အစိုးရသက်တမ်းတစ်ဝက်ကျော် ကာလကို ရောက်လာတဲ့အချိန်မှာ ဝန်ကြီးတို့အနေနဲ့ ဘာတွေ လုပ်ခဲ့နိုင်ခဲ့ပြီလဲခင်ဗျ။
နိုင်ငံရေးအရဆိုရင်
ဒေါ်အောင်ဆန်းစုကြည်ပါတီအပါအဝင် ပါတီတွေ အားလုံးနဲ့ ပို၍နားလည်အောင် တွေ့ဆုံ
လို့ရအောင် လုပ်ခဲ့တာပေါ့။ နောက်ပြီး လွှတ်တော် ထဲထိေ ရာက်အောင် လုပ်နိုင်
ခဲ့တယ်။ ဒါတွေအပြင် နိုင်ငံတကာ နယ်ပယ်မှာ မြန်မာအစိုးရကို ယခင်က ထက်စာရင်
တင့်တောင့်တင့် တယ် ဆောင် ရွက်ရတာပေါ့။ ထို့အတူ ပဲမီဒီယာ တွေ ထို့အတူပဲ
ဆန္ဒပြခွင့်တွေ၊ ထို့ အတူပဲ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်တွေ
စလုပ်ပေးခဲ့တာပေါ့ဗျာ။ တချို့တော့ လည်း ထင်သလောက် ခရီးမပေါက် သေး ဘူး။
စီးပွားရေးပိုင်းကျတော့ ကျွန် တော်တို့က Frame work ဆွဲရတယ်။ Socio
Economic Development Frame Wark ဆွဲရတယ်။ ဒါမှစီးပွားရေး ဖွံ့ဖြိုးတိုးတက်
မယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး တော့ တချို့လည်း Private Sector တွေဖွင့်ပေး၊
ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသစ်တွေရေးဆွဲပြီးတော့ ဒါတွေ လုပ် ခဲ့ရတာပေါ့။
ဆက်သွယ်ရေး ပိုင်း ဆိုင်ရာ ဆိုလည်း အင်တာနေရှင်နယ် တင်ဒါ စနစ်ကို
စနိုင်ခဲ့တယ်။ စဖွင့်တဲ့အထိ တစ်နှစ်ခွဲလောက်ကြာတယ်။ ဒါပေမဲ့ ခု မရတော့ဘူး။
နိုင်ငံတကာ တင်ဒါ ခေါ် မယ်။ နိုင် ငံတကာက တင်ဒါကျွမ်း ကျင်သူတွေရွေးမယ်။
ဒီလိုလမ်းကြောင်း တည့်နိုင်ခဲ့တယ်။ ဒီလိုပဲ ရင်းနှီးမြှုပ်နှံမှု အပိုင်း
ဒီလိုပဲ တင်ဒါအပိုင်း ဒါတွေလည်း မှန်ကန်တ ည်ငြိမ်တဲ့ လမ်းကြောင်း
ပြောင်းပေးနိုင်ခဲ့တယ်။

















![မလေးရှားပရိသတ်များစိတ်ခံစားမှုထိန်းချုပ်ရန် မလေးရှားသံအမတ်တိုက်တွန်း
[ မင်းသန့် ၊ ရန်ကုန် ၊စက်တင်ဘာ ၃၀ ]
မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့သည့်လူမျိုးရေး ပဋိပက္ခအခြေအနေများကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာရောက်မည့် အားကစားသမားများ၊ အသင်း တာဝန်ရှိသူများနှင့် ပရိသတ်များ အနေဖြင့်၎င်းတို့၏ အသက်အန္တ ရာယ်လုံခြုံရေးအတွက် စိုးရိမ်ပူ ပန်မှုရှိမနေရန် အားကစားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဦးဇော်ဝင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း လူမျိုး ခြားများနှင့်ဖြစ်ပွားခဲ့သည့် ကိစ္စရပ် များကြောင့် ဆီးဂိမ်းပြိုင်ပွဲသို့လာ ရောက်ယှဉ်ပြိုင်မည့် ဘာသာခြား နိုင်ငံတချို့မှ စိုးရိမ်ပူပန်မှုရှိနေရာ ယင်းတို့၏လုံခြုံရေးအပေါ် မြန်မာ အစိုးရက အာမခံချက်ပေးခဲ့သည်။မြန်မာနိုင်ငံရှိဆီးဂိမ်းပြင် ဆင်မှုနှင့်ပတ်သက်၍ မလေးရှား အားကစားကလောင်ရှင်များ လာ ရောက်လေ့လာစဉ် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော် ဝင်းနှင့်တွေ့ဆုံစဉ် လုံခြုံရေးအ ခြေအနေအပေါ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
''ဆီးဂိမ်းပြိုင်ပွဲမှာလုံခြုံရေး ကို တင်းတင်းကျပ်ကျပ်ချသွားမှာ ပါ။ ဒီကိုလာလို့လေယာဉ်ပေါ်က နေဆင်းလာတာနဲ့ လုံခြုံရေးကို အမြင့်ဆုံးအခြေအနေမှာထား ပြီးစောင့်ရှောက်သွားမှာပါ။ အား ကစားကွင်းတိုင်းမှာလဲ ရဲစခန်း တွေထားရှိသွားမှာဖြစ်လို့ ဘာမှ စိုးရိမ်စရာမလိုပါဘူး''ဟုပြောသည်။
ဒုဝန်ကြီးဦးဇော်ဝင်းအနေ ဖြင့် လုံခြုံရေးတင်းကျပ်စွာချထား မည်ဟုဆိုခဲ့သော်လည်း ဆီးဂိမ်း ပြိုင်ပွဲကျင်းပမည့် လေးနေရာအ တွက် လုံခြုံရေးအင်အားအရေအ တွက်မည်မျှထားရှိမည်ဆိုခြင်းအ ပေါ်ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်းသိရသည်။
ထို့အပြင်မြန်မာနိုင်ငံဆိုင် ရာ မလေးရှားသံအမတ်ကြီး Dr. Ahmad Faisal က ''မလေးရှား နိုင်ငံသားတွေအနေနဲ့ ဆီးဂိမ်း ကျင်းပတဲ့နေရာတွေမှာပဲနေထိုင် သင့်ပါတယ်။ မြန်မာနိုင်ငံသားတွေ က ယဉ်ကျေးသလို ဧည့်ဝတ်ကျေ ပွန်တဲ့သူတွေပါ။ ဒါပေမဲ့ မြန်မာ နိုင်ငံသားတွေရဲ့စိတ်ဟာ ပြိုင်ပွဲ အရှိန်မြင့်လာခဲ့ရင် စိတ်ခံစားမှုက အမြင့်ဆုံးကို ရောက်လာတတ်ကြ တယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ ပရိသတ်တွေအနေနဲ့ အားကစား ပြိုင်ပွဲတွေ သွားရောက်ကြည့်ရှု ရာမှာ အပြုအမူတွေ၊ စိတ်ခံစားမှု တွေကို ထိန်းချုပ်ထားဖို့လိုပါလိမ့် မယ်''ဟု တိုက်တွန်းခဲ့သည်။
ထို့အပြင် မလေးရှားအား ကစားကလောင်ရှင်အဖွဲ့ဥက္ကဋ္ဌ Ahmed Khawariကလည်း မိမိ တို့အနေဖြင့် ယခုလိုလာရောက် လည်ပတ်ရာတွင် အဖွဲ့အစည်းများ က ပြင်ဆင်ထားမှုအသေးစိတ်အ ချက်အလက်များ၊ ကျွန်ုပ်တို့ကြောက် ရွံ့သည့် ကိစ္စရပ်များအပေါ်အသေး စိတ်ရှင်းလင်းပေးခဲ့ကြောင်း၊ သိ လိုသည်များထက် ပိုမိုသိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/s403x403/1380428_655421024476821_1105406322_n.jpg)