menu

Monday, 11 November 2013

အကောင်းဆုံးရိုးရာဝတ်စုံဆု ၁၀ ဦးတွင် ရွေးချယ်ခံရတဲ့ ထားထက်ထက်

ထိုင်းနိုင်ငံ၌ ပြုလုပ်သော Miss Grand International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ယှဉ်ပြိုင်နေသော ထားထက်ထက်သည် ရိုးရာဝတ်စုံယှဉ်ပြိုင်မှု၌ ဆန်ခါတင် ၁၀ ဦး စာရင်းတွင် ရွေးချယ်ခံထားရကြောင်း ပြိုင်ပွဲ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ကြေညာထားသည်။

အဆိုပါပွဲကို ၀င်ရောက်ယှဉ်ပြိုင်သော ပြိုင်ပွဲဝင် နိုင်ငံ ၈၀ ကျော်ထဲမှ အကောင်းဆုံးရိုးရာဝတ်စုံဆုအတွက် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်၊ ဗင်နီဇွဲလား၊ မက္ကဆီကို၊ ဆွီဒင်၊ တာခ်မန်နစ္စတန်၊ လက်ဘနွန်၊ ပေါ်တိုရီကို နိုင်ငံမယ်များအား  ရွေးချယ်ထားသည်။

နိုဝင်ဘာ ၈ ရက်က ရိုးရာဝတ်စုံပြိုင်ပွဲကို ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့ပြီး ထားထက်ထက်က ဒီဇိုင်နာ မပုံ့ချုပ်ပေးထားသည့် အင်းဝခေတ်ရိုးရာဝတ်စုံကို ၀တ်ဆင်ခဲ့သည်။ ထပ်မံယှဉ်ပြိုင်မှုတစ်ခုဖြစ်သည့် ရေကူးဝတ်စုံဖြင့်ပြိုင်ပွဲကို ပတ္တရားကမ်းခြေ၌ နိုဝင်ဘာ ၁၀ ရက်တွင်   ကျင်းပမည်ဖြစ်ပြီး ဆန်ခါတင် ၁၀ဦး စာရင်းကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးဖိုင်နယ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်၌ ပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်ရွေးချယ်ခံထားရသူများထဲမှ ပေးအပ်မည့်ဆုအသီးသီးကို ထိုပွဲတွင် ကြေညာမည်ဖြစ်သည်။

7Day Daily 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis