menu

Tuesday, 15 October 2013

အမျိုးသမီးတစ်ဦးထားခဲ့သည့် M67 ဗုံးအား သက်ဆိုင်ရာမှအချိန်မီရှင်းလင်းနိုင်ခဲ့

အောက်တိုဘာလ (၁၄)ရက် နေ့လည် (၁)နာရီခန့်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၊ ၁၆လမ်းနှင့် လမ်း(၈၀)ထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်အနီး၌ အမေရိကန်နိုင်ငံထုတ် ဗုန်းအား စားပွဲတင်နာရီနှင့် AA ဓါတ်ခဲတို့ဖြင့်ချိတ်ဆက်ကာ ချထားခဲ့၍ မန္တလေးမြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဗုံးကို ရွှေဘဲစားတော်စက်သို့ လာရောက် စားသောက်သော အမျိုးသမီးတစ်ဦးမှဆိုင်အတွင်းတွင် ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းဆိုင်မှဝန်ထမ်းကအိတ်ကျန်ခဲ့သည်ထင်၍ လိုက်ပေးသည်ကို ပြန်မယူပဲ အဆိုပါအမျိုးသမီးကလမ်းထောင့်တွင်ချထားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ရွှေဘဲမှာလာစားတဲ့အမျိုးသမီးက စားသောက်ပြီးပြန်ထွက်တော့ကလေးတွေကအိတ်ကျန်ခဲ့တယ်ဆိုပြီး လိုက်ပေးတယ် ၊ ပေးတဲ့အချိန်မှာပြန်မယူပဲနဲ့ လမ်းထောင့်မှာချသွားတော့ မသင်္ကာလို့ဖွင့်ကြည့်ရာကနေ ဗုံးကို
စတွေ့တာပဲ ” ဟု အခင်းဖြစ်ပွားရာသို့ရောက်ရှိနေသည့်ရပ်ကွက်တာဝန်ရှိသူများက ဆိုသည်။

အင်းလျားကန်ဘောင်အနီး မသင်္ကာဖွယ်အထုပ်နှစ်ထုပ်အား စစ်မြေပြင်အင်ဂျင်နီယာတပ်မှရှင်းလင်း

အောက်တိုဘာလ(၁၄) ရက်နေ့ ညနေ (၆)နာရီခွဲ အချိန်တွင် လှိုင်မြို့နယ်၊ တံတားဖြူမှတ်တိုင် အနီးတွင် ဗုံးဟု ယူဆရသော မသင်္ကာဖွယ်ရာ အထုပ်နှစ်ထုပ်အား တွေ့ရှိခဲ့သဖြင့်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ မသင်္ကာဖွယ်ရာ အထုပ်(၂) ထုပ်မှာ သတင်းစာ စက္ကူများဖြင့် စနစ်တကျ လေးထောင့်ပုံစံ ထုပ်ပိုးထားပြီး မှတ်တိုင် ခရီးသည်ထိုင်ခုံဘေးတွင် ချထားခြင်းဖြစ်ကြောင်း လှိုင်မြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးက ဆိုသည်။
“မသင်္ကာစရာ အထုပ်(၂) ထုပ် တွေ့လို့ အမှတ်(၉၀၅)၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ကို အကြောင်းကြားပြီး ရှင်းလင်းခဲ့တာပါ” ဟု အဆိုပါ တာဝန်မှူးက ပြောသည်။
အဆိုပါ မသင်္ကာဖွယ်ရာအထုပ်နှစ်ထုပ်အား စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်မှူးမျိုးဟိန်းစိုးနှင့်အဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့်မိနစ်အနည်းခန့်ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ပြီးသက်ဆိုင်ရာမှလာရောက်ရှင်းလင်းခဲ့သဖြင့်ယာဉ်သွားလာမှု ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက် ရှိခဲ့သည် ဟု အင်းယား ကန် အနီး တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကုန်သည်ကြီးများဟိုတယ်တွင် ဗုံးပေါက်ကွဲ


ရန်ကုန် အောက်တိုဘာ ၁၅

ရန်ကုန်မြို့ လယ် ဆူးလေဘုရားလမ်းနင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ကုန်သည်ကြီးများဟိုတယ် ၄ လွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ
The Voice သတင်းထောက်ကသတင်းပေးပို့သည်။

အောက်တိုဘာ ၁၃ရက်နေ့ကလည်း ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အနီးနင့် သာကေတမြို့နယ်မာန်ပြေ ရပ်ကွက်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အောက်တိုဘာ
၁၄ရက်နေ့က ရန်ကုန်မြို့တော်နင့် မန္တလေးမြို့တော်များတွင် လက်လုပ်ချိန်ကိုက်ဗုံး နစ်ကြိမ်တွေ့ရှိမှု အပါအဝင် ဗုံးလန့်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နင့်
ဒေသခံသတင်းထောက်များထံမှသိရှိရသည်။

နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပါမည်။

Monday, 14 October 2013

သံတွဲ ပဋိပက္ခတွင် သေဆုံး ၇ ဦး၊ ဖမ်းဆီးခံရသူ ၇၈ ဦး ရှိပြီဟုဆို

ရခိုင်ပြည်နယ် သံတွဲမြို့မှာ  ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သေဆုံး ၇ ဦး၊ ဒဏ်ရာ ရသူ ၅ ဦး၊ ဖမ်းဆီးခံရသူ ၇၈ ဦး ရှိသွားပြီလို့ ဒီကနေ့ထုတ် ကြေးမုံ သတင်းစာမှာ ပြည်ထဲရေး ၀န်ကြီးဌာနကို ကိုးကားပြီး သတင်း ဖေါ်ပြပါတယ်။

