menu

Wednesday, 15 February 2012

ဒေါ်အောင်ဆန်းစုကြည် လှည်းကူးအားကစားကွင်းတွင် မိန့်ခွန်းပြော ပရိတ်သတ် တစ်သိန်းနီးပါး တက်ရောက်


ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ ၁၅ ရက် ၁၂ နာရီ တွင် လှည်းကူးမြို့သို့ ရောက်ရှိပြီး ၁၂နာရီ ၃၀ မိနစ်တွင် လှည်းကူးအားကစားကွင်း ပရိတ်သတ်များကို မိန့်ခွန်းပြောကြားခဲ့သည်။“ကျမတို့ အနေနဲ့ ပြိုင်ဘက်ပါတီ တွေကို ရန်သူလို့ သဘောမထားပဲ မိတ်ဆွေလိုပဲ သဘောထားပါတယ်။ ရန်သူလိုသဘောထားတယ်ဆိုတာ ဒီမိုကရေစီ စနစ်မှာ မဖြစ်သင့်ပါဘူး ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။အလားတူ လှည်းကူးမြို့တွင် ဝင်ရောက်အရွေးခံမည့် ဦးဖြိုးမင်းသိန်းကိုလည်း မဲပေးကြဖို့ သူမက တိုက်တွန်း ပြောကြားခဲ့သည်။ အဆိုပါ လူထုနှင့်တွေ့ဆုံပွဲသို့ တက်ရောက်လာစဉ် လမ်းတစ်လျောက်နှင့် တက်ရောက်လာသူ ပရိတ်သတ်မှာ တစ်သိန်း နီး ပါးရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis