menu

Thursday, 27 September 2012

ပါဂျောင်ဒေသ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုမိန့်နဲ့ စတင် စစ်ဆေးနေ

သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ABSDF (မြောက်ပိုင်း) ကျောင်းသား ၄ ဦးကို ပါဂျောင်ဒေသ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုမိန့်နဲ့ စတင် စစ်ဆေးနေပြီလို့ သိရပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂ဝ ကျော်က မြောက်ပိုင်းဒေသမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ABSDF ကျောင်းသား ရဲဘော်ကိုစိန် (ခေါ်) ဦးစိန်ရဲ့ အမှုနဲ့ ပတ်သက်ပြီး သမီးဖြစ်သူရဲ့ တိုင်တန်းချက်အရ သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ABSDF (မြောက်ပိုင်း) ခေါင်းဆောင် ဦးသံချောင်း ကို ပြီးခဲ့တဲ့ သီတင်းပတ်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရဲအရာရှိတွေက လာရောက်စစ်ဆေး မေးမြန်းခဲ့ကြောင်း ABSDF
မြောက်ပိုင်းကျောင်းသား ဦးကျော်နိုင်ဦးက ပြောပါတယ်။ 
၁၉၉၁ ခုနှစ် နောက်ပိုင်း ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ် ပါဂျောင်ဒေသမှာ
ကျောင်းသားအတော်များများ စစ်ထောက်လှမ်းရေးတွေ အဖြစ် စွပ်စွဲခံရပြီး သတ်ဖြတ် ခံခဲ့ရပါတယ်။

သာယာဝတီထောင် အတွင်း စစ်ဆေးခံရတဲ့ မြောက်ပိုင်းကျောင်းသား ဦးသံချောင်းကို ၂၀၀၆ ခုနှစ်မှာ ဖမ်းဆီးရခဲ့ပြီး နှစ်အကန့်အသတ်မရှိ
ပြစ်ဒဏ်ချမှတ်ခံနေရပါတယ်။
RFA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis