menu

Wednesday, 11 July 2012

၂၀၁၃ခုနှစ်မှ စတင်၍ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ရုပ်ရှင်အစည်းအရုံးမှ ပေးအပ်ချီးမြှင့်ရန် စီစဉ်သွားမည်




e7401 ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် များအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို နှစ်နှစ်ပေါင်း၍ ပေးအပ် ချီးမြှင့်ရန်နှင့် ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ယူ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်လျက်ရှိပြီး သက်ဆိုင်ရာ ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းထံသို့ တင်ပြထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ Weekly Eleven News Journal သို့ပြောကြားခဲ့သည်။၂၀၁၃ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ပေးအပ်ချီးမြှင့်နိုင်ရန် အတွက် လိုအပ်သည့် ဆုရွေးချယ်ရေးဆိုင်ရာ စံချိန်စံညွန်းများ၊ ရွေးချယ်ပေးအပ်မည့် ၀ါရင့်အနုပညာရှင်များကို ရွေးချယ်နိုင်ရန် အတွက် စတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။

“မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ခေတ်အဆက်ဆက် ပေးလာခဲ့ရာမှာ သတ်မှတ်လာတဲ့ စံချိန်စံညွှန်းတွေက အနုပညာစံနဲ့ မကိုက်ညီတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ရုပ်ရှင် လောကသား အားလုံးရဲ့ဆန္ဒနဲ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ပွဲကို ရုပ်ရှင်အစည်းအရုံးကပဲ ပေးအပ်ချီးမြှင့်ဖို့ ဆုံးဖြတ်ဖြစ်ပါတယ်။၂၀၁၁ နဲ့ ၂၀၁၂ နှစ်နှစ်တာကာလကို ပေါင်းပြီး အခု နှစ်ကုန်ပိုင်းအတွင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ပဲ ကျင်းပပေးဖို့နဲ့ ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းကို ရုပ်ရှင် အစည်းအရုံးက တာဝန်ယူပေးအပ် ချီးမြှင့်သွားဖို့ တင်ပြထားပါတယ်။ လိုအပ်တဲ့ ပြင်ဆင်မှုတွေကိုလည်း စတင်လုပ်ဆောင်နေပါပြီ”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရှင်းပြခဲ့သည်။
 EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis