menu

Monday, 13 February 2012

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လူမှုရေးအဖွဲ့ဖွဲ့စည်း


စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်းနဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ဟာ ရန်ကုန်တိုင်းကျောက်တန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရံပုံငွေ ကျပ်သိန်း ၁၀၀ မတည်ပြီး "ရွှေမှော်ဝန်း" လူမှုရေးအဖွဲ့ကို ဒီနေ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဆိုင်းငံ့ပြစ်ဒဏ် ၄၄ နှစ်ချမှတ်ခံရထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ဟာ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နေအိမ်အကျယ်ချုပ်ကနေ ပြီးခဲ့တဲ့လက လွတ်မြောက်လာပြီး ပထမဆုံးအကြိမ်အဖြစ် ဇာတိဖြစ်တဲ့ ကျောက်တန်းမြို့ကို ဒီနေ့ သွားရောက်ခဲ့ပြီး သူလှူဒါန်းထားတဲ့ သိမ်တခုမှာ ရပ်ဆွေရပ်မျိုးတွေ ဖိတ်ခေါ်ပြီး ခုလို ဖွဲ့စည်းလိုက်တာလို့ ဒေသခံတဦးက ပြောပါတယ်။
ဒီအဖွဲ့မှာ ဦးခင်ညွန့်ရဲ့ ငယ်ဆရာ ၀န်ကြီးချုပ်ဟောင်းတဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးတင့်ဆွေကို နာယကအဖြစ်ထားရှိပြီး ဦးခင်ညွန့်နဲ့ ဇနီးဒေါက်တာဒေါ်ခင်ဝင်းရွှေ၊ သား ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်း၊ ဦးခင်ညွန့်ရဲ့ ဆရာမ ဒေါ်တင်တင်နွယ် စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ။
RFA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis