menu

Monday, 30 July 2012

ဦအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည် ရုပ်သိမ်းရေး လက်မှတ် စုဆောင်း

ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည် ရုပ်သိမ်းရေး လက်မှတ် စုဆောင်းရာတွင် ယနေ့ နေ့လည် တစ်နာရီခွဲ အချိန်ထိ လက် မှတ် ၂၀၀ ခန့်ရရှိပြီး ဖြစ်ပြီး တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်လျှက်ရှိရာ အနည်းဆုံး လက်မှတ် ၂၀၀၀ ခန့်ရရှိမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရေးအတွက် ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၉)၊ အပိုဒ် ၃၉၆ (လွှတ်တော် ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းရေး အခန်း ) တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲ ဆန္ဒရှင်များက အဆိုပါ လွှတ်တော်ကိုယ်စားလှယ် အား တာဝန်မှ ပြန်လည် ရုတ်သိမ်းလိုပါက မဲ ဆန္ဒရှင် ၁ ရာခိုင်နှုန်း၏ ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရမည်ဟု ပါရှိသည့် အတွက် တောင်ဥက္ကလာပ မဲဆန္ဒနယ်တွင် မဲဆန္ဒရှင် ရှစ်သောင်းကျော်သာ ရှိသောကြောင့် ကန့်ကွက်သူ ဦးရေ ရှစ်ရာကျော် ရရှိမည်ဆိုပါက အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ကို တာဝန်မှ ပြန်လည် ရုပ်သိမ်း နိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
Voice Weekly News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis