မတို့အိပ်ခန်း၏ တစ်ခုတည်းသော ပြတင်းပေါက်၊ သူ့ကို နေ့ရောညပါ ပိတ် ထားလိုက်သည့် အချိန်မှစ၍ ကျွန်မသည် စိတ်ကူး ကမ္ဘာသို့ ညစဉ် အလည်သွားဖို့ အလွန် ခက်ခဲသွားပါသည်။

*****

' ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး' ( ရေးသူ-ဒေါ်အောင်ဆန်းစုကြည်)




ဗိုလ်ချုပ်အောင်ဆန်း မိခင်ကြီး ဒေါ်စု ဒေါ်ခင်ကြည် နှင့် ရင်သွေးများ . . . ( သား - အောင်ဆန်းဦး၊ အောင်ဆန်းလင်း နှင့် သမီး - အောင်ဆန်းစုကြည် )

 
' ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး'
ရေးသူ-ဒေါ်အောင်ဆန်းစုကြည် -မြန်မာပြန် - ဒေါက်တာအောင်ခင်


      ကျမ မှတ်မိနိုင်သော အရွယ်မရောက်မီကပင် ကျမ၏ဖခင် ကွယ်လွန်သွားပါသည်။ ထို့ကြောင့် “ ဖေဖေဟာ ဘယ်လိုလူစားမျိုးပါလိမ့် ” ဟူသော သိချင်စိတ်ဖြင့် ဖခင်၏ဘ၀ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော စာပေအထောက်အထားများကို ကျမ စတင် စုဆောင်း လေ့လာဖတ်ရှုခြင်းပင် ဖြစ်ပါသည်။ အောက်တွင် ဖော်ပြပါ အတ္ထုပ္ပတ္တိစာတမ်းကို ရေးသားရာ၌ ပုံနှိပ်ထုတ်ဝေခြင်း အထောက်အထားများကို အဓိကအခြေခံထားပါသည်။ အကြောင်းအရာနှစ်ရပ်နှင့် ပတ်သက်၍သာလျှင် ကျမတို့မိသားစုနှင့် ဖေဖေ့အား ကောင်းစွာသိကျွမ်းခဲ့သူများထံမှ သိရှိရသော အချက်အလက်များ အပေါ်တွင် အတော်အသင့် အခြေခံထားပါသည်။

ထိုင်းတွင် မြန်မာအလုပ်သမ(၃၁)ဦး မီးခိုးငွေ့များရှူရှိုက် မူးမေ့ခဲ့သောကြောင့် ဆေးရုံတက်ခဲ့ရ


မြန်မာအလုပ်သမားအများဆုံး လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံရှိ အအေးခန်းစက်ရုံတစ်ခုတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ မြန်မာ အလုပ်သမ (၃၁)ဦး မီးခိုးငွေရှူရှိုက်မိကာ မူးမေ့ခဲ့သဖြင့် ဆေးရုံသို့တင်ထားခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်ပွားမှုတွင် ဖေဖော်ဝါရီ ၁၁ရက် မွန်းလွဲ (၂)နာရီအချိန်တွင် ထိုင်းနိုင်ငံ မဟာချိုင်ဒေသ Samut Sakhon ခရိုင် ၊ Samut Sakhon မြို့ Thasai နယ် (၇)ရပ်ကွက် Big C ကုန်တိုက်အနီးရှိ  Thai Union Frozen Products စက်ရုံ ပုစွန်အအေးခန်း၌ ဂက်(စ်)အိုးပေါက်ရာမှတဆင့် မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ(၁၂)ရက်ထုတ် နိုင်ငံပိုင် သတင်းသာများတွင် ဖော်ပြချက်အရ သိရသည်။

ဖျက်စီးခံရတဲ့ ကလေးငယ်(မောင်သာမည)


ပျက်စီးနေတဲ့ကလေးဟာ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်တခု ဖြစ်ပါတယ်။
ဒီလိုလူ့အဖွဲ့ အစည်းအတွင်းမှာ ပျက်စီးနေတဲ့ကလေးငယ်ဟာ ဘ၀ကို ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ ဆုပ်ကိုင်ထားပါတယ်။ သူ့ကို လွတ်လပ်မှုပေးရမဲ့အစား လုပ်ချင်ရာလုပ်ခွင့်ပေးထားတယ်။ ကလေးဟာ လွတ်လပ်မှုအစစ်အမှန်ရဲ့ အနက်အဓိပ္ပာယ်ကို မသိရှာဘူး။ လွတ်လပ်မှုဆိုတာ ဘ၀ကို ချစ်မြတ်နိုးမှု ဖြစ်တယ်ဆိုတာ သူမသိရှာဘူး။

အင်းစိန်မြို့နယ်တွင် အသုံးပြုပြီးနှင့် အသုံးမပြုရသေးသည့် ခဲယမ်းအဟောင်းများတွေ့ရှိ


အင်းစိန်မြို့နယ် နံ့သာကုန်း ရပ်ကွက်ရွှေပြည်အေးလမ်းအမှတ် ၄၉၉ရှိပုလင်းအဟောင်းရောင်း ဝယ်ရေးဆိုင်ရှိရေတွင်းပျက်အတွင်း မှအသုံးပြုပြီးနှင့်အသုံးပြုခြင်းမရှိသေး သည့်လက်နက်ခဲယမ်းများနှင့်ဗုံးဟု ယူဆရသည့် ပစ္စည်းများကို တူးဖော်ရ  ရှိကြောင်း သတင်းရရှိသည်။

အဆိုပါခဲယမ်းများ ကိုဖေဖော်ဝါရီ၁၂ရက်နှင့်၁၃ရက်များတွင်မြို့ နယ်ရဲတပ်ဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့်  စစ်ဒေသမှတာဝန်ရှိသူ   များက ပူးပေါင်းပြီး  ဖော်ထုတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

အင်ဒိုနီးရှား ရေငုပ်သင်္ဘောများ၏ စွမ်းဆောင်ချက်များသည် အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူဖြစ်လာ





အင်ဒိုနီးရှားနိုင်ငံ၏ ရေငုပ်သင်္ဘောများ၏ စွမ်းဆောင်ချက်များသည် တောင်ကိုရီးယားနိုင်ငံ၌ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အိမ်နီးချင်းနိုင်ငံများ၏ ရေငုပ်သင်္ဘောများနှင့် စွမ်းဆောင်ရည် ညီမျှသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားရေတပ်မှ အရာရှိSoeparno ပြောကြားခဲ့ပါ သည်။
အင်ဒိုနီရှားနိုင်ငံ၏ ရေငုပ်သင်္ဘောနှစ်စင်းသည် ၁၉၈၁ ထုတ် ဂျာမနီလုပ် ရေငုပ်သင်္ဘောများဖြစ်ပြီး ၎င်းရေငုပ်သင်္ဘောနှစ်စင်းအနက်မှ KRI Naggala 402သည် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်ရှိဒေ၀ူးသင်္ဘော ကျင်း (DSME)၌ ၂၄ လကြာမျှ ပြင် ဆင်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယသင်္ဘော KRI Naggala 401 သည် ၂၀၀၆ ခုနှစ်၌ ၎င်း(DSME) သင်္ဘောကျင်းတွင်ပင် ပြင်ဆင်မှုများ  ပြုလုပ်ပြီးဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သေဆုံးပြီးဟု ကောလာဟလများထွက်ပေါ်




မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပေကျင်းတွင် လုပ်ကြံခဲ့ရမှုကြောင့် သေဆုံးပြီဆိုသည့် သတင်းကို twitter ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါသတင်းကို အတည်ပြုရန်အတွက် အမေရိကန် ထောက်လှမ်းရေးအ၀န်းအ၀ိုင်း က သက်သေအထောက်အထား မတွေ့ရှိခဲ့ကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

တောင်အာဖရိက ငွေစက္ကူသစ်များတွင် တိရစ္ဆာန်ပုံများနေရာ၌ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မင်ဒဲလားပုံဖြင့် အစားထိုးထုတ်ဝေမည်





၁၉၉၀ ပြည့်နှစ် ကမင်ဒဲလားထောင်မှလွတ်လာစဉ်မြင်ကွင်း၊ မင်ဒဲလားပုံပါရှိသော တောင်အာဖရိကငွေစက္ကူသစ်များ(ယာပုံ)
တောင်အာဖရိက ငွေစက္ကူသစ် အားလုံးတွင် တိရစ္ဆာန်ပုံများနေရာ၌ နိုင်ငံ၏ပထမဆုံး ဒီမိုကရေစီနည်းကျ တင်မြှောက်ခံရသည့် သမ္မတ၊လူဖြူလူမဲ ခွဲခြားမှုတိုက်ဖျက်ရေးခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလားပုံဖြင့် အစားထိုးထုတ်ဝေသွားမည်ဖြစ်ကြောင်း တောင်အာဖရိက အစိုးရက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေးသုခမိန်များထဲမှ တစ်ဦးအဖြစ် မှတ်ယူခံထားရသော အသက် ၉၃ နှစ် ရှိပြီဖြစ်သည့် မင်ဒဲလား၏ ဓာတ်ပုံများကို ယခင်ထုတ်ဝေသော ငွေစက္ကူများတွင်ပါဝင်သည့် အာဖရိက၏ ထင်ရှားသော တိရစ္ဆာန်ငါးမျိုးဖြစ်သည့် ကျွဲ၊ဆင်၊ကျားသစ်၊ခြင်္သေ့၊ကြံ့ ပုံများဖြင့် ၁၉၉၂ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည့် ငွေအကြွေများနေရာတွင် အစားထိုးမည်ဖြစ်သည်။

BOT စနစ်ဖြင့် လမ်းတံတားကြေး ကောက်ခံမှုများဒဏ် ပြည်သူများက ခံစားနေရ သုံးနှစ်အခွန်ကင်းလွတ်ခွင့် ရရှိထားသော်လည်း လမ်းမပြင်ဘဲ လမ်းကြေးသာကောက်ခံနေသည့် ကုမ္ပဏီအချို့ရှိနေ





