မေ ၁၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ ရန်ကုန် မြို့တွင်းသို့ တေးသံရှင်ဂျေညီညီ ကိုယ်တိုင်မောင်းနှင်လာသည့်ကားကို Golden Flower ကုမ္ပဏီပိုင် ဘိလပ်မြေဖျော် စက်ယာဉ်ကြီး (၅ဂ/၂၅၇၁) ဘရိတ်ပေါက်၍ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းရှေ့၌ ဝင်ရောက်တိုက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် တေးသံရှင် ဂျေညီညီမှ ပြင်းထန်စွာ ဒဏ်ရာများ ရရှိသည့်အပြင် သူ၏ ကိုယ်ပိုင်ယာဉ်မှာလည်း ပျက်စီးမှုများရှိခဲ့သည်။ ရရှိသောဒဏ်ရာများကြောင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ မေ ၁၄ ရက်မှ စတင်၍ ၁၄ ရက်တိုင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ ယင်းယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး Golden Flower ကုမ္ပဏီနှင့် လူမှုရေးအရ ပြေလည်မှုများ ပြုလုပ်ခဲ့ရာ အဆင်မပြေမှုများ၊ နစ်နာဆုံးရှုံးမှုများ ရှိလာသောကြောင့် လွန်ခဲ့သည့် ဇွန် ၂၇ ရက်၊ ညနေ ၄ နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star Hotel ၌ နစ်နာမှုများနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
ထိခိုက်ဒဏ်ရာများနှင့် တွေ့ရသည့် ဂျေညီညီ
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည်ဟု ဂျေညီညီက ဆိုသည်။ Golden Flower ကုမ္ပဏီသည် မြန်မာအမည်ခံ နိုင်ငံခြားသားပိုင် ကုမ္ပဏီဖြစ်ပြီး နိုင်ငံတော်အနေဖြင့် တိုင်းသူ ပြည်သားများ အတွက် ကာကွယ်ပေးနေသည့် ဥပဒေများရှိနေသည့် အတွက် ဥပဒေနှင့်သာ ဖြေရှင်းမည်ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လမ်းမတော် ဝါးတန်းလမ်းရှိ Golden Flower ကုမ္ပဏီသို့ မြန်မာအင်ဒီပဲန်ဒင့်မှ သွားရောက်မေးမြန်းရာ ကုမ္ပဏီရုံးချုပ်မှ ဝန်ထမ်းများက အခင်းဖြစ်ပွားသည့် ဝန်ထမ်းမှာ ရွှေပြည်သာ စက်မှုဇုန်ရှိ တာယာစက်ရုံမှ ဖြစ်၍ ရုံးချုပ်က ပြောပိုင်ခွင့်မရှိဟု ပြောသောကြောင့် ရွှေပြည်သာ စက်မှုဇုန်သို့ ဆက်သွယ်စုံစမ်းရာ ယင်းကိစ္စကို တာဝန်ယူသော တာဝန်ခံ ခရီးသွားနေသောကြောင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
Independent News
No comments:
Post a Comment