menu

Saturday, 27 October 2012

လိပ်ပြာ ၉၀၀၀ သေဆုံးရသည့် ပန်းချီပြပွဲ

လိပ်ပြာ ၉၀၀၀ သေဆုံးရသည့် ပန်းချီပြပွဲ


ပန်းချီပညာရှင်ဒါမီယမ်ဟစ် (စ်)အား အငြင်းပွားမှုများကို ဖန် တီးသည့် အနုပညာရှင်အဖြစ် လူသိများခဲ့သည်။  ၎င်းသည်  အရောင်မဲ့ ဖော်မယ်ဟီဒိုက်ဓာတ် ငွေ့များပျော်ဝင်နေသည့် ရေတိုင် ကီအတွင်း ငါးမန်းတစ်ကောင် အားနှစ်မြှုပ်ထားခဲ့သည်။ နွားမ တစ်ကောင်နှင့်နွား သားပေါက် လေး တစ်ကောင်အားလည်း ခွဲ ခြားထားခဲ့သည်။ ၎င်းပြင် တိတ် မော်ဒန်၌ ကျင်းပသည့် “အချစ်၏ အတွင်းနှင့်အပြင်” ဟုနာမည်ပေး ထားသောပြခန်း၌ ပြတင်းပေါက် မရှိသော အခန်း(၂) ခန်းအတွင်း လိပ်ပြာအရှင်များအားထည့်ထား ခဲ့သည်။ ထိုပြပွဲပြီးဆုံးသွားချိန်၌ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ သည်။
ပန်းချီပညာရှင်များက ထို ပြပွဲအား သဘောနှစ်သက်ကြ သော်လည်း တိရစ္ဆာန်အခွင့် အရေးလှုပ်ရှား သူများက မနှစ်မြို့ ကြပေ။ ရက်သတ္တပတ် ၂၃ ပတ် ကြာမြင့်သည့် ပြပွဲပြီးဆုံးချိန်တွင် လိပ်ပြာပေါင်း ၉၀၀၀ သေဆုံး ခဲ့သဖြင့်ပြပွဲသည် လိပ်ပြာများ အား အစုလိုက်အပြုံလိုက် သတ် ဖြတ်သည့်ပွဲ  ဖြစ်သွားကြောင်း “တယ်လီဂရပ်” သတင်းဌာနက ရေးသားဖော်ပြလိုက်သည်။
ဟစ်(စ်) သည် ပြပွဲအတွက် အပူပိုင်းဒေသ လိပ်ပြာများကို အသုံးပြုခဲ့ကြောင်း၊ ထိုလိပ်ပြာ များသည် သဘာဝအတိုင်း နေထိုင်ရမည်ဆိုပါက ၉ လခန့် အသက်ရှင်နေထိုင်နိုင်ကြောင်း၊ လိပ်ပြာများသည် သဘာဝ၏ လှပသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်နှင့်အညီ ၎င်းတို့အား ကြိုတင်ခန့်မှန်းနိုင်သော သို့မ ဟုတ် မမျှော်မှန်းနိုင်သော ကိစ္စ ရပ်များအတွက်အသုံးပြု၍ ဖြုန်း တီးမပစ်သင့်ကြောင်း သတင်း စာက ဆက်လက်ရေးသားဖော်ပြ လိုက်သည်။
ပြပွဲအားကာကွယ်ပြောကြား ရာတွင်  ၊အနုပညာပြတိုက်က လိပ်ပြာများအား ပြပွဲပြသနေ သည့်အခြေအနေတွင် ရှင်သန် နိုင်သည်ဟု  သိရှိထားပြီးသည့် မျိုးစိတ်များအား ရွေးချယ်ထား ခြင်းဖြစ်ကြောင်း၊  ဟစ်(စ်)၏ ပထမဦးဆုံးသောနောက်ကြောင်း ပြန်အမှတ်တရပြပွဲဖြစ်ကာ အထူး အောင်မြင်သောပြပွဲဖြစ်ပြီးနေ့စဉ်  လူသုံးထောင်ခန့် လာရောက် ကြည့်ရှုကြကြောင်း ပြောကြား လိုက်သည်။
ဟစ်(စ်) ကျောင်းသား ဘ၀က ထိုပြပွဲအားပြသခဲ့ဖူးပြီး ယခုတဖန် ပြတိုက်အတွက် ပြန် လည်ပြသပေးခဲ့ခြင်းဖြစ်သည်။ 

ဥက္ကာအောင်

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
ပန်းချီပညာရှင်ဒါမီယမ်ဟစ် (စ်)အား အငြင်းပွားမှုများကို ဖန် တီးသည့် အနုပညာရှင်အဖြစ် လူသိများခဲ့သည်။ ၎င်းသည် အရောင်မဲ့ ဖော်မယ်ဟီဒိုက်ဓာတ် ငွေ့များပျော်ဝင်နေသည့် ရေတိုင် ကီအတွင်း ငါးမန်းတစ်ကောင် အားနှစ်မြှုပ်ထားခဲ့သည်။ နွားမ တစ်ကောင်နှင့်နွား သားပေါက် လေး တစ်ကောင်အားလည်း ခွဲ ခြားထားခဲ့သည်။ ၎င်းပြင် တိတ် မော်ဒန်၌ ကျင်းပသည့် “အချစ်၏ အတွင်းနှင့်အပြင်” ဟုနာမည်ပေး ထားသောပြခန်း၌ ပြတင်းပေါက် မရှိသော အခန်း(၂) ခန်းအတွင်း လိပ်ပြာအရှင်များအားထည့်ထား ခဲ့သည်။ ထိုပြပွဲပြီးဆုံးသွားချိန်၌ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ သည်။
ပန်းချီပညာရှင်များက ထို ပြပွဲအား သဘောနှစ်သက်ကြ သော်လည်း တိရစ္ဆာန်အခွင့် အရေးလှုပ်ရှား သူများက မနှစ်မြို့ ကြပေ။ ရက်သတ္တပတ် ၂၃ ပတ် ကြာမြင့်သည့် ပြပွဲပြီးဆုံးချိန်တွင် လိပ်ပြာပေါင်း ၉၀၀၀ သေဆုံး ခဲ့သဖြင့်ပြပွဲသည် လိပ်ပြာများ အား အစုလိုက်အပြုံလိုက် သတ် ဖြတ်သည့်ပွဲ ဖြစ်သွားကြောင်း “တယ်လီဂရပ်” သတင်းဌာနက ရေးသားဖော်ပြလိုက်သည်။
ဟစ်(စ်) သည် ပြပွဲအတွက် အပူပိုင်းဒေသ လိပ်ပြာများကို အသုံးပြုခဲ့ကြောင်း၊ ထိုလိပ်ပြာ များသည် သဘာဝအတိုင်း နေထိုင်ရမည်ဆိုပါက ၉ လခန့် အသက်ရှင်နေထိုင်နိုင်ကြောင်း၊ လိပ်ပြာများသည် သဘာဝ၏ လှပသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်နှင့်အညီ ၎င်းတို့အား ကြိုတင်ခန့်မှန်းနိုင်သော သို့မ ဟုတ် မမျှော်မှန်းနိုင်သော ကိစ္စ ရပ်များအတွက်အသုံးပြု၍ ဖြုန်း တီးမပစ်သင့်ကြောင်း သတင်း စာက ဆက်လက်ရေးသားဖော်ပြ လိုက်သည်။
ပြပွဲအားကာကွယ်ပြောကြား ရာတွင် ၊အနုပညာပြတိုက်က လိပ်ပြာများအား ပြပွဲပြသနေ သည့်အခြေအနေတွင် ရှင်သန် နိုင်သည်ဟု သိရှိထားပြီးသည့် မျိုးစိတ်များအား ရွေးချယ်ထား ခြင်းဖြစ်ကြောင်း၊ ဟစ်(စ်)၏ ပထမဦးဆုံးသောနောက်ကြောင်း ပြန်အမှတ်တရပြပွဲဖြစ်ကာ အထူး အောင်မြင်သောပြပွဲဖြစ်ပြီးနေ့စဥ
် လူသုံးထောင်ခန့် လာရောက် ကြည့်ရှုကြကြောင်း ပြောကြား လိုက်သည်။
ဟစ်(စ်) ကျောင်းသား ဘ၀က ထိုပြပွဲအားပြသခဲ့ဖူးပြီး ယခုတဖန် ပြတိုက်အတွက် ပြန် လည်ပြသပေးခဲ့ခြင်းဖြစ်သည်။

ဥက္ကာအောင်


The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis