ဖေ့စ်ဘွတ်ခ်၏ ၀န်ဆောင်မှု အသစ်ဖြစ်သော အတိတ်မှတ်တမ်း စဉ်ကိုဖော်ပြသည့် Timeline ၀န်ဆောင်မှုကို စတင်ထွက်ရှိစဉ်က အသုံးမပြုလိုလျင် အသုံးမပြုဘဲ နေခွင့်ရှိခဲ့သော်လည်း ယခုအခါ အသုံးပြုလိုသည်ဖြစ်စေ၊ မပြုလိုသည်ဖြစ်စေ အလိုအလျောက် ပြောင်းလဲကာ မဖြစ်မနေသုံးစွဲရတော့မည်ဖြစ်ကြောင်း သိရသည်။
Timeline ၀န်ဆောင်မှုသည် သုံးစွဲသူများ၏ Profile Page ကို ပုံစံပြောင်းသွားစေမည်ဖြစ်ပြီး စတင်သုံးစွဲခဲ့ချိန်မှစပြီး လက်ရှိအချိန်အထိလုပ်ဆောင်ခဲ့သမျှကို မှတ်တမ်းစဉ်အနေဖြင့် ဖော်ပြသည့် ပုံစံဖြစ်သည်။ယင်းသို့ မဖြစ်မနေပြောင်းလဲ ရမည့်အချိန်အတွက် တစ်ပတ်အချိန်ပေးထားပြီး ပြောင်းပြီးပါက ရှိနေမည့်ပုံစံကို ကြိုကြည့်နိုင်မည်ဖြစ်ကာ ယင်းကာလအတွင်း မိမိမမြင်စေလို၊ မသိစေလိုသော အချက်အလက်များ၊ ပုံများ၊ စာများကို ၀ှက်ရမည်ဖြစ်သည်။ ယင်းဝန်ဆောင်မှုမှာ သုံးစွဲသူ တို့ မေ့ပျောက်ပစ်လိုသော အကြောင်းအရာများကို မတော်တဆ ပြန်လည်ဖွင့်ချသလိုဖြစ်မည်စိုးရသောကြောင့် ဝေဖန်မှုများနှင့်ကြုံတွေ့နေရသည်။
Ref: Daily Mail
EMG
No comments:
Post a Comment