တရုတ်အစိုးရက ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ ကချင်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်ရာတွင် တရုတ်ပိုင်နက်အတွင်း ဗုံးသုံးလုံးကျရောက်ပေါက်ကွဲခဲ့
ယမန်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက
|
ရန်ကုန်ဆိပ်ကမ်းနှင့်
တရုတ်နယ်စပ်သို့ တင်ပို့မည့် သစ်လုံးအကြမ်းထည်များကို မန္တလေး
ရွှေကြက်ယက်ဆိပ်ကမ်းအနီးတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်
တရုတ်နိုင်ငံသည် တရားမ၀င်သစ်ခိုးထုတ်မှုကို အားကောင်းစေသော ကမ္ဘာ့အကြီးဆုံး ပြည်ပမှ သစ်တင်ပို့သူ ဖောက်သည်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီး ကမ္ဘာ့သစ်တောများ၏ ကံကြမ္မာသည် တရုတ်လက်တွင်း ကျရောက်နေကြောင်း လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်ရေးရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။ ''တရုတ်နိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုအပေါ်မှာ မူတည်ပြီး တရားမ၀င်သစ်ထုတ်လုပ်မှု တိုက်ဖျက်ရေးကို ဒီထက်ပိုပြီး လုပ်ဆောင်နိုင်မှာပါ။ အခြားသော အဓိကသစ်ဝယ်ယူတဲ့ ဈေးကွက်တွေမှာ အရေးယူဆောင်ရွက်မှုတွေ လုပ်နေပေမယ့် တရုတ်နိုင်ငံမှာကတော့ ဘေးစည်းပေါ်မှာပဲ ရှိပါသေးတယ်'' ဟု EIA က ပေကျင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။ |
|
ဂျာမန်နိုင်ငံသား
မောင်းနှင်သောကား နိုင်ငံခြားသားတစ်ဦးစီးနင်းလာသည့် စက်ဘီးကိုပါ
ဆက်၍တိုက်ကာ လမ်းဝဲဘက်သစ်ပင်တစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့စဉ်
ဂျာမန်နိုင်ငံသားတစ်ဦးကိုယ်တိုင် မောင်းနှင်လာသော ပုဂံမြို့ဟောင်းမှ ညောင်ဦးဘက်သို့လာသည့် တိုရိုတာ ဟိုင်းလပ်အဖြူရောင်ကားနှင့် အင်္ဂလန်နိုင်ငံသား စုံတွဲတစ်တွဲ လိုက်ပါလာသော ဒေသခံယာဉ်မောင်းတစ်ဦး မောင်းနှင်လာသည့် ညောင်ဦးဘက်မှ မြို့ဟောင်းဘက်သို့လာသော မစ်ဆူဘီရှီ၊ အဖြူရောင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင်အနေအထား တိုက်မှုဖြစ်ပွားရာမှ ဂျာမန်နိုင်ငံသား မောင်းနှင်သောကားသည် နိုင်ငံခြားသားတစ်ဦး စီးနင်းလာသည့် စက်ဘီးကိုပါ ဆက်၍တိုက်ကာ လမ်းဝဲဘက်သစ်ပင်တစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။ |
![]() |
| ဓာတ်ပုံ- ကျော်သူ |