တန်ပိုချိန်ရန်နှင့် လမ်းအသုံးပြုခပေးဆောင်ရန်အတွက် နေပြည်တော်ပျဉ်းမနားမြို့အနီးရှိ Toll ဂိတ်တစ်ခုတွင် တန်းစီစောင့်ဆိုင်းနေသော ကုန်ကားများအား တွေ့ရစဉ်
BOT စနစ်ဖြင့် လမ်းတံတားများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် သုံးနှစ်အခွန်ကင်းလွတ်ခွင့် အခွင့်အရေး၊ လမ်းတံတားကြေးကောက်ခံသည့် အခွင့်အရေးများရရှိသော်လည်း အခွင့်အရေးကိုသာ ရယူကြပြီး လမ်းပြင်ဆင်ပေးရမည့် တာဝန်ကိုပျက်ကွက်သည့် ကုမ္ပဏီအချို့ပင်ရှိလာကြောင်း ဆိုကြသည်။

အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲများအား မတ်လမတိုင်မီ အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ




အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲများအား မတ်လမတိုင်မီ အပြီးသတ်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အခြေခံပညာကျောင်းများ၌လည်း စာမေးပွဲများဖြေဆိုရန်အတွက် အချိန်စာရင်းများကို ထုတ်ပြန်ထားရှိ သွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲများကို နှစ်စဉ်နှစ်တိုင်း မတ်လမတိုင်မီ အပြီးသတ် စစ်ဆေးလေ့ရှိကြောင်း သိရှိရသည်။ အခြေခံပညာကျောင်းများတွင် မူလတန်းအောက်ဆင့်ဖြစ်သည့် သူ ငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားကျောင်းသူများ၏ အခန်းဆုံးစာမေးပွဲစစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိလည်းကောင်း၊ မူလတန်းအလယ်ဆင့်နှင့် အထက်ဆင့်များဖြစ်ကြသည့် တတိယတန်းမှ သတ္တမတန်းအထိ ကျောင်းသား ကျောင်းသူများ၏ အခန်းဆုံးစစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၂၂ ရက် မှ ၂၄ ရက်နေ့အထိ လည်းကောင်း အသီးသီး သတ်မှတ်ထားကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လူမှုရေးအဖွဲ့ဖွဲ့စည်း


စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဟာ ရန်ကုန်တိုင်းကျောက်တန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရံပုံငွေ ကျပ်သိန်း ၁၀၀ မတည်ပြီး "ရွှေမှော်ဝန်း" လူမှုရေးအဖွဲ့ကို ဒီနေ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်

ကုလထိန်းသိမ်းရေးတပ် ဆီးရီးယား စေလွှတ်ဖို့ အာရပ်အဖွဲ့ချုပ် တောင်းဆို



အာရပ်အဖွဲ့ချုပ်ဟာ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းသွားစေရေး ထပ်မံ ကြိုးပမ်းနေရာမှာ ဆီးရီးယား အတိုက်အခံအဖွဲ့နဲ့ အဆက်အသွယ် ပြုလုပ်ဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကိုလည်း ဆီးရီးယားနိုင်ငံကို စေလွှတ်ဖို့အတွက် ပူးတွဲ ငြိမ်းချမ်းရေးတပ်ဖွဲ့ ဖွဲ့စည်းဖို့ တောင်းဆိုလိုက်ပါတယ်။ အဲဒီအာရပ်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဆီးရီးယား အစိုးရက ချက်ချင်းပယ်ချလိုက်ပါတယ်။

မီးရှို့ဆန္ဒပြသူ တိဘက်သီလရင် သေဆုံး


အသက် ၁၈ နှစ်အရွယ် တိဘက်လူမျိုး ဗုဒ္ဓဘာသာဝင် မယ်သီလရှင် တစ်ပါးဟာ တရုတ်နိုင်ငံ အနောက်ပိုင်း စီချွမ်ပြည်နယ်မှာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြ သတ်သေသွားခဲ့ပါတယ်။ Tenzin Choedon လို့ အမည်ရတဲ့ တိဘက်ဗုဒ္ဓဘာသာ မယ်သီလရှင်ရဲ့ ရုပ်အလောင်းကို တရုတ်လုံခြုံရေး တပ်ဖွဲ့တွေက ချက်ချင်း လာသိမ်းသွားခဲ့တယ်လို့ တိဘက် တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း


စစ်မှန်တဲ့ပြည်ထောင်စုကို လက်တွေ့ တည်ဆောက် အကောင်အထည် ဖော်နိုင်မယ့် အခြေအနေတွေ တွေ့နေရပြီ ဆိုပြီး ဒီကနေ့ (၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် ကတော့ ပြည်ထောင်စုအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ မြန်မာပြည် တ၀ှမ်းက ပြည်ထောင်စုနေ့ အခမ်းအနားတွေ အပြင် လက်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကေအိုင်အိုက ဘယ်လို တုံ့ပြန် ပြောကြားလိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis