menu

Tuesday, 29 January 2013

စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆောက်မည်

Photo: စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆောက်မည်

မန္တလေး-ဇန်န၀ါရီ၂၉

စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုဖြစ်လာရန် စီစဉ်နေကြောင်းမန်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန်းလေးမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီမြစ် ရေကြီး မှုကာကွယ်ရေးစီမံကိန်း (Ayawaddy River Flood Preventation)နှင့် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုကှိုတည်ဆောက်သွားမည်ဟုသိရသည်။
မြစ်အတွင်းမှ သဲ များကို သောင်တူးစက်များနှင့် ဖော်ထုတ်ပြီး အဆိုပါသဲများကို ရေ၀င်ဧရိယာများတွင် ၁၅မီတာအမြင့်ထိဖို့ကာ ၄င်းနေရာများပေါ်တွင် နိုင်ငံတကာအဆင့်မီ ဧရာဝတီမြစ်ဆိပ်ကမ်း၊ ဈေးဝင်စင်တာများ၊ အိမ်ယာတိုက်ခန်းမျာ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ ဒုဥက္ကဌ မန်းလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဒေါက်တာမြင့်ကြူက မန်းလေးမြို့ သတင်းသမားအချို့နှင့် တွေ့ဆုံစဉ်ပြောသည်။
ဧရာဝတီမြစ်ရေက တချို့နေရာတွေမှာ နှစ်စဉ်လျှံတယ်။ ဧရာဝတီမြစ်က မြစ်ကြောင်းကလည်း ကောနေပြီ။ ကြာရင် မြစ်ကြောင်းပြောက်သွားနိုင်တယ်။ မြစ်ထဲက သဲတွေဖို့လိုက်ရင် ဧက ၁၈၀၀၀လောက် ထွက်လာမယ်။ ဒီအပေါ်မှာဒီစီမံကိန်းကို အကောင်အထည်ဖော်လိုက်ရင် ပြည်တွင်းပြည်ပက ခရီးသွားတွေကို လည်း ဆွဲဆောင်လာနိုင်မယ်။ ပြည်တွင်းမှာ အလုပ်အကိုင်တွေလည်း ရလာမယ်။ အကျိုးအများကြီးဖြစ်လာ နိုင်တယ် ဟု ၀န်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။
အဆိုပါစီမံကိန်းကို မန်းလေးမြို့ ဖွဲ့ဖြိုးတိုးတက်ရေး နှစ်သုံးဆယ်စီမံကိန်းတွင် ပထမ ငါးနှစ်အတွင်း အ ကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ပြီး မလေးရှားကုမ္မဏီတစ်ခုနှင့် မန်းစည်ပင်သာယာရေးကော်မတီတို့ကြား နားလည်မှုစာချွန်လွှာ(Mou) ရေးထိုးပြီးသွားပြီဟု ဆိုသည်။ ဖိုးလပြည့်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မန္တလေး-ဇန်န၀ါရီ၂၉

စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုဖြစ်လာရန် စီစဉ်နေကြောင်းမန်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
န်းလေးမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီမြစ် ရေကြီး မှုကာကွယ်ရေးစီမံကိန်း (Ayawaddy River Flood Preventation)နှင့် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုကှိုတည်ဆောက်သွားမည်ဟုသိရသည်။
မြစ်အတွင်းမှ သဲ များကို သောင်တူးစက်များနှင့် ဖော်ထုတ်ပြီး အဆိုပါသဲများကို ရေ၀င်ဧရိယာများတွင် ၁၅မီတာအမြင့်ထိဖို့ကာ ၄င်းနေရာများပေါ်တွင် နိုင်ငံတကာအဆင့်မီ ဧရာဝတီမြစ်ဆိပ်ကမ်း၊ ဈေးဝင်စင်တာများ၊ အိမ်ယာတိုက်ခန်းမျာ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ ဒုဥက္ကဌ မန်းလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဒေါက်တာမြင့်ကြူက မန်းလေးမြို့ သတင်းသမားအချို့နှင့် တွေ့ဆုံစဉ်ပြောသည်။
ဧရာဝတီမြစ်ရေက တချို့နေရာတွေမှာ နှစ်စဉ်လျှံတယ်။ ဧရာဝတီမြစ်က မြစ်ကြောင်းကလည်း ကောနေပြီ။ ကြာရင် မြစ်ကြောင်းပြောက်သွားနိုင်တယ်။ မြစ်ထဲက သဲတွေဖို့လိုက်ရင် ဧက ၁၈၀၀၀လောက် ထွက်လာမယ်။ ဒီအပေါ်မှာဒီစီမံကိန်းကို အကောင်အထည်ဖော်လိုက်ရင် ပြည်တွင်းပြည်ပက ခရီးသွားတွေကို လည်း ဆွဲဆောင်လာနိုင်မယ်။ ပြည်တွင်းမှာ အလုပ်အကိုင်တွေလည်း ရလာမယ်။ အကျိုးအများကြီးဖြစ်လာ နိုင်တယ် ဟု ၀န်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။
အဆိုပါစီမံကိန်းကို မန်းလေးမြို့ ဖွဲ့ဖြိုးတိုးတက်ရေး နှစ်သုံးဆယ်စီမံကိန်းတွင် ပထမ ငါးနှစ်အတွင်း အ ကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ပြီး မလေးရှားကုမ္မဏီတစ်ခုနှင့် မန်းစည်ပင်သာယာရေးကော်မတီတို့ကြား နားလည်မှုစာချွန်လွှာ(Mou) ရေးထိုးပြီးသွားပြီဟု ဆိုသည်။ ဖိုးလပြည့်

Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis