ရန်ကုန်၊ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊
အခွန်လွတ်ဈေးရှေ့ လမ်းဘေး ပလက်ဖေါင်းအနီးမှာ ဒီနေ့ ညနေ ၅ နာရီ မိနစ် ၄၀
ခန့် က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ဈေးရှေ့ မှာ ရပ်ထားတဲ့ သစ်လုံးတင်ယာဉ်၏ အောက်တွင် အမဲရောင် ကြွပ်ကြွပ်အိတ်နှင့်
ထည့်ထားသော အထုပ် (၁)ထုပ်အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း ရပ်ကွက်နေသူများ
ဖြစ်သည့် ထက်အောင်နိုင် အသက်(၁၄)နှစ်၊ (ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး
အသက်(၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်းတွင် ပါရှိသော
အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု
ဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ထက်အောင်နိုင်မှာ ယာလက်ချောင်း၊ ယာလက်မောင်း၊
ဝဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင် သွေးထွက်ဒဏ်ရာ ရရှိပြီး ၀င်းမင်းထွေးလည်း
ယာခြေသလုံး သွေးထွက်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်း ထုတ်ပြန်ထားပါတယ်။
Monday, 14 October 2013
Sunday, 13 October 2013
အစ္စရေး ၁ ဦးကို ပါလက်စတိုင်းတွေ ရိုက်သတ်
![]() |
| ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဂျူးအခြေချ အိမ်ယာအတွင်းက အသတ်ခံရတဲ့ အိမ် |
အသတ်ခံရသူ အစ္စရေး အမျိုးသားဟာ အစ္စရေး စစ်တပ်က အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ဖြစ်တယ်လို့ ယုံကြည်ရပြီး သူဟာ ဆူညံသံတွေ ကြားလို့ အိမ်အပြင် ထွက်ကြည့်ချိန်မှာ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။
သူနဲ့အတူ ထွက်ကြည့်တဲ့ အမျိုးသမီးကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။
လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း
(သန့်ဇင်ဦး)
ဟစ်ဟော့ပ် ဂီတလောကတွင် လူငယ် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိထားသူ တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံပြီး သူကျင်လည်ခဲ့သော Underground လောကအကြောင်း၊ ဒုတိယစီးရီး ဖြစ်သည့် ဂီတစာဆို လွှမ်းပိုင်အကြောင်း၊ ဒုံးပျံ ဗီစီဒီအကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice ။ ။ သီချင်းတွေဆိုဖို့ လွှမ်းပိုင် ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲ။
HP ။ ။ ကျွန်တော် သီချင်းတွေစဆို ဖြစ်တဲ့ အချိန်ကတော့ ဆယ်တန်း ဖြေပြီးတဲ့ အချိန်မှာပါ။
Voice ။ ။ အဲဒီ အချိန်ကတည်းက လွှမ်းပိုင်ကြိုက်တဲ့ ဂီတအမျိုးအစားက ဟစ်ဟော့ပ်ပဲလား။
ဘ၀ပျက်ခြင်း ..(မင်းလူ)
မိုးတဖွဲဖွဲ ရွာနေသည်။
လွန်ခဲ့သောနှစ်ရက်လောက်က စ၍ မိုးဆက်တိုက်ရွာခဲ့သည်။ တစ်ခါတစ်ရံ သည်းလိုက်၊ တစ်ခါတစ်ရံ ဖွဲလိုက်၊ ပြတ်သည်မရှိခဲ့။ နေရောင်ကို လုံးဝမမြင်ရခဲ့ချေ။
သူ့ကားရပ်ထားသောနေရာ နောက်ဘက်ရှိ ကွင်းပြင်ကြီးတွင် ရေတွေ ဖွေးဖွေးလှုပ်နေ၏။ မနေ့ကဆိုလျှင် မြို့လယ်ရှိ လမ်းဆုံလမ်းခွများတွင် ယာဉ်အသွားအလာ ခေတ္တရပ်တန့်သွားလောက်အောင် ရေတွေ လျှံနေခဲ့သေးသည်။ ဒီနေ့ထိ မိုးမတိတ်သေး။
သူ့ကားသည် ညာဘက်အစွန်ဆုံးမှာ ရပ်ထားသည်။ သူ့ကား၏ ဘယ်ဘက်တွင် ဂျစ်ကားတစ်စီး၊ နောက် ကားနှစ်စီးစာလောက် လွတ်နေသည်။ ပြီးမှ မော့စ်ဗစ်တစ်စီး ရပ်ထား၏။ သူ့ကားကတော့ တံခါးနှစ်ပေါက် စကိုဒါကား။
ကိုသောင်းအေးသည် ပရိုက်ဗိတ်တက္ကစီမောင်းသူ ဖြစ်သည်။ နံပါတ်အနက် ကိုယ်ပိုင်ကားဖြင့် အငှားလိုက်ခြင်းကို ဆိုလို၏။
ခုနေရာသည် သူဂိတ်ထိုးနေကျနေရာ မဟုတ်။ မြို့ထဲမှာသာ ဂိတ်ထိုးခဲ့ခြင်း ဖြစ်သည်။ ခုတလော မြို့ထဲမှာ အလုပ်သိပ်မဖြစ်။ ခက်တာက သူသည် တချို့လို “လိုင်းစုံ” လုပ်ချင်သူမျိုး မဟုတ်ချေ။
လစ်ဗျား ဝန်ကြီးချုပ် ပြန်ပေးဆွဲ ခံရခြင်းသည် အာဏာသိမ်းရန် ကြိုးပမ်းခြင်းဖြစ်ဟုဆို
ထရီပိုလီ၊ အောက်တိုဘာ ၁၁
လစ်ဗျား ဝန်ကြီးချုပ် အလီဇီဒန် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ခဏတာ ပြန်ပေးဆွဲ ခံခဲ့ရပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတော် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်သည်ဟု ၎င်းက ပြောကြားသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ် ပြန်ပေးဆွဲခံရခြင်း နောက်ကွယ်တွင် လစ်ဗျား လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီတစ်ရပ် ရှိနေကြောင်း ဝန်ကြီးချုပ် အလီဇီဒန်က ရုပ်မြင်သံကြား မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြား သည်။
အလီဇီဒန်ကို ထရီပိုလီမြို့တော်ရှိ ဟိုတယ်တစ်ခုမှ ကြာသပတေးနေ့တွင် ပြန်ပေးဆွဲ ခေါ်ဆောင်ခဲ့ပြီး စစ်သွေးကြွများက နာရီပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။
တိုင်ဖုန်းမုန်တိုင်း နရီကြောင့် ဖိလစ်ပိုင် နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့
မနီလာ၊ အောက်တိုဘာ ၁၁
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသကို တိုင်ဖုန်းမုန်တိုင်း နရီ စနေနေ့ နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခတ်ခဲ့ရာ သစ်ပင်များ ပြိုလဲ၍ ဓာတ်အားပေး တာဝါများ မြေခခဲ့ခြင်းကြောင့် နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ နေရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
မုန်တိုင်းဒဏ်ကြောင့် သေဆုံးဒ ဏ်ရာ ရရှိသည့်စာရင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းဒေသ တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် သဘာဝဘေး အန္တရာယ်ရေးရာ အရာရှိ လွန်တော့က ပြောကြားသည်။
“မုန်တိုင်းကြောင့် သစ်ပင်တွေ အများကြီး ပြိုလဲခဲ့ပြီး အဓိက လမ်းမကြီးတွေ ပိတ်ကုန်ပါတယ်” ဟု လွန်တော့က AFP သတင်းဌာနကို ပြောကြားသည်။
လေပြင်းများ တိုက်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများ၏ အိမ်များ ပြိုလဲခဲ့ရပြီး အစိုးရ အရာရှိများက သတင်းအချက်အလက်များကို ဆက်လက်စုဆောင်းနေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
လေဖျန်းနေသူအား စနောက်၍ တွန်းရာမှ ရေထဲပြုတ်ကျကာ ရေနစ်သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၂
၁၂.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေး
ကျေးရွာနေ ဒေါ်အေးအေးသီ၊ (ဘ)ဦးခင်မောင်သည် တစ်ရွာတည်းနေ ဦးခင်မြင့်၏ အိမ်တက်အလှူတွင် ၀ိုင်းဝန်းလုပ်ကိုင်ပေးနေစဉ် တစ်ရွာတည်းနေ အမည်မသိကလေး (၂)ဦးလာရောက်၍
ဒေါ်အေးအေးသီ၏ ခင်ပွန်းဖြစ်သူ ဦးသန်းမောင်(လေဖျန်းနေသူ)၊ (ဘ)ဦးသိန်းလွင်မှာ ရခိုင်ရိုးလေးရွာလယ်တံတားဘေးတွင
သေဆုံးနေကြောင်း ပြောပြသိရှိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။
ထိုသို့သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူ ဦးသန်းမောင်သည် ရွာလယ်ကွန်ကရစ်တံတားဘေး ချောင်းစပ်တွင် ပက်လက်အနေအထား
သေဆုံးနေသည်ကို တွေ့ရသဖြင့် စုံစမ်းမေးမြန်းရာ ခင်ပွန်းဖြစ်သူအား တစ်ရွာတည်းနေ ဦးမြင့်သိန်း၊ (ဘ)ဦးအေးမောင်မှ စနောက်ပြောင်ရင်း တွန်းလိုက်ရာ
"မိုးစက်ကရှမ်းမြန်မာတရုတ်ပါ"
မြန်မာပြည်ကို ကိုယ်စားပြုပြီး
ဒီနှစ်အတွက် မယ်စကြာဝဠာသရဖူ ရယူဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်က သူ
ဘာလူမျိုးလဲ ဆိုတာကို သူ့ဖေ့စ်ဘုတ်မှာ မနေ့က ကြေညာလိုက်ပါတယ်။
သူဟာ မြန်မာပြည်သားစစ်စစ်ဖြစ်တယ်၊ ရန်ကုန်သူ၊ လူမျိုးကတော့ "ရှမ်းမြန်မာတရုတ်" လို့ ဆိုပါတယ်။
အပြည့်အစုံကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

သူဟာ မြန်မာပြည်သားစစ်စစ်ဖြစ်တယ်၊ ရန်ကုန်သူ၊ လူမျိုးကတော့ "ရှမ်းမြန်မာတရုတ်" လို့ ဆိုပါတယ်။
အပြည့်အစုံကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်... အားလုံး သိချင်နေကြတဲ့အကြောင်းလေးတစ်ခုကို မိုးစက်ရှင်းပြပါရစေ, မိုးစက်ကရှမ်းမြန်မာတရုတ်ပါ.. မိုးစက်မိဘများက ရှမ်းပြည်မှာမွေးတာပါ... မိုးစက်က ရန်ကုန်မှာမွေးတာပါ...ထို့အတွက်ကြောင့် မိုးစက်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်... တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ.. ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့် အထိမ်းအမှတ်အတွက်Trader hotel တွင် ကျင်းပတဲ့ပွဲတစ်ခုတည်းသာပါဝင်ဖူးပါသည်။ မိဘပြည်သူများကို မိုးစက်အနေဖြစ်ဤမျှသာ ရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသော မိဘပြည်သူများအားလုံး အားရကျေနပ်နိုင်မည်ဟုမျှော်လင့်ပါသည်....
ကျေးဇူးတင်ပါတယ်ရှင်
မိုးစက်ဝိုင်
သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်
ပါပူဝါ နယူးဂီနီက
အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး
အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို
ဖမ်းလိုက် ပါတယ်။
ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။
ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။
ဓာတ်ပုံ- The Nation
ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။
ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။
ဖိုးလပြည့်က လူမှုအသင်းအဖွဲ့များသို့ ငွေကျပ် ၃၂ သိန်း လှူမည်
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၅ မိနစ်
တက္ကသိုလ်များချန်ပီလံလိဂ် (UCL) ပြိုင်ပွဲဝင်အသင်းများမှ ရရှိသော ပြိုင်ပွဲဝင်အသင်းဝင်ကြေး ငွေကျပ် ၃၂ သိန်းကို UCL ဥက္ကဌ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က ဘုရားကျောင်းကန်၊ မိဘမဲ့ဂေဟာနှင့် ဆေးရုံများကို လှူဒါန်းမည်ဟု UCL ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
UCL ဥက္ကဌ နေရွှေသွေးအောင်က ထိုငွေများကို သူ၏ နာမည်ဖြင့် လှူမည်မဟုတ်ဘဲ "UCL ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများ၏ ကောင်းမှု" ဟုဆိုကာ ဘုရားကျောင်းကန်၊ မိဘမဲ့ဂေဟာ၊ ဆေးရုံစသည့် ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းစေမည်ဟု ရေးသားထားသည်။
ထိုငွေများသည် ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်ကြေးအဖြစ် တစ်သင်းလျှင် ကျပ်နှစ်သိန်းနှုန်းကောက်ခံကာ ၁၆သင်းအတွက် ၃၂ သိန်းရရှိထားကာ ထိုငွေများကို ပြိုင်ပွဲကုန်ကျစရိတ်တွင် အသုံမပြုဘဲ လှူဒါန်းမည်ဟု သိရသည်။
" ကျန်းမာရေး ဆိုတာ..."
ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။
Cyst လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။ နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal ကို အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။ ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။
ငါ ကင်ဆာဖြစ်နေပြီလားဆိုတဲ့အတွေး ကလည်း လူကို တော်တော် နှိပ်စက်တာ ပါ။ ဇူလိုင်လ ကုန်ခါနီးအပတ်နဲ့ သြဂုတ် တစ်လလုံးဟာ ကျွန်မအတွက်တော့ မချိမဆန့်ခံစားနေရတဲ့ ရက်တွေပေါ့။ ခွဲစိတ်ပြီး Biopsy လုပ်တယ်။ အဲဒီအဖြေ မရမချင်း ကမ္ဘာပျက်နေသလိုပါပဲ။ တစ်ခါ Biopsy သွားလုပ်တော့ ဓာတ်ခွဲခန်း က အဆင့် ၂ ဆင့်လုံးအတွက် ပိုက်ဆံ တစ်ခါတည်းရှင်းရမယ်တဲ့။ စစ်တာရယ် စစ်ပြီး ကင်ဆာဆိုရင် ဘယ်အဆင့် ရောက်နေပြီလဲဆိုတာကိုစစ်ဖို့တဲ့။ ဘယ် လောက်များ သူတို့ ပိုက်ဆံရဖို့ကိုပဲ ဦးစားပေးသလဲလို့။ လူနာကလည်း ဟုတ်ခဲ့ရင် ဘယ်သူမဆို ဘယ်အဆင့်လဲ ဆိုတာ စစ်ရမှာပါပဲ။ စစ်တာ ၈ သောင်း လောက်တောင်ကျတယ်။
တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်နိုင်ငံသို့ ထွက်ခွာ
တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောက်တိုဘာ ၁၂ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ ခရီးစဉ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ် ကော်မရှင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ် လုပ်ငန်းများကို လေ့လာခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူး၊ ကျိုဇိုက်ကုပ်၊ ပေကျင်း၊ ဟိုင်နန်စသည့် မြို့များအပါအ၀င် တရုတ်နိုင်ငံ၏ ထင်ရှားသော နေရာများကို လေ့လာခြင်းနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပညာတော်သင်များအား တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုသို့ ဟောပြောရှင်းလင်းမှု အတိုက်အခံပါတီ NLD စတင်
![]() |
| (ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲအား တောင်ဒဂုံမြို့နယ် NLD ရုံးတွင် ကျင်းပသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်ဝင်း)) |
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရးအတွက် အတိုက်အခံပါတီဖြစ်သော NLD ပါတီက အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ပြည်သူလူထုအား ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့်ပတ်သက်သည့် အကြောင်းအချက်များအား အသိပေး ဟောပြောခြင်းကို မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တွင် စတင် ကျင်းပခဲ့သည်။
တောင်ဒဂုံမြို့နယ်တွင် ကျင်းပသည့် ဟောပြောပွဲတွင် တက်ရောက်သူ ၃၀၀ ၀န်းကျင်ခန့်ရှိပြီး NLD ပါတီမှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုနီက ဦးဆောင် ဟောပြောခဲ့ပြီး ဦးကိုနီက ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု၏ ဒီမိုကရေစီ စံနှုန်းအဖြစ် အချက်စ်ချက်ကို အခြေခံကာ စဉ်းစားသည်ဟု ပြောကြားခဲ့သည်။ ထိုအချက်နှစ်ချက်မှာ (၁) ပြည်သူ၏ ဆန္ဒမည်မျှ ပါဝင်သနည်းနှင့် (၂) ထိုစာအုပ်တွင် ဖတ်ကြည့်ပါက နိုင်ငံတော်၏ အာဏာအား မည်သူ့ကို ပေးထားသနည်းဆိုသည့် အချက်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲခဲ့စဉ်က ပြည်သူလူထု ရွေးကာက်ထားသူ အနည်းငယ်သာ ပါဝင်ကာ အာဏာသိမ်း စစ်အစိုးရ ရွေးချယ်ထားသူ အများစုသာ ပါဝင်ခဲ့ကြာင်းကို အချက်အလက်ခိုင်လုံစွာ ရှင်းလင်းခဲ့သည်။ ထို့နောက် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်သူလူထု မျက်ရည်ပင်လယ် ဝေနေချိန်တွင် အတင်းအဓမ္မ ဆန္ဒကောက်ခံခဲ့ကာ မဲပေးနိုင်သူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံသည်ဟုဆိုကာ ဇွတ်အတင်းလုပ်ယူခဲ့ပုံအားလည်း ရှင်းလင်းပြသည်။
စိတ်တိုင်းကျ အိပ်စက်နိုင်ရန် လေဒီဂါဂါ ဒေါ်လာတစ်သိန်း သုံးစွဲ
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ၊ ၁၂
ပေါ့ပ်ဘုရင်မ လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ အိပ်စက်နိုင်ဖို့အတွက် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်း သုံးစွဲခဲ့ကြောင်း contact music.com မှာ ဖော်ပြထားပါတယ်။
လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အထူးပြုလုပ် ထားတဲ့ အိပ်ရာခင်းတစ်ခုကို ဈေးကြီးပေးပြီး ဝယ်ယူခဲ့သလို အဲဒီအိပ်ရာခင်းကို သန့်ရှင်းရေးလုပ်ဖို့ အတွက် ငွေကြေးများစွာ သုံးစွဲခဲ့ရာမှာ တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
“သူက အကောင်းစားချည်နဲ့ လုပ်ထားတဲ့ ပန်းရောင် Pratesi အိပ်ရာခင်းနဲ့ပဲ အိပ်တတ်ပါတယ်။ ပြီးတော့ သူအိပ်တဲ့ အိပ်ရာခင်းကို ရေနဲ့ လျှော်တာ ကိုလည်း မကြိုက်ပါဘူး။ အခြောက်လျှော်တာကိုပဲ သဘောကျတာပါ” လို့ လေဒီဂါဂါနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။
စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှု ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးမှာ အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားပါတယ်။ ခရီးသည်နား နေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ်လည်း (၁၀)ပေခန့် ပျက်စီးသွားပြီး ခရီးသည်နားနေဆောင်ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွား ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှု ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးမှာ အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားပါတယ်။ ခရီးသည်နား နေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ်လည်း (၁၀)ပေခန့် ပျက်စီးသွားပြီး ခရီးသည်နားနေဆောင်ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွား ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ချမ်းမြေ့ တည်းခိုခန်းတွင် တည်းခိုသူများကို တောင်ငူ မြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်
တောင်ငူ၊ အောက်တိုဘာ ၁၂
လူနစ်ဦး သေဆုံးခဲ့ရသော ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် လိုအပ်သော စစ်ဆေး အရေးယူမှုများ ပြုလုပ်နိုင်ရန် တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူများကို တောင်ငူမြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်ထားကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ တာဝန်ရှိသူများနင့် အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူက ပြောကြားသည်။
တောင်ငူမြို့ (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးနင့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
“ကျွန်တော်က ပေါက်ကွဲသံကြားလို့ အခန်းအပြင် ထွက်ကြည့်တော့ အခန်းတံခါးတွေ ကျိုးပဲ့ပျက်စီးနေပြီး လူတစ်ယောက်က ခုံကျိုးတွေကြားမှာ သွေးတွေ အိုင်ထွန်းပြီး လဲကျနေပါပြီ။ ပထမတော့ မိုးကြိုးပစ်တယ်လို့ ထင်တာ။ မိုးတွေကလည်း ရွာနေတော့” ဟု အခင်းဖြစ်ပွားရာ တည်းခိုခန်း အခန်းအမှတ် ၃ တွင် ရန်ကုန်မြို့မှ လာရောက် တည်းခိုနေထိုင်သူ ဦးဝေသိန်းက ရှင်းပြသည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံများ နျူကလီးယား လက်နက် အဆင့်မြှင့်တင်
ဝါရှင်တန်၊ အောက်တိုဘာ ၁၁
ကမ္ဘာ့ နိုင်ငံများ၏ နျူကလီးယား လက်နက် အရေအတွက်သည် စစ်အေးကာလ တိုက်ပွဲ အရှိန်အမြင့်ဆုံး ၁၉၈၀ ပြည့်လွန် နှစ်များတွင် ရှိခဲ့သည့် အရေအတွက်၏ လေးပုံတစ်ပုံသာ ကျန်ရှိတော့သော်လည်း အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံတို့က မိမိတို့၏ နျူကလီးယား လက်နက်များ အဆင့်မြှင့်တင်ရေးကို လုပ်ဆောင်နေကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် နျူကလီးယား ဒုံးကျည် ထိပ်ဖူး ၁၇,၀၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ခန့်က ရှိခဲ့သည့် အရေအတွက်အောက် ၇၅ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူက ထုတ်ပြန်သည်။
လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ မကြာခဏ ဆိုင်းငံ့မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အမေရိကန်သမ္မတ အိုဘားမားက နျူကလီးယားလက်နက် ကင်းမဲ့သော ကမ္ဘာဖြစ်ရန် လိုကြောင်း ၂၀၀၉ ခုနှစ်၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သဖြင့် လက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရာတွင် တွန်းအားသစ်များ ပေါ်ပေါက်ခဲ့သည်။
ကေအိုင်အို ကိုယ်စားလှယ်များ၏ အပြန်ခရီး ဒေသခံ ထောင်ပေါင်းများစွာ ပို့ဆောင်နှုတ်ဆက်
မြစ်ကြီးနား အောက်တိုဘာ ၁၂
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားမှ လိုင်ဇာသို့ အပြန်ခရီးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒေသခံ ကချင်လူမျိုး ထောင်ပေါင်းများစွာတို့က ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာအထိ တိုင်အောင် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
ကေအိုင်အို ကိုယ်စားလှယ်များ ပြန်လည် ထွက်ခွာမည့် ယင်းနေ့ နံနက် ၆ နာရီ ခန့်မှစတင်ကာ မြစ်ကြီးနား ဒေသခံများက မနောကွင်းရှေ့တွင် စုရုံး စောင့်ဆိုင်းနေခဲ့ပြီး နံနက် ၇ နာရီခန့်အချိန် ကိုယ်စားလှယ်များ မြစ်ကြီးနားမှ စတင်ထွက်ခွာခဲ့ရာ ယာဉ်တန်းနှင့်အတူ မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့သွားရာ လမ်းတစ်လျှောက်ရှိ ဒေသခံများနှင့် စစ်ရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကလည်း စောင့်ဆိုင်း နှုတ်ဆက် ခဲ့ကြပြီး ကချင် အနုပညာရှင်များက တေးဂီတများ တီးခတ် ဖျော်ဖြေလျက် မော်တော်ယာဉ်များဖြင့် ကိုယ်စားလှယ်များကို လမ်းတစ်လျှောက် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
Saturday, 12 October 2013
၂၀၁၅ ရွေးကောက်ပွဲ မဲပေးသူလက် ဆေးသုတ်ရန် စဉ်းစားနေ
ရန်ကုန်- လာမည့် ၂၀၁၅ ရွေးကောက်ပွဲများတွင် လူတစ်ဦးတည်းက မဲအကြိမ်ကြိမ်ထည့်ခြင်းမျိုး မဖြစ်ပေါ်စေရန် မဲလာထည့်သူ၏လက်ကို ဆေးသုတ်သည့်စနစ်မျိုး ကျင့်သုံးသွားရန် စဉ်းစားထားကြောင်း သတင်းရရှိသည်။
“မဲလာထည့်တဲ့သူတွေရဲ့လက်ကို ဆေးသုတ်တာကို သွားမလားလို့ စိတ်ကူးထားတယ်။ ကျွန်တော်လည်း သိပါတယ်။ သူများနိုင်ငံတွေမှာ မဲလာထည့်တဲ့သူတွေကို မျက်စိစစ်တာတို့၊ ဆံပင်ကို ဆေးသုတ်တာတို့ ရှိပါတယ်။ ကျွန်တော်တို့လည်း Vision ရှိပါတယ်။ Plan ရှိပါတယ်”ဟု အောက်တိုဘာ ၁၁ ရက် ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံတွင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ တစ်ဦးတစ်ယောက်တည်းက သုံးလေးကြိမ် မဲထည့်သည့်ဖြစ်ရပ်များ ရှိခဲ့သည်ဟု နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများကပြောသည်။
မောင်တော နယ်စပ် လုံခြုံရေးကို ရဲတပ်ရင်းများ တိုးချဲ့ထားသည့်အပြင် လိုအပ်ပါက စစ်တပ်အကူအညီရယူမည်
ရန်ကုန် ၊ အောက်တိုဘာ ၁၁ ။ ။ ယခု အခါ ရခိုင်ပြည်နယ် မောင်တော မြို့နယ်၏ နယ်စပ်လုံခြုံရေးကို ရဲတပ်ရင်းများ တိုးချဲ့ထားသည့် အပြင် လိုအပ်ပါက ဘူးသီးတောင် မှ စစ်တပ်အကူအညီရယူ ကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှ သိန်းက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။
သို့ရာတွင် အဆိုပါစစ်တပ် သည် ဘူးသီးတောင်မြို့နယ်တွင် တပ်စွဲထားပြီး လုံခြုံရေးလိုအပ်ပါ က မောင်တောမြို့နယ်မှ ရဲတပ် ရင်းများနှင့် ပူးပေါင်းကာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ဦးလှသိန်းက ''နိုင်ငံတကာ စည်းမျဉ်းအရ နယ်စပ်ဘောင် ငါး မိုင်အတွင်း တပ်စွဲခွင့်မရှိလို့ ငါး မိုင်အကျော်မှာ စစ်တပ်ထား တယ်။ မောင်တောမြို့နယ် မှာလဲ နစက မရှိတဲ့နောက် ရဲတပ်ရင်းတွေအ ပြည့်အဝချထားတယ်။ လုံလောက် အောင်ထားတယ်။ ရဲမှူးကြီးတစ် ဦး ရုံးထိုင်ကွပ်ကဲနေတယ်။ ဒါပေ မဲ့ မောင်တောမြို့နယ်မှာက ခိုးမှု၊ တိုက်မှု၊ လုယက်မှု၊ ဓားမြမှုတွေ ကတော့ ရံဖန်ရံခါဖြစ်နေတဲ့အနေ အထားမှာရှိတယ်''ဟု ပြောသည်
Subscribe to:
Posts (Atom)


















