menu

Thursday, 16 January 2014

ကလေးရောင်းစားတဲ့ သားဖွားဆရာဝန်မကို ဆိုင်းငံ့သေဒဏ်ချ

သားဖွား အထူးကု ဆရာဝန်မ Zhang Shuxia
တရုတ်နိုင်ငံမှာ အမျိုးသမီး ဆရာဝန်တဦးကို မွေးကာစကလေးတွေ ခိုးယူပြီး လူကုန်ကူးမှုနဲ့ ဆိုင်းငံ့ သေဒဏ်ချမှတ်လိုက်ပါတယ်။

အမျိုးသမီး တယောက် ၊ ဆရာဝန်တယောက်က ဒီလောက် ရက်စက်တဲ့ ရာဇဝတ်မှုမျိုးကို ဘယ်လိုကျူးလွန်ခဲ့တယ်ဆိုတာ ဘီဘီစီ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို ကိုးကားပြီး တင်ပြပေးရမယ် ဆိုရင် ဂျန်ရှူရှားလို့ ခေါ်တဲ့ သားဖွား အထူးဆရာဝန် တယောက် အကြောင်း အဓိကထား ပြောရမှာ ဖြစ်ပါတယ်။

သူက ကလေးမိဘတွေကို သူတို့ မွေးဖွားလာတဲ့ ကလေးမှာ ရောဂါကြီးတွေ ပါလာလို့ ဆေးကုသဖို့ သိပ် အကုန်အကျများနိုင်ကြောင်း၊ အသက်ရှင်ဖို့ ခက်ခဲကြောင်းပြောပြီး ကလေးကို နိုင်ငံတော်က စောင့်ရှောက်မွေးမြူမယ်လို့ တောင်းယူပြီး ကလေးတွေကို ပြန်ရောင်းစားခဲ့တာဖြစ်ပါတယ်။

သူအဲသလို လုပ်ခဲ့တာ နှစ်နှစ်နီးနီး ကာလအတွင်းမှာ ကလေး ၇ ယောက်ရှိပါပြီ။ သူဒီလိုလုပ်တာက ၆ ကြိမ်ရှိပါပြီ။

တကြိမ်က အမွှာပြူးကလေးဖြစ်တဲ့ အတွက် စုစုပေါင်း ကလေး ၇ ယောက်ဖြစ်ပါတယ်။

မောင်တောတွင် သေနတ်ဖြင့် ပျောက်ဆုံးနေသော ရဲတပ်ကြပ် ရှာဖွေမရသေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလီရွာသားများ၏ တိုက်ခိုက်မူကြောင့် သေနတ်နှင့် အတူ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးကို ယခုတိုင် ရှာဖွေ မတွေ့ရှိသေးဟု သတင်း ရရှိသည်။

ပျောက်ဆုံးနေသူမှာ တပ်ကြပ် အောင်ကျော်သိန်း ဖြစ်ပြီး လွန်ခဲ့သော တနင်္လာညနေ့ ကတည်းက ကင်းလှည့်နေစဉ် မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်း မူဆလင်ရွာမှ ဘင်္ဂလီရွာသားများ၏ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ယခုရဲတပ်ကြပ် တစ်ဦးတိုက်ခိုက်ခံရမူသည် ရခိုင်ပြည်နယ် စစ်တွေ ခရိုင် ရဲမှူကြီး ဦးသစ်ဆန်းမှ ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လုံခြုံရေး စိတ်ချရသော အနေအထားတွင် ရှိကြောင်း၊ ယခင် ရဲတပ်ရင်း (၃) ရင်းရှိရာမှ ရဲတပ် (၆) ရင်းထိ တိုးချဲ့ထားပြီ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောဆိုပြီးနောက်ပိုင်း ရက်အနည်းငယ် အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း ပျောက်ဆုံးနေသူ ရဲတပ်ကြပ်အား ရှာဖွေနေသော်လည်း ယခုအချိန်ထိ ရှာဖွေ ရရှိခြင်း မရှိသေးကြောင်း အမည်မဖေါ်လိုသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

Facebook မှာ ထူးထူးဆန်းဆန်း ပင်လယ် ဓားပြစာလေးတွေရေးမယ်

Photo: င်္Facebook မှာ ထူးထူးဆန်းဆန်း ပင်လယ် ဓားပြစာလေးတွေရေးမယ်
--------------------------------------------------------------------

Aung Heine ( www.smart.com.mm )

သင့် ဖေ့ဘုတ်သုံးတာ အချိန်သက်တမ်း ဘယ်လောက်လောက်ရှိနေပြီးလဲ ?
နည်းနည်း ပျင်းနေပြီးလား ။ 

ဇူကာဘတ်ရဲ့ ပုံမှန်သုံးနေ တွေ့နေကြ ဖေ့ဘုတ်ကိုလေ
နည်းနည်း အသစ်အဆန်းလေး ကလိကြည့်မလား။

အရင်ဆုံး စပြီး သင့်ရဲ့ Home  Page ကစပြီး အချို့စာလုံးလေးတွေကို အသစ်အဆန်းလေးပြောင်းလဲကြည့်တာပေါ့။

ဒီလိုပြောင်းလဲလိုက်တာနဲ့ သင့်ဟာ ပင်လယ် ဓားပြလှေကိုဦးစီးနေတဲ့ သဘောင်္ ကပ္ပတိန်တစ်ယောက်လို့ ဖြစ်သွားပါလိမ့်မယ်။

ဒီနည်းလေးက မဆိုဘူးဗျာ အရင်က စစပေါ်တုန်းက ဖေ့ဘုတ်စတိုင်နဲ့ နည်းနည်းဆင်တယ်။
စာလုံးတွေက လည်း ပင်လယ်ဓားပြတွေသုံးတဲ့စာလုံးမျိုးပါပဲ။ 

အဲလိုပြောင်းချင်ရင်တော့ Setting ထဲက General ထဲကိုဝင်ပြီး Language နေရာမှာ english (pirate) လိုပြောင်းပြီး ပေ့ခ်ျကို refresh ပြန်လုပ်လိုက်ရုံပါပဲ။

အင်းပြီးတော့ 

ပို့စ်တင်တဲ့ အခါ အရင်နည်းနဲ့မတူ ထူးထူးခြားခြားလေး တင်ကြည့်မယ်လေ။

ပြောရရင် ပင်လယ် ဓားပြစာလိုပေါ့။ ရေးမှာမလား

အဲလိုရေးချင်ရင်တော့ Web နဲ့ ဖေ့ဘုတ်ကိုသုံးတဲ့လူတွေ လောက်ပဲ အဲလိုရေးဖို့ အဆင်ပြေမယ်ထင်ပါတယ်။

သူကဒီအတိုင်းတော့ရေးလို့မရဘူးဗျ။ 

copy , paste တော့နည်းနည်း သုံးရပါလိမ့်မယ်။ စိတ်ဝင်စားလို့လုပ်ချင်တယ်ဆိုရင်တော့
http://www.typeupsidedown.com/ ကိုဖွင့်ပြီး သူပြထားတဲ့ အကွက်ထဲမှာ ရိုက်လိုက်ပါ။.
 ပြီးတော့ နောက်မှာ ပြောင်းပြန်ပေါ်မှာ ဖြစ်ပါတယ်။

အဲဒါကို ဖေ့ဘုတ်မှာ ပြန် paste လုပ်ထည့်ရမှာပါ။ မြန်မာစာတော့ မရပါဘူး။ 

အင်္ဂလိပ်စာပဲရိုက်လို့ရပါတယ်။ 

ဒီအခါ သင့်ရဲ့ status update တွေကို 
စာလုံးပြောင်းပြန်တွေနဲ့ ထူးထူးဆန်းဆန်းမြင်ရမှာ ဖြစ်ပါတယ်။ 

ရုတ်တရက်ဆိုရင်တော့ ဘာရေးထားမှန်းတောင် သိမှာမဟုတ်ပါဘူး။

စိတ်ဝင်စားဖို့တော့ကောင်းပါလိမ့်မယ်။

အဆင်ပြေ ချော့မွေ့ကြပါစေဗျာ။

Aung Heine ( www.smart.com.mm )

သင့် ဖေ့ဘုတ်သုံးတာ အချိန်သက်တမ်း ဘယ်လောက်လောက်ရှိနေပြီးလဲ ?
နည်းနည်း ပျင်းနေပြီးလား ။

ဇူကာဘတ်ရဲ့ ပုံမှန်သုံးနေ တွေ့နေကြ ဖေ့ဘုတ်ကိုလေ
နည်းနည်း အသစ်အဆန်းလေး ကလိကြည့်မလား။

အရင်ဆုံး စပြီး သင့်ရဲ့ Home Page ကစပြီး အချို့စာလုံးလေးတွေကို အသစ်အဆန်းလေးပြောင်းလဲကြည့်တာပေါ့။

ဒီလိုပြောင်းလဲလိုက်တာနဲ့ သင့်ဟာ ပင်လယ် ဓားပြလှေကိုဦးစီးနေတဲ့ သဘောင်္ ကပ္ပတိန်တစ်ယောက်လို့ ဖြစ်သွားပါလိမ့်မယ်။

ဒီနည်းလေးက မဆိုဘူးဗျာ အရင်က စစပေါ်တုန်းက ဖေ့ဘုတ်စတိုင်နဲ့ နည်းနည်းဆင်တယ်။
စာလုံးတွေက လည်း ပင်လယ်ဓားပြတွေသုံးတဲ့စာလုံးမျိုးပါပဲ။

အဲလိုပြောင်းချင်ရင်တော့ Setting ထဲက General ထဲကိုဝင်ပြီး Language နေရာမှာ english (pirate) လိုပြောင်းပြီး ပေ့ခ်ျကို refresh ပြန်လုပ်လိုက်ရုံပါပဲ။

Apple ၏ iPhone 6 ဟာ မျက်နှာပြင် 5.5 ဖြစ်ဖွယ်ရှိ

Photo: Apple ၏ iPhone 6 ဟာ မျက်နှာပြင်  5.5 ဖြစ်ဖွယ်ရှိ

Apple ၏ ပရိသတ်တွေ အတွက် သတင်းကောင်းတစ်ခုလို့ ဆိုရမှာပေါ့။
ယခုနှစ် အတော်အတွင်းမှာ မိတ်ဆက်ပြသဖွယ်ရှိသည့် iPhone 6 ဟာ 
မျက်နှာပြင် 5.5 ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ 

သို့သော်လည်း Apple မှ ဖုန်းနှစ်လုံး ထွက်ဖွယ် ရှိပါတယ်။ တစ်ခုကတော့
မျက်နှာပြင် 5.5 လက်မ resolution 1080 x 1920 အမြင်အား 401ppi
ရှိတဲ့ဖုန်းနှင့် နောက်တစ်လုံးက မျက်နှာပြင်  4.7 လက်မ resolution
900 x 1600 အမြင်အား 386ppi ဆိုပြီး Apple မှ ထုတ်ဖွယ်ရှိကြောင်း
သိရပါတယ်။ နှစ်ခုလုံးကတော့ iPhone 5S ကဲ့သို့ မျက်နှာပြင်(LTPS) LCD
ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါကြောင့်  iPhone 6 ဟာ ဘယ်လိုမျိုး ပုံစံတွေနဲ့ ထုတ်လုပ်လာမလဲဆို
တာကို Apple ပရိသတ်တွေ စောင့်မျှော် အားပေး လိုက်ကြရအောင်။

ကျော်လင်းနိုင် (www.smart.com.mm)

Smart Pro Journal

Wednesday, 15 January 2014

အမျိုးသမီးတွေ အရက်မူးရင် ဘယ်လိုဖြစ်သွားတတ်လဲ

ပါတီတွေကနေရာတိုင်းမှာရှိနေသလို အမျိုးသားရော အမျိုးသမီးတွေပါ တက်ရောက်ကြပါတယ်။ ဒီတော့ သောက်လေ့ရှိတဲ့ အမျိုးသမီးတွေကို တခြားနေရာတွေမှာရော ပါတီတွေမှာပါ အများအပြား တွေ့ရတတ်ပါတယ်။

အမျိုးသမီးတွေ အရက်မူးရင် တစ်ဦးနဲ့တစ်ဦး တုံ့ပြန်ပုံချင်းမတူပါဘူး။ ဒီတော့ လေဒီမူးလေးတွေရဲ့ ဖြစ်တတ်ပုံလေးတွေ လေ့လာကြည့်ရအောင်။

(၁) Fighter မမ

လူသတ်သမားဆန်ဆန် အပြုံးက သူမနှုတ်ခမ်းဖျားမှာ တွဲခိုနေပြီး သူမကိုယ်သူမ ဖိုက်တာတစ်ဦးလို့ ထင်နေပါပြီ။ သူမကောင်လေးကို လာမြူနေတယ်လို့ မသင်္ကာဖွယ်ရှိတဲ့ ကောင်မလေးတွေကို မျက်တောင် တချက်မခတ် လိုက်လံရှာဖွေနေမှာ ဖြစ်ပြီး တွေ့ပြီဆိုလို့ကတော့ ဘယ်သူမှ ဆွဲချိန်တောင် မရလိုက်ဘူး။ သူမလိုလူမျိုးကတော့ တေးဂီတတွေ အပျော်တွေကို ရပ်အောင် လုပ်ပစ်တတ်သူပါ။

(၂) ဘာမှမသိတော့အောင် သောက်သူ

နှစ်ခွက်လောက် သောက်ပြီး အဆက်မပြတ်အန်တတ်သူပါ။ ဒါပေမယ့် ရပ်သွားသလားဆိုတော့ မရပ်ပါဘူး။ ပိုအန်လေ ပိုသောက်လေပါပဲ။ သူတို့ရဲ့ လိပ်စာကို အင်္ကျံနောက်ကျော (ဒါမှမဟုတ်) ပိုက်ဆံအိတ်မှာ ကပ်ထားရတဲ့ သူတွေဆိုတာ ဒီလိုလူမျိုးပါပဲ။

ဗဟိုအာဖရိကတွင် ဘာသာရေးမုန်းတီးမှုမှ လူသားစားသည်အထိ ဆိုးရွားလာ

ခရစ်ယာန်နှင့် မွတ်ဆလင်တို့ အကြီးအကျယ် မငြိမ်းမချမ်း ဖြစ်နေသော နိုင်ငံအတွင်းတွင် မွတ်ဆလင် တစ်ဦးကို ခရစ်ယာန် တစ်ဦးက သတ်ဖြတ်ကာ ၎င်း၏ ခြေထောက်ကို ကိုက်ဖြတ်စားသောက်ခဲ့ကြောင်း သတင်းများက ဆိုသည်

ဗဟိုအာဖရိကနိုင်ငံတွင် ဖြစ်ပွားနေသည့် ဘာသာရေး အဓိကရုဏ်းများနှင့် ဆက်နွယ်သော မုန်းတီးမှုများကြောင့် လူသားစားသည်အထိ အကျည်းတန်သော ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခဲ့သည်။ ခရစ်ယာန်နှင့် မွတ်ဆလင်တို့ အကြီးအကျယ် မငြိမ်းမချမ်း ဖြစ်နေသော နိုင်ငံအတွင်းတွင် မွတ်ဆလင် တစ်ဦးကို ခရစ်ယာန် တစ်ဦးက သတ်ဖြတ်ကာ ၎င်း၏ ခြေထောက်ကို ကိုက်ဖြတ်စားသောက်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ပတ်ဝန်းကျင်က ယင်းဖြစ်ရပ်ကို ရိုက်ကူးမှတ်တမ်းတင်ထားသည့် ဗီဒီယိုများအနက် တစ်ခုကို BBC သတင်းဌာနက ဖော်ပြခဲ့သည်။ ဓားများဝှေ့ယမ်းကာ ပြေးလာကြသော ခရစ်ယာန်လူငယ် (၂၀)ဝန်းကျင်တို့သည် ဘတ်စ်ကား တစ်စင်းကို အင်အားသုံး ရပ်တန့်စေခဲ့သည်။ ထို့နောက် ဘတ်စ်ကားပေါ် ပါလာသည့် မွတ်ဆလင် တစ်ဦးကို ဆွဲချကာ သတ်ဖြတ်ပစ်ခဲ့ကြသည်။

အိမ်သာတက်နေသည့် အမျိုးသမီးအား ဗီဒီယိုခိုးရိုက်သူကို အမှုဖွင့်

ဇော်ဇော်ထွေး|ဇန်န၀ါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်

ဒဂုံအရှေ့မြို့နယ်တွင် အိမ်သာတက်နေသည့် အမျိုးသမီးကြီးတစ်ဦးကို ဖုန်းကင်မရာဖြင့် ဗီဒီယိုခိုးရိုက်ကူးခဲ့သူကို မြို့နယ်ရဲစခန်းက ဇန်န၀ါရီ ၁၃ ရက်အတွင် အမှုဖွင့်အရေးယူထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

အဆိုပါ အမှုမှာ ဒဂုံမြိ့သစ်၊ အရှေ့ပိုင်း၊ (၆) ရပ်ကွက်တွင် ဇန်န၀ါရီ ၁၂ နံနက် ၈နာရီခွဲအချိန်က ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကြီး အိမ်သာတက်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အိမ်သာတက်နေစဉ် ကပ်လျက်အခန်းတွင် ငှားရမ်းနေထိုင်သည့် မြို့တော်လျှပ်စစ်ဓာတ်အားပေးအရေး အဖွဲ့မှ ၂၃ နှစ်အရွယ် နေ့စားဝန်ထမ်းက ဟွားဝေဖုန်းဖြင့် အိမ်သာအမိုးနှင့် နံရံကြားမှ လက်လျှို၍ ခိုးရိုက်ခြင်းဖြစ်သည်ဟု ကာယကံရှင် အမျိုးသမီးက ဇန်န၀ါရီ ၁၃ ရက် နေ့လယ်တွင် ရဲစခန်းတွင် တိုင်တန်းထားသည်။

ထို့ကြောင့် မြို့နယ် ရဲစခန်းက တိုင်တန်းခံထားရသူ လွင်မိုးဦးကို (ပ)၂၂/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၅၄/ ၅၀၉ တို့ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

Mizzima - News in Burmese

" ပထမဆုံး ဇာတ်လမ်းတွဲနဲ့အေးမြတ်သူ "

Photo: " ပထမဆုံး ဇာတ်လမ်းတွဲနဲ့အေးမြတ်သူ "

ဒါရိုက်တာညီညီထွန်းလွင် ရိုက်ကူးနေတဲ့ ‘ဝါစိမ်းနီကမ္ဘာသိမ်းမည်’ ဇာတ်လမ်းတွဲမှာ အေးမြတ်သူက ပါဝင် ရိုက်ကူးနေပါတယ်။ အခုလို မျိုး စီးရီးလိုက် ဇာတ်လမ်းတွဲ ရိုက်ရတာ ပထမဦးဆုံးရိုက်ကူးရတာဖြစ်တယ် လို့ သိရပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးမှုနဲ့ ဇာတ်လမ်း ရိုက်ကူးမှု ကွာခြားပုံကို အေးမြတ်သူက..

”အခုလိုမျိုး စီးရီးလိုက် ရိုက်ဖြစ်တာက ဒီဇာတ်ကားလေးက အေးမြတ်သူအတွက် ပထမဆုံး ဇာတ်ကားလေး ဖြစ်တယ်။ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်တဲ့အခါမှာ သုံးနာရီစာ ကြည့်ရအောင်ပဲ ရိုက်ရတယ်။ စီးရီးရိုက်ရ တာကျတော့ ဒီဇာတ်လေးကို ပရိသတ်က ကြည့်ချင်တဲ့ စိတ်ဖြစ်ပြီး မျှော်တလင့်လင့် ဖြစ်နေအောင် ရိုက်ရတာမျိုးတွေ ရှိတယ်။ အဲဒါကတော့ ဒါရိုက်တာပိုင်းနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ အေးမြတ်သူ ခံစားကြည့်တာကတော့ စီးရီးက တစ်နာရီစာပဲ ပြပြသွားမှာဖြစ်တဲ့ နောက်ဘာဖြစ်မှာလဲ ဆိုတဲ့ ဆက်ကြည့်ချင်အောင် ဆွဲဆောင်မှုရှိတယ်။ ကိုယ့်ရဲ့အစီအစဉ်လေးကို ပရိသတ်က စောင့်ကြည့်နေမယ်။ ကိုယ့်ဘက်ကလည်း ပထမဦးဆုံး စီးရီး ရိုက်ရတာ ဖြစ်တယ်။ အဲဒီအတွက်လည်း ပါဝင်ပြီး သရုပ်ဆောင်ရတဲ့ အတွက်လည်း ပျော်ပါတယ်။ အတတ်နိုင်ဆုံး ပီပြင်အောင် ပရိသတ်တွေ ကြိုက်နှစ်သက်အောင် ကြိုးစားပြီး သရုပ်ဆောင်သွား မှာပါ” လို့ ဆိုပါတယ်။ ဇာတ်ကား ရိုက်ကူးတဲ့ အခါမှာ အာလုံးနဲ့ အဆင်ပြေအောင် အတတ်နိုင်ဆုံး ညှိနှိုင်းပြီး အပေးအယူမျှအောင် လုပ်ဖြစ်တယ်လို့ အေးမြတ်သူက ပြောပါတယ်။

”အဓိကကတော့ ကိုယ့်ရဲ့ ဇာတ်ကားကောင်းဖို့က အဓိကပါပဲ။ ဇာတ်ကားကောင်းမှလည်း ပရိသတ်က ကြည့်မှာ။ ပရိသတ်က ကိုယ့်ရဲ့ အိုက်တင်တစ်ခုတည်းကိုပဲ ကွက်ပြီး ကြည့်တာမျိုး မဟုတ်တဲ့အခါကျတော့ အားလုံး နဲ့ ညှိနှိုင်းပြီး လုပ်ရတယ်။ ငါ အကောင်းဆုံးပဲ လုပ်မယ် ဆိုတာမျိုး မတွေးဘဲနဲ့ အားလုံးနဲ့ တိုင်ပင် ညှိနှိုင်းပြီး လုပ်ဖြစ်တယ်။ ဇာတ်တစ်ဇာတ်မှာ အားလုံး မျှတအောင် ကောင်းနေမှ ဇာတ်ကားကောင်း တစ် ကား ဖြစ်လာမယ်။ ကိုယ်တစ်ယောက်တည်း ကောင်းနေရုံနဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်လာမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။

လွင်လွင်ထွန်း

ဒါရိုက်တာညီညီထွန်းလွင် ရိုက်ကူးနေတဲ့ ‘ဝါစိမ်းနီကမ္ဘာသိမ်းမည်’ ဇာတ်လမ်းတွဲမှာ အေးမြတ်သူက ပါဝင် ရိုက်ကူးနေပါတယ်။ အခုလို မျိုး စီးရီးလိုက် ဇာတ်လမ်းတွဲ ရိုက်ရတာ ပထမဦးဆုံးရိုက်ကူးရတာဖြစ်တယ် လို့ သိရပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးမှုနဲ့ ဇာတ်လမ်း ရိုက်ကူးမှု ကွာခြားပုံကို အေးမြတ်သူက..

”အခုလိုမျိုး စီးရီးလိုက် ရိုက်ဖြစ်တာက ဒီဇာတ်ကားလေးက အေးမြတ်သူအတွက် ပထမဆုံး ဇာတ်ကားလေး ဖြစ်တယ်။ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်တဲ့အခါမှာ သုံးနာရီစာ ကြည့်ရအောင်ပဲ ရိုက်ရတယ်။ စီးရီးရိုက်ရ တာကျတော့ ဒီဇာတ်လေးကို ပရိသတ်က ကြည့်ချင်တဲ့ စိတ်ဖြစ်ပြီး မျှော်တလင့်လင့် ဖြစ်နေအောင် ရိုက်ရတာမျိုးတွေ ရှိတယ်။ အဲဒါကတော့ ဒါရိုက်တာပိုင်းနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ အေးမြတ်သူ ခံစားကြည့်တာကတော့ စီးရီးက တစ်နာရီစာပဲ ပြပြသွားမှာဖြစ်တဲ့ နောက်ဘာဖြစ်မှာလဲ ဆိုတဲ့ ဆက်ကြည့်ချင်အောင် ဆွဲဆောင်မှုရှိတယ်။ ကိုယ့်ရဲ့အစီအစဉ်လေးကို ပရိသတ်က စောင့်ကြည့်နေမယ်။ ကိုယ့်ဘက်ကလည်း ပထမဦးဆုံး စီးရီး ရိုက်ရတာ ဖြစ်တယ်။ အဲဒီအတွက်လည်း ပါဝင်ပြီး သရုပ်ဆောင်ရတဲ့ အတွက်လည်း ပျော်ပါတယ်။ အတတ်နိုင်ဆုံး ပီပြင်အောင် ပရိသတ်တွေ ကြိုက်နှစ်သက်အောင် ကြိုးစားပြီး သရုပ်ဆောင်သွား မှာပါ” လို့ ဆိုပါတယ်။ ဇာတ်ကား ရိုက်ကူးတဲ့ အခါမှာ အာလုံးနဲ့ အဆင်ပြေအောင် အတတ်နိုင်ဆုံး ညှိနှိုင်းပြီး အပေးအယူမျှအောင် လုပ်ဖြစ်တယ်လို့ အေးမြတ်သူက ပြောပါတယ်။

ညအိပ်ခါနီး သီချင်းနားထောင်ခြင်းနှင့် ကျန်းမာရေး ကောင်းကျိုး

Photo: ညအိပ်ခါနီး သီချင်းနားထောင်ခြင်းနှင့် ကျန်းမာရေး ကောင်းကျိုး

အနောက်တိုင်း ဆေးပညာ ရှင်တွေ ပြောထားတာပါ။ ညအိပ်ရာဝင်ခါနီး သီချင်းနားထောင်ခြင်းက မှတ်ဥာဏ်ကောင်းစေပြီး စိတ်ရှုပ်ထွေးနေမှု ကို လျော့ချပေးတယ်လို့ ဆိုပါတယ်။

အချို့ ဆို နားကြပ်နားမှာ တပ်ရင်းနဲ့တောင် အိပ်ပျော်ပါတယ်။ အဲဒါမျိုး ကျ မကောင်းပါဘူး။ တပ်ထားတဲ့ နားကြပ်ကြောင့် နား နဲ့ ဦးနှောက်တစ်ဝိုက် ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါသေးတယ်။ အလွယ်ကူဆုံး ကတော့ ဖုန်းစပီကာကနေပဲ ဖြစ်ဖြစ် timer ပေးပြီး သီချင်းနားထောင်လို့ အိပ်တာမျိုးပေါ့။ MP4 ရှိရင်လည်း အဆင်ပြေ ပါတယ်။

ဖွင့်ရမယ့် သီချင်းက ဆူညံနေလို့ မရပါဘူး။ acoustic  အမျိုးအစားကို ပိုဦးစားပေးပြီး ဆူညံပွက်လောရိုက်နေမယ့် သီချင်းတွေ ကိုတော့ ရှောင်ဖို့ လိုပါမယ်။ ညအိပ်ခါနီး သီချင်းရဲ့  သံစဉ် လှိုင်း ရိုက်ခက်မှုကြောင့် ဦးနှောက်အတွင်းက ဆဲလ်တို့ရဲ့  လုပ်ဆောင်ချက် ကို ပိုမို ကောင်းမွန် စေ တယ်လို့ ဆိုပါတယ်။ အခြားအချိန်မှာ နားထောင်တာနဲ့ ညတိတ်ဆိတ်လို့ အနားယူခါနီး အချိန် နားထောင် ရတာနဲ့ အကျိုးသက်ရောက်ပုံ မတူဘူးပါဘူး။

ဒါကြောင့် အိပ်ရာဝင်ခါနီး သီချင်းနားထောင်ခြင်းက ဦးနှောက် ကျန်းမာရေး ကိုအထောက်အကူ ပြုကြောင်း သိရပါတယ်။
-
Ref: medic-facts
အောင်ခမ်း ( ရိုးရာလေး )

YoYarLay

အားကစားကွင်းအနုကြမ်းစီးသူ ဘောလုံးလောကဖျက်ဆီးသူပင်

Photo: အားကစားကွင်းအနုကြမ်းစီးသူ ဘောလုံးလောကဖျက်ဆီးသူပင်
--------------
ရေးသားသူ- ထွန်းခိုင်

၂၀၁၃ ဆီးဂိမ်းအုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက်တွင် အစဉ်အလာထုံးစံများအတိုင်း လက်သည်တရားခံများ ရှာဖွေခဲ့ကြသည်။

Head To Head စနစ်ကိုမသိသည့် ကိုရီးယားနည်းပြပတ်ဆောင်ဟွာ။ အငြင်းပွားစရာ ဆုံးဖြတ်ချက်များချခဲ့သည့် ဗီယက်နမ်ဒိုင်လူကြီး။ အပိုင်ဂိုးသွင်းခွင့်များ လွဲချော်ခဲ့သည့်     အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း။ လစာသိန်းပေါင်းများစွာ ယူနေသော်လည်း တိုးတက်မလာသည့် ကစားသမားများ စသည်စသည်ဖြင့် ၎င်းတို့သည် အစဉ်လိုက်အတိုင်း မြို့မေတ္တာခံယူခဲ့ရသည်။

မြန်မာဘောလုံးကျဆုံးမှုမှာ အထက်ပါပုဂ္ဂိုလ်များ၏လက်ချက်ကြောင့်ချည်းပဲလားဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာအသင်း နိုင်ငံတကာပြိုင်ပွဲများတွင် နာလန်မထူနိုင်အောင် ရှုံးရသည်မှာ ယခုတစ်ကြိမ်တည်းမဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သောကြောင့်ဖြစ်သည်။

မှတ်တမ်းများအရတော့ တရားခံအဖြစ် တံဆိပ်ကပ်ခံရသူများအားလုံးသည် သူတို့နယ်ပယ်အသီးသီးတွင် ခပ်ညံ့ညံ့လူများတော့မဟုတ်။

နည်းပြပတ်ဆောင်ဟွာဆိုလျှင် ဘောလုံးသမားဘ၀တွင် တောင်ကိုရီးယား၏ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး နည်းပြဘ၀တွင်လည်း သူ့နိုင်ငံတွင် လူရိုသေရှင်ရိုသေပုဂ္ဂိုလ်ဖြစ်သည်။

အင်ဒိုနှင့်ပွဲမှ ဗီယက်နမ်ဒိုင်ဆိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အသိအမှတ်ပြုဒိုင်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့်သုံးနှစ်က ဗီယက်နမ်ပြည်တွင်းတွင် အထူးချွန်ဆုံးဒိုင်လူကြီးအဖြစ်ပင် သတ်မှတ်ခံထားရသေးသည်။

ကျော်ဇေယျာဝင်းဆိုလျှင်လည်း မလေးရှားက ကလပ်ပီရက်အသင်းက တစ်လကျပ်သိန်း ၅၀ နီးပါးဖြင့် ကြေးစားသွားကစားနေသူဖြစ်သည်။ ကျန်သည့် ကစားသမားများဆိုလျှင်လည်း လတ်တလော မြန်မာနိုင်ငံ၌ အကောင်းဆုံးကစားသမားများဖြစ်သည်။

ဒါဆိုလျှင် မည်သည့်အရာက မြန်မာဘောလုံးလောကကို ယခုလောက်အချိန်အထိ နိမ့်ကျစေခဲ့ပါသနည်း။

7Day မှ မေးမြန်းခဲ့သည့် မြန်မာဘောလုံးလောကတွင် နှစ်ရှည်လများ ကျင်လည်ခဲ့ကြသော ဘောလုံးသမားဟောင်းများနှင့် နည်းပြငါးဦးခန့်ကတော့ အားကိုးလောက်သည့် မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်မလာခြင်းက မြန်မာ့ဘောလုံးလောက နေ၀င်ချိန်ကို ရောက်စေခဲ့ကြောင်း ထောက်ပြသည်။

ဘောလုံးကို အရူးအမူးအားပေးသည့် မြန်မာနိုင်ငံတွင် အံ့အားသင့်စရာကောင်းသည်မှာ လူငယ်များဘောလုံးကစားရန် နေရာမရှိခြင်းပင်ဖြစ်သည်။ ထိုအချက်က တစ်ချိန်က အာရှထိပ်သီးမြန်မာ့ဘောလုံးလောကကို ကန်တိုင်းရှုံးအသင်းဖြစ်စေခဲ့သည့် အဓိကအချက်များအနက် တစ်ခုဖြစ်ကြောင်း 7Day မှ တွေ့ဆုံမေးမြန်းခဲ့သည့် ဘောလုံးသမားဟောင်းနှင့် နည်းပြများကပြောသည်။

ရန်ကုန်မြို့ထက် အနည်းငယ်သာကြီးသည့် စင်ကာပူကျွန်းနိုင်ငံလေးတွင် လူငယ်များအတွက် အဆင့်မီဘောလုံးကစားကွင်း တစ်ဒါဇင်ထက်မနည်းရှိသော်လည်း ရန်ကုန်တွင် ပြောပလောက်သည့် အားကစားကွင်းမရှိ။ ရှိသည့် သုဝဏ္ဏနှင့် အောင်ဆန်းအားကစားကွင်းများသည်လည်း လူငယ်ဘောလုံးသမားများထက် အာဏာရှင်ဗိုလ်ချုပ်ဟောင်းများ၏ သားမြေးဖြစ်သူများလောက်ကိုသာ လိုလိုချင်ချင်လက်ခံကစားခဲ့သည်။

MNL သည် မြန်မာ့ဘောလုံးလောကအတွက်ဟု ကြွေးကျော်ခဲ့သော်လည်း လက်တွေ့တွင် MNL သည် MNL အတွက်သာ ဖြစ်ခဲ့ရသည်။

မြန်မာ့ဘောလုံးလောက ပြန်လည်ဦးမော့ရန်ဟုဆိုကာ တပ်မတော်အစိုးရအရာရှိကြီးများနှင့် သူတို့ယုံကြည်ရသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ဆုကြေးစားစနစ်ဖြစ်သည့် Myanmar National League ကို ၂၀၀၉ တွင် စတင်တည်ထောင်ခဲ့သည်။

MNL ကြောင့် လူငယ်များဘောလုံးကစားခြင်းသည် အသက်မွေးဝမ်းကျောင်းဟု ထင်မြင်လာခဲ့ကြသည်။ သို့သော်လည်း MNL အစပြုသည့်အချိန်တွင် လူငယ်ကစားသမားအများစု ယှဉ်ပြိုင်နေသည့် အောက်ခြေအမှတ်ပေးပြိုင်ပွဲများကို ဖျက်သိမ်းလိုက်သည်။ လူငယ်အများအပြားသည်လည်း ဘောလုံးကစားခွင့် ဆုံးရှုံးခဲ့ကြသည်။

ကစားကွင်းအချို့ကို MNL အသင်း၏ လေ့ကျင့်ရေးကွင်းအဖြစ် သတ်မှတ်ခဲ့ပြီး မူလကစားနေသည့် လူငယ်များကို ဖယ်ရှားပစ်လိုက်ကြသည်။ ကွင်းအချို့မှာတော့ အိမ်ရာစီမံကိန်းများ၊ ကွင်းဘေးပတ်လည်ဝိုင်းရံထားသည့် ဘီယာဆိုင်နှင့် အနှိပ်ခန်းများအကြား တိမ်မြုပ်ပျောက်ကွက်သွားခဲ့သည်။

MNL အသင်းများ၏ လေ့ကျင့်ရေးကွင်းအဖြစ် ဈေးချောင်ချောင်ဖြင့်ရထားသည့် ပြည်သူပိုင်ကွင်းများတွင် ကစားချင်သူများအတွက်တော့ မိနစ် ၉၀ အတွက် ငွေ ၁၅၀၀၀ ကျသင့်သည်။

မြန်မာ့ဘောလုံးလောက တိုးတက်ရေးဟု ကြွေးကြော်နေသည့် MNL မှ ပိုင်ရှင်အချို့သည်လည်း ဘောလုံးကွင်းအကြောင်းပြ၍ မြေသိမ်းသည်ဟုဆိုကာ လွှတ်တော်တွင် အတိုင်ခံရမှုများလည်းရှိသည်။ ပြီးခဲ့သည့်နှစ်က စီးပွားကူးသန်းဝန်ကြီး၏ မိသားစုဝင်များပိုင်ဆိုင်သည့် ဇေယျာရွှေမြေဘောလုံးအသင်းသည် မုံရွာတွင် မြေများသိမ်းယူခဲ့ကြောင်း လွှတ်တော်တွင်အတိုင်ခံခဲ့ရသည်။

အစိုးရက မြန်မာဘောလုံးလောကတိုးတက်ရေးအတွက် နယ်ပယ်အစုံမှလူငယ်များ ကစားနိုင်သည့် ဘောလုံးကွင်းများ တည်ဆောက်ပေးခြင်းထက် “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်” တေးသီချင်းကို ဆောင်းတွင်းနံနက်အရုဏ်တက်ချိန်တိုင်း ရပ်ကွက်ထဲလှည့်ဖွင့်ရန်သာ ပိုမိုအားသန်ခဲ့သည်။

အသစ်ဆောက်လုပ်ရန် စိတ်ကူးထက် ရှိရင်းစွဲဘောလုံးကွင်းများ၊ အားကစားကွင်းများကို အိမ်ရာများအဖြစ် အကောင်အထည်ဖော်ရန်သာ စိတ်ဝင်စားခဲ့ကြောင်း အားကစားကွင်းများ ပျောက်ဆုံးသွားမှုကို လေ့လာသုတေသနပြုနေသည့် ရှေ့နေဦးအေးမင်းကပြောသည်။

ပြီးခဲ့သည့် ၂၅ နှစ်တာကာလအတွင်း စစ်အစိုးရက ရန်ကုန်တစ်မြို့တည်းတွင်ပင် ဘောလုံးကွင်းနှင့် အားကစားကွင်းရှစ်ကွင်းထက်မနည်းကို အဆောက်အအုံများဆောက်လုပ်ကာ အသွင်ပြောင်းလိုက်ကြောင်း ပန်းဥယျာဉ်နှင့်အားကစားကွင်းများ အဆောက်အအုံဆောက်လုပ်ခြင်းမှ ကာကွယ်ရေးကော်မတီ (ယာယီ)၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဦးအေးမင်းကပြောသည်။

စစ်အစိုးရကိုဆက်ခံခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက်တွင်တော့ တစ်ချိန်က ဈေးများ၊ ဘီယာဆိုင်များ၊ လူနေအဆောက်အအုံများအဖြစ် အသွင်ပြောင်းခံရသည့် ဘောလုံးကွင်းများကို ယခင်အစိုးရနှင့်မတူသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

အစိုးရသစ်၏မူဝါဒအသစ်က ဘောလုံးကွင်း၊ အားကစားကွင်းများဖြစ်အောင် ပြန်လုပ်ပေးခြင်းမျိုးတော့မဟုတ်၊ အထပ်မြင့်ကွန်ဒိုများ၊ ဈေးဆိုင်ခန်းများ၊ စက်သုံးဆီဆိုင်များအဖြစ် အသွင်ပြောင်းလဲကာ သူတို့နှင့်နီးစပ်သည့် သန်းကြွယ်သူဌေးကြီးများထံ လက်ဆင့်ကမ်းခြင်းပင်ဖြစ်သည်။

“သူတို့လုပ်ပုံက အရမ်းယဉ်တယ်။ သိမ်ဖြူကွင်းလိုကွင်းမျိုးကို နှစ် ၂၀ လောက် ကားမောင်းကွင်းဆိုပြီးလုပ်တယ်။ နောက်တော့ လူတွေမေ့လောက်ပြီဆိုမှ အခုပုဂ္ဂလိကကို ရောင်းစားဖို့လုပ်တယ်”ဟု သိမ်ဖြူအားကစားကွင်းမြေနေရာများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန်စီစဉ်နေခြင်းကို အပြင်းအထန်ကန့်ကွက်ခဲ့သည့် ဦးအေးမင်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်မြို့ရှိ အားကစားကွင်းနှစ်ဒါဇင်ထက်မနည်းကို 7Day မှ လိုက်လံလေ့လာရာတွင် စနစ်တကျဘောလုံးကစားရန် လုံလောက်သည့်အခြေအနေမရှိဘဲ ယိုယွင်းပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဆိုင်ခန်းများ ပတ်လည်ဝိုင်းနေသည့် အားကစားကွင်းများသည် နွားခြေရာများ၊ ချုံပုတ်များ၊ မြေနီခဲများ၊ တယ်လီဖုန်းတာဝါတိုင်များနှင့်သာ ဖုံးလွှမ်းနေခဲ့သည်။

အားကစားကွင်းအချို့တွင် “ဘောလုံးမကန်ရ”၊ “စကိတ်မစီးရ”၊ “ကြက်တောင်မကစားရ”၊ စသည့်ဆိုင်းဘုတ်များ နေရာယူထားခဲ့သည်။ အားကစားကွင်းများတွင် အားကစားမလုပ်ရန် တားမြစ်မှုများရှိနေသော်လည်း လေ့လာခဲ့သည့် ပန်းခြံတိုင်းနီးပါးတွင် အရက်နှင့်ဘီယာဆိုင်များ တရားဝင်ဖွင့်လှစ်ခွင့်ရနေသည်။

ပန်းခြံအတွင်း ၀င်ရောက်အပန်းဖြေရန်အတွက် အချိန်ကန့်သတ်ထားပြီး အစစ်အဆေးအမေးအမြန်းများရှိသော်လည်း ပန်းခြံများအတွင်း ဖွင့်လှစ်ထားသည့် အရက်နှင့်ဘီယာဆိုင်များတွင် အသက်(၁၈)နှစ်မပြည့်သေးသူများကို ညလုံးပေါက်ကြိုဆိုနေသည်။

တစ်ချိန်က အာရှထိပ်သီး မြန်မာ့ဘောလုံးလောကကျဆုံးခြင်းက အဓိကတရားခံများက ပတ်ဆောင်ဟွာ။ ဗီယက်နမ်ဒိုင်လူကြီး။ ကျော်ဇေယျာဝင်းနှင့် မြန်မာကစားသမားများ ဟုတ်၊ မဟုတ်ဆိုသည်က လာမည့်ရက်ပိုင်းအတွင်း အဖြေပေါ်မည်ဖြစ်သည်။

မြန်မာ့မျိုးဆက်သစ်များသည် အိုမန်နိုင်ငံတွင် အာရှယူ- ၂၂ ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီဖြစ်သည်။ ထိုပွဲတွင် နည်းပြက ပတ်ဆောင်ဟွာလည်းမဟုတ်၊ ကျော်ဇေယျာဝင်းလည်း မပါတော့၊ ဗီယက်နမ်ဒိုင်နှင့်လည်း ဆုံချင်မှဆုံတော့မည်။ 

ဒီတစ်ကြိမ်လည်း ထပ်မံအရေးနိမ့်ပြန်ပြီဆိုတော့ မြန်မာ့ဘောလုံးကျဆုံးခြင်း၏ အဓိကလက်သည်တရားခံများစာရင်းတွင် လူငယ်များဘောလုံးကန်ရန်၊ အားကစားလုပ်ရန်   ပိတ်ပင်ခဲ့သူများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။

ဓာတ်ပုံ- နစ်ကီ

ရေးသားသူ- ထွန်းခိုင်

၂၀၁၃ ဆီးဂိမ်းအုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက်တွင် အစဉ်အလာထုံးစံများအတိုင်း လက်သည်တရားခံများ ရှာဖွေခဲ့ကြသည်။

Head To Head စနစ်ကိုမသိသည့် ကိုရီးယားနည်းပြပတ်ဆောင်ဟွာ။ အငြင်းပွားစရာ ဆုံးဖြတ်ချက်များချခဲ့သည့် ဗီယက်နမ်ဒိုင်လူကြီး။ အပိုင်ဂိုးသွင်းခွင့်များ လွဲချော်ခဲ့သည့် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း။ လစာသိန်းပေါင်းများစွာ ယူနေသော်လည်း တိုးတက်မလာသည့် ကစားသမားများ စသည်စသည်ဖြင့် ၎င်းတို့သည် အစဉ်လိုက်အတိုင်း မြို့မေတ္တာခံယူခဲ့ရသည်။

မြန်မာဘောလုံးကျဆုံးမှုမှာ အထက်ပါပုဂ္ဂိုလ်များ၏လက်ချက်ကြောင့်ချည်းပဲလားဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာအသင်း နိုင်ငံတကာပြိုင်ပွဲများတွင် နာလန်မထူနိုင်အောင် ရှုံးရသည်မှာ ယခုတစ်ကြိမ်တည်းမဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သောကြောင့်ဖြစ်သည်။

မှတ်တမ်းများအရတော့ တရားခံအဖြစ် တံဆိပ်ကပ်ခံရသူများအားလုံးသည် သူတို့နယ်ပယ်အသီးသီးတွင် ခပ်ညံ့ညံ့လူများတော့မဟုတ်။

နည်းပြပတ်ဆောင်ဟွာဆိုလျှင် ဘောလုံးသမားဘ၀တွင် တောင်ကိုရီးယား၏ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး နည်းပြဘ၀တွင်လည်း သူ့နိုင်ငံတွင် လူရိုသေရှင်ရိုသေပုဂ္ဂိုလ်ဖြစ်သည်။

ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက် ကျင်းပမည်ဟု ထိုင်းအစိုးရ ထပ်မံအတည်ပြု

Photo: ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၂ ရက် ကျင်းပမည်ဟု ထိုင်းအစိုးရ ထပ်မံအတည်ပြု

    By ဒီဗွီဘီ
    15 January 2014

ထိုင်းရွေးကောက်ပွဲကို နဂို စီစဉ်ထားတဲ့အတိုင်း ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျင်းပမယ်လို့ ထိုင်းအစိုးရက ဒီနေ့ ထပ် အတည်ပြုပါတယ်။

YinLatရွေးကောက်ပွဲကော်မရှင်က အဆိုပြုထားတဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စကို ၀န်ကြီးချုပ် ဦးဆောင် ဆွေးနွေးပြီးတဲ့နောက်မှာ ဒုဝန်ကြီးချုပ်က ထပ်အတည်ပြုလိုက်တာပါ။

“အစည်းအဝေး တက်ရောက်လာတဲ့ အများစုက ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်းပဲ ကျင်းပဖို့ သဘောထားပေးကြတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲ ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပရပါမယ်”လို့ ဒုဝန်ကြီးချုပ် ပွန်သပ် သပ်ခန်းချနာက ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်က နိုင်ငံရေးပါတီတွေ အားလုံးနဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြနေတဲ့ အဖွဲ့တွေကို ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စ ဒီနေ့ ဆွေးနွေးခဲ့ပေမယ့် အများစုက အစည်းအဝေး မတက်ကြပါဘူး။

အစိုးက အခုလို ဆုံးဖြတ်လိုက်တဲ့ နောက်မှာ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့လယ် ရတ်ချပရာဆွန် အ၀ိုင်းမှာ ဆက်ပြီးတော့ သပိတ်စခန်းဖွင့်ထားပါတယ်။

ဆန္ဒပြနေသူ ဖွန်သီပေါင်ကတာ့ ဘန်ကောက်မြို့ပေါ် အခြေအနေက အခုထက် ပိုတင်းမာလာနိုင်တယ်လို့ ပြောပါတယ်။

“အခြေအနေတွေက ပိုဆိုးလာလိမ့်မယ်။ ဒီနေ့ ဆန္ဒပြနေကြတဲ့ လူတွေ ဘယ်လောက်များသလဲဆိုတာကို ၀န်ကြီးချုပ် ယင်းလပ်သာ သိရင် သူအနေနဲ့ ရာထူးကနေ နုတ်ထွက်ပြီးတော့ အာဏာကို ပြည်သူတွေ လက်ထဲကို ပြန်အပ်သင့်တယ်ဆိုတာကို နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။”

ဆန္ဒပြသမား အခြားတဦးကလည်း “အဲဒီရက်မှာပဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲတော့ သွားမယ်။ ဒါပေမယ့် ဘယ်သူကိုမှ မဲပေးမှာတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ်ကို ထောက်ခံသူတွေဟာ ဘန်ကောက်မြို့က လမ်းဆုံလမ်းခွကြီး အနည်းဆုံး ၇ ခုကို ပိတ်ဆို့ထားပြီး အစိုးရ ၀န်ကြီးဌာနရုံးတွေကိုလည်း အလုပ်လုပ်လို့ မရအောင် အနှောင့်အယှက်ပေးဖို့ ကြိုးစားနေကြပါတယ်။

ဝန်ကြီးဌာနရုံး တော်တော်များလည်း လောလောဆယ် ပိတ်ထားရပြီး ၀န်ထမ်းတွေဟာ အရေးပေါ် အရန်ထားတဲ့ ရုံးခန်းတွေ၊ ဒါမှမဟုတ် အိမ်တွေကနေပဲ အလုပ်လုပ်နေကြပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေကတော့ ယင်းလပ် ဦးဆောင်တဲ့ အစိုးရနေရာမှာ ပြည်သူ့ကောင်စီနဲ့အစားထိုးနိုင်တဲ့အထိ မြို့ကိုဆက်ပြီးတော့ ပိတ်ဆို့ထားမယ်လို့ ပြောထားပါတယ်။

လက်ရှိ စနစ်တွေအောက်မှာ ရွေးကောက်ပွဲကို ကျင်းပဖြစ်ရင်တော့ ယင်းလပ်ရဲ့ ပါတီကပဲ အနိုင်ရမယ့် ပုံရှိပါတယ်။

ဒါကြောင့် ဆန္ဒပြခေါင်းဆောင် ဆူထေ့ပ်က ရွေးကောက်ပွဲရလဒ်မှာ အပြောင်းအလဲတွေ ဖြစ်လာစေမယ့် ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ အဓိက ရည်ရွယ်နေတာပါ။

Aye Chan Mon# Credit To :DVB> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

By ဒီဗွီဘီ
15 January 2014

ထိုင်းရွေးကောက်ပွဲကို နဂို စီစဉ်ထားတဲ့အတိုင်း ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကျင်းပမယ်လို့ ထိုင်းအစိုးရက ဒီနေ့ ထပ် အတည်ပြုပါတယ်။

YinLatရွေးကောက်ပွဲကော်မရှင်က အဆိုပြုထားတဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စကို ၀န်ကြီးချုပ် ဦးဆောင် ဆွေးနွေးပြီးတဲ့နောက်မှာ ဒုဝန်ကြီးချုပ်က ထပ်အတည်ပြုလိုက်တာပါ။

“အစည်းအဝေး တက်ရောက်လာတဲ့ အများစုက ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်းပဲ ကျင်းပဖို့ သဘောထားပေးကြတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ရွေးကောက်ပွဲ ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပရပါမယ်”လို့ ဒုဝန်ကြီးချုပ် ပွန်သပ် သပ်ခန်းချနာက ပြောပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်က နိုင်ငံရေးပါတီတွေ အားလုံးနဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြနေတဲ့ အဖွဲ့တွေကို ရွေးကောက်ပွဲ ရွှေ့ဆိုင်းရေးကိစ္စ ဒီနေ့ ဆွေးနွေးခဲ့ပေမယ့် အများစုက အစည်းအဝေး မတက်ကြပါဘူး။

အစိုးက အခုလို ဆုံးဖြတ်လိုက်တဲ့ နောက်မှာ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့လယ် ရတ်ချပရာဆွန် အ၀ိုင်းမှာ ဆက်ပြီးတော့ သပိတ်စခန်းဖွင့်ထားပါတယ်။

ခိုတောင်မုန့်တီအလွမ်း

Photo: ခိုတောင်မုန့်တီအလွမ်း
--------------
ရေးသားသူ- ညီညီဇော်

အဝေးရောက် မန္တလေးသူ၊ မန္တလေးသားများ မိမိဒေသထွက်အစားအစာများကို လွမ်းမိသည့်အခါ မဖြစ်မနေသတိရမိနိုင်သည့် အစားအစာတစ်ခုရှိပါသည်။ ထိုအစားအစာက ကိုယ်ဒေသထွက် အစားအစာမဟုတ်ပေသိ မန္တလေးနဲ့ခွဲလို့ပင်မရတော့။ မန္တလေးမြို့ရဲ့ မိသားစုဝင်အစားအစာတစ်ခုလိုပင် ဖြစ်နေပြီ။ မြန်မာဆန်ဆန် အမည်ပေးထားကြပြီး ခိုတောင်မုန့်တီဟု အမည်တွင်ပါသည်။

ခိုတောင်မုန့်တီသည် မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမင်းကွန်းကားလမ်းပေါ်ရှိ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ခိုတောင်ရွာရှိ အမျိုးသမီးအများစု မန္တလေးမြို့ပေါ်တက်ကာ မုန့်တီရောင်းရာမှ ခိုတောင်မုန့်တီ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ကိုအမှီပြုကာ နေထိုင်သူတွေက ဘာသာလူမျိုးအစုံရှိပေမယ့် ခိုတောင်မုန့်တီကို လူမျိုးဘာသာမခွဲခြားဘဲ မက်မက်မောမောစားတတ်ကြသည်။ ခိုတောင်မုန့်တီက မန္တလေးမုန့်တီလို မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်တွေမပါပေ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ထားသဖြင့် အလွန်ပင်မွှေးကြိုင်လှသည်။ ခိုတောင်မုန့်တီသည်တွေက ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြု။ ဒေသထွက်စဥ့်ထည်အိုးသေးလေးများ၊ စဥ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကိုအသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားကြသည်။ ဟင်းချို တစ်နေကုန်နွေးနေအောင်ဖြစ်သည်။ မြေအိုးတွေ၊ စဥ့်အိုးတွေ၊ ပန်းကန်တွေ၊ မုန့်ဖတ်သုံးလေးပိဿာ၊ ပန်းကန် ၁၀ လုံးခန့်ထည့်ထားသည့် မုန့်တီတောင်းက ခေါင်းကိုပုဝင်သွားမတတ်။

ဟိုအရင်ခေတ်တွေတုန်းကတော့ ခုလိုမန္တလေးမြို့ပေါ်မှာ မုန့်တီစက်တွေမပေါ်သေး။ ခိုတောင်မုန့်တီသည်တွေက ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ရသည်ဟု (၁၈)နှစ်အရွယ်ကတည်းက မုန့်တီရောင်းခဲ့သည့် အသက်(၆၅)နှစ်အရွယ် ခိုတောင်ရွာသူ ဒေါ်သန်းစိန်ကပြောသည်။ နံနက်စောစော ၃ နာရီလောက်ဆို ခိုတောင်တစ်ရွာလုံးက မုန့်တီသည်တွေ အိပ်ရာထကြရပြီ။ မိသားစုဝင်သုံးဦးခန့်ဖြင့် မုန့်တီဖတ်ညှစ်ရသည်။ မုန့်တီဖတ်ညှစ်ပြီး တစ်နေကုန် မုန့်သွားရောင်းရမည်မို့ မနက်စောစောပေမယ့် ခေါင်းလျှော်ရေချိုးရသည်။ နေပူဒဏ်ခံနိုင်စေရန် သနပ်ခါးဘဲကြားလူးရသည်။ အသင့်ပြင်ဆင်ပြီးတော့ ခိုတောင်မြစ်ဆိပ်မှာ မုန့်တီသည်တွေစုံကြပြီ။ မန္တလေးမြို့ပေါ်ကို ငှက်လှေတွေနဲ့ကူးကြပြီ။ မုန့်တီသည်တွေက အများကြီးဆိုတော့ ငှက်လှေလေးငါးစီးဖြင့်ကူးရသည်။ လှေပေါ်ရောက်မှ အိမ်မှာအချိန်မရလို့ မစားဘဲထည့်ခဲ့ရသည့် ထမင်းကို ရေဖလားထဲထည့်ကာ ငှက်လှေပေါ်တွင်ပင် စားကြရသည်။

ဂေါဝိန်ဆိပ်ရောက်တော့ ကိုယ့်ဖောက်သည်တွေရှိရာ ရပ်ကွက်တွေဆီ အသီးသီးလမ်းခွဲထွက်ကြသည်။ တချို့ကျတော့လည်း နှစ်ယောက်တစ်တွဲသွားရောင်းကြသည်။ ဆေးလိပ်ခုံတွေ၊ ဖိနပ်ရုံတွေ၊ ဈေးချိုတော်၊ တရုတ်တန်းဈေး အစရှိသည့်နေရာများဆီသို့ဖြစ်သည်။

“အတူတူသွားလို့လည်း ရောင်းရတာမျှတယ်။ နောက်ပြီး မနာလိုတယ်ပြုတယ်လည်း မရှိကြဘူး။ ဒီဘက်အသည်မှာ ငရုတ်သီးကုန်သွားရင် နောက်အသည်က ရော့ ငါ့ထဲကလာယူ၊ သူ့ရှိပေးကိုယ်ယူ၊ ကိုယ့်ရှိပေးသူယူနဲ့ အဲဒီလိုရောင်းခဲ့ကြတယ်”ဟု ခိုတောင်မုန့်တီသည် ဒေါ်ညိုတင်ကပြောသည်။ ခိုတောင်မုန့်တီသည်တွေက သိပ်အော်ရောင်းစရာမလို။ ရောင်းနေကျအိမ်ရှေ့ မုန့်တီတောင်းချရောင်းလိုက်ရုံသာ။ ခိုတောင်မုန့်တီသည်တွေက ခိုတောင်ရွာထွက် ခုံဖိနပ်စီးကြတာဆိုတော့ ခုံဖိနပ်သံတဖြောင်းဖြောင်းသံကြားရပြီဆိုလျှင် ခိုတောင်မုန့်တီစားဖို့သာပြင်။

မန္တလေးသူ၊ မန္တလေးသားများကလည်း ဒေသစွဲကြီးသည့် ထုံးစံအတိုင်း စားနေကျမုန့်တီသည်မှစားသည်။ မုန့်တီသည်က တစ်ရက်လေးမလာရင် နေများမကောင်းနေလေသလားဟု စိတ်ပူကြတာလည်းရှိသည်။ အပျင်းထူပြီး ဈေးမထွက်တာမျိုးဆိုရင်တော့ ပြန်လာရောင်းတဲ့နေ့ ကလော်တုတ်ခံရပြီသာမှတ်ဟု ဒေါ်သန်းစိန်ကပြောသည်။ တကယ်နေမကောင်းဘူးဆိုရင်လည်း အိမ်ထဲဆေးပြေးယူ ရေတစ်ခွက်ခပ်ကာ ဆေးသောက်ချင်ချင်၊ မသောက်ချင်ချင် ဇွတ်တိုက်တတ်သည့် မန္တလေးသူ၊ မန္တလေးသားများနှင့်လည်း ဆုံခဲ့ရသည်ဟု ဆိုသည်။

“ကြာလာတော့ ဆွေတွေမျိုးတွေလိုကို ဖြစ်ခဲ့ကြတာပါပဲ”ဟု ဒေါ်သန်းစိန်ကလွမ်းဆွတ်စွာပြောသည်။

မုန့်ကုန်ပြီဆိုလျှင် ဈေးချိုထဲ ဆန်ခါခုံးတွေ ကိုယ်စီကိုင်ကာ ဈေးဝယ်ထွက်ကြပြီ။ နောက်တစ်နေ့အတွက် ဈေးရောင်းဖို့လိုအပ်သည့်ပစ္စည်းများနှင့် ဟင်းချက်စရာတွေ ၀ယ်ရခြင်းဖြစ်သည်။ ဈေးဝယ်ထွက်ပြီး ဂေါဝိန်ထိ လမ်းပြန်လျှောက် ဂေါဝိန်မှာဆုံကြတော့ ည ၇ နာရီကျော်ပြီ။ ဂေါဝိန်ရဲ့အမှောင်ထုကြား မုန့်တီသည်တွေစုံအောင် စောင့်ကြရသည်။ ဘယ်သူကတော့ ကျန်သေးတယ်။ ဘယ်ဝါကတော့မလာသေးဘူး အစရှိသည့်အသံတွေက ဂေါဝိန်ကို အမြဲတစေဖုံးလွှမ်းနေတတ်သည်။

လူစုံလို့ထွက်တော့ အမှောင်ထုက ပိုမိုကြီးစိုးလာသည်။ ငှက်လှေပေါ်ရောက်တော့ ကိုယ့်ရောင်းကြေးလေးတွေ ဈေးဗန်းထဲ သေချာဝှက်ရသည်။ “အမေတို့လက်ထက်တုန်းကဆို ခိုတောင်သည်တွေကို ဓားပြတိုက်တာတွေ ဖြစ်ဖူးတော့ လန့်ကြတယ်”ဟု မုန့်တီသည်ဒေါ်မြင့်မြင့်ဝင်းကပြောသည်။ ဧရာဝတီမြစ်ထဲမှာ ညကမှောင်မှောင် လေကတဖြူးဖြူးတိုက် ဓားပြရန်ကလည်း ကြောက်ရသေး။ လှေသမားကလွဲလို့ မိန်းမသားတွေချည်းဆိုတော့ အကြောက်ပြေအသံသေးအသံကြောင်ဖြင့် ရရာသီချင်းအော်ဆိုခဲ့ကြသည်ဟုလည်း မုန့်တီသည်များကပြောပြသည်။

ရာသီဥတုမကောင်းတဲ့အခါမျိုးဆိုရင် မုန့်တီသည်တွေ ငှက်လှေလေးထဲ ရသမျှဘုရားစာရွတ်ကာ ရင်တထိတ်ထိတ်ဖြင့် ပြန်ခဲ့ရသည့်ရက်များကလည်း မနည်းမနော။ ခိုတောင်ဆိပ်နားနီးလာလေလေ၊ အိမ်အမြန်ပြန်ရောက်ချင်လေလေ။ မှိတ်တုတ်မှိတ်တုတ် မီးအိမ်လေးတွေ ကိုယ်စီတွေ့နေရပြီဆိုရင် မကြာမီအိမ်ရောက်တော့မည်ကို မုန့်တီသည်တွေ သိကြသည်။ အိမ်မှာကျန်နေခဲ့တဲ့ လင်သားနဲ့ကလေးတွေက မီးအိမ်လေးတွေကိုယ်စီဖြင့် လာကြိုနေကြခြင်းပင်ဖြစ်သည်။

အိမ်လည်းရောက်ရော ည ၉ နာရီကျော်ပြီ။ တစ်နေကုန် မြို့တက်ဈေးရောင်းနေရသူတွေမို့ ညစာအတွက် အဆင်မှပြေပါ့မလားဟု စိတ်ပူနိုင်သည်။ သို့သော် ပူစရာမလိုပါ။ အိမ်မှာကျန်နေခဲ့တဲ့ လင်သားတွေက ခုံဖိနပ်ခုတ်လုပ်ငန်းလုပ်ရင်း ထမင်းဟင်းချက်ပြုတ်၊ အ၀တ်လျှော်၊ ကလေးထိန်း စသောအလုပ်တွေ လုပ်ထားပေးကြသည်ဟု ခိုတောင်မုန့်တီသည်များကဆိုသည်။ ဒါကြောင့် လက်ဆေးခူးစားလိုက်ရုံ။ “အဲဒါကြောင့် ခိုတောင်ရွာက ယောက်ျားတော်တော်များများ ထမင်းဟင်းချက်တတ်ကြတယ်”ဟု ဒေါ်သန်းစိန်ကပြောသည်။

ခိုတောင်သူတစ်ဦး မုန့်တီရောင်းရငွေက အိမ်စားစရိတ်ကို အတော်အတန်လေးထိန်းနိုင်သည်ဟု ခိုတောင်မုန့်တီသည်များကဆိုသည်။ ပိုလျှံသည်တော့မရှိ။ သို့သော် မုန့်တီရောင်းပြီး အလှူကြီးအတန်းကြီးမလှူနိုင်ပေမယ့် မလှူနိုင်ဈေးရောင်းဆိုသည့်အတိုင်း ကိုယ်ဈေးရောင်းရာဝန်းကျင် တွေ့သည့်ဆွမ်းခံကိုယ်တော် မုန့်တီဆွမ်းလောင်းသည်။ မယ်သီလရှင်များအား ကပ်လှူသည်။ တစ်ခါတစ်ရံ မင်းကွန်းလူအိုရုံသွားကာ မုန့်တီသွားလှူကြသည်။ တရားဟောဆရာတော်ကြီးအချို့က ခိုတောင်သည်များကပ်လှူခဲ့သည့် မုန့်တီဆွမ်းကို တရားပွဲများတွင်ပါ မမေ့မလျော့ထည့်သွင်းဟောပြောတတ်ကြသည်။

အခုတော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာလို့ လှေစီးကာ သွားရောင်းရန်မလိုတော့။ ဆိုင်ကယ်တို့၊ ကားတို့ဖြင့် သွားရောင်းလာကြသည်။ မုန့်တီဖတ်ကလည်း ရွာမှာတင်ကြိတ်စရာမလိုတော့။ မန္တလေးမြို့ပေါ်မှာ မုန့်တီစက်တွေပေါ်လာခဲ့ပြီ။ မုန့်တီတောင်းကို မန္တလေးမြို့ပေါ် နီးစပ်ရာအိမ်တွင်အပ်ကာ လူချည်းသက်သက်သွားရောင်းရုံသာ။ အသက်အရွယ်အရ မုန့်တီမရောင်းနိုင်တော့သည့် ဒေါ်သန်းစိန်တစ်ယောက် မန္တလေးက မုန့်တီစားနေကျ ကျေးဇူးရှင် မန္တလေးသူ၊ မန္တလေးသားများကို သတိရမိသည်ဟုဆိုသည်။

“တစ်ခါတလေများ မန္တလေးမြို့ထဲ ဈေးပြန်သွားရောင်းတယ်ဆိုပြီး အိပ်မက်တောင်မက်မိတယ်”ဟု ပြောသည်။

မန္တလေးမြို့ပေါ်တွင် မန္တလေးသူ၊ မန္တလေးသားနည်းလာသည်ဟုလည်းဆိုသည်။ တိုင်းတစ်ပါးအစားအစာတွေလည်း မင်းမူလာသည်ဟုလည်း ဆိုသူကဆိုသည်။ သို့သော် ခိုတောင်မုန့်တီအပါအ၀င် မန္တလေးအစားအသောက်များကတော့ မန္တလေးမှာ “ပန်းပန်လျက်ပါ”ဟုဆိုမည်ဆိုလျှင် လွန်အံ့မထင်။ မန္တလေးရောက်ပြီဆိုလျှင် ခိုတောင်မုန့်တီတစ်ပွဲလောက်တော့ စားဖူးစေချင်လှပါသည်။

ဓာတ်ပုံ- ညီညီဇော်

Aye Chan Mon# Credit To :7Day News Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ရေးသားသူ- ညီညီဇော်

အဝေးရောက် မန္တလေးသူ၊ မန္တလေးသားများ မိမိဒေသထွက်အစားအစာများကို လွမ်းမိသည့်အခါ မဖြစ်မနေသတိရမိနိုင်သည့် အစားအစာတစ်ခုရှိပါသည်။ ထိုအစားအစာက ကိုယ်ဒေသထွက် အစားအစာမဟုတ်ပေသိ မန္တလေးနဲ့ခွဲလို့ပင်မရတော့။ မန္တလေးမြို့ရဲ့ မိသားစုဝင်အစားအစာတစ်ခုလိုပင် ဖြစ်နေပြီ။ မြန်မာဆန်ဆန် အမည်ပေးထားကြပြီး ခိုတောင်မုန့်တီဟု အမည်တွင်ပါသည်။

ခိုတောင်မုန့်တီသည် မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမင်းကွန်းကားလမ်းပေါ်ရှိ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ခိုတောင်ရွာရှိ အမျိုးသမီးအများစု မန္တလေးမြို့ပေါ်တက်ကာ မုန့်တီရောင်းရာမှ ခိုတောင်မုန့်တီ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မန္တလေးမြို့ကိုအမှီပြုကာ နေထိုင်သူတွေက ဘာသာလူမျိုးအစုံရှိပေမယ့် ခိုတောင်မုန့်တီကို လူမျိုးဘာသာမခွဲခြားဘဲ မက်မက်မောမောစားတတ်ကြသည်။ ခိုတောင်မုန့်တီက မန္တလေးမုန့်တီလို မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်တွေမပါပေ။ ကြက်သွန်ဖြူနီဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ထားသဖြင့် အလွန်ပင်မွှေးကြိုင်လှသည်။ ခိုတောင်မုန့်တီသည်တွေက ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြု။ ဒေသထွက်စဥ့်ထည်အိုးသေးလေးများ၊ စဥ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။

မြန်မာ့ဆက်သွယ်ရေးကို ပြည်သူတို့ ယုံကြည်မှု အားနည်းဟု ၀န်ကြီးဝန်ခံ

အောင်သူရထွန်း|ဇန်န၀ါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်

နှစ်စဉ်အရှုံးပေါ်နေသည့် အစိုးရ၏ ဆက်သွယ်ရေးလုပ်ငန်းများအပေါ် ပြည်သူတို့၏ ယုံကြည်မှုအားနည်း နေသည်ဟု ဇန်န၀ါရီ ၁၄ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ၀န်ခံပြောဆိုလိုက်သည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ နှစ်စဉ်အရှုံးပေါ်နေရုံ သာမက ပြည်သူလူထုရဲ့ ယုံကြည်မှုအထိုက် အလျောက် အားနည်းနေတဲ့အတွက် နည်းပညာနဲ့ နည်းစနစ်အကူအညီရရှိရေး ဂျပန်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်နေရတယ်” ဟု လာမည့်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ၀န်ကြီးဌာနက ချမှတ်ထားသည့် အမျိုးသားစီမံကိန်းများကို လွှတ်တော်သို့ ရှင်းလင်းပြောကြားရာတွင် ၄င်းက ထည့်သွင်းပြောဆိုခဲ့သည်။

လာမည့် ၂၀၁၄-၂၀၁၅ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်းသိပ်သည်းဆ ၅၀ရာခိုင်နှုန်းနှင့် အင်တာ နက် သုံးစွဲနိုင်မှု ၂၀ရာခိုင်နှုန်း ကျေးလက်ဒေသအထိ တိုးတက်သုံးစွဲနိုင်ရန် ရည်မှန်းထားပြီး နိုင်ငံတော် ဘတ်ဂျက်နှင့်သာမက ပြည်တွင်း ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းဆက်လက်ဆောင်ရွက်ရန် လျာထား သည်ဟု ဦးမြတ်ဟိန်းက ပြောသည်။

မောင်တောတွင် ရဲကင်း လှည့်နေစဉ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တစ်ဦး ပျောက်ဆုံး

မောင်တော၊ ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေးသည့် ဒူးချီရာတန်း ဘင်္ဂါလီ ကျေးရွာအနီးတွင် ညကင်းလှည့်သော ရဲတပ်ဖွဲ့ဝင်သုံးဦး တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ်တစ်ဦး ပျောက်ဆုံးနေကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဒူးချီရာတန်း ကျေးရွာမှာ ဆယ်အိမ်မှူးများနှင့် လုံခြုံရေး ကင်းလှည့်နေစဉ် အဆိုပါ ကျေးရွာမှ လူများက ဓားပြဟု အော်ကာ တိုက်ခိုက်ခဲ့ရာ ရဲတပ်သားနှစ်ဦး ထွက်ပြေး လွတ်မြောက် လာခဲ့ကြောင်း မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရဲတပ်ကြပ် အောင်ကျော်သိန်းမှာ လက်နက်များနှင့် အတူ ပျောက်ဆုံးနေကြောင်း မောင်တောမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရရှိသည့် အချက်အလက်များကို အခြေခံကာ ၎င်းကဆိုသည်။

ပုဒ်မ ၁၈ ပြင်ဆင်ချက်အား အစိုးရအဖွဲ့က မလိုလား၊ ပြည်ထဲရေးကလည်း ကန့်ကွက်ဟုဆို

စိုးသန်းလင်း|ဇန်န၀ါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်

ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန် တင်သွင်းထားသည့် ငြိမ်း-စု-စီ ခေါ် ပုဒ်မ ၁၈၏ ပြင်ဆင်ချက် များအပေါ် အစိုးရအဖွဲ့က မလိုလားကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ကန့်ကွက်ထားကြောင်း၊ ၄င်း ပုဒ်မ ၁၈ ၏ ပြင်ဆင်ချက်များကို ပြည်သူ့လွှတ်တော်မှတစ်ဆင့် တင်သွင်းခဲ့သည့် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရ ဦးအောင်ကိုက မဇိ္ဈမကို ပြောသည်။

“ပုဒ်မ ၁၈ ပြင်ဆင်ချက်ကို အတည်ပြုနိုင်ဖို့အတွက် ကျွန်တော်အများကြီး ရုန်းကန်ရဦးမယ် ထင်တယ်၊ ပုဒ်မ ၁၈ ကို ပြစ်ဒဏ်လျှော့ပေါ့ ပြင်ဆင်ပေးလိုက်ရင် ပြည်သူတွေလမ်းပေါ်ထွက် ဆန္ဒပြမှုတွေပိုများလာနိုင်ပြီး ထိန်းသိမ်းရ ခက်ခဲနိုင်တယ်လို့ အစိုးရအဖွဲ့က မျှော်လင့်ထားပုံရတယ်၊

အုပ်ချုပ်ရေးမဏ္ဍိုင်က ဒီ ၁၈ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မလိုလားသလိုပြည်ထဲရေး ၀န်ကြီးဌာနကလဲ ကန့်ကွက်ထားပါတယ်” ဟု၎င်းက ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ဒုတိယနေ့ ဇန်န၀ါရီ ၁၄ ရက်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိသောငါးကြီးတစ်ကောင်အားငွေကျပ် ၂၂၅သိန်းဖြင့်ဝယ်

Photo: ဖမ်းမိသောငါးကြီးတစ်ကောင်အားငွေကျပ် ၂၂၅သိန်းဖြင့်ဝယ်

အောင်ထိုက်ဦး၊ မော်လမြိုင် ဇန်န၀ါရီ ၁၄

မွန် ပြည်နယ် မော်လမြိုင်မြို့ ကော့ တွန်ကျေးရွာအုပ်စု၊ ဇွယ်ရပ် ကျွန်းနေ ဒေါ်ပု၏သား မောင် သာထူးသည် မော်လမြိုင် ခေါင်း ဆေးကျွန်းအနီးတွင် ဇန်န၀ါရီ ၁၃ရက် နံနက် ၁၁နာရီက ငါး ပြက်ပိုက်ဆွဲရာမှ အလေးချိန် ၅၂ပိဿာခန့်ရှိ ကသမြင်ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

အဆိုပါငါးကြီးအား မော် လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံ လွင်ဈေး ငါးအ၀ယ်ဒိုင်တွင် လာရောက်ရောင်းချရာ ကျိုက္ခ မီမြို့မှ ငါးအ၀ယ်ဒိုင်ပိုင်ရှင် တစ်ဦးက ငွေကျပ် ၂၂၅သိန်း ပေးဝယ်ပြီး ရန်ကုန်မြို့သို့နေ့ ချင်းအပြီး သယ်သွားကြောင်း၊ ငါးထက် ငါးအဆီပေါင်းက ပိုမို ဈေးရကြောင်း ငါးလုပ်ငန်းရှင် များက ပြောဆိုကြသည်။

““ကသမြင်ငါးအကြီးကြီး ရလိုက်တဲ့လူဟာ နောက်ဆို တံငါလုပ်ငန်းလုပ်လို့ မရတော့ ဘူး။ တံငါလုပ်ငန်းပြန်လုပ် ရင် ခိုက်တယ်တဲ့။ အရင်က လဲ ဒီလိုငါးအကြီးကြီးရဖူးကြ ပါတယ်””ဟု ချမ်းအေးရပ်ကွက် မှ တံငါသည်တစ်ဦးက ပြော သည်။

Aye Chan Mon# Credit To :Yangon Media Group> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Yangon Media Group

မူးယစ်ဆေးကုန်ကူးသူများ၏ ခရီးတစ်ထောက်နားခိုရာနေရာ

Photo: မူးယစ်ဆေးကုန်ကူးသူများ၏ ခရီးတစ်ထောက်နားခိုရာနေရာ
-------------------
ရေးသားသူ- အေးမွန်ရာပြည့်

ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်နှင့် အိန္ဒိယဈေးကွက်တို့ဆက်သွယ်ရန် မဟာဗျူဟာအကျဆုံးနေရာတွင် မြို့တစ်မြို့ရှိသည်။ ထိုမြို့ကား မန္တလေးမြို့ဖြစ်၏။

တစ်ချိန်က မြန်မာနိုင်ငံ၏ မင်းနေပြည်တော်ဖြစ်ခဲ့သည့်အပြင် ယဉ်ကျေးမှုမြို့တော်အဖြစ်လည်း ထင်ရှားခဲ့သည့် မန္တလေးမြို့သည် လက်ရှိအချိန်တွင် ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုပွင့်လင်းလာသည်။

မြို့တည်နေရာ ပထ၀ီအရအရေးပါမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ ကုန်စည်များသာ စီးဆင်းတော့သည်မဟုတ်ပေ။

မြန်မာနိုင်ငံအရှေ့မြောက်ခြမ်းရှိ တရုတ်-မြန်မာနယ်စပ်နေရာမှ စိတ်ကြွဆေးပြားများအား နိုင်ငံ၏အနောက်ခြမ်းတွင်ရှိနေသည့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ အဓိကပို့ပေးနေရသော လမ်းကြောင်းပေါ်တွင် ရှိနေပြန်သည်။ မန္တလေးမြို့သည် ယနေ့အချိန်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား သယ်ယူရောင်းဝယ်ဖောက်ကားမှုများ၏ ခရီးတစ်ထောက်ခိုနားရာ နေရာတစ်ခုဖြစ်နေသည်ဟု မန္တလေးမြို့ရှိ မူးယစ်တပ်ဖွဲ့စု(၁၇)မှ ရဲမှူးဒီဒီယောဟန်ကပြောသည်။

စိတ်ကြွဆေးပြားများ ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ဆူဒိုအက်ဖဒရင်းခေါ်သည့် ချောင်းဆိုးပျောက်ဆေးကဲ့သို့သော ဆေးပြားများအား အိန္ဒိယ- မြန်မာနယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကိုဖြတ်ကာ တရုတ်နယ်စပ်သို့ ပို့ဆောင်ကုန်သွယ်မှုများ ပြုလုပ်နေသည်။ ယင်းနယ်စပ်တစ်လျှောက်တွင်မှ ဆူဒိုဆေးပြားများနှင့် အခြားဓာတုပစ္စည်းများနှင့် ဓာတ်ပြုကာ စိတ်ကြွဆေးပြားများအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြစ်သည်။ ရရှိလာသည့် စိတ်ကြွဆေးပြားများကို အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပြန်ပို့သည့်လမ်းကြောင်းများတွင် မန္တလေးပါဝင်နေပြန်သည်။ ထို့ကြောင့် မန္တလေးမြို့သည် စိတ်ကြွဆေးထုတ်သည့် ကုန်ကြမ်းများ အပြန်အလှန်ကုန်သွယ်သည့်လမ်းကြောင်းတွင် ပါဝင်နေသကဲ့သို့ ဓာတ်ပြုပြီး စိတ်ကြွဆေးပြားများကို တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရောင်းဝယ်ကြရာတွင်လည်း ပါဝင်နေသည့်အတွက် အဓိကအချက်အချာကျနေပြီး မူးယစ်ဆေးဝါးကုန်သွယ်သူများ၏ ခရီးတစ်ထောက်နားခိုရာ မြို့ဖြစ်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းရှိ ဆေးပြားများ အပြန်အလှန်ရောင်းဝယ်ဖောက်ကားနေမှုများ ပြုလုပ်ရာတွင်လည်း မန္တလေးမြို့သည် အဓိကကျနေပြန်သည်။

