menu

Wednesday, 10 October 2012

ဟင်္သာတတာကြီးဘေးသို့ ၆ ဘီး ကုန်တင်ယာဉ် ဘေးစောင်းပြုတ်ကျ

Photo: ဟင်္သာတတာကြီးဘေးသို့ ၆ ဘီး ကုန်တင်ယာဉ် ဘေးစောင်းပြုတ်ကျ

အောက်တို ဘာလ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန် ဟင်္သာတမြို့ ဦးပါရဲဘုရား တာကြီးတန်းလမ်းတွင်၆ ဘီးကုန်တင်ယာဉ်တစ်စီး တာဘေးသို့ ဘေးတိုက်အနေအထားဖြင့်လဲကျသွားခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန်တွင်
ရန်ကုန်မှ ဟင်္သာတသို့ ပြန်လာသော ယာဉ်အမှတ် လ/ ၄၉၃၁၊ ISUZU FD.6 ယာဉ်အမျိုးအစား ၆ ဘီးကုန်တင်ယာဉ်သည် ဗိုလ်ချုပ်လမ်းဘက်မှ ဦးပါရဲဘုရားတာကြီးပေါ်သို့ မောင်းနှင်လာခဲ့ပြီး ဦးပါရဲဘုရား တာကြီးတန်းလမ်း
သို့ ဆက်လက်မောင်းနှင်လာခဲ့ရာ ဘုရားနံဘေးရှိ သောကြာပါတ် ဆွမ်းလောင်းဓမ္မာရုံ ရှေ့ အစွန်းအမိုးကို ၀င်တိုက်ခဲ့ပြီးနောက်
အရှိန်ပြင်းစွာဖြင့် ဆက်လက်မောင်းနှင်သွားခဲ့ချိန်တွင် အရှိန်မထိန်း
နိုင်ဘဲ ဆွမ်းလောင်းဓမ္မာရုံနှင့် ပေ ၁၅၀ ခန်.အကွာ အတွင်း ပတ္တမြား စာသင်တိုက် ရှေ.တစ်ဖက်ရှိ လူနေအိမ် တစ်အိမ်ရှေ.၊ တာကြီးဘေးသို.
တစောင်း အနေအထားဖြင့် လဲကျသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ်
တွင် ထိခိုက် သေဆုံးမှု မရှိခဲ့ကြောင်း သိရှိရပါသည်။

News from : Eleven Media Group
Post By : Aye Chan Mon
အောက်တို ဘာလ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန် ဟင်္သာတမြို့ ဦးပါရဲဘုရား တာကြီးတန်းလမ်းတွင်၆ ဘီးကုန်တင်ယာဉ်တစ်စီး တာဘေးသို့ ဘေးတိုက်အနေအထားဖြင့်လဲကျသွားခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ အောက်တ
ိုဘာလ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန်တွင်
ရန်ကုန်မှ ဟင်္သာတသို့ ပြန်လာသော ယာဉ်အမှတ် လ/ ၄၉၃၁၊ ISUZU FD.6 ယာဉ်အမျိုးအစား ၆ ဘီးကုန်တင်ယာဉ်သည် ဗိုလ်ချုပ်လမ်းဘက်မှ ဦးပါရဲဘုရားတာကြီးပေါ်သို့ မောင်းနှင်လာခဲ့ပြီး ဦးပါရဲဘုရား တာကြီးတန်းလမ်း
သို့ ဆက်လက်မောင်းနှင်လာခဲ့ရာ ဘုရားနံဘေးရှိ သောကြာပါတ် ဆွမ်းလောင်းဓမ္မာရုံ ရှေ့ အစွန်းအမိုးကို ၀င်တိုက်ခဲ့ပြီးနောက်
အရှိန်ပြင်းစွာဖြင့် ဆက်လက်မောင်းနှင်သွားခဲ့ချိန်တွင် အရှိန်မထိန်း
နိုင်ဘဲ ဆွမ်းလောင်းဓမ္မာရုံနှင့် ပေ ၁၅၀ ခန်.အကွာ အတွင်း ပတ္တမြား စာသင်တိုက် ရှေ.တစ်ဖက်ရှိ လူနေအိမ် တစ်အိမ်ရှေ.၊ တာကြီးဘေးသို.
တစောင်း အနေအထားဖြင့် လဲကျသွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ်
တွင် ထိခိုက် သေဆုံးမှု မရှိခဲ့ကြောင်း သိရှိရပါသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis