menu

Thursday, 9 February 2012

မတ်လအတွင်း ချပေးမည့် ဂျီအက်စ်အမ်ဖုန်းမှာ ကျပ်နှစ်သိန်းအထက်တွင်သာ ရှိမည်ဟုဆို




မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ မတ်လအတွင်း ချပေးဖွယ်ရှိသည့် ဂျီအက်စ်အမ်ဖုန်းများနှင့် ပတ်သက်၍ ကျပ်တစ်သိန်းခွဲခန့်ဖြင့်သာ ရောင်းချမည်ဟု သတင်းအချို့ ထွက်ပေါ်လာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနသို့ ဆက်သွယ်မေးမြန်းရာ ယင်းမှာမဖြစ်နိုင်ကြောင်း၊ ဈေးနှုန်းအတိအကျ မသတ်မှတ်ရသေး သော်လည်း ကျပ်နှစ်သိန်းနှင့် ကျပ်သုံးသိန်းကြားတွင်သာ ဈေးနှုန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “အခုချပေးမယ့် ဂျီအက်စ်အမ် ဖုန်းကဈေးနှုန်း သေချာ မသတ်မှတ်ရသေးပါဘူး။ ကျပ်နှစ်သိန်းအောက်တော့ မဖြစ်နိုင်ပါဘူး။ ကျပ်နှစ်သိန်း နဲ့သုံးသိန်းကြားအတွင်းမှာပဲ ဖြစ်မှာပါ။ ကျပ် ၂၃၀၀၀၀ ဖြစ်ချင်ဖြစ်မယ်၊ ကျပ်နှစ်သိန်းခွဲဖြစ်ရင်လည်းဖြစ်မယ်၊ ဒါမှမဟုတ် ကျပ် ၂၈၀၀၀၀ လည်း ဖြစ်ချင်ဖြစ်ပါမယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာန မှတာဝန်ရှိသူကပြောကြားသည်။

“အခုချပေးမယ့် ဖုန်းကအရင်ဖုန်းတွေထက် ဈေးနှုန်းသက်သာတယ်ဆိုပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ရင် အရမ်းများနေပါသေးတယ်။ အခုချပေးမယ့် ကျပ်သုံးသိန်းထက် နည်းတဲ့ဖုန်းကို ၀ယ်မယ့်သူအများစုက လည်း ရှိစုမဲ့စု ချွေးနည်းစာလေးတွေ စုဆောင်းပြီး ၀ယ်ကြရမယ့်သူတွေ များပါတယ်။ တဖြည်းဖြည်းဈေး လျှော့ပေးသွားတာထက် လူအများစုတတ်နိုင်တဲ့နှုန်းထား၊ အိမ်နီးချင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မကွာခြားတဲ့ နှုန်းထားနဲ့ရောင်းပေးနိုင်ရင် ပိုကောင်းပါတယ်”ဟု လခစားဝန်ထမ်းတစ်ဦး က သူ၏အမြင်ကို ပြောပြသည်။
“ဈေးသက်သက်သာသာနဲ့ သုံးစွဲခွင့်ရဖို့ တောင်းဆိုကြတာကလည်း ပြည်သူတွေရဲ့တာဝန်၊သူတို့ရဲ့အခွင့် အရေးပါပဲ။ တစ်ဖက်ကလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့  ပွင့်လင်းမြင်သာမှုတွေ အခုထက်ပိုရှိသင့်ပါပြီ။ ပုဂ္ဂလိက ကဏ္ဍပါဝင်မှု တွေကလည်း အခုထက်ပိုပြီး ရှိလာ သင့်ပါတယ်”ဟု အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူကပြောကြားသည်။
ကျပ်ငါးထောင်ဖုန်း သတင်းများကြောင့် ပြည်သူအများစုမှာ ဈေးနှုန်းသက်သာစွာဖြင့် မိုဘိုင်းဖုန်း တစ်လုံးကိုင်ဆောင်နိုင်ရန် မျှော်လင့်ချက်ကြီးမားလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချပေးမည့် ဂျီအက်စ်အမ်ဖုန်းများမှာလည်း ယခင်သတ်မှတ်ချက်များထက် ဈေးနှုန်းလျော့ကျ လာမည်ဟု မျှော်လင့်နေကြကြောင်း စုံစမ်းသိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis