menu

Friday, 27 December 2013

လက်ထပ်ခွင့် တောင်းဆိုခြင်းကို ငြင်းဆန်ခဲ့သည့် အမျိုးသမီးအား အမျိုးသားက ဓားဖြင့်ထိုး

စင်ကာပူ ဒီဇင်ဘာ ၂၆

စင်ကာပူ နိုင်ငံတွင် ပါဗီသရာ ဂူနာရှီခါရမ် အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီး တစ်ဦးသည် အမျိုးသား တစ်ဦး၏ လက်ထပ်ခွင့် တောင်းဆိုခြင်းကို ငြင်းဆန် ခဲ့မှုကြောင့် နောက်တစ်ရက်တွင် ဓားဖြင့်ထိုး၍ တိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ပါဗီသရာသည် Nangyang Polytechnic သူနာပြု တက္ကသိုလ်မှ ကျောင်းသူတစ်ဦး ဖြစ်ပြီး အမျိုးသား တစ်ဦးထံမှ လက်ထပ်ခွင့် တောင်းဆိုခြင်းကို သူမက ငြင်းဆန်ခဲ့ကြောင်း၊ ထို့နောက် ၎င်းအမျိုးသားသည် သူမကျောင်းသို့ သွားသည့်လမ်းတွင် သူမအား စောင့်နေ ခဲ့ပြီးနောက် ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၈ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခု အခါတွင် ပါဗီသရာသည် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သူမ၏ မိသားစုဝင် များက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် အမျိုးသားမှာ ဆေးရုံ တစ်ရုံမှ သန့်ရှင်းရေး ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၎င်း၏ နေရပ်လိပ်စာကို အာဏာပိုင် များက စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis