၎င်းတို့အနေဖြင့် အဆိုပါဝန်ဆောင်မှုအသုံးပြုကာ ကမ္ဘာတစ်ဝန်းမှအသုံးပြုသူ သန်း ၈၀၀ ကျော်ကို ပိုမိုဘေးကင်းလုံခြုံစေမည်ဖြစ်ကြောင်း Facebook မှ public policy မန်နေဂျာ Fred Wolens ကပြောကြားခဲ့သည်။ ၎င်းဝန်ဆောင်မှုသစ်ကိုအသုံးပြုရန်မှာ မိမိကိုယ်မိမိအဆုံးစီရင်လိုသည့် အဓိပ္ပာယ်ရသည့် ဖော်ပြချက်မျိုးကို မိတ်ဆွေသူငယ်ချင်းတစ်ဦး၏ စာမျက်နှာပေါ်တွင်တွေ့ရှိပါက ၎င်းမိတ်ဆွေထံသို့ ယင်းကဲ့သို့ စိတ်ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို "report" ခလုတ်ကိုနှိပ်ပြီး မေးမြန်းနိုင်မည်ဖြစ်သည်။ အဆိုပါအသုံးပြုသူ၏ ပြန်လည်ဖြေကြားသည့် အဖြေပေါ်တွင်မူတည်ကာ ၎င်းနှင့်သင့်လျော်စေမည့် အကြံပေးမှုများပြုလုပ်နိုင်သူ၏ ဖုန်းနံပါတ်ပါဝင်သော အီးမေးလ်နှင့် နှစ်ဦးချင်းလျှို့ဝှက်စွာစကားပြောဆိုနိုင်စေမည့် link တစ်ခုတို့ကို မိမိကိုယ်ကို အဆုံးစီရင်လိုသူထံသို့ Facebook မှပေးပို့မည်ဖြစ်သည်။ ဆက်သွယ်လိုခြင်းရှိ၊ မရှိကို ပေးပို့ခံရသူစိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုကို Lifeline နှင့် Crisis တို့မှ Facebook နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပေးလျက်ရှိသည်။ ရေးသားသူ - ဟေမာ Ref: AP
By Internet Journal
No comments:
Post a Comment