menu

Thursday, 23 January 2014

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက်ဟုဆိုကာ ငွေလိမ်ကောက်သည့် ရပ်ကွက်စည်းရုံးရေးမှူး ပါတီဝင်အဖြစ်ရပ်စဲ

Photo: ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက်ဟုဆိုကာ ငွေလိမ်ကောက်သည့် ရပ်ကွက်စည်းရုံးရေးမှူး ပါတီဝင်အဖြစ်ရပ်စဲ....

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မီဒီယာသမားများနာမည် အသုံးပြု၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်၊ နမ့်စန်ခရီးစဉ် အတွက်ဟုဆိုကာ တောင်ကြီးမြို့ပေါ်တွင် ငွေလိမ်လည် ကောက်ခံသည့် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်မှ NLD ပါတီ စည်းရုံးရေးမှူးကို ပါတီဝင်အဖြစ်မှ ရပ်စဲလိုက်ကြောင်း တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောကြားသည်။

ယင်းရပ်ကွက် စည်းရုံးရေးမှူးကို ဇန်နဝါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစည်းအဝေးတွင် ပါတီဝင်အဖြစ်မှ ရပ်စဲလိုက်ခြင်း ဖြစ်ပြီး ထပ်မံအရေးယူနိုင်ရန် ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြထားကြောင်း ယင်းပါတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကိုယ့်ပါတီဝင် တစ်ယောက်ဖြစ်တဲ့အတွက် နာမည်အသုံးချခံရတဲ့ RFA သတင်းထောက် ကိုကျော်မျိုးထွန်းကိုရော၊ RFA ကိုရော တောင်းပန်လိုက်ပါတယ်” ဟု ဦးတင်မောင်တိုးက ဆိုသည်။

ငွေလိမ်လည် ကောက်ခံခဲ့သည့် ရပ်ကွက် စည်းရုံးရေးမှူးကို ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ပြီးမှ အရေးယူသွားဖွယ် ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည့် မည်သည့် အတွက်ကြောင့်မှ အလှူငွေ ကောက်ခံခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လမ်းမတော်ရပ်ကွက် စည်းရုံးရေးမှူးသည် ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ တောင်ကြီးမြို့ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် နမ့်စန်ခရီးစဉ်အတွက် NLD ရန်ပုံငွေဟုဆိုကာ လိမ်လည် ကောက်ခံခြင်း၊ အဆိုပါ ခရီးစဉ် သွားရောက်မည့် သတင်းမီဒီယာသမားအဖြစ် အယောင်ဆောင်၍ ငွေလိုက်လံ ကောက်ခံခဲ့ခြင်း ဖြစ်သည်။
 
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis