menu

Sunday, 29 July 2012

အာဏာရှင်ရဲ့ ချစ်သူ

ဒီတစ်ခါ မြောက်ကိုရီးယားသတင်းကတော့ အာဏာရှင်ရဲ့ ဖိနှိပ်မှုမဟုတ်ပါဘူး။ နျူးကလီးယား စီမံကိန်းကို ကမ္ဘာ့ပုလိပ်ကြီး ရွှေစိတ်တော် ငြိုငြင်အောင် လျှို့လျှို့ဝှက်ဝှက် စမ်းသပ်နေတဲ့ သတင်းလည်း မဟုတ်ပြန်ဘူး။ မြောက်ကိုးရီးယား စစ်လက်နက်ခဲယမ်း အပြည့်နဲ့  ကုန်တင်သင်္ဘောကို လှိုင်မြစ်ဝမှာ တွေ့တယ်ဆိုတဲ့ သတင်းလည်း မဟုတ်ပါဘူး။ ဒီဇာတ်လမ်းမှာ ၀တ်မှုံရွှေရည်လည်း မပါပါဘူး။
အာဏာရှင်ပေါက်စ ကင်ဂျုံးအန်းရဲ့ လက်ထပ်မင်္ဂလာ သတင်းပါ။ သတင်းအမှန်ပါပဲ။
နှစ်သက်ဖွယ်ရာ ရဲမေ ချစ်သူ ရီဆိုးဂျူရဲ့ ရင်ခွင်မှာ အာဏာရှင်စိတ်ရိုင်းတွေ ပျော့ပြောင်းလာဖွယ်ရာ ရှိနေတယ်လို့ မောက္ခက သုံးသပ်ရပါတယ်။

အာဏာရှင်ပေါက်စနလေးအတွက်လည်း ဒီတခါမျှတာ့ မုဒိတာ ပွားကြပါစို့ရယ်။ သူလည်းလေ လောကီသားပေမို့။ ဖခင်အာဏာရှင်ကြီးနဲ့ မတူတဲ့ ပွင့်လင်းတဲ့ လုပ်ရပ်အချို့အတွက် ကမ္ဘာ့ရန်တစ်ခုဟာဖြင့် သက်သာရာ ရလောက်ပါရဲ့လို့လည်း သက်ပြင်းချသံတွေ ကြားနေရပါတယ်။
အာဏာရှင်လက်သစ်လေးရဲ့ ပွင့်လင်းတဲ့ အပြုံးတွေဟာ မြောက်ကိုးရီးယားရဲ့ အနာဂတ်သစ် ဖြစ်ပါစေလို့ မျှော်လင့်မိပါရဲ့။


အာဏာရှင်လက်သစ်လေးရဲ့ မင်္ဂလာသတင်းနဲ့အတူ မြောက်ကိုးရီးယား လယ်သမားများလည်း ၀မ်းဝလို့ ခါးလှကြပါစေသော်ဝ်။
မောက္ခသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis