menu

Sunday, 22 September 2013

ဧရာဝတီမြစ်အတွင်း ရေချိုးဆင်းကူး ရာမှ ကျောင်းသားနှစ်ဦး ရေမျောပျောက်ဆုံး

မြစ်ကြီးနား ၊ ၂၂-၉-၂၀၁၃

စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲက ဝိုင်းမော်မြို့ ရပ်ကွက်(၁) ဧရာဝတီ မြစ်ရေ ချိုးဆိပ် ၌ ဝိုင်းမော်မြို့ အထက(၁)မှ ကျောင်းသားများ ဖြစ်သည့် မောင်ဝေါ်မြာပေါ် ၊ မောင်ခေါ်တူ ၊ မောင်ဖီဖန်ရွှေ ၊ မောင်လမြာဆား ၊မောင်ထက်အောင်လှိုင် တို့(၅)ဦးသည် ရေချိုး ဆင်းကူးရန် ရောက်လာပြီး မောင်ထက်အောင်လှိုင် မှာ ကမ်းစပ်၌ ထိုင်၍ ကျန်ခဲ့ပြီး ကျန်(၄)ဦးက မြစ်အတွင်း ရေချိုး ဆင်းကူးရာမှ အဆိုပါ ကျောင်းသား(၄) ဦးစလုံး မြစ်အတွင်းမျောပါ၍ စက်လှေ မောင်းများက လိုက်လံ ဆယ်ယူရာ မောင်ဖီဖန်ရွှေ နှင့် မောင်လမြာဆား တို့(၂)ဦးအား ဆယ်ယူရရှိပြီး မောင်ဝေါ်မြာပေါ် (၁၂)နှစ် (ဘ) ဦးဝေါ်ဆာ နှင့် မောင်ခေါ်တူ (၁၂)နှစ် (ဘ) ဦးခေါ်ဆာ တို့နှစ်ဦးအား ဆယ်ယူ နိုင်ခြင်း မရှိဘဲ ရေစီး အတိုင်းမျောပါ ပျောက်ဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား (၂)ဦး ရေမျော ပျောက်ဆုံး ခြင်းကြောင့် စက်တပ် သမ္ဗာန်များ ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင် များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များက ပျောက်ဆုံး သူများ ပြန်လည် တွေ့ရှိရေး လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရှိရသည်။

Copy From...
The Myawady Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis