menu

Friday, 2 November 2012

မိုဘိုင်းအင်တာနက် အသုံးပြုခကို ဒေတာပမာဏဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်

Photo: မိုဘိုင်းအင်တာနက် အသုံးပြုခကို ဒေတာပမာဏဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက် အသုံးပြုရာတွင် ကောက်ခံသည့် အင်တာနက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား ဒေတာပမာဏဖြင့် ကောက်ခံခြင်းကို နိုဝင်ဘာလတွင် စတင်ကာ ပြောင်းလဲကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ လက်ရှိအချိန်တွင် အင်တာနက် အသုံးပြုခအနေဖြင့် ဂျီအက်စ်အမ် ဖုန်းများကို တစ်မိနစ်လျှင် နှစ်ကျပ်ကောက်ခံခဲ့ပြီး WCDMA နှင့် CDMA 800MHz ဖုန်းများတွင် တစ်မိနစ်လျှင် လေးကျပ် ကောက်ခံနေသည်။ “နိုဝင်ဘာလထဲမှာ Volume ဆွဲတဲ့ပေါ်မှာ မူတည်ပြီး ကောက်ခံသွားမှာပါ။ Download Volume Rate နဲ့ ကောက်ခံဖို့ စီစဉ်နေပါတယ်။ 1 MByte အောက်ဆိုရင် ဈေးတစ်မျိုး၊ 100 MByte ဆိုရင် ဈေးတစ်မျိုးနဲ့ ကောက်ခံမှာပါ။ အခုထိတော့ ဈေးနှုန်းက ညှိနှိုင်းနေဆဲပါ” ဟု ဦးဌေးဝင်းက ပြောသည်။ နိုင်ငံတကာတွင်လည်း Volume နှင့်ပင် ကောက်ခံလျက်ရှိပြီး နိုင်ငံတကာ ဈေးနှုန်းများနှင့် ညှိနှိုင်းပြီး ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ မိုဘိုင်းအင်တာနက်များကို အသုံးပြုခ ပြောင်းလဲကောက်ခံပြီး နောက်တွင် အသုံးပြုမှု တိုးတက်လာပါက ရန်ကုန်ဧရိယာတွင် လိုင်းကြပ်ခြင်းမျိုး မဖြစ်စေရန် ဌာနအနေဖြင့် စီမံချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မိုဘိုင်းဖြင့် အင်တာနက် အသုံးပြုမှု များလာသည်နှင့်အမျှ အချို့မြို့နယ်များတွင် အင်တာနက်မြန်နှုန်းမှာ ညပိုင်းအချိန်များတွင် အင်တာနက် နှေးကွေးနေကြောင်း သိရသည်။ “ကျွန်မက ဖုန်းနဲ့ ညဘက်တွေမှာ အင်တာနက် သုံးလေ့ရှိပါတယ်။ ညဘက်တွေမှာက ကွန်နက်ရှင်က ကျတာများတယ်။ အကယ်၍ Download Volume နဲ့ မူတည်ပြီး ကောက်မယ်ဆိုရင် အဆင်ပြေမယ် ထင်တယ်။ မိနစ်နဲ့ကောက်ရင် အင်တာနက် နှေးနေရင် အဆင်မပြေဘူး” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် မသီတာက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

အေးချမ်းမွန်မှ International Social Network Myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :google
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက် အသုံးပြုရာတွင် ကောက်ခံသည့် အင်တာနက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား ဒေတာပမာဏဖြင့် ကောက်ခံခြင်းကို နိုဝင်ဘာ
လတွင် စတင်ကာ ပြောင်းလဲကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။ လက်ရှိအချိန်တွင် အင်တာနက် အသုံးပြုခအနေဖြင့် ဂျီအက်စ်အမ် ဖုန်းများကို တစ်မိနစ်လျှင် နှစ်ကျပ်ကောက်ခံခဲ့ပြီး WCDMA နှင့် CDMA 800MHz ဖုန်းများတွင် တစ်မိနစ်လျှင် လေးကျပ် ကောက်ခံနေသည်။ “နိုဝင်ဘာလထဲမှာ Volume ဆွဲတဲ့ပေါ်မှာ မူတည်ပြီး ကောက်ခံသွားမှာပါ။ Download Volume Rate နဲ့ ကောက်ခံဖို့ စီစဉ်နေပါတယ်။

အာဆီယံကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မေသဉ္ဇာဦး

Photo: အာဆီယံကားမောင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မေသဉ္ဇာဦး
Thursday, November 01, 2012

အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင် ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရ
ုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း
မျက်ရည် အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း
ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကားဆိုလည်း စိတ်ထဲနှလုံးထဲ သွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ
ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာ ပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။

“အိုးကြီး ၃ဝ အိုးလေး ၅ဝဝ” ဇာတ်ကားမှာ သူငယ်ချင်းတွေ စုံစုံညီညီ
ပြန်တွေ့ ရတော့ တ အားပျော်ဖို့ ကောင်းကြောင်း ရိုက်ကွင်းမှာ ရန်ကျော်နဲ့ မင်းဦး ယောင်တာကို ဟာသဖွဲ့ပြီးရယ်ကြတာလည်း ပျော်ဖို့ကောင်းကြောင်း၊
ဒီလိုမျိုး စုံစုံ ညီညီပြန်တွေ့ ဖို့ မလွယ်ကြောင်း၊ ဇာတ်ကားတွေမှာ လူများတိုင်း မကောင်းနိုင်ကြောင်း၊ အပေးအယူ ညီမျှပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ် ကွက်တွေ ညီမျှမှကြည့်လို့ ကောင်း တာဖြစ်ကြောင်း “အိုးကြီး ၃ဝ၊ အိုးေ လး ၅ဝဝ ” ဇာတ်ကား မှ ရိုက်ကွင်း အမှတ်တရ ကို မေသဉ္ဇာဦးက ပြန်ပြောပြပါ တယ်။

အာဆီယံ ကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံသားအနေ နဲ့ပါဝင်ယှဉ်ပြိုင် ဖို့ဘယ်အတိုင်းအတာအထိပြင်ဆင်ပြီးပြီလဲလို့မေးကြည့်တော့ မေသဉ္ဇာဦးက “ဘာမှကို မလုပ်ရသေးဘူး။ အကြောင်းလည်း မကြားသေးဘူး။ အခုစောင့်နေ တာပေါ့။ နိုဝင်ဘာ၂ဝရက်နေ့ထွက်ရမှာဆိုတော့ မကြာတော့ပါဘူး၊အကြောင်း ကြားစာတော့ ရောက်လာမှာပါ။ ကားမောင်းတာကို အသက် ၁၉၊ ၂ဝလောက်မှာ စမောင်းတယ်။ ကားကို အရှိန် ပြင်းပြင်း နဲ့ မောင်းရတာကို ကြိုက်တယ်။ အခု အဲဒီလို သွားမောင်း ရမှာ ဆိုတော့ ပျော်တာပေါ့။ တအားမောင်းပြီးပြိုင် ရတာ မဟုတ်တဲ့အတွက် အန္တရာယ် လည်း ကင်းမှာပါ။ ချစ်ကြည်ရေး ပုံစံနဲ့သွားမှာပါ” လို့ ပြောပြခဲ့ ပါတယ် ။

မေသဉ္ဇာ ဦး က ဒါရိုက်တာမိုးကြိုး ရိုက်ကူးတဲ့ “ရပ်ကွက်ထဲက ဘဝ များ” ဇာတ်ကား မှာ ဟိန်းဝေယံ၊ သဉ္ဇာဝင့်ကျော် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားကြောင်း ပြောပြခဲ့ပါတယ်။

Popular Myanmar News Journal

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင် ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း
မျက်ရည် အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း
ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကားဆိုလည်း စိတ်ထဲနှလုံးထဲ သွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ
ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာ ပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။

ရခိုင်မှာ လူတထောင်ခန့် ထိန်းသိမ်းထား

Photo: ရခိုင်မှာ လူတထောင်ခန့် ထိန်းသိမ်းထား

ခင်ဦးသာ| November 1, 2012 |

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၁၀၀၀ ၀န်းကျင်ကို ဖမ်းဆီးစစ်ဆေးနေသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ စစ် တွေ၊ ကျောက်ဖြူ  စသည့်မြို့နယ်များမှ ဒေသခံများ ဖြစ်ကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၌ ခေတ္တ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားသူ အများစုသည် ရခိုင်တိုင်ရင်းသားများ ဖြစ်ပြီး မွတ်စလင်များလည်း ပါဝင်ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

ဖမ်းဆီး စစ်ဆေးသည့် လူ ၁၀၀၀ ၀န်းကျင်၌ ဇွန်လအတွင်း ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်သူများ လည်းပါဝင်ကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ဧရာဝတီ ကို ပြောသည်။ အများစုသည် အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အ တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ဆက်စပ်၍  သင်္ကာမကင်းခံထားရသူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို စစ်ဆေး၍ ပြစ်မှုထင်ရှားပါက ဥပဒေအတိုင်း အရေးယူသွားမည်ဟုလည်း ဆိုသည်။

ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ နောက်ကွယ်မှ ကြိုးကိုင်သူများရှိကြောင်း၊ ၎င်းတို့ကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း၊ ကြိုးကိုင်သူများတွင် နိုင်ငံရေးအဖွဲ့  အစည်းများနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့အစည်းများ ပါဝင်ပတ်နေ ကြောင်း ယမန့်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော်  သမ္မတရုံး ကြေညာချက်ကလည်း ရေးသားထားသည်။

ထို့အတူ အချို့သော  ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက် အထားများ တွေ့ရှိထားကြောင်း၊ လက်ရှိတွင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ဆက်စပ်ပတ်သက်သူများကို နိုင်ငံတော်မှ စစ်ဆေးအရေး ယူလျက်ရှိကြောင်း ဆိုသော်လည်း အသေးစိတ် ရေးသားဖော်ပြခြင်း မရှိပေ။

ပဋိပက္ခနှင့်ပတ်သက်၍ ကြိုးကိုင်သူများကိုစစ်ဆေးနေဆဲ ဖြစ်ပြီး အချိန်ကျရောက်ပါက မည်သူမည်ဝါ ဆိုသည်ကို တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုသည်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင်လည်း နောက်ကွယ်မှ ကြိုးကိုင်သူများ ရှိ၍ ထိရောက်စွာ အရေးယူမည်ဟု ဆိုခဲ့ပြီး မည်သူမည်ဝါဟူ၍ ယနေ့အထိ ထုတ်ပြန်နိုင်ခြင်း မရှိပေ။

“စစ်ဆေးဖော်ထုတ်မှုတွေက ဘယ်လောက်ကြမယ်၊ ဘယ်တော့ ထုတ်ပြန်မယ်ဆိုတာ မျိုးတော့ အချိန်ကန့်သတ်ထားတာ မရှိ ပါဘူး၊ အချိန်တန်ရင်တော့ ကြေညာမှာပါ” ဟု ဦးဇော်ဌေး က ဆိုသည်။

ရခိုင်ပြည်နယ်တွင်၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်း သားများတိုး တက်ရေးပါတီ (RNDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဖွံ့ဖြိုးရေးတိုးတက် ရေးနှင့်ငြိမ်းချမ်း ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ၊ မြို၊ ခမီးတိုင်းရင်းသား၊ မြန်မာနိုင်ငံ ရခိုင်ပြည် အမျိုးသား အင်အားစုပါတီ စသည့် နိုင်ငံရေးပါတီများ ရှိသည်။

ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး မကြာသေးခင်က ပြန်လည်မှတ်ပုံ တင်ထားသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီလည်း ရှိပြီး အစိုးရ နှင့် ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့များတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP ) ပါတီနှင့် ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် ရခိုင်အဖွဲ့ တချို့ရှိသည်။

တကျော့ပြန် ရခိုင်ပဋိပက္ခတွင် ပြည်ပအဖွဲ့အစည်းတချို့က နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားမှု ရှိကြောင်း ALD ပါတီ ကလည်း အောက် တိုဘာလ ၂၅ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

ရခိုင်ပဋိပက္ခများကို နောက်ကွယ်မှ ကြိုးကိုင်နေသည့် နိုင်ငံရေးပါတီများဟု အစိုးရက ပြောဆိုနေခြင်းသည် အထူးအဆန်း မဟုတ်ကြောင်း၊ ၎င်းတို့၏ စွပ်စွဲသုံးသပ်မှုသည် အထူးသဖြင့် အမျိုးသားရေးကို အခြေခံသည့် ရခိုင် နိုင်ငံရေးပါတီများဟု ယူဆ ကြောင်း RNDP ပါတီ၏ ဗဟိုအလုပ်မှုဆောင်နှင့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ဧရာဝတီ ကို ပြောသည်။

“ရခိုင်ပဋိပက္ခ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ပါတီ အနေနဲ့ သွေးထိုးလှုံဆော်တာ မရှိပါဘူး၊ လက်ရှိ ပဋိပက္ခတွေ ငြိမ်းချမ်း အောင်လုပ်ဆောာင်ရာ မှာလည်းပဲ အစိုးရနဲ့ ပါဝင်ပူးပေါင်း လုပ်ဆောင်နေပါတယ်၊ စုံစမ်း ဖော်ထုတ်မှုတွေကို ဥပဒေအတိုင်း မှန်မှန် ကန်ကန်ဖြစ်စေချင်တယ်”ဟု ၎င်း က ဆိုသည်။

ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးတို့အတွက် လုပ်ပိုင်ခွင့် အာဏာ ရှိသည့် နိုင်ငံတော်အစိုးရအဖွဲ့ကိုသာ အားကိုးအားထား ပြုကြောင်း၊ အစိုးရအဖွဲ့ကလည်း ကူညီပေးစေလိုကြောင်း ဦးဖေသန်း က ဆို သည်။

၎င်းက “အစိုးရကို တိုက်တွန်းချင်တာက မွတ်စလင်တွေကို ရခိုင်ဒေသမှာပဲ စုပြုံထားတာ၊ လှောင်ပိတ်ပြီး မထားပါနဲ့၊ ၁၉၈၂ ခုနှစ် ဥပဒေ အတိုင်း နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားပေးပြီး နိုင်ငံသားတယောက်ကဲ့သို့ ပြည်မကို သွားခွင့်ပေးဖို့၊ တရား မ၀င် ခိုးဝင်လာသူတွေကို လည်း ဥပဒေ အတိုင်း ဆောင်ရွက်ပေး ရင် ပဋိပက္ခ ဖြစ်ပွားတာတွေ လျော့ကျလာနိုင်တယ်”ဟု ဆိုသည်။

ရခိုင်ဒေသတွင်း ပဋိပက္ခ ကြီးထွားလာရခြင်းသည် ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အချိန်မီ ထိန်းသိမ်းမှု မရှိခြင်း၊ တာဝန်ယူမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဆိုပြီး လက်ရှိ ပဋိပက္ခကို တာဝန်ယူ ထိန်းသိမ်းပေးနေသည့် စစ်တပ် သည်လည်း လိုအပ်သည်ထက် ပစ်ခတ်မှု ကြောင့် လူသေဆုံးမှု၊ ဒဏ်ရာရမှု အများအပြား ရှိကြောင်းလည်း ပြောကြသည်။

သမ္မတရုံး ပြောခွင့်ရသူက ပြောဆိုရာတွင် အစိုးရ အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးကြောင်း၊ စစ်တပ်အင်အား ကိုလည်း ရခိုင်ပြည်နယ်ထဲရှိ စစ်တပ်များကိုသာ အခင်းဖြစ်ရာ ဒေသများ၌ လုံခြုံရေး ပေးကြောင်း၊ အစိုးရ အပေါ်ဝေဖန်မှုသည်  ၎င်းတို့၏ လွတ်လပ်စွာ ပြောဆိုမှုသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုသည်။

ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကို လူစုခွဲရာတွင် စစ်တပ်၏ ပစ်ခတ်သည့် သေနတ် ကျည်ဆန်ထိမှန်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာ ရသူအများ အပြားရှိကြောင်း ဒေသခံတို့က ပြောဆိုသကဲ့သို့ သမ္မတရုံး ကြေညာချက်ကမူ  ပဋိပက္ခဖြစ်နေ သည့် လူအုပ်စု နှစ်ခုသည် လုံခြုံရေး တပ်ဖွဲ့များ ကိုပင် လက်နက်ဖြင့် ရန်မူ ခြိမ်းခြောက်မှုများရှိကြောင်း၊ ထိုပဋိပက္ခ များ မှ ဒေသန္တရလုပ် တူ မီးသေနတ် (၁၈၀ ) သိမ်းဆည်းရမိကြောင်းလည်း အစိုးရက ဆိုထားသည်။

ထို့အတူ ရခိုင်ပြည်နယ် တ၀ှမ်းရှိ ဓား၊ လှံ၊ လက်နက်များကို နီးစပ်ရာ လုံခြုံရေး အဖွဲ့များထံ ၃ ရက် အတွင်း အပ်နှံကြရန် လည်း ယနေ့ထုတ် အစိုးရ သတင်းစာများ က ထုတ်ပြန်ကြေညာထားသည်။

တကျော့ပြန် ဖြစ်ပွားသည့် ရခိုင်ပဋိပက္ခတွင် အောက်တိုဘာလ ၂၁ ရက်မှ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်သွားသည့်နေအိမ် ၅၃၅၁ အိမ်နှင့် လူဦးရေ  ၃၂၂၃၁ ဦး အိုးအိမ်မဲ့သွားကြောင်း လည်း သတင်းစာများက ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးတပ်များ တိုးချဲ့ချထားသည်ကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အေးချမ်းမွန်မှ The Irrawaddy (Burmese Version) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Irrawaddy (Burmese Version)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေးတပ်များ တိုးချဲ့ချထားသည်ကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ သင်္ကာမကင်းသူ ၁၀၀၀ ၀န်းကျင်ကို ဖမ်းဆီးစစ်ဆေးနေသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မြောက်ဦး၊ မြေပုံ၊ စစ် တွေ၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ ဒေသခံများ ဖြစ်ကြောင်း၊ ၎င်းတို့အား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၌ ခေတ္တ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားသူ အများစုသည် ရခိုင်တိုင်ရင်းသားများ ဖြစ်ပြီး မွတ်စလင်များလည်း ပါဝင်ကြောင်း ဒေသခံများ က ဧရာဝတီ ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

Photo: ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့  

Thursday, 01 November 2012 19:51

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။ 

ယင်းကဲ့သို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များကို အောက်တိုဘာလ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် နိုဝင်ဘာလ ၁ရက်နေ့ နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်တို့၌ ဖြစ်ပွားခဲ့ပြီး ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ရက်နေ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှာ ၆၉ရပ်ကွက်၊ မင်းလှမင်းခေါင်လမ်း၊ အမှတ် ၁၃၇၃တွင် နေထိုင်သည့် ယောက္ခမဖြစ်သူ ဒေါ်လှမြင့်၊ ၆၀ နှစ်နှင့် သမက်ဖြစ်သူ ကျီးကန်း(ခ)စိုးစိုး၊ ၃၈နှစ်တို့မှာ နေအိမ်အတွင်း စကားများ ရန်ဖြစ်နေသည်ကို လမ်းတစ်ဖက် မျက်နှာချင်းဆိုင် နေအိမ်တွင် နေထိုင်သည့် ပြည့်ဖြိုးအောင်၊ ၂၇နှစ်ဖြစ်သူက "နေ့ဆူ၊ ညဆူအိပ်မရဘူး" ဟုပြောဆိုပြီး ကျီးကန်း(ခ)စိုးစိုးအား အိမ်ပေါ်တက်ရောက်ကာ ပါးရိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပါးရိုက်ခံရသည့် ကျီးကန်း(ခ)စိုးစိုးမှာ လောက်လေးခွဖြင့် ပြည့်ဖြိုးအောင်ကို ပြန်လည်ပစ်ခဲ့သည့်အတွက် ပြည့်ဖြိုးအောင်မှ ၄င်း၏နေအိမ်သို့ ပြန်သွားပြီး အရိုးအသွား ၂၃လက်မခန့်ရှိ အသွားနှစ်ဖက်ပါ ဓားမြောင်နှင့် အရိုးအသွား ၁၂လက်မရှိ ဓားမြောင်တစ်ချောင်းတို့အား ယူဆောင်ပြီး ကျီးကန်း(ခ)စိုးစိုး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ ကျီးကန်း(ခ)စိုးစိုးကို ဘယ်ဘက်ရင်အုံနှင့် ညာဘက်ရင်အုံတို့ကို ထိုးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စစ်ဆေးချက်အရ သိရသည်။

အဆိုပါကဲ့သို့ အခင်းဖြစ်ပွားနေချိန်တွင် ယောက္ခမဖြစ်သူ ဒေါ်လှမြင့်မှာ နေအိမ်ပေါ်မှ ထွက်ပြေးပြီး ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့ရာ ပြည့်ဖြိုးအောင်၏ မိခင်ဖြစ်သူ ဒေါ်သန်းဌေး၊ ၅၀ နှစ်မှ "ဟိုမှာ အဘွားကြီး ထွက်ပြေးသွားပြီ၊ လိုက်သတ်" ဟု အော်ဟစ်ပြောဆိုခဲ့ရာ ပြည့်ဖြိုးအောင်မှ ဒေါ်လှမြင့်နောက်သို့ လိုက်သွားပြီး ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စစ်ဆေးချက်အရ သိရသည်။

ဒေါ်လှမြင့်အား ဓားဖြင့်ထိုးပြီး အပြန်လမ်းတွင် ကျီးကန်း(ခ)စိုးစိုး၏ သမီးဖြစ်သူ မစံပယ်ဦး၊ ၃နှစ်အား တွေ့ရှိပြီး ထပ်မံ၍ဓားဖြင့် ထိုးခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ ဓားဖြင့်ထိုးခံရသည့် ဒေါ်လှမြင့် - ၆၀နှစ်၊ ကျီးကန်း(ခ)စိုးစိုး- ၃၈နှစ် နှင့် မစံပယ်ဦး - ၃နှစ်တို့မှာ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ပြစ်မှုကျူးလွန်သူ ဒေါ်သန်းဌေးကို အောက်တိုဘာလ ၂၉ရက်နေ့တွင်ပင် ဖမ်းဆီးခဲ့သော်လည်း ပြည့်ဖြိုးအောင်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အခင်းဖြစ်ပွားရာ နေအိမ်ဘေးတွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်က မိန်းမနဲ့အိမ်ရှေ့မှာ ထွက်ပြီး ထိုင်စကားပြောနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဘေးက အိမ်မှာနေတဲ့ ကျီးကန်းနဲ့ သူ့ရဲ့ ယောက္ခမဖြစ်သူ ဒေါ်လှမြင့်တို့ စကားများရန်ဖြစ်နေလို့ ကျွန်တော်တို့နှစ်ယောက်က အိမ်ထဲဝင်ပြီးတော့ အိပ်ခဲ့ပါတယ်။ သိပ်မကြာ ခင်မှာပဲ ရိုက်နှက်သံတွေကြားရတယ်။ ဒီလိုကြားရတဲ့ဖြစ်စဉ်တွေက နေ့တိုင်းလိုဖြစ်နေတော့ ကျွန်တော်တို့လည်း ထွက်မကြည့်ခဲ့ဘူး။ ပြီးတော့ ကျီးကန်းက လူတစ်ယောက်ကို ညီလေးရယ်၊ မလုပ်ပါနဲ့၊ အချင်းချင်းတွေပဲဆိုပြီး တောင်းပန်သံတွေ ကြားခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ကျီးကန်းက အမေရေ၊ သားကိုကယ်ပါဦး၊ ဓားနဲ့ထိုးသွားပြီလို့ အသံကြားတော့ အိမ်ရှေ့ထွက်ကြည့်တဲ့အခါမှာ ဒေါ်လှမြင့်နဲ့ သူ့သမီးက ထွက်ပြေးသွားတာ တွေ့ရတယ်။ ကျီးကန်းက သူရဲ့အိမ်ရှေ့မှာ သွေးတွေနဲ့ လဲနေတာကို တွေ့ရတယ်။ ပြည့်ဖြိုးအောင်က ဓားနှစ်ချောင်း ကိုင်ပြီးတော့ ပြေးသွားတဲ့ ဒေါ်လှမြင့်နောက်ကိုလိုက်ပြီး ဓားနဲ့ထိုးလိုက်ပြီးတော့ ပြန်လာတဲ့ လမ်းမှာတွေ့တဲ့ စံပယ်ဦးကို ဓားနဲ့ထပ်ထိုးလိုက်တယ်။ ပြီးတော့ လဲကျနေတဲ့ ကျီးကန်းဆီကို ပြန်လာပြီး ဒီကောင်မသေသေးဘူးဆိုပြီး ဓားနှစ်ချောင်းနဲ့ ရင်အုံကိုထပ်ထိုးခဲ့ပါတယ်"ဟု မြင်တွေ့မှုအပေါ် ပြန်လည်ပြောပြခဲ့သည်။

ပြစ်မှုကျူးလွန်သူ ပြည့်ဖြိုးအောင်မှာ ထွက်ပြေးသွားသည့် စံပယ်ဦးနှင့် ဒေါ်လှမြင့်တို့ကို လူမြင်ကွင်းတွင် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

ထွက်ပြေးတိမ်းရှောင်သွားသည့် ပြည့်ဖြိုးအောင်မှာ ရပ်ကွက်အတွင်း မကျေနပ်သည့်လူအချို့ကို ရန်ပြုမည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ရပ်ကွက်အတွင်း နေထိုင်သူများမှာ သတိထား သွားလာနေထိုင်ကြပြီး ညပိုင်းများတွင် လှည့်ကင်းများ ဆောင်ရွက်နေရကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်က ပြောကြားခဲ့သည်။

ကျူးလွန်ခဲ့သူ ပြည့်ဖြိုးအောင်ကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲ၍ လိုက်လံစုံစမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ထိုသို့ရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲ၍ လိုက်လံစုံစမ်းနေစဉ် ကျူးလွန်သူကို နိုဝင်ဘာလ ၁ရက်နေ့ မွန်းလွဲ ၃နာရီဝန်းကျင်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်မှ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၀ ရပ်ကွက်သို့ မိသားစုကိစ္စဖြင့် သွားရောက်စဉ် လမ်း၌တွေ့ရှိခဲ့သဖြင့် အနီးအနား ပတ်ဝန်းကျင်ရှိ လူတစ်ချို့ကို အကူအညီတောင်းပြီး ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်က "ကျွန်တော်က မိန်းမကို စံပြဈေးပို့ပြီးတော့ ၇၀ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမကနေ လမ်းလျှောက်ပြီးတော့ အိမ်ကိုပြန်တဲ့အခါမှာ လူသတ်မှုကျူးလွန်သွားတဲ့သူက ကျွန်တော့်ကိုပြုံးပြလို့ ပြန်ပြီးပြုံးပြခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ကိုယ်နဲ့ခင်ခဲ့တဲ့သူထဲက တစ်ယောက် ဖြစ်မယ်လို့ ထင်မိခဲ့ပါတယ်။ သိပ်မကြာခင်အချိန်မှာ လူတစ်ယောက်က "အဲဒီလူက လူသတ်မှု ကျူးလွန်သွားတဲ့ ပြည့်ဖြိုးအောင်ပဲ" လို့လာပြောခဲ့တယ်။ သူက ဆံပင်ပုံစံပြောင်းထားတော့ မမှတ်မိခဲ့တာပါ။ ဒါနဲ့စဉ်းစားမိပြီးတော့ ပတ်ဝန်းကျင်မှာ တွေ့တဲ့သူ သုံးယောက်ကို အကူအညီတောင်းပြီးတော့ လိုက်ဖမ်းဖို့ လုပ်နေတုန်း သူက လမ်းသွားနေတဲ့ စက်ဘီးတစ်စီးကို တားပြီးတော့ နောက်ခုံကနေ လိုက်စီးသွားတယ်။ ဒါနဲ့ ကျွန်တော်တို့က ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ဖမ်းခဲ့ပါတယ်။ ပြီးတော့ အိမ်ကိုခေါ်သွားပြီးတော့ ရဲစခန်းကို အကြောင်းကြားပြီး အပ်နှံခဲ့ပါတယ်" ဟုပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၃၈၂/၂၀၁၂ ပုဒ်မ ၃၀၂/၃၂၆/၁၁၄ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်နှင့်အတူ အောက်တိုဘာလ ၁ရက်နေ့ နံနက် ၇နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ ပိုက်လုံးလမ်းရှိ နေအိမ်တစ်အိမ်၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေအိမ်တွင် စိတ်ရောဂါဝေဒနာ ခံစားရသူ အမျိုးသားတစ်ဦးက နံနက် ၇နာရီ အချိန်တွင် ဗိုက်ဆာသဖြင့် စားသောက်ရန် ၄င်း၏ညီဖြစ်သူကို ပြောခဲ့ရာညီဖြစ်သူက "ဘာမှမရှိဘူး" လို့ ပြန်ပြောခဲ့သည့်အတွက် ဓားဖြင့်ခုတ်ခဲ့ပြီး ၀င်ရောက်ဆွဲခဲ့သည့် မိသားစုဝင်နှစ်ဦးကိုလည်း ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ မိသားစုဝင်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မှော်ဘီမြို့နယ် ရဲစခန်းသို့ သွားရောက်မေးမြန်းရာ သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု အတည်ပြုပေးခဲ့သော်လည်း ဖြစ်စဉ်ကို ဖြေကြားနိုင်ခြင်းမရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သေဆုံးသွားသူများ၏ ဆွေမျိုးတော်စပ်သူတစ်ဦးမှ "ဟိုအရင်ကတည်းက စိတ်ကျန်းမာရေးမကောင်းဘူး။ ဒါပေမယ့် ယဉ်ယဉ်လေးဆိုပြီး အတူတူနေကြတာပေါ့။ ဒါပေမယ့် အခုရက်ပိုင်းအတွင်း သူပြောပြောနေတာက တိရစ္ဆာန်တစ်ကောင်ကို သတ်ချင်တယ်လို့ မကြာခဏ စိတ်ဖောက်ပြန်လာတယ်။ ဒါပေမယ့် ဒီနေ့မနက်ကျတော့ ဗိုက်ဆာတယ်ဆိုပြီးပြောတော့ အိမ်မှာဘာမှမရှိဘူးဆိုပြီး ပြောတဲ့ ညီဖြစ်သူကို ဓားဆွဲပြီးခုတ်တယ်။ အဖေဖြစ်သူက ၀င်ဆွဲတော့ အဖေကိုပါ ခုတ်သတ်ပစ်တယ်။ ခုတ်တာ အပိုင်းပိုင်း အပြတ်ပြတ်ပဲ။ ဒါနဲ့ ကျွန်မလည်း ထွက်ပြေးခဲ့ရတယ်။ နောက်ပြီး အမေက ဈေးကပြန်လာတော့ ၀င်မသွားနဲ့လို့ တားထဲကြားကနေ ၀င်သွားခဲ့တယ်။ အမေဖြစ်သူကိုလည်း ခုတ်သတ်ပစ်ခဲ့တယ်။ ကျွန်မပြောချင်တာကတော့ ဒီလိုမျိုးစိတ်ရောဂါခံစားနေရတဲ့ သူတွေနဲ့အတူတူနေထိုင်ဖို့ မသင့်ဘူး"ဟုပြောခဲ့သည်။

လူသတ်မှုကျူးလွန်ခဲ့သူ အား ဖြစ်စဉ်အတွင်းဖမ်းဆီးခဲ့ပြီ လက်ရှိတွင် မှော်ဘီရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

ဖြစ်စဉ်ကို ကျူးလွန်ခဲ့သူမှာ မိသားစုတွင် အကြီးဆုံးဖြစ်ပြီး သေဆုံးသွားသူများမှာ ကျူးလွန်ခဲ့သူ၏ ဖခင်၊ မိခင်နှင့် ညီအငယ်ဆုံးဖြစ်ကြောင်း အဆိုပါမိသားစုမှ သိရှိရသည်။

ဖြစ်စဉ်မှ ကျူးလွန်ခဲ့သူကို မှော်ဘီရဲစခန်း (ပ)၉၂၉/၂၀၁၂ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

၂၀၀၈ ခုနှစ်၊ မတ်လ ၃ရက်နေ့က ရန်ကုန်မြို့ကမာရွတ်မြို့နယ်၊ စိမ်းလဲ့ကန်သာလမ်း၊ အမှတ်(၁၂၆) နေအိမ်တွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူများကို မှုခင်းတပ်ဖွဲ့ (CID) က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။

မှော်ဘီမြို့နယ်တွင် သုံးလောင်ပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်ကိုတွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Groupတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
မှော်ဘီမြို့နယ်တွင် သုံးလောင်ပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့် နေအိမ်ကိုတွေ့ရစဉ်
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ယင်းကဲ့သို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များကို အောက်တိုဘာလ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် နိုဝင်ဘာလ ၁ရက်နေ့ နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်တို့၌ ဖြစ်ပွားခဲ့ပြီး ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

မင်းမဲ့စရိုက် ဆန်ဆန် ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီး ကို ၀ိုင်းရိုက်မှုဖြစ်ပွါး

Photo: မင်းမဲ့စရိုက် ဆန်ဆန် ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီး ကို ၀ိုင်းရိုက်မှုဖြစ်ပွါး - 

နိုဝင်ဘာလ ၁ရက် ၂၀၁၂ခုနှစ် ၊ သတင်း - သစ်ထူးလွင်

ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁း၀၀ ခန့်အချိန်တွင် ရန်ကုန် အင်းစိန်လမ်းမ၊ စံရိပ်ငြိမ် မှတ်တိုင်း အနီး။ Excellent studio ၌ လူစုဖွဲ့ ရမ်းကားမှု တစ်ရပ် ဖြစ်ခဲ့ပါတယ်။
...
ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီးကို ဝိုင်းရိုက်ပါတယ်။ အထဲမှာပါတဲ့ အမျိုးသမီးရဲ့ အော်သံက အင်မတန်ကြေကွဲဖွယ်ပါပဲ။ တုတ်တွေနဲ့ရိုက် ကားမှန်တွေခွဲ၊ သိပ်ကို တုန်လှုပ်ဖို့ကောင်းပါတယ်။

ဒီနေ့ပဲ အဒေါ်တစ်ယောက်က အဲလိုတွေ ဖြစ်နေတတ်လို့ ညဘက်တွေအပြင်မထွက်ဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် အခုလို မင်းမဲ့စရိုက်မျိုးတွေ ရှိမယ်လို့ ကျနော် မထင်ခဲ့ဘူး။ ၁း ၁၅ လောက်မှာ အားလုံး ထွက်သွားကြပြီး အရိုက်ခံရတဲ့ ကားတစ်စီးပဲ ကျန်ခဲ့ပါတယ်။ ၅ မိနစ်လောက်နေတော့ ရဲတွေ ရောက်လာကြောင်း မျက်မြင်တွေ့ ရှိသူ ပြည်သူတဦးက Myanmar News Now ကို သတင်း ပေးပို့ ထားပါတယ်။ 

( ဓါတ်ပုံ - ၀ိုင်းရိုက်တဲ့ ကားတွေ ထွက်သွားပြီးနောက် တွေ့ မြင်ရပုံ )

အေးချမ်းမွန်မှ Infinity Power တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Infinity Power
( ဓါတ်ပုံ - ၀ိုင်းရိုက်တဲ့ ကားတွေ ထွက်သွားပြီးနောက် တွေ့ မြင်ရပုံ )
ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁း၀၀ ခန့်အချိန်တွင် ရန်ကုန် အင်းစိန်လမ်းမ၊ စံရိပ်ငြိမ် မှတ်တိုင်း အနီး။ Excellent studio ၌ လူစုဖွဲ့ ရမ်းကားမှု တစ်ရပ် ဖြစ်ခဲ့ပါတယ်။
...
ပြိုင်ကား ၄ စီးနဲ့ စုပြီး ကားတစ်စီးကို ဝိုင်းရိုက်ပါတယ်။ အထဲမှာပါတဲ့ အမျိုးသမီးရဲ့ အော်သံက အင်မတန်ကြေကွဲဖွယ်ပါပဲ။ တုတ်တွေနဲ့ရိုက် ကားမှန်တွေခွဲ၊ သိပ်ကို တုန်လှုပ်ဖို့ကောင်းပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သမ္မတ၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိရန်စီစဉ်

Photo: မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သမ္မတ၏တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိရန်စီစဉ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားကြောင်းသိရသည်။

နိုင်ငံတော်၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ဘဏ်လုပ်ငန်းစနစ်ကို ကမ္ဘာ့နိုင်ငံများ၏ဘဏ်စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ထိုသို့ေ
ပြာင်းလဲရန်စီစဉ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်းလဲရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးမှ ၂ဝ၁၂ခုနှစ် အောက်တိုဘာလ ၂၆ ရက် ရက်စွဲပါ စာအမှတ် ၁ဝ၇(၁)/၈/သမ္မတရုံးဖြင့် သဝဏ်လွှာပေးပို့ထားကြောင်းလည်း သိရပါသည်။

အဆိုပါသဝဏ်လွှာတွင် ကမ္ဘာ့ဘဏ်များ၏ ကမ္ဘာ့နိုင်ငံများ၏ ဘဏ်စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်း လဲဖွဲ့စည်းလိုပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး လက်ရှိကျင်းပလျက်ရှိ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေးကာလအတွင်း တင်ပြနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမပြဌာန်းမီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ပြည်ထောင်စုအဆင့် ဥက္ကဌတစ်ဦးနှင့် ဒုတိယဥက္ကဌနှစ်ဦးတို့ဖြင့် ခန့်ထားဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးရန် သဝဏ်လွှာပေးပို့ထားခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို သီးခြားလွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားကြောင်းသိရသည်။

နိုင်ငံတော်၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်လျက်ရှိသော ဘဏ်လုပ်ငန်းစနစ်ကို ကမ္ဘာ့နိုင်ငံများ၏ဘဏ်စနစ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ထိုသို့ေ
ပြာင်းလဲရန်စီစဉ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Thursday, 1 November 2012

" ဗမာ ကဗျာဆရာတစ်ယောက်ရဲ့ ပျဉ်းတွဲတွဲ အက်ဆေး "(ခင်အောင်အေး)

အက်ဆေး ဖော်ပြခံရသောစာအုပ်...

အက်ဆေးတပုဒ် ရေးရမယ်လို့ ကိုယ့်ကိုယ်ကို စေခိုင်းတော့
ထုံးစံအတိုင်း စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်တဲ့အခါ လုပ်နေကျအတိုင်း ဝရံတာကို ထွက်လိုက်တယ်။
အက်ဆေး တပုဒ်ရေးမယ့်အစား..........
ဝရံတာ ပေါ်က ခုန်ချပြီး ဘဝကို အဆုံးစီရင်လိုက်တာက ပိုကောင်းမယ်လို့...........
တယောက်ယောက်က (အသံ တစ်ခုခုက) ဖျားယောင်းတာခံနေရသူလို ဝရံတာစွန်းမှာရပ်မိတယ်။
ခက်တာက ကိုယ်က ပထမထပ်မှာ နေတာ ဆိုတော့....
အောက်ခြေသံမံသလင်းနဲ့ ခေါင်းနဲ့ ခွပ်ကနဲ ပစ်ဆောင့်ပြီး ကိစ္စပြီးဖို့က ဖြစ်နိုင်ချေ နည်းလွန်းနေတယ်။
ကိုယ်ဘာကောင်လဲ၊
ကိုယ်ဘယ်က လာသလဲ
ကိုယ်ဘယ်ရောက်နေတာလဲ (ဝရံတာအစွန်းတခုမှာလို့ ပြောဖို့ကတော့ တိမ်လွန်းလှပါတယ်)
ကိုယ် ဘယ်ကိုဆက်သွားမှာလဲ၊ (တုန်လှုပ်ခြောက်ခြားစရာ) ။

ဘန်ဂါဇီ ရှိ အမေရိကန် သံရုံး တိုက်ခိုက်မှု သံသယ ရှိသူ အီဂျစ် တွင် အသေဖမ်းဆီး နိုင်ခဲ့


ap_us_north_africa_terror_52141333-4_3_r560
လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့  ရှိ အမေရိကန် ကောင်စစ်ဝန် ရုံး ကို စက်တင်ဘာလ က ရော့ကတ်
လောင် ချာ ဖြင့် တိုက်ခိုက် မှု တွင် ပါဝင် ခဲ့ သည် ဟု သံသယရှိသူ တစ်ဦး မှာ အီဂျစ် နိုင်ငံ
ကိုင်ရို မြို့ တွင် လုံခြုံရေးတပ် ဖွဲ့  ၀င်များ နှင့် အပြန် အလှန် ပစ်ခတ် မှု တွင် သေဆုံး သွား ခဲ့
သည် ဟု အီဂျစ် အစိုးရမှ တရား ၀င် သတင်း ထုတ် ပြန်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့ က စစ်သွေးကြွ အုပ်စု မှ ရော့ကတ် ဖြင့် တိုက် ခိုက် မှု ကြောင့်
အမေရိကန် သံ အမတ် ကြီး J. Christopher Stevens အပါအ၀င် သံရုံး ၀န်ထမ်းလေးဦး
သေဆုံး ခဲ့ ရသည်။
သံရုံး တိုက်ခိုက်မှု တွင် ပါဝင်သည့် ဟာဇမ် ဟု အီဂျစ် အစိုးရ က သတင်း ထုတ် ပြန်ထား သူ
သည် အီဂျစ် ရဲတပ် ဖွဲ့  အား ဗုံးဖြင့် ပစ်ခတ် စဉ် ဗုံးပေါက်ကွဲ မှု ကြောင့် သေဆုံးရသည် ဟု
ဆိုသည်။

သီချင်းများနဲ့ ခရီးသွားတဲ့ လေးဖြူနဲ့ တွေ့ဆုံ မေးမြန်းခြင်း




ခဏလေးများ  စီးရီး ထွက်ပြီးတဲ့ နောက်မှာ စင်မြင့် သီဆိုပွဲ များက နှစ်အတန် ကြာနား နေခဲ့တဲ့ လေးဖြူက သဘာဝ ဘေးအန္တရာယ် ဖြစ်တဲ့ နာဂစ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များ အတွက် ရန်ပုံ ငွေရှာ တဲ့ပွဲက စပြီး စင်မြင့်ပေါ်ကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ်။
အဲဒီကနေ တောက်လျှောက် ဖျော်ဖြေပွဲများ သီဆိုရင်း ၂၀၀၈ ခုနှစ်မှာ BOB (ဘင်္ဂလားပင်လယ်အော်) အယ်လ်ဘမ် အသစ်ထွက် ခဲ့ပြီးနောက် နောက်ထပ် သီချင်းသစ် ထွက်မလာ ခဲ့ပါဘူး။

၂၀၁၂ ခုနှစ် အတွင်းမှာ ပြည်ပ ဖျော်ဖြေပွဲများ သွားရောက်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု ခရီးစဉ် မှာတော့ သီချင်းသစ် ၃ ပုဒ် သီဆို အသံ သွင်းခဲ့ တယ်လို့ သိရတဲ့ အတွက် ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ဂီတ ပရိသတ်များ အတွက် လေးဖြူနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးနှင့် သယံဇာတ(ကိုရင်လှ)

 
 
   နိုင်ငံဖွံ့ဖြိုးရေးနှင့် ပြည်သူများစားဝတ်နေရေးဖူလုံကြွယ် ၀ရန် မရှိမဖြစ်လိုအပ်သော အချက်များတွင် သဘာဝသယံဇာတ များ ပေါများကြွယ်ဝခြင်းနှင့် နိုင်ငံအတွင်း ပဋိပက္ခများကင်းဝေးလျက် တည်ငြိမ်သောနိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးအခြေအ နေတို့လည်း ပါဝင်ပါသည်။

          ပဋိပက္ခများဆိုရာတွင် စစ်မက်ဖြစ်ပွားခြင်းသာမက နိုင်ငံ အတွင်းရှိ လူမျိုးတစ်စုနှင့်တစ်စု၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့၊ ယုံ ကြည်ကိုးကွယ်ရာဘာသာ မတူညီကြသူတစ်ဖက်နှင့်တစ်ဖက်၊ နိုင်ငံရေးပါတီတစ်ခုနှင့်တစ်ခု၊ အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံ ပြည်သူပြည်သားတို့အကြား အပြန်အလှန်လေးစားမှု ပျက်ပြား ခြင်း၊ ယုံကြည်မှုလျော့ပါးခြင်း၊ သံသယများနေခြင်းတို့်ဖြစ်ပါ သည်။ ထိုပဋိပက္ခများတည်ရှိနေသမျှ ရုပ်ပိုင်းဆိုင်ရာအခြေ အနေများ မည်မျှတည်ငြိမ်နေပါစေ စိုးရိမ်ကြောင့်ကြမှုများ ဖြစ် ပေါ်လျက် ငြိမ်းချမ်းမှုပျက်ပြားရပါသည်။ ထို့ကြောင့် ငြိမ်းချမ်း ခြင်းဆိုသည်မှာ လူသားတိုင်း၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်လုံး တည်ငြိမ်အေးချမ်းစွာ ဖြစ်တည်နေခြင်း နှင့် စိုးရိမ်ကြောင့်ကြမှုမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုလို ပါသည်။

ဘောင်ချင်းက မတူဘူးလေ..


