menu

Sunday, 20 October 2013

ထောင်မှလွတ်ပြီးသူတပ်မတော်အရာရှိဟောင်းတစ်ဦးမိန်းဂျေးသို့ ၀င်လာသဖြင့်ထောင်အရာရှိနှင့် ၀န်ထမ်းအချို့အရေးယူခံရ


 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးအကျဉ်း ထောင်၌ (၂.၁၀.၁၃)ရက်နေ့က ထောင်အဓိကနေရာမိန်းဂျေးသို့ ထောင်မှလွတ်မြောက်ပြီးသော တပ်မတော်အရာရှိဟောင်းတစ်ဦး ၀င်ရောက်လာသည့်ကိစ္စနှင့်ပတ်သက် တာဝန်မှူးမှထောင်စည်းကမ်း ချိုးဖောက်သည်ဟုဆိုကာဒုထောင် မှူး (၂) ဦး၊ တံခါးစောင့် (၂) ဦး တို့အားတိုင်ကြားရာ (၄.၁၀.၁၃) ရက်နေ့တွင် ၎င်းတို့ (၄)ဦးအား အရေးယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒုထောင်မှူးတစ်ဦးအား ရာထူးမှထုတ်ပယ်လိုက်ပြီးကျန် ဒုထောင်မှူးတစ်ဦးအားရာထူး ရှော့စေသည့်အပြင်အခြားအဆင့် (၂) ဦးအားသတိပေးမှုများပြုလုပ် ခဲ့ပါသည်။
ယင်းပြဿနာဖြစ်စဉ် အား အသေးစိတ်သိသူဝန်ထမ်း တစ်ဦးကပြောကြားရာတွင်တပ်မ တော်အရာရှိဟောင်းတစ်ဦးပြစ် ဒဏ်ကျကာထောင်မှလွှတ်မြောက် ပြီး ထောင်တွင်းနှစ်ရှည်ဒဏ်ကျ နေသူထောက်လှမ်းရေးဗိုလ်မှူး ကြီး ဦးတင်လှအားဖိနပ်နှင့်ပစ္စည်း တစ်ချို့ဖြင့်ဂါဝရပြုမည်ဟုဆိုကာ ပြောဆိုပြီးမိန်းဂျေးသို့ရောက်သွား သည့်ကိစ္စဖြစ်ကြောင်းအတည်ပြု ပြောကြားပါသည်။ ရာထူးမှရပ် နားခံရသူ ဒုထောင်မှူးအားမေး မြန်းရာ ““ကျွန်တော်ခေါ်လာတာ မဟုတ်ပါဘူး ကျွန်တော်က ကျွန်တော်တာဝန်နဲ့ကျွန်တော်သွား တာပါ”” ဟုပြောကြားပြီး၊ ဆက်လက်မပြောချင်တော့ကြောင်း၊ ပြောလျှင်လဲမထူးကြောင်း ၎င်းမှ ပြောပါသည်။

မြစ်သာ (ကလေး)
Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis