menu

Friday, 29 June 2012

"ရွှေဝါရောင်တော်လှန်ရေးနောက်ခံ ၀တ္ထုစာအုပ်ထုတ်ဝေခဲ့သည့် စာအုပ်တိုက်ကို ထုတ်ဝေခွင့်ယာယီပိတ်"


လူငယ်စာရေးဆရာမြေမှုန်လွင်ရေးသားသည့် "ကျောက်စာကို ခဲဖျက်နှင့်ဖျက်၍မရ" လုံးချင်းဝတ္ထု စာအုပ်ကို ထုတ်ဝေခဲ့မှုကြောင့် "ငါတို့"စာပေကို ထုတ်ဝေခွင့်ယာယီပိတ်သိမ်းလိုက်ကြောင်း ထုတ်ဝေသူ ကိုစန်းမွန်အောင်က ပြောသည်။
အဆိုပါစာအုပ်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ခံနှင့် ရေးဖွဲ့ထားခြင်းဖြစ်ပြီး လူငယ်တစ်ယောက်၏ ဘ၀တော်လှန်ရေးမှတ်တမ်းဟု စာအုပ်မျက်နှာဖုံးတွင်ရေးသားထားသည်။
"စိစစ်ရေးရုံးရှေ့မှာ စာကပ်ထားတယ်။ ဆက်လက်အရေးယူသွားမယ်လို့လည်း ပြောတယ်။ ဒီစာအုပ်ကို ဖတ်ညွှန်း မရေးရဘူးလို့ ဂျာနယ်တွေကို စိစစ်ရေးကဖုန်းဆက်ထားတယ်လို့ ကြားပါ တယ်" ဟု ကိုစန်းမွန်အောင်က ဆိုသည်။



ယင်းစာအုပ်ကို ယခုလအတွင်း ဈေးကွက်သို့ ဖြန့်ချိခဲ့ပြီးဖြစ်ကာ စာအုပ်ဆိုင် များတွင် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။
7 Days News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis