
၂၀၁၀
ခုနှစ်ရဲ့ မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲကို ယခုနှစ် ဖေဖေါ်ဝါရီလ ၇
ရက်နေ့မှာ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၂၀၁၀
ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲကိုတော့ နေပြည်တော်ရှိ
လဟာပြင် ကဇာတ်ရုံမှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ရွေး ချယ်ပေးဖို့ အတွက် ရွေးချယ်ထားတဲ့ ဇာတ်ကားတွေကတော့
ဟက်ထိတယ် ၊ ကျောက်သင်

ပုန်းတွေ
မိုးထားတဲ့အိမ် ၊ အချစ်လား လာထား ၊ ဂွတ်ရှယ်သမက် ၊ နတ်ဖက်တဲ့ စုံတွဲများ ၊
နယူးမော်ဒန် ၊ ရင်ဘတ်ကြီးနဲ့ ချစ် လိုက်မယ် ၊ ဆွေတစ်ရာ မောင်တစ်ကျိပ် ၊
ဘာမီတွန် ၊ အာဒံ ရယ်-ဧ၀ရယ်-ဒဿရယ် ၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ၊
အငိုမျက်လုံးအပြုံးမျက်နှာ ၊ လာထားအာဘွား ၊ ပင်လယ်ထက် က နေ၀န်းနီ စတဲ့
ရုပ်ရှင်ဇာတ်ကား ၁၄ ကား ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာ့ရုပ်ရှင်
ထူးချွန်ဆုဟာ ဆုချီးမြှင့်လေ့ရှိတဲ့ ဆုအမျိုးအ စားတွေ အနေနဲ့ ဇာတ်ကားဆု ၊
ဒါရိုက်တာဆု ၊ အမျိုးသား ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၊
အမျိုးသမီး ဇာတ်ပို့ဆု ၊ ရုပ်ရှင် ဇာတ်ညွှန်းဆု ၊ ရုပ်ရှင် တေးဂီတဆု ၊
ရုပ်ရှင် အသံဆုနဲ့ ရုပ်ရှင် တည်းဖြတ်ဆု ဆိုပြီး ဆုအမျိုးအစား ၁၁ မျိုး
ရှိတယ်လို့ သိရပါတယ်။
MRTV-4
No comments:
Post a Comment