၂၀၁၂ ခုနှစ်အတွင်းက မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးတွင် စိတ်ကြွဆေးပြားဖမ်းဆီးရမှု ၁၀၇ မှုမှ ကျပ်သိန်းပေါင်းနှစ်သောင်းလေးထောင်ကျော်သာ ဖမ်းဆီးရရှိခဲ့သော်လည်း ၂၀၁၃ တွင်မူ စိတ်ကြွဆေးပြားမှု ၁၃၂ မှုတွင် ကျပ်သိန်းသုံးသောင်းငါးထောင်ကျော်ထိ တိုးမြှင့်ဖမ်းဆီးရမိခဲ့သည်။

လက်ကြီး ရောင်းဝယ်ဖောက်ကားသူများမှာ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်မှ စိတ်ကြွဆေးပြားများကို ဆိုင်ကယ်ကယ်ရီသမားများအား အခကြေးငွေများပေးကာ သယ်ဆောင်ခိုင်းပြီး အိန္ဒိယနယ်စပ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များသို့ ပြန်လည်ပို့ဆောင်ခိုင်းခြင်းများရှိသလို လက်လီပြန်လည်ရောင်းချသူများထံသို့ လက်ကားဈေးဖြင့် ပြန်လည်ရောင်းချပေးမှုများလည်း ရှိနေသည်။

အချို့ဆိုင်ကယ် ကယ်ရီသယ်သူများ ကိုယ်တိုင်ကလည်း တရုတ်ပြည်နယ်စပ်မှ တစ်နိုင်တစ်ပိုင်သယ်ဆောင်လာပြီး လက်ကြီးသမားများထံသို့ ပြန်သွင်းသည့်သူများလည်းရှိနေသည်။

စိတ်ကြွဆေးပြားအလုံးရေပေါင်း နှစ်ရာခန့်ပါဝင်သည့် နှစ်လက်မခွဲပတ်လည် ပလတ်စတစ်အိတ်တစ်အိတ်အား တရုတ်ပြည်နယ်စပ်မှ မန္တလေးမြို့ရောက်အောင် သယ်ယူလာပါက အနည်းဆုံးအမြတ်ငွေ ကျပ်နှစ်သိန်းနီးပါးခန့်ရရှိသောကြောင့် ဆိုင်ကယ်ကယ်ရီသမားအချို့မှာ ဆေးပြားများသယ်ယူလာလေ့ရှိသည်။ ထို့ကြောင့် ဆေးပြားများ ဖမ်းဆီးရမိသည့်အမှုများထဲတွင် ဆိုင်ကယ်ကယ်ရီသမားများထံမှ ဖမ်းမိသည့် အမှုအများဆုံးပါဝင်နေကြောင်း မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ မှတ်တမ်းများတွင် ဖော်ပြသည်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများအား လက်ကားရောင်းဝယ်ဖောက်ကားနေသူများမှာ ကိုယ်ပိုင်အိမ်များဖြင့် နေထိုင်လေ့မရှိဘဲ အိမ်ငှားများတွင်သာ နေထိုင်လေ့ရှိပြီး အများစုမှာ လျှို့ဝှက်သိပ်သည်းစွာ နေလေ့ရှိသည်။ မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများ (အထူးသဖြင့် ဘိန်း) ရောင်းဝယ်အသုံးပြုသည့်နေရပ်များအနေဖြင့် နာမည်ကျော်ကြားသည့်နေရာများမှာ တာရိုးရှိ ကျောက်သပိတ်ရပ်ကွက်နှင့် ရတနာပုံမြို့သစ်များဖြစ်သည်။ ဆေးပြားအရောင်းအ၀ယ်လုပ်ကိုင်သူများအကြားတွင်မူ နေရပ်အတိအကျမရှိဘဲ လက်ကိုင်ဖုန်းများဖြင့်သာ တိတ်တဆိတ် အရောင်းအ၀ယ်ပြုလုပ်လေ့ရှိသည်။

“၂၀၁၂ ထဲမှာ အကြီးဆုံးမိတဲ့ ဆေးပြားအမှုကို စစ်လိုက်တော့ အာဏာပိုင်တွေ၊ ဌာနဆိုင်ရာတွေ၊ ၀န်ထမ်းတွေ၊ ရပ်ကွက်ခံတွေကို ပေါင်းထားတာမရှိဘူး။ သူ့ဂိုဏ်းနဲ့သူပဲ အချိတ်အဆက်တွေနဲ့ လုပ်နေကြတာ။ ဒါပေမဲ့ ၁၆ မိုင်ဂိတ်မှာ ဆေးပြားတစ်သိန်း၊ နှစ်သိန်းဖမ်းမိတဲ့အမှုတွေမှာတော့ ၀န်ထမ်းတွေ၊ ၀န်ထမ်းဟောင်းတွေပါနေတယ်။ များသောအားဖြင့် အကြီးအကျယ်လုပ်သူတွေက တိတ်တဆိတ်ပဲ လုပ်ကြတာများတယ်”ဟု ရဲမှူးဒီဒီယောဟန်က ထည့်သွင်းပြောသည်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူအများစုမှာ ကျောက်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဲ့သို့သော လုပ်ငန်းကြီးများကို ဗန်းပြလုပ်ငန်းများအဖြစ် လုပ်ဆောင်လျက်ရှိသည်။ မန္တလေးမြို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှုများ အားလုံးနီးပါးတွင် ကျောက်စိမ်းဖြတ်စများနှင့်ပါ တွဲဖက်ဖမ်းမိလေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ သတင်းရရှိသည်။

သတင်းပေးများမွေးပြီး မူးယစ်ဆေးဝါးရောင်းဝယ်ပြုလုပ်နေသူများအား လိုက်လံစောင့်ကြည့်မှုများ ပြုလုပ်နေသော်လည်း သတင်းပေးအများစုမှာ မူးယစ်ဆေးဝါးလက်ကြီးရောင်းဝယ်နေသူများ၏ လုံခြုံရေးစနစ်ကို မထိုးဖောက်နိုင်သေးပေ။ လက်ကားရောင်းဝယ်နေသူများမှာ လက်ကိုင်ဖုန်းများဖြင့် ကင်းတိုကင်းရှည်များ ချထားမှုများကြောင့် လိုက်လံသတင်းရယူရေးနှင့် ဖမ်းဆီးနိုင်ရေးအတွက် အခက်အခဲများရှိနေသည်။ လက်ကား မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူများ ရှိနေသကဲ့သို့ လက်လီပြန်လည်ရောင်းချနေသူများမှာလည်း မြို့အနှံ့ပျံ့နှံ့လျက်ရှိပြီး ကေတီဗီ၊ ကာရာအိုကေဆိုင်များတွင်လည်း လက်သိပ်ထိုးရောင်းချမှုများ ရှိနေသည်။ မူးယစ်ဆေးဝါးများအား လက်လီရောင်းချသည့်နေရာအဖြစ် မန္တလေးမြို့တွင်နာမည်ကြီးသည့် ရတနာပုံမြို့သစ်အတွင်းရှိ မူးယစ်ဆေးရောင်းချသည့် အိမ်များသို့ နေ့စဉ်မူးယစ်ဆေးလာရောက်သုံးစွဲသည့် လူငယ်ပေါင်း ပျမ်းမျှ ၁၅၀ ခန့်ရှိပြီး ရောင်းချသူများကိုယ်တိုင်ကလည်း ရပ်ကွက်အတွင်းတွင် ကင်းစနစ်ဖြင့် လူငါးယောက်ခန့်အား အမြဲတစေတာဝန်ချထားလေ့ရှိကြောင်း ရတနာပုံမြို့သစ်နေ အမျိုးသားတစ်ဦးကပြောသည်။

ရပ်ကွက်ထဲမှာတော့ ဆေးရောင်းတဲ့အိမ်က ခုနစ်အိမ်လောက်ရှိတယ်။ ဘိ (ဆေးသုံးတဲ့အခန်း)လည်း ငှားတယ်။ အရောင်းအ၀ယ်လုပ်သူတွေကတော့ သူဌေးတွေ၊ သုံးနိုင်ဖြုန်းနိုင်တဲ့သူတွေပေါ့။ ရောင်းသူနဲ့ ရဲကြားက ချိတ်ပေးတဲ့သူတောင် အခုသူဌေးဖြစ်နေပြီ။ သူလည်း ကျွန်တော်တို့ရပ်ကွက်ထဲမှာပဲ နေနေတာ”ဟု ၎င်းကဆက်လက်ပြောသည်။

သို့သော်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သည့် လက်လီရော လက်ကားပါ ဖောက်ကားသူအများစုမှာ ပြည်သူများအကြားတွင်ပင် လုပ်ကိုင်နေရသောကြောင့် ရပ်ကွက်ဒေသခံပြည်သူများ၏ သတင်းပေးမှုများသာရှိပါက ၎င်းတို့အား ယခုထက်ပိုမိုဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများအနက် အများစုမှာလည်း ပြည်သူများ၏ သတင်းပေးမှုများကြောင့်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။

ရှမ်းပြည်နယ်မှ အဓိကထွက်သည့် ဘိန်းစိမ်းများ ဘိန်းဖြူများကိုလည်း မန္တလေးမြို့မှတစ်ဆင့် ကချင်ပြည်နယ်သို့ သယ်ယူရောင်းဝယ်မှုများရှိသည်။ ဘိန်းဖြူနှင့်ဆက်စပ်သည့် မူးယစ်ဆေးများကိုမူ မန္တလေးဘူတာကြီးမှတစ်ဆင့် စစ်ကိုင်းတိုင်းကိုကျော်ဖြတ်ကာ ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနားမြို့များသို့ အနည်းဆုံးအခကြေးငွေ ကျပ်ဆယ်သိန်းရယူပြီး မီးရထားလမ်းကြောင်းမှ ခိုးဝှက်သယ်ယူနေသူများလည်းရှိနေကြောင်း မန္တလေးဘူတာကြီးရှိ မီးရထားရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

၂၀၁၃ ခုနှစ်တွင် မန္တလေးဘူတာကြီး၌ ဘိန်းဖြူဘိန်းစိမ်းများ သယ်ဆောင်သည့် အမျိုးသမီး ၂၈ ဦးနှင့် အမျိုးသားခုနစ်ဦးပါဝင်သည့် အမှုပေါင်း ၂၆ မှု၊ စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၄၈၀၀ ကျော်အား မီးရထားရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

မန္တလေးမြို့ပေါ်တွင်ဖြစ်ပွားခဲ့သည့် ခိုးမှု၊ လုယက်မှုများအနက် အမှုတချို့မှာ မူးယစ်ဆေးဝါးမှုများနှင့် သွယ်ဝိုက်ဆက်စပ်လျက်ရှိနေသည်ဟုလည်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးဇော်မင်းဦးကပြောသည်။

မူးယစ်ဆေးဝါးများအား လက်လီရောင်းချနေသူများက မူးယစ်ဆေးသုံးသူများ၏ နေအိမ်ရှေ့ပေါက်အထိ လာရောက်ရောင်းချကြသောကြောင့်လည်း ဆေးသုံးစွဲသူများအနေဖြင့် အလွယ်တကူငွေရရေး ကြိုးပမ်းမှုများရှိလာပြီး လုယက်မှု၊ ခိုးမှုများအား ပြုလုပ်လာသည်။

“မန္တလေးမြို့အတွင်း ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားတဲ့ခိုးမှု၊ လုယက်မှုတွေအားလုံးက မူးယစ်ဆေးဝါးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဆက်နွှယ်မှုတွေတော့ ရှိနေတယ်”ဟု ဒုတိယရဲမှူးကြီးဇော်မင်းဦးကပြောသည်။

မြန်မာတစ်နိုင်ငံလုံးမှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်လုပ်ငန်း လုပ်ကိုင်နေသူများကို ယခုထက် ပိုမိုဖမ်းဆီးနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က နေပြည်တော်ရဲတပ်ဖွဲ့ဌာနချုပ် လက်အောက်ရှိ မူးယစ်တပ်ဖွဲ့မှ ဖွဲ့စည်းပုံအသစ် ထုတ်ပြန်ခဲ့သည်။

ယင်းဖွဲ့စည်းပုံအသစ်အရ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် မူးယစ်အထူးတပ်ဖွဲ့နှစ်ခုမှ လေးခုအထိ တိုးမြှင့်ခဲ့ပြီး တပ်ဖွဲ့ဝင်အင်အားကိုလည်း အယောက် ၇၀ ကျော်ရှိနေရာမှ ၁၅၀ ကျော်ထိ တိုးမြှင့်ချထားခဲ့ပြီးဖြစ်သည်။ မူးယစ်ဆေးဝါးမှုများ ကြီးလျှင်ကြီးသလို ၎င်းအင်အားနှင့် သက်ဆိုင်ရာနယ်မြေရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်လျက်ရှိသော်လည်း မူးယစ်ဆေးဝါးအရောင်းအ၀ယ်လုပ်သူများ၏ ကင်းချသည့်စနစ်များနှင့် လှည့်ကွက်အမျိုးမျိုးတို့ကြောင့် သွားရောက်ဖမ်းဆီးရာတွင်မူ ဆေးများအား လက်ဝယ်မတွေ့ရှိသောကြောင့် အရေးယူ၍မရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့များအနေဖြင့် မူးယစ်မှုများ တိုးမြှင့်ဖမ်းဆီးနိုင်ပါက ရာထူးတက်ခြင်း၊ နိုင်ငံတော်အစိုးရမှပေးသည့် နာမည်ကောင်းလက်မှတ်များရရှိခြင်း၊ အဖွဲ့အစည်းနာမည်တက်ခြင်းတို့ကြောင့် မူးယစ်အမှုအားလုံးကို ဖမ်းလိုကြောင်း ရဲမှူးဒီဒီယောဟန်ကဆိုသည်။ ထိုသို့ ဖမ်းနိုင်ရန်အတွက်လည်း ပြည်သူများက သတင်းပေးရန်လိုအပ်ကြောင်း ၎င်းကပြောသည်။

မူးယစ်မှုများပပျောက်ရန် ရဲတပ်ဖွဲ့မှာ အဓိကကျပြီး လက်ကြီးရောင်းချသူများကို အမှန်တကယ်ဖော်ထုတ်နိုင်လျှင် အမြစ်ပြတ်ချေမှုန်းရန် လွယ်ကူကြောင်းလည်း မင်းတဲအီကင်းရပ်ကွက်မှ အမျိုးသားကြီးတစ်ဦးကပြောသည်။

ဓာတ်ပုံ- ညီညီဇော်

Aye Chan Mon# Credit To :7Day News Journal> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ရေးသားသူ- အေးမွန်ရာပြည့်

ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်နှင့် အိန္ဒိယဈေးကွက်တို့ဆက်သွယ်ရန် မဟာဗျူဟာအကျဆုံးနေရာတွင် မြို့တစ်မြို့ရှိသည်။ ထိုမြို့ကား မန္တလေးမြို့ဖြစ်၏။

တစ်ချိန်က မြန်မာနိုင်ငံ၏ မင်းနေပြည်တော်ဖြစ်ခဲ့သည့်အပြင် ယဉ်ကျေးမှုမြို့တော်အဖြစ်လည်း ထင်ရှားခဲ့သည့် မန္တလေးမြို့သည် လက်ရှိအချိန်တွင် ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုပွင့်လင်းလာသည်။

မြို့တည်နေရာ ပထ၀ီအရအရေးပါမှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ ကုန်စည်များသာ စီးဆင်းတော့သည်မဟုတ်ပေ။

မြန်မာနိုင်ငံအရှေ့မြောက်ခြမ်းရှိ တရုတ်-မြန်မာနယ်စပ်နေရာမှ စိတ်ကြွဆေးပြားများအား နိုင်ငံ၏အနောက်ခြမ်းတွင်ရှိနေသည့် အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ အဓိကပို့ပေးနေရသော လမ်းကြောင်းပေါ်တွင် ရှိနေပြန်သည်။ မန္တလေးမြို့သည် ယနေ့အချိန်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား သယ်ယူရောင်းဝယ်ဖောက်ကားမှုများ၏ ခရီးတစ်ထောက်ခိုနားရာ နေရာတစ်ခုဖြစ်နေသည်ဟု မန္တလေးမြို့ရှိ မူးယစ်တပ်ဖွဲ့စု(၁၇)မှ ရဲမှူးဒီဒီယောဟန်ကပြောသည်။

စိတ်ကြွဆေးပြားများ ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ဆူဒိုအက်ဖဒရင်းခေါ်သည့် ချောင်းဆိုးပျောက်ဆေးကဲ့သို့သော ဆေးပြားများအား အိန္ဒိယ- မြန်မာနယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကိုဖြတ်ကာ တရုတ်နယ်စပ်သို့ ပို့ဆောင်ကုန်သွယ်မှုများ ပြုလုပ်နေသည်။ ယင်းနယ်စပ်တစ်လျှောက်တွင်မှ ဆူဒိုဆေးပြားများနှင့် အခြားဓာတုပစ္စည်းများနှင့် ဓာတ်ပြုကာ စိတ်ကြွဆေးပြားများအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြစ်သည်။ ရရှိလာသည့် စိတ်ကြွဆေးပြားများကို အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ပြန်ပို့သည့်လမ်းကြောင်းများတွင် မန္တလေးပါဝင်နေပြန်သည်။

နိုင်ငံခြားသားနှစ်ဦး စမ်းချောင်းမြို့နယ်ရှိ ကလေးပစ္စည်း အရောင်းဆိုင်သို့ ဝင်ရောက်ခိုးယူ

စမ်းချောင်းမြို့နယ် အတွင်းရှိ ကလေးပစ္စည်း အရောင်းဆိုင် သို့ နိုင်ငံ ခြားသားနှစ်ဦးက ဝင်ရောက်၍ ခိုးယူမှု တစ်ခု ပြုလုပ် ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး မှုခင်းဌာနမှ သိရသည်။

ယခုလ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်အချိန်တွင် စမ်းချောင်းမြို့ နယ် အောင်ချမ်းသာ ရပ်ကွက် KIDDY WORLD ကလေးပစ္စည်း အရောင်းဆိုင် မှ အရောင်းဝန်ထမ်းများဖြစ်သော အရောင်းတာဝန်ခံ မစိုးစိုးထွေး ၂၆ နှစ်နှင့် အရောင်းစာရေး မဝင်းဝါဝါထွန်း ၂ဝ နှစ်သည် ဆိုင်အတွင်းရှိနေစဉ် အမည်မသိ အဝတ်အစားအရောင် မမှတ်မိ ကုလားဆင် နိုင်ငံခြားသား ၂ ဦး လာရောက်ဈေးဝယ်၍ ရောင်းချပေး ခဲ့ရာ တစ်ဦးမှ တာဝန်ခံ မစိုးစိုးထွေး အနီး နားကျပ်တောင်ဖိုးငွေပေးချေ သဖြင့် မစိုးစိုးထွေးမှ ငွေပြန်အမ်းစဉ် အဆိုပါ နိုင်ငံခြားသားမှ ကောင်တာအံ ဆွဲအတွင်း မစိုးစိုးထွေး ထပ်ထားသော ငွေများအား စီရီထပ်ပြပြီးနောက် မစိုး စိုးထွေးအား ငွေများပြန်ပေး၍ ထွက် သွားရာ ၄င်းတို့ထွက်သွားပြီးနောက် မစိုးစိုးထွေးမှ စစ်ကြည့်သောအခါ ငွေ ကျပ် ၃၈ဝဝဝဝ အနက်မှ ၂၆၁၃ဝဝ လျော့နည်း ပျောက်ဆုံးခဲ့ကြောင်း သိရ သည်။

သထုံတွင် ရှေးဟောင်းငွေဒင်္ဂါး ၅၀၀ နီးပါး တူးဖော်တွေ့ရှိ

Photo: သထုံတွင် ရှေးဟောင်းငွေဒင်္ဂါး ၅၀၀ နီးပါး တူးဖော်တွေ့ရှိ

မော်လမြိုင်၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ် သထုံခရိုင်တွင် သုဝဏ္ဏဘူမိခေတ်မှ ဒင်္ဂါများဟု ယူဆရသည့် ငွေဒင်္ဂါး ၅၀၀ နီးပါးကို ဇန်နဝါရီလ ၇ ရက်နေ့က ဒေသခံတစ်ဦးက တူးဖော် တွေ့ရှိထားကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။

တူးဖော်ရရှိထားသူသည် မည်သူ ဖြစ်သည်ကို ယနေ့အချိန်ထိ မသိရှိ ခဲ့ရသေးသော်လည်း ငွေဒင်္ဂါးရှစ်ခုကို ပွဲစားများထံမှ တစ်ဆင့်ပြန်လည် ဝယ်ယူထားရာက သိရှိခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ငွေဒင်္ဂါးများသည် တစ်လက်မအရွယ် ရှိကာ တစ်ဖက်တစ်ချက်တွင် သိရိဝစ္ဆ နှင့် ခရုသင်းပုံများ ပါရှိကြောင်း၊ ကျိုက္ကသာ မြို့ဟောင်းဒေသရှိ ငွေဒင်္ဂါးများဖြစ်ပါက နှစ် ၄၀၀-၅၀၀ ခန့် သက်တမ်းရှိကြောင်း သမိုင်းသုတေသန အငြိမ်းစား လက်ထောက် ညွှန်ကြားရေးမှူး ဆရာဦးစံဝင်းက ပြောကြားသည်။

ရှေးဟောင်းငွေဒင်္ဂါးများကို ရရှိထားသည့် ဒေသခံကို မသိရှိရသေးသဖြင့် ငွေဒင်္ဂါးများ ပျောက်ပျက်မှု မရှိစေရန်နှင့် ရှေးဟောင်းပစ္စည်းများ အဖြစ် ထိန်းသိမ်းနိုင်ရန် သထုံမြို့ရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အကြောင်းကြား စုံစမ်းထား ခိုင်းကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ထံမှ သိရသည်။

သိရိဝစ္ဆနှင့် ခရုသင်း တစ်ဖက်စီ ပါရှိသော ငွေဒင်္ဂါးများသည် ရှေးဟောင်းခေတ် ကုန်သွယ်ရေး အထောက်အထားများဖြစ် ပြီး စစ်တောင်း၊ ကျိုက္ကသာ၊ ပိုင်ဒန် (အရပ်သမ)၊ ဝင်းက၊ သထုံ၊ ဘာအံနှင့် မုဒုံဒေသ တို့တွင်လည်း တွေ့ရှိထားဖူးသည့် အပြင် ကျိုက္ကသာမြို့ဟောင်းတွင် သိရိဝစ္ဆ ငွေဒင်္ဂါးရေ ၁၀၀၀ ကျော်ကို ၁၉၈၂ ခုနှစ်တွင် တူးဖော် ရရှိခဲ့ဖူးကြောင်း၊ ကျိုက္ကသာ ငွေဒင်္ဂါးသည် ပျူခေတ်နှင့် ထိုင်း၊ ဒွါရဝတီ ခေတ် ဒင်္ဂါးအမျိုးအစားပင် ဖြစ်ကြောင်း ဦးစံဝင်း၏ သုဝဏ္ဏဘူမိ သုတေသနစာအုပ် တွင် ရေးသား ဖော်ပြထားသည်။

ကျိုက္ကသာမြို့ဟောင်းမှ တူးဖော် ရရှိထားသည့် ခရုသင်းနှင့် သိရိဝစ္ဆပုံများ ပါရှိသည့် ငွေဒင်္ဂါးများကို မော်လမြိုင် ယဉ်ကျေးမှုပြတိုက်တွင် မွန်ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း များအဖြစ် ပြသထားပြီး အေဒီ ၇ ရာစုမှ ငွေဒင်္ဂါးများ ဖြစ်သည်ဟု ပြတိုက်တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Aye Chan Mon# Credit To :The Voice Weekly> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

မော်လမြိုင်၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ် သထုံခရိုင်တွင် သုဝဏ္ဏဘူမိခေတ်မှ ဒင်္ဂါများဟု ယူဆရသည့် ငွေဒင်္ဂါး ၅၀၀ နီးပါးကို ဇန်နဝါရီလ ၇ ရက်နေ့က ဒေသခံတစ်ဦးက တူးဖော် တွေ့ရှိထားကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။

တူးဖော်ရရှိထားသူသည် မည်သူ ဖြစ်သည်ကို ယနေ့အချိန်ထိ မသိရှိ ခဲ့ရသေးသော်လည်း ငွေဒင်္ဂါးရှစ်ခုကို ပွဲစားများထံမှ တစ်ဆင့်ပြန်လည် ဝယ်ယူထားရာက သိရှိခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ငွေဒင်္ဂါးများသည် တစ်လက်မအရွယ် ရှိကာ တစ်ဖက်တစ်ချက်တွင် သိရိဝစ္ဆ နှင့် ခရုသင်းပုံများ ပါရှိကြောင်း၊ ကျိုက္ကသာ မြို့ဟောင်းဒေသရှိ ငွေဒင်္ဂါးများဖြစ်ပါက နှစ် ၄၀၀-၅၀၀ ခန့် သက်တမ်းရှိကြောင်း သမိုင်းသုတေသန အငြိမ်းစား လက်ထောက် ညွှန်ကြားရေးမှူး ဆရာဦးစံဝင်းက ပြောကြားသည်။

ရှေးဟောင်းငွေဒင်္ဂါးများကို ရရှိထားသည့် ဒေသခံကို မသိရှိရသေးသဖြင့် ငွေဒင်္ဂါးများ ပျောက်ပျက်မှု မရှိစေရန်နှင့် ရှေးဟောင်းပစ္စည်းများ အဖြစ် ထိန်းသိမ်းနိုင်ရန် သထုံမြို့ရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အကြောင်းကြား စုံစမ်းထား ခိုင်းကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ထံမှ သိရသည်။

ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦး ဦးခေါင်းကို သေနတ် ပစ်ခတ်ခံရ၍ သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးမှာ ဦးခေါင်း သေနတ်ဖြင့် ပစ်ခတ်ခံ ရ၍ သေဆုံးခဲ့ ကြောင်း ရှမ်းပြည် နယ်မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက် တာစိုင်းလက Popular News သို့ ပြောသည်။

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ပြီး မိုင်းလုံမြို့နယ်ခွဲ တော့ဆန်ကျေးရွာ ပါတီ တာဝန်ခံလည်း ဖြစ်သူ အသက် ၅၇ နှစ်အရွယ်ရှိ ဦးအောင်မြင့်သည် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းက ၄င်း၏လက်ဖက်ခြံမှ အပြန် တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ခြင်းဖြစ်ကြောင်း ဒေါက်တာ စိုင်းလ က ပြောသည်။

”ကျွန်တော်တို့အတွက် ဒီလိုလူမျိုး ဆုံးရှုံးလိုက်ရတာ တော်တော်နှမြော တယ်” ဟု ဒေါက်တာစိုင်းလက ဆက် ပြောသည်။

Related Posts Plugin for WordPress, Blogger...

ShareThis