ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ရေပူစမ်းကျေးရွာ အခြေစိုက် လားဟူ ပြည်သူ့စစ် ခေါင်းဆောင် ဦးယင်ဆေး (ထိုင်းအမည် Chaiwa
t
Pornsakulpaisal) ကို မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ဖမ်းဆီးပေးရန်
မြန်မာအစိုးရထံ တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး
ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) က တောင်းဆိုထားကြောင်း သိရသည်။
ဖမ်းဆီခံရသည့် ထိုင်းရဲအရာရှိ (ယာစွန်) က ဦးယင်ဆေး (ပုံသေး) ထံမှ စိတ်ကြွဆေးပြားများ ရရှိသည်ဟု ထွက်ဆိုခဲ့သည် (ဓာတ်ပုံ – Khaosod)
ဘန်ကောက်မြို့တွင် ထိုင်းရဲ အရာရှိ တဦးထံမှ စိတ်ကြွဆေးပြား ၁.၂၈ သန်းကျော် ဖမ်းဆီးရမှုနှင့် ပတ်သက်သည့် ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ၌ ONCB အထွေထွေ အတွင်းရေးမှူး ဒု ရဲချုပ် Pongsapat Pongcharoen က ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။