ဟီနာခန်းဆိုသူ ပညာသင်ခွင့် လိုလားသော နောက်ထပ်မိန်းကလေးကို လည်း ခြိမ်းခြောက်မှုများ ရှိလာသော ကြောင့် အစိုးရမှ လုံခြုံရေး ပေးပါရန် အဆိုပါ မိန်းကလေး၏ မိဘများကပန် ကြားထားသည်။ တိုက်ခိုက် ခံရသော မာလာလာ ယူဆက်ဖ်ဇိုင်း ကဲ့သို့ပင် ဟီနာခန်း သည်လည်း တောင်ကြားဒေသ တွင် ၁၃ နှစ်သမီးကတည်းက အမျိုးသမီးများ တန်းတူ ပညာသင်ခွင့် အတွက် လှုပ်ရှားနေခဲ့သူဖြစ်သည်။
"ကျောင်းလည်း သွားလို့မရဘူး။ အိမ်ထဲက အိမ်ပြင်ကိုလည်း ထွက်လို့ မရ ဘူး။ ဒီခြိမ်းခြောက်မှုတွေ ဖြစ်လာက တည်းက ဈေးတောင် ရဲရဲ မသွားရဲဘူး။ ဘုရားရှင် ဆီမှာပဲ အဆင်ပြေစေကြောင်း ဆုတောင်း နေရတော့တာပဲ" ဟု ဟီနာ ခန်းက သူ၏ နေအိမ်အခန်းငယ်တစ်ခု တွင် Telegraph
သတင်းစာကို ပြော ကြားသည်။
သူ့နေအိမ်အခန်း အတွင်းဝယ် ပညာသင်ယူခွင့်နှင့် ပတ်သက်သော လှုပ်ရှားမှု ပိုစတာများ ကပ်ထားသည်ကို တွေ့ရသည်။ မာလာလာယူဆွပ်ဖ်ဇိုင်း လုပ်ကြံ တိုက်ခိုက် ခံရသည့်နေ့က ဟီနာ ခန်း၏ အစ္စလာမ် မာဘတ်ရှိ နေအိမ် ခြံတံခါးကို စပရေးဖြင့် ကြက်ခြေခတ်ပုံ သဏ္ဌာန် လာရောက် ရေးဆွဲသွားခဲ့သည် ကိုတွေ့ရသည်။ တယ်လီဖုန်းဖြင့်လည်း ဆက်၍ ခြိမ်းခြောက်မှုများ ရှိနေသည် ဟု ၄င်း၏ မိဘများက ပြောကြားသည်။
"အမှတ်အသားကိုပဲ မင်းတို့ ဖျက်ပစ်လို့ရမယ်။ မင်းတို့ကတော့ ငါတို့ရဲ့ ပစ်မှတ်ပဲလို့ ဖုန်းဆက်ပြီး ပြောဆိုနေ ပါတယ်" ဟု ဟီနာခန်း၏ ဖခင်ဖြစ်သူ ရာယာတူလာခန်းက ပြောကြားသည်။
မစ္စတာခန်းသည်လည်း ပါကစ္စတန် အခြေစိုက် ငြိမ်းချမ်းရေး အတွက် ဖိအားပေးသည့် အဖွဲ့အစည်း တစ်ရပ် လုပ်ကိုင်နေသူ ဖြစ်သည်။ ဟီနာမိခင် သည်လည်း တက်ကြွ လှုပ်ရှားသူ တစ်ဦးပင် ဖြစ်ကာ တောင်ကြားဒေသမှ အမျိုးသမီးများ ဘဝ တိုးတက် မြင့်မားရေး အတွက် ဒေသ ထွက်ပစ္စည်းများ ရောင်းချ ပြသခြင်း၊ သင်တန်းပေး ခြင်းများ ပြုလုပ်ခဲ့၏။
The Voice Weekly
No comments:
Post a Comment