ကွာခြားခဲ့သည် (ကြည်အေး)

(Three Girls, by Amrita Sher-Gil - 1935)

(၁)

လွန်ခဲ့သော အနှစ် တရားငါးဆယ်ခန့်က ဒလမှာ ဘယ်တော့မှမတည့်သော ညီအစ်မနှစ်ယောက် ရှိသည်။ အကြီးဖြစ်သူမှာ အရုပ်လည်းမလှ ဥာဏ်လည်း အချည်းနှီး။ သည်အထဲက မိန်းမတကာနှင့် ပြိုင်ချင်၍ မပြိုင်ရလျှင် ညီအစ်မချင်း ပြိုင်ချင်သောစိတ်ရှိသည်။ သူ့မှာ အားကိုးပြုစရာဆို၍ ဖအေရွာသူကြီးက ခွဲပေးခဲ့သည့် လယ်ဧက တထောင်ခန့်ရှိကာ ဒါကို အမှီပြု၍ မာနတလူလူ တက်ကာ ကျေနပ်နေတတ်သည်။ အငယ်ဖြစ်သူမှာ ရုပ်အဆင်း ထယ်ဝါသည်။ စိတ်နေလည်း ကြီးမြင့်သည်။ ဒလမှနေ၍ ရွံ့ရောင်ဝါသည့် တစ်နေ့တစ်နေ့ တက်ကာကျကာနေသော ရန်ကုန်မြစ်ကျယ်ကို ကျော်ဖြတ်ကာ မြို့တော်သို့ မျှော်လေ့ရှိသည်။ သူ၌လည်း အဖေ့အမွေ လယ်ဧက တထောင် ရှိပြန်သည်။

သီးလေးသီးအဖွဲ့မှ ပန်းသီး ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေမည်

Photo: သီးလေးသီးအဖွဲ့မှ ပန်းသီး ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေမည်

ရန်ကုန်၊ အောက်တိုဘာ ၁

ပြည်တော်ပြန် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ပန်းသီး ပထမဆုံး အကြိမ်အဖြစ် တစ်ကိုယ်တော် ဟာသဖျော်ဖြေပွဲအား နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သိရသည်။
...
''အဓိက ကတော့ ပွဲလုပ်ဖို့ ငွေကြေး အခက်အခဲပါ။ ဒီပွဲမှာ ထောက်ပံ့ပေးမယ့် စပွန်ဆာ မရှိပါဘူး။ တစ်ပိုင်တစ်နိုင်နဲ့ လုပ်ချင်လွန်းလို့ လုပ်ကြတာ ပါ။ နောက်ပြီး ပွဲခွင့်ပြုမိန့်ကလည်း ဒီပွဲပြုလုပ်မယ့်ရက်နဲ့ ကပ်ပြီးမှ ကျတော့ ပြင်ဆင်ချိန်မှာနည်းနည်းအခက်အခဲတွေ ရှိပါတယ်'' ဟု ကိုပန်းသီးက ပြောသည်။

လူရွှင်တော်ပန်းသီးမှ ဟာသပျက်လုံးများအား တစ်နာရီနီးပါးခန့် တစ်ကိုယ်တော် တင်ဆက်မည်ဖြစ်သည်။ ထို့အပြင် ပန်းသီးက အငြိမ့်ခန်း၌လည်း ဇာတ်မင်းသမီးအဖြစ်နှင့် နှစ်ပါးခွင်၌လည်း ဇာတ် မင်းသားအဖြစ် အခြားလူရွှင်တော်များနှင့်ပါတင်ဆက်သွားမည်ဟုလည်း သိရသည်။

သီးလေးသီးအဖွဲ့မှ လူရွှင်တော် ကြယ်သမီးမှလည်း ရာမဇာတ်တော် အား ခေတ်နှင့်လျော်ညီမည့် တီးဝိုင်းများ၊ အကများဖြင့်ပါ တင်ဆက်ကပြ သွား မည်ဟု သိရသည်။

''ခေတ်နဲ့ညီအောင် ဆိုတဲ့နေရာမှာ ရှေ့က ကခဲ့တဲ့ ရာမဇာတ်တွေ ကို စော်ကားမှာ မဟုတ်ပါဘူး။ စိတ်ကူးထဲက ရာမကို ကမှာဆို ပိုမှန်ပါလိမ့်မယ်။ ကိုယ်တိုင်က ဒဿနေရာကနေ ကမှာပါ။ ဒီပွဲအတွက် ဇာတ်တိုက်ချိန် သုံးရက်ပဲ ရပါတယ်။ အဲ့ဒီအတွက်လိုအပ်ချက်တွေတော့ ရှိမှာပါ'' ဟု ကိုကြယ် သီးမှ ၄င်းကပြမည့် ရာမဇာတ်နှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။

အဆိုပါပွဲအတွင်း သီးနှစ်သီးသာ ပါဝင်ကပြမည် ဖြစ်ခြင်းကြောင့် ၄င်းတို့၏ သီးလေးသီး ဆေးရောင်စုံအဖွဲ့ စုစည်းမှု မရှိတော့ပြီဟု မထင်မြင်စေ လိုကြောင်း၊ ကျန်ရှိနေသည့် စိန်သီး၊ ဇီးသီးနှင့် ကိုဂေါ်ဇီလာတို့အနေဖြင့် တမူးမြို့၌ကပြဖျော်ဖြေနေ၍သာဖြစ်ကြောင်း ကိုကြယ်သမီးမှ အဖွဲ့နှင့် ပတ် သက်၍ ရှင်းပြခဲ့သည်။

''ပွဲက ဒီဘက်မှာ တိုက်ဖို့ ရက်သိပ်နည်းနေတာရယ် နောက်ပြီး ဟိုဘက် မှာလည်း ကနေရတာရယ်ကြောင့်ပါ။ ပြီးတော့ တစ်ကိုယ်တော် ဟာသ ဖျော်ဖြေပုံမျိုးလေး လုပ်ကြည့်ချင်တာလည်း ပါပါတယ်။ ဒါပေမဲ့ သီးလေးသီး ညီအစ်ကို အားလုံး အဖွင့်မှာသီချင်းတွေ ဆိုကြမှာပါ'' ဟု တစ်ကိုယ် တော် ဟာသ တင်ဆက်မည့် ကိုပန်းသီးက ပေါ်ပြူလာနယူးစ် သို့ ပြောကြားသည်။

၎င်းဖျော်ဖြေပွဲအတွက် လက်မှတ်များကိုမူ ယနေ့ နိုဝင်ဘာ ၁ ရက်နေ့မှ စ၍ ရောင်းချမည် ဖြစ်ပြီး အမျိုးသားကဇာတ်ရုံ၊ ဗိုလ်အောင်ကျော်လမ်းရှိ Homeမီဒီယာနှင့် ဖုန်း-ဝ၉-၄၃၁၇၇၂၇၊ ဝ၉-၇၂ဝ၆ဝ၅၉၃ တို့ထံ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

သုတလင်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ပြည်တော်ပြန် သီးလေးသီးအဖွဲ့မှ လူရွှင်တော် ပန်းသီး ပထမဆုံး အကြိမ်အဖြစ် တစ်ကိုယ်တော် ဟာသဖျော်ဖြေပွဲအား နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု သိရသည်။
...
''အဓိက ကတော့ ပွဲလုပ်ဖို့ ငွေကြေး အခက်အခဲပါ။ ဒီပွဲမှာ ထောက်ပံ့ပေးမယ့် စပွန်ဆာ မရှိပါဘူး။ တစ်ပိုင်တစ်နိုင်နဲ့ လုပ်ချင်လွန်းလို့ လုပ်ကြတာ ပါ။ နောက်ပြီး ပွဲခွင့်ပြုမိန့်ကလည်း ဒီပွဲပြုလုပ်မယ့်ရက်နဲ့ ကပ်ပြီးမှ ကျတော့ ပြင်ဆင်ချိန်မှာနည်းနည်းအခက်အခဲတွေ ရှိပါတယ်'' ဟု ကိုပန်းသီးက ပြောသည်။

လူရွှင်တော်ပန်းသီးမှ ဟာသပျက်လုံးများအား တစ်နာရီနီးပါးခန့် တစ်ကိုယ်တော် တင်ဆက်မည်ဖြစ်သည်။ ထို့အပြင် ပန်းသီးက အငြိမ့်ခန်း၌လည်း ဇာတ်မင်းသမီးအဖြစ်နှင့် နှစ်ပါးခွင်၌လည်း ဇာတ် မင်းသားအဖြစ် အခြားလူရွှင်တော်များနှင့်ပါတင်ဆက်သွားမည်ဟုလည်း သိရသည်။

‘နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမှာပါ။ အဲဒီတပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဖြစ်ရပါမယ်’ ၊ KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် တွေ့ဆုံခြင်း




5313 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့၏ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သော KIO ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် ဆွေးနွေးပွဲအပြီး တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
 မေး - အခုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးဖို့ သဘောတူညီမှု အပြည့်အ၀ရခဲ့ ပြီလို့ ပြောနိုင်ပြီလား။
ဖြေ - ဟုတ်ကဲ့။ သဘောတူညီမှု ရပါပြီ။ ဆက်ဆွေးနွေးရမှာပါ။ တိုး တက်မှုရှိပါတယ်။
 မေး - အခုဆွေးနွေးပွဲမှာ နှစ်ဖက်တပ် တွေ ကိစ္စဆွေးနွေးဖို့ အဓိကလို့ သိရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဂွမ်မော် မလာတဲ့အတွက် ကာကွယ်ရေးဝန်ကြီး ဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးလည်း မတက်ရောက်ခဲ့ပါဘူး။ လိပ်ခဲတည်း လည်းဖြစ်ခဲ့တဲ့ တပ်ကိစ္စကြောင့် စစ်ရှိန် တွေလျော့သွားနိုင်သလား။ တိုးလာနိုင်သလား။

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ

မန္တလေးမြို့တွင် ဗြောက်မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
...
သီတင်းကျွတ်လပြည့်ည ၈ နာရီခွဲအချိန်က မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ နယ်မြေလှည့်ကင်းအဖွဲ့ ကင်းလှည့်စဉ် မန္တလေးမြို့၊ အောင်မြေသာစံ

မြို့နယ်၊ မေဃဂိရိရပ်၊ လမ်း-၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား အရောက်တွင် ဗြောက်အိုးပစ်ဖောက်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးအား ဗြောက်မဖောက်ရန် လှည့်ကင်းအဖွဲ့မှ ရဲတပ်ကြပ်ကြီးက တားမြစ်ခဲ့ရာမှ လူငယ်မှ လက်မခံဘဲ ကိုယ်ထိလက်ရောက် ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ရာ ထိုးကြိတ်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီးမှာ ရုတ်တရက် စကားမပြောနိုင်တော့ဘဲ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ တားမြစ်သည်ကို လက်မခံဘဲ ရဲအရာရှိအား ထိုးကြိတ်သူ ပြည့်စုံ (၂၂ နှစ်) မန္တလေးမြို့နေသူအား ပြစ်မှုပုဒ်မ ၂၉၄/၃၃၃ ဖြင့် အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကြေးနီစီမံကိန်း တင်းမာမှု ပွင့်လင်းမြင်သာမှုဖြင့်သာ ဖြေရှင်းနိုင်မည်

Photo: ကြေးနီစီမံကိန်း တင်းမာမှု ပွင့်လင်းမြင်သာမှုဖြင့်သာ ဖြေရှင်းနိုင်မည်

ဇွဲထက်| November 1, 2012 |

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဖြစ်နေသည့် ပြဿနာများအတွက် ပွင့်လင်းမြင်သာမှုရှိသော “သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း” (EIA) ဖြင့်သာ ဒေသခံပြည်သူများနှင့် ရင်ကြားစေ့ရေး လုပ်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့သို့ တင်ပြထားကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်၌ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပသည့် မုံရွာကြေးနီ သတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်ပြီး ကဏ္ဍစုံ ပါဝင်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ လုပ်ငန်းခွင် ကျန်းမာရေးဌာန ဒု ညွှန်ကြားရေးမှူး ဦးကြည်လွင်ဦးက “ကုမ္ပဏီတွေ ဘယ်လောက်ကောင်းအောင် ISO တွေရပြီး လုပ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီမှာရှိနေတဲ့ ပြည်သူ လူထုတွေနဲ့ ကြားထဲက ရင်ကြားစေ့ပေးမယ့်ဟာက အဲ့ဒီ ကွာလတီ မဟုတ်ပါဘူး။ တကယ်တမ်း ရင်ကြားစေ့ပေးရမယ့်ဟာက EIA ပါ” ဟု ပြောဆိုခဲ့သည်။

စီမံကိန်းမှထွက်သည့် စွန့်ပစ်၊ ရေ၊ အမှုန့်၊ အက်စစ်များကို နိုင်ငံတကာအဆင့်မီ စစ်ဆေးထားသည် ဆိုသော်လည်း အများပြည်သူ သိရှိရန် တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

လုပ်သက်အနှစ် ၂၀ ရှိပြီး ယင်းကြေးနီမိုင်းတွင် လုပ်ကိုင်သူ မိုင်းချုပ် ဦးသိန်းထွန်းက “EIA တရားဝင်ထုတ်ပြန်တာ မရှိခဲ့ဘူး။ ကုမ္ပဏီက အရင်တုန်းက အစိုးရနဲ့ တွဲလုပ်ခဲ့တာ၊ ဒါတွေက အစိုးရက တာဝန်ယူရမယ့် အနေအထားတွေရှိတယ်။ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အမြဲတမ်းထုတ်ပြန် သတင်းပို့တာတွေ ရှိတယ်” ဟု ပြောသည်။

ကြေးနီစီမံကိန်း မိုင်းအဟောင်းနှင့် မိုင်းအသစ်တို့၏ စွန့်ပစ်ပစ္စည်း စုပုံမှု၊ ဦးပိုင် ကုမ္ပဏီ၏ ဆာလဖြူရစ် အက်စစ် စက်ရုံတို့ကြောင့် ဒေသတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ဒေသခံ ရွာသူရွာသားများက အဓိက စိုးရိမ်မကင်း ဖြစ်နေကြကြောင်း မုံရွာပွင့်လင်း လူ့အဖွဲ့အစည်းမှ တာဝန်ခံတဦးက ဆိုသည်။

“အရင် မိုင်းအဟောင်းက တနေ့ကို တန် ၁၀၀ ထုတ်တယ်။ အခု မိုင်းသစ်က တနေ့ကို တန် ၇၀၀ ထိ ထုတ်မှာဆိုတော့ စွန့်ပစ် ဧရိယာက အင်မတန်များလာမှာ” ဟု သူက ဆက်ပြောသည်။

ကြေးစီမံကိန်းနှင့် ပတ်သက်၍ ဆက်တိုက် တင်းမာနေသည့်အတွက် တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး၊ တိုင်းဒေသကြီး လယ်/ဆည် ၀န်ကြီး၊ ဆရာဝန်တဦး၊ ဦးပိုင်ကုမ္ပဏီမှ ဦးမြင့်အောင် အပါအ၀င် တာဝန်ရှိသူများက စီမံကိန်း ရပ်တန်းရေး လှုပ်ရှားသည့် ဒေသခံများ၊ ဒေသခံရွာ ပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်များ၊ သံဃာတော်များကို တွေ့ဆုံဆွေးနွေးရန် အောက်တိုဘာ ၂၉ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့သည်။

ဒေသခံများဘက်က လက်ရှိ ကျေးရွာ ပတ်ဝန်းကျင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှု ရုပ်သိမ်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများနှင့် ကျန်းမာရေး ဘေးသင့်သည့် သောက်သုံးရေ ပြဿနာများတင်ပြကာ ဒေသခံ ပြည်သူများ၏ ဆန္ဒကို လေ့လာပြီး ပြည်ထောင်စု အစိုးရအနေဖြင့် စီမံကိန်း ရပ်တန့်ရေး စဉ်းစားရေး၊ မတရားသိမ်း ပိုက်ခံထားခဲ့ရသည့် ဘိုးဘွားပိုင် လယ်ယာမြေများ ကိစ္စ ပြေလည်ရန် ညှိနှိုင်းဆွေးနွေးရေး စသည်တို့ တင်ပြခဲ့သည်ဟု သိရသည်။

သို့သော် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများနှင့် ဦးပိုင်ကုမ္ပဏီ တာဝန်ရှိသူများက စီမံကိန်းကို ပြည်ထောင်စု အစိုးရမှ ရပ်တန့်ခိုင်းမှသာ ရပ်ဆိုင်းနိုင်ပြီး လက်ရှိ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိ၍ စီမံကိန်းကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဒေသခံ ရဟန်းတော် ဦးနန္ဒစာရက ဧရာဝတီသို့ မိန့်ကြားသည်။

“ဆွေးနွေးမှုက မပြေလည်ခဲ့ဘူး။ ဟိုဘက်ကလည်း စီမံကိန်း ဆက်လုပ်မယ်ပြောတယ်။ ရွာသားတွေကလည်း သောက်ရေကအစ ထိခိုက်နေတာတွေပြောတော့ အဆင်မပြေဘူး” ဟု ဦးနန္ဒစာရက မိန့်သည်။

ဦးပိုင်လီမိတက်မှ ဌာနကြီးမှူး ဦးဝင်းကြည်က တိုင်းဒေသကြီး အစိုးရအနေဖြင့် စီမံကိန်းကြောင့် နစ်နာသည်ဟု ယူဆချက်များအပေါ် အလေးအနက်ထား စီမံခန့်ခွဲနေကြောင်း၊ တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ လုပ်ဆောင်နေကြောင်း ပြောသည်။

သဘာဝပေါက်ပင်နှင့် တောရိုင်းတိရစ္ဆာန်များ စစ်တမ်းကောက်ယူရေး အဖွဲ့ဖြစ်သည့် Environment Myanmar Cooperative ကုမ္ပဏီမှ ဒေါက်တာ ၀င်းမောင်က “၀မ်ပေါင်ကုမ္ပဏီသည် လက်ပံတောင် ကြေးနီစီမံကိန်းကို ဆောင်ရွက်တဲ့အခါမှာ အင်တာနေရှင်နယ် ကုမ္ပဏီကြီးအနေနဲ့ လုပ်ပုံလုပ်နည်း EIA, SIA (လူမှုဝန်းကျင် ထိခိုက်မှု စစ်တမ်း) စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သေသေချာချာ လိုက်နာပြီးတော့ စံပယ်တောင်၊ ကြေးစင်တောင်မှာ လုပ်ခဲ့တဲ့ စံအတိုင်းလုပ်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ ဒေသခံရွာသူ ရွာသားများနှင့် တရုတ် ၀မ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီနှင့် တိုင်းဒေသကြီးအစိုးရတို့အကြား တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ကြေးနီစီမံကိန်း ရပ်တန့်သည်အထိ ဒေသခံ ရွာသူရွာသားများက ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် လင်းသန့် ပူးပေါင်းရေးသားသည်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ဧရာဝတီ
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် ဖြစ်နေသည့် ပြဿနာများအတွက် ပွင့်လင်းမြင်သာမှုရှိသော “သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း” (EIA) ဖြင့်သာ ဒေသခံပြည်သူများနှင့် ရင်ကြားစေ့ရေး လုပ်နိုင်မည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရုတ်ဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်တို့သို့ တင်ပြထားကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီလုပ်ကွက်၌ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပသည့် မုံရွာကြေးနီ သတ္တုတွင်းစီမံကိန်းနှင့် ပတ်သက်ပြီး ကဏ္ဍစုံ ပါဝင်သော သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ လုပ်ငန်းခွင် ကျန်းမာရေးဌာန ဒု ညွှန်ကြားရေးမှူး ဦးကြည်လွင်ဦးက “ကုမ္ပဏီတွေ ဘယ်လောက်ကောင်းအောင် ISO တွေရပြီး လုပ်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီမှာရှိနေတဲ့ ပြည်သူ လူထုတွေနဲ့ ကြားထဲက ရင်ကြားစေ့ပေးမယ့်ဟာက အဲ့ဒီ ကွာလတီ မဟုတ်ပါဘူး။ တကယ်တမ်း ရင်ကြားစေ့ပေးရမယ့်ဟာက EIA ပါ” ဟု ပြောဆိုခဲ့သည်။

တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ

Photo: တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ


လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့်  သိမ်းဆည်း ရမိသည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသအတွင်း သေနတ် လုပ်တတ်သူများဖြင့် အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များမကြာခင်က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။

ယခုအခါ စစ်တွေမြို့ အပါအ၀င် မြို့တိုင်းတွင် သံထည်ဆိုင်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေပြီး စစ်တွေတွင်မူ သံထည် အရောင်းဆိုင် တချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှောင်တခင် ၀င်ရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု စစ်တွေ မြို့နယ်  ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။

“ ဟုတ်တယ်။ လွန်ခဲ့သော ရက်အနည်းငယ် သံထည် ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် သုံးလေးဆိုင်ကို စစ်တွေမှာ အာဏာပိုင်တွေက ၀င်ရောက် စစ်ဆေးတာကို တွေ့ရတယ်။ အဓိကတော့ သံပိုက်လုံးတွေနဲ့  လက်နက်လုပ်တဲ့ သံထည်တွေကို ၀င်ရောက် စစ်ဆေးတာ ဖြစ်တယ်လို့ သိရတယ်။ ဖမ်းဆီး အရေးယူတာတော့ မရှိဘူး” ဟု သူက ဆိုသည်။

ဇွန်လအရေးအခင်း ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် အတွင်း ဓါး၊လှံနှင့် တူမီး ယမ်းထောင်သေနတ်များ ပြုလုပ်ရာတွင် အသုံးပြုသော သံပိုက်လုံးများကို ၀ယ်ယူသူ များပြားခဲ့ပြီး ယခုအခါ သံထည်ဆိုင်များမှ သံထည်များကို အကန့်အသတ်များဖြင့် ရောင်းချနေကြရသည်ဟု သိရသည်။

ယခုအချိန်ထိ ရခိုင်ပြည်နယ် ကျေးလက် တောရွာများတွင် စစ်တပ်မှ လုပ်သေနတ် တူမီးများကို လိုက်လံ ရှာဖွေ သိမ်းဆည်းနေပြီး တူမီးသေနတ်များရှိသည်ဟု စွပ်စွဲကာ ကျေးရွာများမှ ငွေကောက်ခံနေသည်ဟုလည်း သတင်း ရရှိသည်။

ပြည်တွင်းမှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight Views ဖေါ်ပြသော သတင်း တစ်ခုတွင်  အောက်တိုဘာလ ၂၈ ရက်နေ့က  ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ခမရ (၃၇၅) တပ်ရင်းမှ ဗိုလ်ကြီး သက်နိုင်မောင်နှင့် တပ်သားအချို့သည် ရခိုင်ကျေးရွာများ ဖြစ်ကြသော ဆင်အိုးချေ ကျေးရွာမှ ၅၀၀၀၀ ကျပ် ၊ ဆင်အိုးချေ ရွာသစ်မှ ၃၀၀၀၀ ကျပ်၊ ဗျာလ္လကျေးရွာမှ ၃၀၀၀၀ ကျပ်၊ ပိုက်ဆိုက်ကျေးရွာမှ ၅၀၀၀၀  ကျပ်တို့ကို တူမီး သေနတ်ရှိသည်ဟု စွပ်စွဲကာ အသီးသီး ကောက်ယူခဲ့သည်ဟု ဖေါ်ပြသည်။

မြောက်ဦးမြို့နယ်တွင်သာမက ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင်လည်း စစ်တပ်က လုပ်သေနတ်များ ရှိသည်ဟု အကြောင်းပြကာ ကျေးရွာ အလိုက် ခြိမ်းခြောက်ငွေတောင်းမူများ ပေါ်ပေါက်နေကြောင်း သိရသည်။

များမကြာမှီ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ရခိုင်အရေးအခင်းတွင် ရခိုင်ဘက်မှ သေဆုံးသူ အများစုမှာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ကြရပြီး ကျောက်တော်မြို့နယ် တောင်ဘွေ ကျေးရွာ တစ်ခုတည်းတွင် ၄ ဦး ပွဲချင်းပီး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖြစ်ပွားခဲ့သော အရေးအခင်းအတွင်း သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးနှင့် လူနေအိမ် ၅၃၅၁ လုံး မီးရှို့ခံရပြီး လူပေါင်း၃၂၂၃၁ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ စာရင်းမှာ သမ္မတ ညွှန်ကြားရေးမှူးရုံးက အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်သောစာရင်း ဖြစ်သည်။

အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့် သိမ်းဆည်း ရမိသည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများသည် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပွားပြီးနောက် ဒေသအတွင်း သေနတ် လုပ်တတ်သူများဖြင့် အဆိုပါ လက်လုပ်သေနတ်များကို ပြုလုပ်ခဲ့ကာ များမကြာခင်က ဖြစ်ပွားခဲ့သော နှစ်ဘက် တိုက်ခိုက်မူများ တွင် အသုံးပြုခဲ့ကြသည်ဟု သိရသည်။

မလေးသွားခိုးလှေနစ်၊ ပျောက်ဆုံးနေသူများ ၁၂၀ ကျော် ယခုတိုင် ရှာမတွေ့သေး

Photo: မလေးသွားခိုးလှေနစ်၊ ပျောက်ဆုံးနေသူများ ၁၂၀ ကျော် ယခုတိုင် ရှာမတွေ့သေး


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် ဆားပြင်ကျေးရွာကနေ မလေးမှာ အလုပ်သွားလုပ်မယ့် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်ပြီး ခုတ်မောင်းလာတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ အတွက် လူ ၁၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသအတွင်းက သတင်းမှာရော၊ ဒေသခံ ပြည်သူတွေကပါ ပြောကြပါတယ်။

ဒါပေမယ့်လည်း ပျောက်ဆုံးနေတဲ့သူ အလောင်းတစ်လောင်းကိုမှ ယခုအချိန်ထိ ရေထဲက ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ရခိုင်အခေါ် အုန်းကျွန်း (ဘင်္ဂလီ အခေါ် စိန့်မာတင်ကျွန်း)မှ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ စက်လှေနစ်တာက ကုရင်ဘင်နီ အိဒ်ပွဲ အပြီးမှာ နစ်တာပါ။ ၆ ယောက်ဘဲ အသက်ရှင်တယ်။ ကျန်တဲ့ ၁၂၆ ယောက်က ခုအချိန်ထိ ရှာဖွေ မတွေ့သေဘူး။ စက်လှေ နစ်တာက အုန်းကျွန်းတောင်ဘက် ၅ မိုင်ခန့် အကွာမှာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

လူတင်လာတဲ့ စက်လှေဟာ မောင်တောမြို့နဲ့ တဘက်တကမ်း ဘင်္ဂလာဘက်ခြမ်း နတ်မြစ်အတွင်းကနေ ထွက်ခွာလာရာမှာ အိုဟောင်းနေတာကြောင့် တင်ဆောင်လာတဲ့ လူရဲ့ အလေးချိန်ကို မခံနိုင်ဘဲ ရုတ်တရက် နစ်မြုပ်သွားတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့က မွတ်ဆလင် ဘာသာဝင်တို့၏ အိဒ်ပွဲတော် ဖြစ်ပါတယ်။ အဲဒီး ပွဲတော် အပြီး မလေးရှားသို့ ခိုးထွက်စဉ်မှာ အဆိုပါ လှေမှာ နစ်မြုပ်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ ဘင်္ဂလာရေတပ်ကတော့ ရှာဖွေနေပါတယ်။ ဒီကနေ့ထိ တစ်ယောက်ကိုမှ ရှာဖွေ တွေ့ရှိတာ မရှိသေးဘူး။ ကျွန်းတွေကို ကပ်လာတာလည်း မတွေ့ရပါဘူး” လို့သူက ဆိုပါတယ်။

လှေပေါ်မှာ လိုက်ပါသွားတဲ့ သူတွေဟာ မြန်မာနဲ့ ဘင်္ဂလာဒေခ်ျ့ ဘက်က လူတွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ မွတ်ဆလင်တွေ ဖြစ်ကြပြီး သူတို့ဟာ ဘင်္ဂလာဒေခ်ျ့ကို အခုမှ ရောက်တာလား၊ မဟုတ်ရင် အရင်ကတည်းက ရောက်နေတာလားဆိုတာကိုတော့ သဲကွဲစွာ မသိရသေးပါဘူး။

တက်ကနက်မြို့နယ် ရဲစခန်းမှူး မူဟာမတ် ဖါဟေကလည်း ခုလို မလေးသွားတဲ့ ခိုးလှေ တနင်္ဂနွေနေ့က နစ်သွားတာကို အတည်ပြု ပြောကြားပေမယ့် အသေးစိတ်တော့ ပြောကြားတာ မရှိပါဘူး။

အခုလို မိုးအကုန် ဆောင်းအကူး အထူး သဖြင့် လသာသော ညဉ့်များတွင် လရောင်ကို အမှီပြုကာ ဘင်္ဂလာဒေခ်ျ့မှ အလုပ်သွားလုပ်လိုသူတွေဟာ မလေးရှားသို့ ခိုးလှေများနဲ့ ထွက်ခွာ သွားလေ့ ရှိတတ်ကြပါတယ်။ အဲသလို သွားတဲ့ နေရာမှာ မလေးးကို ရောက်သွားတဲ့ သူတွေလည်း ရှိသလို ဘုတ်ပျက်ပြီး သေသွားတဲ့သူတွေလည်း ရှိပါတယ်။ ဒါ့အပြင် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကိုလည်း ရောက်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။

အေးချမ်းမွန်မှ Narinjara  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်မြို့နယ် ဆားပြင်ကျေးရွာကနေ မလေးမှာ အလုပ်သွားလုပ်မယ့် လူပေါင်း ၁၃၀ ကျော်ကို တင်ဆောင်ပြီး ခုတ်မောင်းလာတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ အတွက် လူ ၁၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ဒေသအတွင်းက သတင်းမှာရော၊ ဒေသခံ ပြည်သူတွေကပါ ပြောကြပါတယ်။

ဒါပေမယ့်လည်း ပျောက်ဆုံးနေတဲ့သူ အလောင်းတစ်လောင်းကိုမှ ယခုအချိန်ထိ ရေထဲက ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ရခိုင်အခေါ် အုန်းကျွန်း (ဘင်္ဂလီ အခေါ် စိန့်မာတင်ကျွန်း)မှ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ဆူပူမှု နောက်ကွယ်ကကြိုးကိုင်သူတွေကို အရေးယူမည်

Photo: ရခိုင်ပြည်နယ်ဆူပူမှု နောက်ကွယ်ကကြိုးကိုင်သူတွေကို အရေးယူမည်

ကိုဝင်းမင်း
31.10.2012

ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှု ပဋိပက္ခတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေရဲ့ အထောက်အထားတွေ ရထားပြီးတော့ ဒါကို စတင်အရေးယူတော့မယ်လို့ မြန်မာသမ္မတရုံးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက် ၂/၂၀၁၂ ကပဲ ဒီတခေါက်ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုထဲမှာ ဒေသန္တရလက်နက်တွေနဲ့အတူ အချိန်ကိုက် ကြိုတင်စီစဉ်ခဲ့တာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကိုတော့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးကြေညာချက်ထဲက အဓိက အရေးအကြီးဆုံးကြေညာချက်ကို မေးရာမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အရင်ကြေညာချက်နဲ့ကွာပုံကို အခုလို ရှင်းပြပါတယ်။

“အခု နောက်ဆုံးအပိုဒ်မှာတော့ ကျနော်တို့က အရေးယူမယ်လို့တောင် ပြောထားတာ၊….”

ဒါ့အပြင် ဒီကြေညာချက်ထဲမှာ နောက်ထပ် အရေးကြီးတဲ့အချက်ကို မေးရာမှာလည်း ဦးဇော်ဌေး က နောက်ကွယ်ကနေ အချိန်ကိုက် ကြိုတင်စီစဉ်ခဲ့တဲ့ အထောက်အထားတွေ တွေ့ထားရတာ ကို ပြောထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“အပိုဒ်လေးမှာ ကျနော်တို့ ဖော်ပြထားတယ်၊ လူစုလူဝေးနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတဲ့ကိစ္စတွေမှာ ကြိုတင်ပြင်ဆင်တာတွေ၊ အသေးစိတ် စီစဉ် တာတွေ၊ ဒေသန္တရလုပ် လက်နက်တွေနဲ့ ခြိမ်းခြောက်တာ၊ ဆူပူအောင်လှုပ်ရှားတာတွေ- အဲဒါတွေ တွေ့ရတဲ့အပြင် နောက်ထပ် တခြားသောအဖွဲ့အစည်းတွေကလည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ တွေ့တယ်ဆိုတာ ဖော်ပြထားပါတယ်။”

ဒါ့အပြင် လက်နက်တွေ ပါလာတဲ့ အထောက်အထား အသေးစိတ်ကိုလည်း ဦးဇော်ဌေးကပဲ အခုလို ဆက်ပြောပြီး ဒီအကြမ်းဖက်သူတွေကို စပြီး အရေးယူနေပြီလို့ ဆိုပါတယ်။

“အပိုဒ် (၃) မှာ လက်နက် အားလုံးပေါင်း ၁၈၀ သိမ်းမိတဲ့အခါမှာ သက်သေခံ ပစ္စည်း အထောက်အထားတွေလည်း ဖမ်းဆီးရမိထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ အရေးယူဖို့ ဆောင်ရွက်နေတယ်။”

အဲဒီတော့ လက်ရှိ အရေးယူထားတဲ့သူတွေ ရှိနေပြီလားဆိုတာ မေးရာမှာ ဦးဇော်ဌေးက -

“အခုလက်ရှိ အရေးယူ၊ ဖမ်းဆီးထားတာတွေ ရှိတယ်။ အထောက်အထားတွေအရ ထိန်းသိမ်းထား တာတွေ ရှိတယ်။ အတိအကျတော့ မမှတ်မိဘူးဗျ။ ပြီးခဲ့တဲ့ တခုမှာကောဆိုရင် ဖမ်းထားတဲ့လူတွေ၊ အခု ဖြစ်စဉ်အရဆိုရင် ဆက်ပြီးတော့ သက်သေခိုင်လုံတယ်ဆိုရင် ဖမ်းတာဆီးတာတွေ ရှိလာမယ် ဆိုတာ ဒီကြေညာချက်အရ သိနိုင်ပါတယ်။”

တချိန်တည်းမှာ မကြာခင်ရက်ပိုင်းအတွင်းက မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာလည်း အခုလို သံသယရှိလို့ ဖမ်းဆီးထားတဲ့သူ ၁,၀၀၀ ကျော် ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီတခေါက် အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာရတဲ့အကြောင်းရင်းကို မေးရာမှာ ဦးဇော်ဌေးက-

“မီးခဲပြာဖုံးဖြစ်နေတဲ့ အနေအထားမှာ နောက်ကွယ်က အစတစဖြစ်လိုက်တာနဲ့ စလောင်သွားတဲ့ သဘောပါ။”

အဲဒီတော့ အခုလို အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာပြီး တစုံတရာ စထိန်းလာနိုင်ချိန်မှာ နောက်တခေါက် ထပ်မဖြစ်ရအောင် ဘာတွေလုပ်ဖို့ လိုပါလဲလို့ မေးရာမှာတော့ ဘက်ပေါင်းစုံကနေ ဝိုင်းလုပ်ဖို့ လိုတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

“ဒါကတော့ ကျနော်တို့အမြင်မှာတော့  ၂ လမ်းရှိတယ်။  သီးခြား လွတ်လပ်တဲ့ကော်မရှင်ကနေ သမ္မတကြီးဆီ တင်ပြထားတဲ့ အစီရင်ခံစာရှိတယ်။ အဲဒီအစီရင်ခံစာမှာ အကြံပြုတင်ပြချက်၊ အရေးကြီးတဲ့ အချက်ကတော့ ရှိပါတယ်။ အဲဒီတော့ လောလောဆယ် ရခိုင်ပြည်နယ်တခုလုံးကို တည်ငြိမ်သွားတဲ့အခြေအနေကိုရအောင်လုပ်ဖို့ဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အင်အားတိုးမြှင့်တာ ရယ်၊ လုံခြုံရေးအဆင့်အတန်းတိုးမြှင့်တာရယ်က ဆက်ပြီးတော့ အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားရမယ် လို့ မှန်းပါတယ်။ နောက်တခုက ခုနကလို သွေးထိုး လှုံ့ဆော်တဲ့ နောက်ကွယ်က ကြိုးကိုင်တဲ့ အဖွဲ့အစည်းတွေကို ဖော်ထုတ်တာလည်း တချိန်တည်းလုပ်ရပါလိမ့်မယ်။ တချိန်တည်းမှာပဲ ဘေးသင့် တဲ့ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့တာတွေ၊ အမိုးအကာတွေနဲ့ ပုံမှန်အနေအထား ကို ပြန်ရောက်ဖို့ ကြိုးပမ်းတာကလည်း တချိန်တည်းလုပ်သွားရမှာပါ။ အဲဒီတော့ ဒီ Process ကြီးကတော့ အကြီးကြီးပါ။”

ပြီးခဲ့တဲ့ ဂျွန်လမှာ ရခိုင်အမျိုးသမီးငယ်တစ်ဦးကို မူဆလင်သုံးဦးက အဓမ္မကျင့်ခဲ့ပြီးတဲ့နောက် စဖြစ် လာခဲ့တဲ့ အကြမ်းဖက်မှုတွေအပြီး ပြီးခဲ့တဲ့နှစ်ပတ်မှာ တကျော့ပြန်ဖြစ်လာခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် လူပေါင်တရာနီးပါး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရကာ အိမ်ပေါင်း ၅ ထောင်ကျော် မီးလောင်ပျက်စီးခဲ့သလို လူဦးရေစုစုပေါင်း ၃ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ကြေညာခဲ့ပါတယ်ခင်ဗျာ။

အေးချမ်းမွန်မှ VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :VOA
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှု ပဋိပက္ခတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသူတွေရဲ့ အထောက်အထားတွေ ရထားပြီးတော့ ဒါကို စတင်အရေးယူတော့မယ်လို့ မြန်မာသမ္မတရုံးက ဒီကနေ့
ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက် ၂/၂၀၁၂ ကပဲ ဒီတခေါက်ပြန်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုထဲမှာ ဒေသန္တရလက်နက်တွေနဲ့အတူ အချိန်ကိုက် ကြိုတင်စီစဉ်ခဲ့တာတွေ တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကိုတော့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သမ္မတရုံးကြေညာချက်ထဲက အဓိက အရေးအကြီးဆုံးကြေညာချက်ကို မေးရာမှာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက အရင်ကြေညာချက်နဲ့ကွာပုံကို အခုလို ရှင်းပြပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော

Photo: ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တပ်မတော်ခေါင်းဆောင်များ၌လည်း အဓိကတာဝန်ရှိဟု UNA ပြော

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 31 ရက် 2012 ခုနှစ် 

ရဲမွန် – ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တပ်မတော် အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟုဆိုပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

“သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် လက်ရှိ ကချင်ပြည်နယ် စစ်ပွဲများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲရန်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန် လိုအပ်နေပါသည်” ဟု အဖွဲ့ဝင် ၅ ဖွဲ့ ပါဝင်သည့် UNA ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် နိုင်ငံတော် သမတ ဦးဆောင်သည့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသည်ဟု ဆိုသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပြည့်အဝ မအောင်မြင်ခြင်း၏ အကြောင်းမှာ တပ်မတော်ခေါင်းဆောင်များ ပါဝင်မှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အခုသမ္မတကြီးရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ဟာ လုပ်လိုက် သေနတ်သံတွေ ထွက်လိုက် ဖြစ်နေတယ်၊ တကယ်လို့ တပ်မတော်ကလည်း ပါလာမယ် ဆိုရင် ဒီငြိမ်းချမ်းရေးဟာ ပိုပြီးတော့ ခိုင်မြဲလာနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်၊ ဒါ့ကြောင့် တပ်မတော်ကနေ တတပ်တအား ပါဝင်ဖို့ ကျနော်တို့ တိုက်တွန်းလိုတယ်” ဟု UNA အဖွဲ့ဝင် ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ် က ပြောသည်။

ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် နှစ်ဦးနှစ်ဘက်ကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရန်လည်း လိုအပ်ကြောင်းကို UNA က အကြံပြုထားသည်။

စိုင်းလိတ်က “ဘယ်တပ် အဖွဲ့အစည်းမဆို ငြိမ်းချမ်းရေး လိုချင်ကြတာပဲ၊ ဒါပေမဲ့ သူတို့အတွက် အာမခံချက် ပေးနိုင်မယ့် နိုင်ငံရေး ပလက်ဖောင်းတခု၊ နိုင်ငံရေး စကားဝိုင်းတခုကို ဖန်တီးပေးပြီး၊ နှစ်ဦးနှစ်ဖက် တရားမျှတစွာ ဖြေရှင်းမှသာလျှင် အောင်မြင်နိုင်မယ်လို့ ကျနော်တို့ ရှုမြင်တယ်” ဟု ဆက်ပြောသည်။

ထိုထုတ်ပြန်ကြေညာချက်ကို သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများသို့ အီးမေးလ်မှတဆင့် ပို့ထားသည်ဟု သိရသည်။

၎င်းပြင် ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာသည် နိုင်ငံတော် ဖွဲ့စည်းပုံ ဥပဒေ၏ မပြည့်စုံချက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုပြီး ပြည်တွင်း ငြိမ်းချမ်းရေးမှတဆင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် ညီလာခံတရပ် ကျင်းပသင့်သည်ဟုလည်း ဆိုသည်။

“တိုင်းရင်းသားတွေ ခေတ်အဆက်ဆက် တောင်းဆိုလာတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှခွင့်နဲ့ သူတို့ရဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ အချက်တွေ အားလုံးဟာ အဓိက အရင်းအမြစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပုံစံ မကျမှုကြောင့်ပဲ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသာလျှင် တိုင်းရင်းသားအားလုံးရဲ့ လိုအပ်ချက် တိုင်းရင်းသား အားလုံးရဲ့ ဆန္ဒကို အာမခံ ပေးနိုင်တယ်၊ ကိုယ်စားပြုနိုင်တယ် ဆိုရင် ဒီတိုင်းရင်းသား ပြဿနာဟာ အလိုလို ပြေလည်သွားမှာပဲ” ဟု စိုင်းလိတ်က ပြောသည်။

၎င်းပြင် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများ အားလုံး အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်တွင် ပါဝင်ရန်နှင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်လည်း UNA က တောင်းဆိုထားသည်။

UNA မဟာမိတ်အဖွဲ့ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းတွင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။ လက်ရှိတွင် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ၅ ဖွဲ့သာ ကျန်ရှိပြီး လေ့လာဆဲ မဟာမိတ်ပါတီ ၃ ခု ရှိကြောင်း သိရသည်။

UNA ထုတ်ပြန်ချက်

အေးချမ်းမွန်မှ  လွတ်လပ်သော မွန်သတင်းအေဂျင်စီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ရဲမွန် – ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ တပ်မတော် အကြီးအကဲများသည်လည်း အဓိက တာဝန်ရှိသူများ ဖြစ်သည်ဟုဆိုပြီး လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရာတွင် ပူးပေါင်း ပါဝင်သွားရန် လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

“သမ္မတကြီး ဦးဆောင်သော အစိုးရအဖွဲ့နှင့် တပ်မတော် ခေါင်းဆောင်ကြီးများသည် တိုင်းပြည်၏ စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည့်အတွက် လက်ရှိ ကချင်ပြည်နယ် စစ်ပွဲများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခများကို အမြန်ဆုံး ရပ်စဲရန်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံး ထုတ်ပြန်ကြေညာပေးရန် လိုအပ်နေပါသည်” ဟု အဖွဲ့ဝင် ၅ ဖွဲ့ ပါဝင်သည့် UNA ၏ သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။
Related Posts Plugin for WordPress, Blogger...

ShareThis