လူ ၇၈ ဦးကို စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အတွင်း ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေတယ်လို့ ဖေါ်ပြပါတယ်။

ပဋိပက္ခ အတွင်း လူနေအိမ် ၁၁၂ လုံး၊ ဘာသာရေးအဆောက်အအုံ သုံးလုံး၊ ဆီဂိုဒေါင် တစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ထောင်စု ၁၁၂ စု၊ လူဦးရေ စုစုပေါင်း ၄၈၇ ဦး အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ကြရတယ်လို့ ပြောပါတယ်။

ပြောင်းကိုင်နေသူ

ကာတွန်း အောင်မော်

အသက် (၇)နှစ်အရွယ် ကလေးငယ်အား အဓမ္မကျင့်သူအဘိုးအိုတစ်ဦးကို အမှုဖွင့်

နေအိမ်တွင် မွေးနေ့ပွဲပြုလုပ်မည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားသည့်အဘိုးအိုက အသက် (၇)နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်အတွင်း နေထိုင်သူ အသက် (၇)နှစ်အရွယ် မိန်းကလေးကို အောက်တိုဘာ ၈ ရက် နံနက် ၇နာ ရီတွင် အိမ်နီးနားချင်းဖြစ်ပြီး ခင်မင်နေသူ အသက် (၆၈) နှစ်အရွယ် ဦးမောင်မောင်စိန်က မွေးနေ့ပြုလုပ်မည်ဟုပြောဆိုကာ မိခင်ထံမှ ၎င်း၏နေအိမ်သို့ တစ်နေကုန်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ကလေးငယ်ခေါ်သွားပြီး နေအိမ်မီးဖိုချောင်အတွင်း သားမယားပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် ၎င်းက ည ၁၀ နာရီတွင် နေအိမ်သို့ ပြန်ပို့ခဲ့သည်ဟုဆိုသည်။

စစ်သတင်းထောက် ဦးလှမောင် (သို့မဟုတ်) ရုပ်ရှင်သရုပ်ဆောင် ဦးသာဂေါင်

Photo: စစ်သတင်းထောက် ဦးလှမောင် (သို့မဟုတ်) ရုပ်ရှင်သရုပ်ဆောင် ဦးသာဂေါင်

Written by တင်နိုင်တိုး 

ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကား အတော်များများတွင် ဟာသသရုပ်ဆောင် ဦးသာဂေါင်၏ ရယ်ရွှင်ဖွယ်ရာ သရုပ်ဆောင်ဟန်ကို တွေ့ရတတ်ပါသည်။ ယင်း ဟာသ သရုပ်ဆောင် ဦးသာဂေါင်မှာ တစ်ချိန်က ထင်ရှားခဲ့သည့် စစ်သတင်းထောက် တစ်ဦးလည်း ဖြစ်ပါသည်။

တောင်ငူဇာတိ

ဦးလှမောင် ခေါ် ဦးသာဂေါင်ကို ၁၄ မတ် ၁၉၁၁ ခုနှစ်တွင် တောင်ငူမြို့ အမှတ် ၃ ရပ်ကွက်၌ ဦးဖိုးသာ၊ ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း ရှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်မည်က မောင်ရွှေပြည့် ဖြစ်သည်။ လူငယ်ဘ၀ကပင် အေ၀မ်းရုပ်ရှင် ကုမ္ပဏီသို့ ရောက်ရှိကာ အေ၀မ်း ဦးတင်မောင်ထံမှ ရုပ်ရှင်ပညာ သင်ယူခဲ့သည်။

ဘီအိုင်အေခေတ် စစ်သတင်းထောက်

ဦးသာဂေါင်သည် ဘီအိုင်အေခေတ်တွင် စစ်သတင်းထောက် တစ်ဦးအဖြစ် စစ်မြေပြင်သို့ သွားရောက် သတင်းယူခဲ့သူဖြစ်ပြီး ရုပ်ရှင်ဖြင့်လည်း မှတ်တမ်း တင်ပေးခဲ့သည်။ စစ်တောင်း တိုက်ပွဲတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏ တပ်နှင့်အတူ လိုက်ပါကာ ရုပ်ရှင်ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ထို့အတူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၏တပ်ဖွဲ့ အထက်ဗမာပြည်သို့ ချီတက်စဉ် အေ၀မ်းဖလင်မှ ဒါရိုက်တာ ဦးတင်မောင်နှင့်အတူ လိုက်ပါကာ ဓာတ်ပုံနှင့် ရုပ်ရှင်မှတ်တမ်းများ ရိုက်ကူးပေးခဲ့သည်။

ရုပ်ရှင်လောကသို့

ဦးလှမောင်သည် စစ်ပြီးခေတ် အေ၀မ်းရုပ်ရှင် ကုမ္ပဏီမှ ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားများတွင် လူရွှင်တော် ဦးသာဂေါင် အမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အေ၀မ်းရုပ်ရှင်မှ တစ်သွေးတစ်မြေ၊ ချိန်တန်ပြီ၊ ချစ်သက်ဝေ၊ ၀ိဥာဏ်မေတ္တာ၊ ဘုမသိဘမသိ၊ သားရွှေဒေါင်းတောင်၊ ရတနာပုံ၊ ဖာတစ်လုံးခေါင်းကျား စသည့် ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။

ဦးလှမောင်က ဟာသလူရွှင်တော် အဖြစ်သာမက ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ဖြစ်သည်။

ရုပ်ရှင်ဒါရိုက်တာ

ဦးသာဂေါင်သည် အချို့ရုပ်ရှင် ဇာတ်ကားများတွင် ဓာတ်ပုံသတင်းထောက် ဦးလှမောင်အဖြစ် တာဝန်ယူခဲ့ပြီး ဇာတ်ကား အချို့ကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ရာ စွယ်စုံရ အနုပညာရှင် တစ်ဦးဟု ဆိုနိုင်ပါသည်။ ဦးလှမောင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများမှာ မောင်မောင်စိုးရုပ်ရှင်မှ မေ့တွက်တာ၊ ရွှေစင် ရုပ်ရှင်မှ လူယောက်ျား၊ ကေတုမတီရုပ်ရှင်မှ ဒေါက်တာမာလာ စသည့် ဇာတ်ကားများ ဖြစ်ကြသည်။

ပန်းသာမစာဥ

ဦးသာဂေါင် ပါဝင်သရုပ်ဆောင်ထားသည့် ထင်ရှားသော ဇာတ်ကားများအနက် ပရိသတ် အကြိုက်တွေ့ခဲ့ရသည့် ဇာတ်ကား တစ်ကားမှာ သခင်ဘသောင်း၏ ၀တ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက် ထားသည့် ပန်းသာမစာဥ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ဦးသာဂေါင်သည် ယင်းဇာတ်ကားတွင် ပန်းသာမြို့စား အနွယ်မှ ဆင်းသက်လာသော ဆင်းရဲနွမ်းပါးသူ ဦးပန်းအောင်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။

ဦးသာဂေါင်နှင့်အတူ အသက် ၁၁ နှစ် သားအရွယ် သားဖြစ်သူ မောင်မျိုးဆက်သည်လည်း မစာဥ၏မောင် စိန်းအောင် အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့သည်။ ဦးသာဂေါင်နှင့် ဇနီး ဒေါ်သိန်းဟန်တို့၏သား မောင်မျိုးဆက်မှာ ရုပ်ရှင်ရိုက်ကူးအပြီး ဂျစ်ကား အတိုက်ခံရသဖြင့် ကွယ်လွန်သွားခဲ့သည်။ မောင်မျိုးဆက်သည် မစ္စနယ်လ်ဆင် ကျောင်းသားကလေး ဖြစ်ပါသည်။

စစ်မြေပြင်သို့

ဦးသာဂေါင်သည် အေ၀မ်းခြံ၌ လုပ်သားကလေး တစ်ဦးအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ဘီအိုင်အေတပ်များ စစ်မြေပြင်သို့ ချီတက်ကြစဉ် ဦးသာဂေါင်လည်း အတူလိုက်ပါ သွားခဲ့ခြင်း ဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏တပ် ရခိုင်သို့ စစ်ချီခဲ့စဉ်က ဦးသာဂေါင်သည် ဆင်းရဲပင်ပန်းစွာဖြင့် လိုက်ပါကာ စစ်မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ရုပ်ရှင်အနုပညာရှင်များ

မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြရာတွင် ရုပ်ရှင်နယ်မှ အနုပညာရှင် များသည်လည်း ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ခဲ့ကြသည်။ ဦးသာဂေါင်တို့ ရခိုင်ဒေသသို့ စစ်ချီတက်ခဲ့ ကြစဉ်ကလည်း ရှေ့ပြေးကင်းတပ်မှူးမှာ မာနရှင် ဇာတ်ကားဖြင့် ထင်ရှားခဲ့သူ ဒါရိုက်တာဦးဘရှင် ဖြစ်သည်။ ဦးဘရှင်သည် အင်္ဂလိပ်ခေတ် ဆပ်ပါးမိုင်းနား တပ်သားဟောင်းကြီး ဗိုလ်ဘရှင်အဖြစ် ဦးသာဂေါင်နှင့်အတူ ဦးဆောင် ချီတက်ခဲ့သည်။

ဆင်းရဲပင်ပန်းမှု

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏ စစ်ကြောင်းမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ချီတက်ခဲ့ကြရရာ များစွာဆင်းရဲ ပင်ပန်းလှသည်။ တစ်ခါတစ်ရံ တောတွင်း၌ ဖြစ်သလို ချက်ပြုတ်စားသောက် ကြရ၏။ ၀မ်းပျက်ရောဂါ ဖြစ်ပွားမှုကြောင့် ရေကိုလည်း ခြိုးခြံချွေတာ သောက်ကြရသည်။ အချို့နေရာများတွင် သောက်ရေတွင်းတူးကာ ဆေးခတ်ပြီးမှ သောက်ကြရ၏။

တောစခန်းရောက် ဦးသာဂေါင်

တောစခန်း တစ်နေရာတွင် တွေ့ရသည့် ဦးသာဂေါင်၏ပုံကို ဘီအိုင်အေတပ်နှင့်အတူ ချီတက် လိုက်ပါသွားခဲ့သူ မိတ်ဆွေတစ်ဦးက '' တောလယ်ကောင် လက်ယက် တွင်းကလေး တစ်ခု၏ရှေ့တွင် ငှက်ပျောဖက်ပုံကို ခွကာ၊ ကာကီဘောင်းဘီတို၊ ကာကီအင်္ကျီ လက်တိုနှင့် ခြေပတ်ညိုညို ဒူးဆစ်အထိ ပတ်လျက် စစ်ဖိနပ်ကြီး စီးထားပြီး ဆောင့်ကြောင့်ကြီး ထိုင်နေသော ဗိုလ်သာဂေါင်ကြီးအား ချစ်ရေစင် ဇာတ်ကားတွင် ပန်းဒွေးကြီး အဖြစ်ဖြင့် မြင်ဖူးကြသူများအဖို့ တွေး၍မြင်ကြည့်ကြ စေချင်ပါသည်။ ကျွန်တော်နှင့် ဗိုလ်မင်းခေါင်တို့ နှစ်ဦးအဖို့တော့ ရယ်ချင်လွန်းပါလျက်နှင့် မနည်းကြိုးစား၍ ဣနြေ္ဒ ဆယ်နေ ခဲ့ကြရပါတော့သည်'' ဟူ၍ ရေးသားဖော်ပြ ခဲ့ဖူးပါသည်။

ပြည်တွင်း သောင်းကျန်းမှုများ

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပြည်တွင်း သောင်းကျန်းမှုများ ဆက်လက် ပေါ်ပေါက်ခဲ့ရရာ မြန်မာ့တပ်မတော် အနေဖြင့် တိုက်ခိုက်နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရသည်။ ထိုစဉ်ကလည်း ဦးသာဂေါင်သည် စစ်သတင်းထောက်အဖြစ် စစ်မြေပြင်ကို သံချပ်ကာ ကားများစီးလျက် လိုက်ပါကာ စစ်သတင်းများ ရယူခြင်း၊ ဓာတ်ပုံမှတ်တမ်းများ ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆေးစက်ကျရာ

ဦးသာဂေါင်သည် ရုပ်ရှင်လောက တွင်လည်း ၀ါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါသည်။ ဆေးစက်ကျရာ အရုပ်ထင်သူဟုပင် ဆိုနိုင်ပါသည်။ ရေငန်ပိုင် ဦးရှင်ကြီး အကြောင်း ရိုက်ကူးထားသော စောင်းတော်ရှင် ဇာတ်ကားတွင် ပြည်လှဖေ၏ သူငယ်ချင်းအဖြစ် အကောင်းဆုံး သရုပ်ဆောင် နိုင်ခဲ့သည်။ ရတနာပုံ ဇာတ်ကားတွင် တရားရုံး ဘီးလစ်စာရေးကြီးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံး သရုပ်ဆောင်မှု

ဦးသာဂေါင်ခေါ် စစ်သတင်းထောက်အဖြစ် ထင်ရှားခဲ့သူ ဦးလှမောင်သည် ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့ရာ နောက်ဆုံး ပါဝင်ခဲ့သော ဇာတ်ကားမှာ ပြည်တော်အေး ရုပ်ရှင်မှ ချစ်သူ့လိမ္မာနှင့် ရွှေဗမာ ရုပ်ရှင်မှ မွန်းဂျန်းရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြသည်။ ဦးသာဂေါင်သည် ၁၉၇၅ ခုနှစ် တပေါင်း ပွဲတော်တွင် ရုပ်ရှင်ပညာသည် များနှင့်အတူ နောက်ဆုံးကပြ ဖျော်ဖြေခဲ့သည်။

ဘ၀နိဂုံး

ဦးသာဂေါင်သည် ၂ ဖေဖော်ဝါရီ ၁၉၇၆ ခုတွင် ရန်ကုန်မြို့ ဂေါ်ဒွင်လမ်း (ယခု မြို့မကျောင်းလမ်း)ရှိ စစ်ဆေးရုံသို့ တက်ရောက်ကာ သွေးတိုးနှင့် ဆီးချိုရောဂါများ ကုသခဲ့သည်။ ယင်းသို့ ကုသနေစဉ်အတွင်း ၁၉ ဖေဖော်ဝါရီ ၁၉၇၆ အသက် ၇၅ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။ ကွယ်လွန်စဉ် ဇနီးဒေါ်သိန်းဟန်နှင့် သားမောင်မျိုးတင့်တို့ ကျန်ရစ်ခဲ့သည်။

ဦးသာဂေါင်သည် မကွယ်လွန်မီကပင် ဆန္ဒအလျောက် မိမိ၏ ခန္ဓာကိုယ်အား ဆေးတက္ကသိုလ်(၁)သို့ လှူဒါန်းသွားခဲ့သည်။

မော်ကွန်းဝင် တတိယဆင့်

ဦးသာဂေါင်ခေါ် စစ်သတင်းထောက် ဦးလှမောင်၏ ဘီအိုင်အေ တပ်နှင့်အတူ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲများကို မှတ်တမ်းတင် ဓာတ်ပုံ၊ ရုပ်ရှင်များအား စွန့်စွန့်စားစား ရိုက်ကူးပေးခဲ့ခြင်း တို့ကြောင့် နိုင်ငံတော် အစိုးရက မော်ကွန်းဝင် တတိယဆင့် ပေးအပ်ချီးမြှင့် ခဲ့ပါသည်။

ရုပ်ရှင်သရုပ်ဆောင် ဟာသလူရွှင်တော် ဦးသာဂေါင် သို့မဟုတ် စစ်သတင်းထောက် ဦးလှမောင်ကား တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုခဲ့သူ အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။

ကျမ်းကိုး ၁။ မြန်မာ့ရုပ်ရှင်သမိုင်း၊ ငွေရတုကာလ (၁၉၂၀-၁၉၄၅) ၂။ တောင်ငူနယ်ဖွားရုပ်ရှင်မင်းသား (မောင်ချိုမင်း-ကန္တရ၀တီ) ကေတုမတီ မဂ္ဂဇင်းအမှတ်(၂)၊ ၂၀၀၈ ဒီဇင်ဘာ ၃။ စစ်ပြန်ကြီးဗိုလ်သာဂေါင်(ကြည်လွင်-မြို့မ) စစ်ပြန်မဂ္ဂဇင်း

ပန်းသာ မစာဥ ဇာတ်ကားမှ ဦးပန်းအောင် အဖြစ် ဦးသာဂေါင်၏ သရုပ်ဆောင်ဟန်
ပန်းသာ မစာဥ ဇာတ်ကားမှ ဦးပန်းအောင် အဖြစ် ဦးသာဂေါင်၏ သရုပ်ဆောင်ဟန်
Written by တင်နိုင်တိုး

ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကား အတော်များများတွင် ဟာသသရုပ်ဆောင် ဦးသာဂေါင်၏ ရယ်ရွှင်ဖွယ်ရာ သရုပ်ဆောင်ဟန်ကို တွေ့ရတတ်ပါသည်။ ယင်း ဟာသ သရုပ်ဆောင် ဦးသာဂေါင်မှာ တစ်ချိန်က ထင်ရှားခဲ့သည့် စစ်သတင်းထောက် တစ်ဦးလည်း ဖြစ်ပါသည်။

တောင်ငူဇာတိ

ဦးလှမောင် ခေါ် ဦးသာဂေါင်ကို ၁၄ မတ် ၁၉၁၁ ခုနှစ်တွင် တောင်ငူမြို့ အမှတ် ၃ ရပ်ကွက်၌ ဦးဖိုးသာ၊ ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း ရှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်မည်က မောင်ရွှေပြည့် ဖြစ်သည်။ လူငယ်ဘ၀ကပင် အေ၀မ်းရုပ်ရှင် ကုမ္ပဏီသို့ ရောက်ရှိကာ အေ၀မ်း ဦးတင်မောင်ထံမှ ရုပ်ရှင်ပညာ သင်ယူခဲ့သည်။

ဘီအိုင်အေခေတ် စစ်သတင်းထောက်

ဦးသာဂေါင်သည် ဘီအိုင်အေခေတ်တွင် စစ်သတင်းထောက် တစ်ဦးအဖြစ် စစ်မြေပြင်သို့ သွားရောက် သတင်းယူခဲ့သူဖြစ်ပြီး ရုပ်ရှင်ဖြင့်လည်း မှတ်တမ်း တင်ပေးခဲ့သည်။ စစ်တောင်း တိုက်ပွဲတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏ တပ်နှင့်အတူ လိုက်ပါကာ ရုပ်ရှင်ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ထို့အတူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၏တပ်ဖွဲ့ အထက်ဗမာပြည်သို့ ချီတက်စဉ် အေ၀မ်းဖလင်မှ ဒါရိုက်တာ ဦးတင်မောင်နှင့်အတူ လိုက်ပါကာ ဓာတ်ပုံနှင့် ရုပ်ရှင်မှတ်တမ်းများ ရိုက်ကူးပေးခဲ့သည်။

ထိုင်းမှာတွေ့တဲ့ ရုပ်အလောင်းတွေကို မြန်မာအာဏာပိုင်တွေ စစ်ဆေး

ရနောင်း, မြန်မာ, ထိုင်း, ရုပ်အလောင်း
ထိုင်းနိုင်ငံ ရနောင်းမြို့ ဆိပ်ကမ်းတွင် တွေ့ရသော ငါးဖမ်း လှေများ (ဓာတ်ပုံ – ဧရာဝတီ)

ထိုင်းနိုင်ငံတောင်ပိုင်း ကပ္ပလီပင်လယ် ကမ်းခြေမှာတွေ့တဲ့ ရုပ်အလောင်း ၁၃ လောင်းဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလို့ ယူဆရကြောင်း ထိုင်းရေတပ် ရဲတပ်ဖွဲ့က မနေ့တုန်းက ထုတ်ပြန်လိုက်ပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ရှိ မြန်မာ အာဏာ ပိုင်တွေဟာ ဒီကနေ့ မနက်မှာပဲ အဲဒီရုပ်အလောင်းတွေကို သွားရောက် စစ်ဆေးပါတယ်။
အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး တဦးတို့ရဲ့ အလောင်းတွေကို ပင်လယ်ကမ်းခြေမှာ တွေ့ရှိကြောင်း ရနောင်းခရိုင်က ရေတပ် ရဲအရာ ရှိ တဦးဖြစ်သူ Nirat Chuayjit က AP သတင်းဌာနကို မနေ့က ထုတ်ပြန်ပြောဆိုအပြီးမှာ မြန်မာ အာဏာပိုင်တွေက အခုလို သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ရနောင်းခရိုင် ဆေးရုံကြီးမှာ ထားရှိတဲ့ အဲဒီ့ ရုပ်အလောင်းတွေကို ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှု ကြီးကြပ် ရေး ဌာန(လ၀က)၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့တို့ ကသွားရောက် စစ်ဆေးခဲ့ကြတာဖြစ်ပြီး ရုပ်အလောင်း အရေ အတွက် ကတော့ ၁၀ ဦးပဲ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေဘက်က ပြောပါတယ်။

မူးယစ်ရာဇာနှင့် ဆက်နွှယ်ပြီး မန္တလေး စည်ပင် အရာရှိဟောင်း တစ်ဦးကိုပါ ဖမ်းမိ

မန္တလေး, စည်ပင်, မူးယစ်ဆေးဝါး
မူးယစ်ရာဇာအဖြစ် သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးခံခဲ့ရသော ဦးဇော်ဝင်းနိုင်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု သုံးစွဲမှုဖြင့် အမှုဖွင့် ခံနေရသည့် စည်ပင်အရာရှိဟောင်း (ဓာတ်ပုံ – မန္တလေးတိုင်း ရဲတပ်ဖွဲ့)
မန္တလေးတွင် မူးယစ်ရာဇာတဦးကို ဖမ်းဆီးမိရာမှ ၎င်းနှင့် ဆက်နွှယ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသည့် စည်ပင် အရာရှိဟောင်းတဦးကို ဖော်ထုတ် ဖမ်းဆီးခဲ့မိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သိရသည်။
လွန်ခဲ့သည့် ၂ နှစ်က မန္တလေး စည်ပင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနတွင် ဦးစီးမှူးတာဝန် ထမ်းဆောင်ခဲ့သည့် ဦးခင်မောင်ဆွေကို လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ (မူးယစ်/ စိတ်) ပုဒ်မ ၁၆ (ခ)၊ မယ (ပ) ၂/ ၂၀၁၃ ဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူထားသည်။
ဦးခင်မောင်ဆွေသည် လက်ရှိတွင် အငြိမ်းစားယူထားပြီး ဖြစ်ကာ ၎င်း စည်ပင်တွင် တာဝန်ထမ်းဆောင်သည့် အချိန် ကတည်းကပင် မူးယစ်ဆေးဝါးများ သုံးစွဲနေရုံသာမက၊ ရောင်းဝယ်မှုများကိုပင် လုပ်ဆောင်နေခဲ့ကြောင်း စည်ပင် အသိုင်းအဝန်းတွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တိုင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်း ဖမ်ဆီးနိုင်မှုများ မပြုလုပ်နိုင်ခဲ့ပေ။
အောက်တိုဘာ ၁၁ ရက်နေ့က မူးယစ်ဂိုဏ်း ခေါင်းဆောင် ဦးဇော်ဝင်းနိုင်ကို ဖမ်းဆီးခဲ့မိရာမှ ၎င်း၏ ဖော်ထုတ်ခဲ့မှုကြောင့် စည်ပင် အရာရှိဟောင်း၏ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ်မှု သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ဒုရဲတပ်ဖွဲ့မှူး ဦးအောင်ရွှေက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်နှင့် မန္တလေးတွင် မိုင်းနှင့် ချိန်ကိုက်ဗုံးထောင်မှုများ အချိန်မီတားဆီး

ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် မိုင်းနှင့် ချိန်ကိုက် ဗုံးထောင်မှုများ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု မဖြစ်ပွားမီ တပ်မတော်နှင့်ရဲတပ်ဖွဲ့က  အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ မနက်ပိုင်း ၁၀ နာရီ ၀န်းကျင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အနောက်) ရပ်ကွက်၊ ကမ်းနား လမ်းတွင် ဖွင့်လှစ်ထား သော Western Park Ruby စားသောက်ဆိုင်တွင် ဆိုင်သန့်ရှင်းရေး ပြုလုပ်စဉ် မသကာင်္ဖွယ်ရာ အမည်းရောင် ကြွပ်ကြွပ်အိတ် တခုကို  စားပွဲထိုး ကိုကျော်ဇေယျာမင်းက တွေ့ရှိ၍ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ကြောင်း၊ ယင်းနောက် အလုံမြို့နယ် ရဲစခန်းက လာရောက်စစ်ဆေးခဲ့ပြီး မိုင်းဟု အတည်ပြုခဲ့ကြောင်း သတင်း ရရှိသည်။

စည်ပင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး အမှိုက်သိမ်းယာဉ် တိုက်၍ သေဆုံး


ပခုက္ကူ၊ အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် စည်ပင်သာယာ အမှိုက်သိမ်းယာဉ် တိုက်မိ၍ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပခုက္ကူမြို့ အမှတ် (၁၅) ရပ်ကွက်ရှိ မြို့မလမ်းပေါ်တွင် စည်ပင်သာယာ ဝန်ထမ်း သန့်ရှင်းရေး လုပ်သားများ သန့်ရှင်းရေး ဆောင်ရွက်နေစဉ် ဦးတင်မျိုးထွန်း မောင်းနှင်လာသည့် အမှိုက်သိမ်းယာဉ်က အမှိုက်များ တင်ရန်အတွက် ယာဉ်ကို နောက်ဆုတ်ရာမှ သန့်ရှင်းရေး ဝန်ထမ်း ဒေါ်ပေါက်ကို ဝင်ရောက် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

သမ္မတရုံးအထူးအဖွဲ့မှဟုဆိုကာ အင်းလျားလမ်း အိမ်တစ်အိမ်ကို ၀င်ရောက်

ဇော်ဇော်ထွေး | တနင်္လာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၀၅ မိနစ်

သမ္မတရုံးအထူးအဖွဲ့မှဟုဆိုကာ အင်းလျားလမ်းရှိ နေအိမ်တစ်အိမ်ကို ၀င်ရောက်ရန်ကြိုးပမ်းခဲ့သူအား ကမာရွတ် ရဲစခန်းက အယောင်ဆောင်မှုဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။

အောက်တိုဘာ ၁၂ ရက်၊ နံနက်က ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ အင်းယားလမ်း၊ အမှတ် (၈၆) နေအိမ်ခြံဝင်း အတွင်းသို့ ကြိုးပမ်းနေကြောင်း ရဲတပ်ဖွဲ့မှသတင်းရရှိခဲ့ပြီး စင်ထရယ်တာဝါတွင် နေထိုင်သူ သိန်းဇံမောင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

စစ်ဆေးမေးမြန်းရာတွင်လည်း ၎င်းသည် သမ္မတရုံးအထူးဖွဲ့မှဖြစ်ပြီး တာဝန်ပေးချက်အရ အမှတ်(၈၆)၊ ခြံဝင်းအတွင်းသို့ ကားနံပါတ် 9F-9479 ကားရှိသည်ဟု သိရသဖြင့် ၀င်ရောက်စစ်ဆေးရန် လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အလုံမြို့နယ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ

Photo: *** အလုံမြို့နယ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ ***

ရန်ကုန်၊ အောက်တိုဘာ ၁၄

အလုံမြို့နယ် ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်တွင်ယနေ့နံနက်၁၀၀၀အချိန်က စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းYangon Policeမှသိရသည်။
ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Popular Myanmar News
ရန်ကုန်၊ အောက်တိုဘာ ၁၄

အလုံမြို့နယ် ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်တွင်ယနေ့နံနက်၁၀၀၀အချိန်က စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းYangon Policeမှသိရသည်။
ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Popular Myanmar News

မန္တလေး၌ ဗုံးတစ်လုံး ဖောက်ခွဲပြီးနောက် မသင်္ကာဖွယ်အိတ်တစ်လုံးထပ်မံတွေ့ရှိ

Photo by Thein Than Win Facebook photo (ရွေဘဲနားဗုံးတွေ့လို့တဲ့)
မန္တလေးမြို့ ၂၉လမ်းနှင့် ၃၀လမ်းကြား ၆၂လမ်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဝေပုလ္လာရာမကျောင်း မတ္တရာတိုက်အပေါက်ဝ၌ အောက်တိုဘာလ(၁၄)ရက်နေ့ ညနေ ၄း၃၀ ၀န်းကျင်က ကလေးကျောပိုးအိတ် အပြာရောင်တစ်လုံး မင်္သကာဖွယ် တွေ့ရှိ ရသဖြင့် တိုင်းရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူကာ အဆိုပါ အထုတ်ကိုကာရံထားသည်ဟု မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မွန်းလွဲ ၂ နာရီကျော်ကလည်း မန္တလေးမြို့၊ ၁၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် ဗုံးတစ်လုံးတွေ့ရှိရာ သက်ဆိုင်ရာက စနက်တံဖြုတ်ရန်ကြိုးပမ်းခဲ့ရာမှ စနက်တံအောင်မြင်စွာ မဖြုတ်နိုင်သည့်အတွက် မွန်းလွဲ ၃ နာရီအချိန်၌ ဖောက်ခွဲလိုက်သည်ဟု သိရှိရသည်။

Shwe MyitMaKha News Agency

ညွှန်မှူးယောက်ဖကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်း၊ မြင်းဆေး ၆၆ ပြားတွေ့

  မနေ့ညက ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲကား ၃ စီးက လိုင်စင်မဲ့ကားတစီးကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်းကြတယ်လို့ ဒီတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်မှာ ရေးထားပါတယ်။
(ဓာတ်ပုံများ - ဇော်ရဲထက်)

ကားထဲမှာ စိတ်ကြွဆေး ၆၆ ပြား တွေ့တယ်၊ လိုင်စင်မဲ့ကားမောင်းသူက   ညွှန်ကြားရေးမှူးအဆင့်ရှိ အစိုးရအရာရှိကြီးတဦးရဲ့ ယောက်ဖ တော်စပ်သူဖြစ်တယ်လို့ ဘားအံမြို့ရဲစခန်းကို ကိုးကားပြီး ဂျာနယ်မှာ ရေးထားပါတယ်။

ဘားအံ ၉ ရပ်ကွက် ကညနရုံးအနီးမှာရှိတဲ့ အိမ်ထဲက ထွက်လာတဲ့ကားကို ၀ိုင်းဖမ်းကြတာလို့ ဂျာနယ်မှာ ရေးထားတာပါ။

ဖမ်းချုပ်ထိန်းသိမ်းရာမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုနိုင်တာကတော့ လက်ထိပ်ကိုင်ထားတဲ့ အမျိုးသမီးရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

လူပွဲစားများကြောင့် ထိုင်းငါးဖမ်းလှေပေါ် ရောက်ရှိသွားသော မြန်မာရေလုပ်သားနှင့်တွေ့ဆုံခြင်း

“အမေ့နောက်ကို လိုက်သွားတာ အမေနဲ့မတွေ့ဘဲ ပွဲစားက ရောင်းစား လိုက်တာ”

(ရဲနိုင်ဦး)


လူပွဲစားများကြောင့် ထိုင်းငါးဖမ်းလှေပေါ် ရောက်ရှိရာမှ အင်ဒိုနီးရှားနိုင်ငံ ဆာဘန်းဆိပ်ကမ်းမြို့ရှိ ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းခံရသည့် မြန်မာရေလုပ်သား ၃၇ ဦးသည် အောက်တိုဘာ ၉ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ၎င်းတို့အထဲမှ အသက် ၂၁ နှစ်ရှိ ရေလုပ်သား နေမင်းအောင်နှင့် The Voice က တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice ။ ။ ပြည်ပ မရောက်ခင် အစ်ကိုက ဘယ်မှာနေတာလဲ။
NMA ။ ။ ဇာတိက ကော့သောင်းပါ။ နေတာ ကလည်း ကော့သောင်းမြို့နယ်၊ ရွှေမင်းဝံ ရပ်ကွက် (၄) လမ်းပါ။

မလေးရှားရောက် မြန်မာရတနာကုန်သည် နေအိမ် ဓားပြတိုက်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၃

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ ရတနာကုန်သည်တစ်ဦး နေအိမ် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက် ခံရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် The Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကွာလာလမ်ပူမြို့တော် တမန်ဆရီတီလောတမ် ရပ်ကွက်ရှိ အဆိုပါ ရတနာကုန်သည်၏ နေအိမ်ကို အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဓားပြလေးဦး ဝင်ရောက်ပြီး နေအိမ်ရှိ လူလေးဦးကို ကြိုးဖြင့်တုပ်ကာ ရင်းဂစ် တစ်သိန်းခန့် (မြန်မာကျပ်ငွေ သိန်း ၂၉၀ ကျော်) တန်ဖိုးရှိ ကျောက်မျက် ရတနာများနှင့် ငွေများကို ယူဆောင်သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု သံသယရှိသော နိုင်ငံခြားသား တစ်ဦးကို ဆီလန်ဂေါမြို့၊ ကလန်းဒေသရှိ ဂျလန်းဆန်းဂိုင်းပူတပ် ရပ်ကွက်တွင် အောက်တိုဘာ ၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှား စီအိုင်ဒီ လက်ထောက် တပ်ဖွဲ့မှူးချုပ် ရာဂျာရှာရွန်က အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောကြားသည်။

NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် လူထုဆန္ဒ စတင်ကောက်ယူ

Photo: NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် လူထုဆန္ဒ စတင်ကောက်ယူ 

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်သို့ အကြံပြုနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ခံမှုကို အောက်တိုဘာလ ၁၃ ရက်မှစ၍ စတင်ကောက်ယူလျက် ရှိကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာပေး ဆွေးနွေးပွဲတွင် ၎င်းကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး တွင် ပြည်သူများ၏ ဆန္ဒကို ၄၅ ရက်အတွင်း အပြီးသတ် ကောက်ယူမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့  နိုဝင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခြေခံဥပဒေမှာ ပြင်သင့်တဲ့ အချက်တွေကို ပြည်သူတွေသိအောင် အရင်ဆုံး ရှင်းပြရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ပါဝင်သော အခြေခံဥပဒေ ပြင်ဆင်လျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရမည် ဆိုသောကြောင့် ပြင်ဆင်ရေးတွင် အခက်ခဲဆုံး ပုဒ်မတစ်ခု ဖြစ်နေကြောင်း နိုင်ငံရေး ဆောင်းပါးရှင် ထင်လင်းဦး (Wisdom  Villa) ကပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် စက်တင်ဘာ ပထမပတ်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားပါတီများနှင့် သုံးကြိမ်တိုင်တိုင် ဆွေးနွေးကာ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ ကောက်ခံမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီတွင် ပါဝင်သော နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ လေ့လာ တွေ့ရှိချက်ကို အောက်တိုဘာလ နောက်ဆုံးပတ်တွင် လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်သို့ အကြံပြုနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ခံမှုကို အောက်တိုဘာလ ၁၃ ရက်မှစ၍ စတင်ကောက်ယူလျက် ရှိကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာပေး ဆွေးနွေးပွဲတွင် ၎င်းကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး တွင် ပြည်သူများ၏ ဆန္ဒကို ၄၅ ရက်အတွင်း အပြီးသတ် ကောက်ယူမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ နိုဝင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်နယ်စပ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မူကြောင့် ဓါးပြများ အကျအဆုံး ရှိဟုဆို


ဓါးပြအဖွဲ့ဟု ယူဆရသော လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အနောက်ဘက် မောင်တော နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် ဓါးပြ တစ်ဦး သေနတ်ထိမှန်သွားခဲ့ပြီး နောက်ပိုင်းတွင် ကျန်လူများနှင့် အတူ ထွက်ပြေးသွားသည်ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းပြင် ဓါးပြများထံမှ  လှေ တစ်စီး၊ လုပ်သေနတ် ၂ လက်၊ ဓါးတစ်ချောင်း၊ လှံတစ်ချောင်းတို့ကို သိမ်ကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။

“သူတို့ လှေနဲ့ဝင်လာတဲ့ အချိန်မှာ ဒီဘက်က လုံခြုံရေးတပ်ဖွဲ့နဲ့တွေက စပစ်ခတ်တာ ဖြစ်ပါတယ်။ တစ်ဦးကျတယ်။ ဘင်္ဂလာဘက်ခြမ်းကို ထွက်ပြေးသွားတယ်။ ကျန်နေတဲ့ လှေတစ်စီးက လုပ်သေနတ် အရှည် တစ်လက်နဲ့ အတို တစ်လက် ရပါတယ်။ လက်နက်ကိုင် ဓါးပြ အဖွဲ့ ဖြစ်ဖို့များပါတယ်” ဟု ဆိုသည်။

ရေကျိုငါးပိ ပြဿနာ ထပ်မံပေါ်လာပါက ငါးပိ လုပ်ငန်းရှင်အသင်း တာဝန်ယူမည်



ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြို့တော်တွင် ရေကျိုငါးပိနှင့် ပတ်သက်သော ပြဿနာများ ထပ်မံပေါ်ပေါက်ပါက မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းက တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိ ဈေးကွက် ပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်က ပြောကြားသည်။

လက်ရှိ အချိန်တွင် ငါးပိ ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် နှစ်ရာနီးပါး ရှိပြီး အသင်းဝင်တိုင်း၏ စားသောက်ကုန် အရည်အသွေးကို အသင်းက တာဝန်ယူ စစ်ဆေးပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Related Posts Plugin for WordPress, Blogger...

ShareThis