မြန်မာနိုင်ငံအတွင်းသို့တရား မ၀င်ဝင်ရောက်မှုနှင့်ကော့သောင်း မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရ သော ထိုင်းနိုင်ငံသား ၉၂ယောက် ကို ကော့သောင်းတရားရုံးမှဇူလိုင် လ(၂၇)ရက်နေ့တွင် စီရင်ချက်ချ မည်ဖြစ်ကြောင်းသိရသည်။ယင်း ကိစ္စကို ကူညီဆောင်ရွက်ပေးရန် အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူရာပုန်းနဲ့ ၀န်ကြီးချုပ်ယင်းလိပ် တို့ကိုယ်တိုင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးနှင့်သမ္မတဦးသိန်းစိန်တို့ကို ပြီးခဲ့သည့် နှစ်ပတ်လောက်က ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ကြ စဉ်က မေတ္တာရပ်ခံတောင်းဆိုခဲ့ ကြောင်း လောလောဆယ် ဒီလူ ၉၂ယောက်၏ အမှုကို နယ်ခြား ဒေသ မြို့နယ်အဆင့်ပူးပေါင်းဆောင် ရွက်ရေးကော်မတီ TBC က ထိုင်း အစိုးရကိုယ်စား ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်နေကြောင်းလည်း သိရှိရသည်။
သမ္မဦးသိန်းစိန်အစိုးရတက် လာပြီးနောက် ထိုင်းနှင့်မြန်မာနိုင်ငံ အကြား ဆက်ဆံရေးများတိုးတက် ကောင်းမွန်လာနေသည့်ယခုလို အချိန်တွင် မြန်မာ့ပိုင်နက်ထဲဝင် ရောက်လာကြသော ထိုင်းနိုင်ငံ သားများကို ဖမ်းဆီးထိန်းသိမ်းမှု ဖြစ်ပေါ်ခဲ့တာပါ။ဒါပေမဲ့ ထိုင်းနိုင်ငံ ထဲရောက်လာကြတဲ့မြန်မာနိုင်ငံသား တွေကတော့ နေ့စဉ်လိုလိုဖမ်းဆီး ထိန်းသိမ်းခံနေကြရတာဖြစ်ပြီး လူမှောင်ခိုကူးမှုတွေကြောင့်လူတွေ အစုလိုက်အပြုံလိုက်မကြာခဏ သေဆုံးရတယ်ဆိုတဲ့ သတင်းတွေ လည်းထွက်ပေါ်နေကြောင်း ထိပ် ပိုင်းအစိုးရအဆင့် ဆက်ဆံရေးက တော့ တဖြည်းဖြည်းတိုးတက်ကောင်း မွန်လာသောကြောင့် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်တဲ့ အဆင့်ထိဖြစ်လာပြီးနှစ်နိုင်ငံ စီး ပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင် ရာ နားလည်မှု စာချွန်လွှာတွေကို မနေ့ကပဲလက်မှတ်ရေးထိုးကြောင်း သိရသည်။
ထိုင်းနိုင်ငံသား(၂)ယောက် သည် ထိုင်းနိုင်ငံ ရနောင်းဒေသ Kraburi ခရိုင်ဘက်မှ မြန်မာနိုင်ငံ အတွင်းရှိ သစ်တောတွေထဲမှာ တရားမ၀င်ဝင်ရောက်ပြီးဆေး ခြောက်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း စွပ်စွဲ ချက်နှင့်မြန်မာအာဏာပိုင်များက ဇူလိုင်လ ၄ရက်နေ့ကဖမ်းဆီး ခဲ့တာဖြစ်ကြောင်း၊ယခုအချိန်တွင် မြန်မာအာဏာ ပိုင်များက သူတို့ အမှုကို စစ်ဆေးလို့ပြီးစီးသွားပြီ ဖြစ်တဲ့အတွက် စီရင်ချက်ချ မှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနကပြောပြပါသည်။
ဇူလိုင်လ၂၆ရက်နေ့ နောက်ဆုံးရရှိသည့် သတင်းအရ အဆိုပါထိုင်း အမျိုးသား ၉၂ဦးကို ထောင်ဒဏ် ၃နှစ်ခွဲစီချမှတ်လိုက် ကြောင်း AP သတင်းတစ်ရပ်က အရ သိရသည်။
ထွန်းတောက်
Hot News Journal
No comments:
Post a Comment