Tuesday, 15 October 2013
စက်ဆရာတစ်ဦး သင်္ဘောလွန်းကျင်းအတွင်း ပြုတ်ကျသေဆုံးမှု သွေးရိုးသားရိုးဟုတ်မဟုတ် စစ်ဆေးနေ
ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၃ မိနစ်
ဆိပ်ကြီး၊ ခနောင်တိုမြို့နယ်တွင် စက်လှေစက်ပြင်ဆရာတစ်ဦး သင်္ဘောလွန်းကျင်းအတွင်း ပြုတ်ကျသည်ဆိုပြီး ဒဏ်ရာများဖြင့် သေဆုံးနေမှုအား သွေးရိုးသားရိုး ဟုတ်မဟုတ် မြို့နယ်ရဲစခန်းက အောက်တိုဘာ ၁၃ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။
သေဆုံးသူမှာ ငါးဖမ်းစက်လှေတွင် လက်ထောက်စက်ပြင်ဆရာအဖြစ် အလုပ်လုပ်နေသည့် ဆိုသူဖြစ်ပြီး ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ အလတ်ချောင်းကျေးရွာနေ ကိုထွေးလွင် (၃၂)နှစ်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
၎င်းသင်္ဘောသည် ၀င်းဆွေဝါ လွန်းကျင်းတွင် လွန်းတင်ပြုပြင်နေပြီး အောက်တိုဘာည ၁၁ နာရီခွဲတွင် အရက်နေမူးသည့် ကိုထွေးလွင်က အပေါ့ထသွားစဉ် စက်လှေပေါ်မှ ခြေချော်ပြီး လွန်းကျင်းထဲ ပြုတ်ကျခဲ့သည်ဟု ရဲက ကနဦး စစ်ဆေးချက်များအရ သိရှိထားသည်။
လွန်းကျင်းအတွင်း ပြုတ်ကျမှုကြောင့် ကိုထွေးလွင်တွင် ယာပါး၊ ယာနားရွက်၊ ယာခြေဖနောင့်ပွန်းစုတ် ဒဏ်ရာများရရှိပြီး ဆိပ်ကြီးခနောင်တို ဆေးရုံမှ ရန်ကုန် ဆေးရုံသို့ ပို့အပ်စဉ် နံနက် ၃ နာရီခန့် အချိန်တွင် သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့က တွေ့ရှိထားသည်။
သေဆုံးသူအလောင်းအား ဆေးရုံမှ ပီအာရ် ၀၀၈ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးပေးရန် ဒု-ရဲမှူး ဇော်မင်းက တရားလိုပြုလုပ်တိုင်တန်းထားသည်။
ယင်းကြောင့် ဆိပ်ကြီးခနောင်တို ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး သေဆုံးရသည့် အကြောင်းရင်းအား ဆက်လက်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။
Mizzima News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment