menu

Sunday, 19 August 2012

ပတ်ဝန်းကျင်နှင့်လိုက်ပြီး အရောင်ပြောင်း ကိုယ်ယောင်ဖျောက်နိုင်သည့် တွားသွားစက်ရုပ်ငယ် အမေရိကန်တီထွင်





ပတ်ဝန်းကျင်နှင့်လိုက်ပြီး အရောင်ပြောင်းကိုယ်ဖျောက်နိုင်သည့် တွားသွားစက်ရုပ်ငယ်တစ်မျိုးကို အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖန်တီးခဲ့သည်။
ရေဘ၀ဲများ၏ လှုပ်ရှားမှုကို လေ့လာတည်ဆောက်ထားသည့် ယင်းစက်ရုပ်ငယ်ကို ပျော့စိစိနှင့် ထွင်းဖောက်မြင်နိုင်သော ပိုလီမာများ ဖြင့်ပြုလုပ်ထားသည်။ ပင်တဂွန် စစ်ဌာနချုပ်၏ ကျောထောက်နောက်ခုပြုမှုဖြင့် ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ဖန်တီးခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ပုံစံမှာ စက်ရုပ်ငယ်ကို ဖြာထွက်ရောင်ခြည်သုံး ကင်မရာများ ဖြင့်ပါစစ်ဆေး၍ မရနိုင်စေရန် ဖန်တီးထားသည်ဟု သိရသည်။

ခြေလက် လေးဖက်ရှိသော စက်ရုပ်ငယ်သည်  ၅ ဒသမ ၂ လက် မမျှ ရှည်ပြီး ဘယ်ညာလှုပ်ရှားမှုဖြင့် တွားသွားသွားနိုင်သည်။ ယင်းနည်းပညာကို အဆင့်မြှင့်ခြင်းဖြင့် စစ်ဘက်တွင် သုံးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
Ref: AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis