menu

Tuesday, 11 September 2012

ရိုဟင်ဂျာအရေး မကျေနပ်သူ အင်ဒိုနီးရှား အကြမ်းဖက်သမား အဖမ်းခံ

အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရက်ဖ်လီ အေမာ (Boy Rafli Amar)။
မြန်မာနိုင်ငံက ရိုဟင်ဂျာမူစလင်တွေအပေါ် ပြုမူပုံကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ဆိုသူတဦးဟာ ရဲတပ်ဖွဲ့ထံမှာ ကိုယ့်သဘောနဲ့ကိုယ် သွားပြီး အဖမ်းခံခဲ့ပါတယ်။

မူဟမ်မက်ဒ် တောရစ်ခ် (Muhammad Toriq) ဆိုသူဟာ သေနတ်တလက်၊ ကျည်ဆံတွေနဲ့အတူ ဖောက်ခွဲရေးပစ္စည်းတွေမပါတဲ့ အသေခံဗုံးဖောက်ခွဲတဲ့အင်္ကျီကိုဝတ်ပြီး တနင်္ဂနွေနေ့က အင်ဒိုနီးရှားရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့တာပါ။
ပြီးခဲ့တဲ့သီတင်းပတ်မှာ ဂျကာတာမြို့တော်က သူ့ရဲ့အိမ်မှာ ရဲတပ်ဖွဲ့က ၀င်ဖမ်းတဲ့အချိန် လွတ်ထွက်သွားပြီးကတည်းက သူဟာ ထွက်ပြေးနေခဲ့တာပါ။ သူ့အိမ်ခန်းထဲကနေ မီးခိုးတွေထွက်လာတာတွေ့လို့ အိမ်နီးချင်းတွေက ရဲတပ်ဖွဲ့ဆီ သတင်းပို့ခဲ့တာဖြစ်ပါ တယ်။
ရဲတပ်ဖွဲ့ကိုသော်လည်းကောင်း၊ အကြမ်းဖက်နှိမ်နင်းရေး အင်ဒိုနီးရှား အထူးတပ်ဖွဲ့ကိုသော်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို သော်လည်းကောင်း ပစ်မှတ်ထားပြီး တနင်္လာနေ့မှာ အသေခံဗုံးဖောက်ခွဲဖို့ သူ စီစဉ်ထားခဲ့တယ်လို့ တော်ရစ်ခ်က ရဲတပ်ဖွဲ့ကို ပြော ပါတယ်။

စစ်တွေတွင် လူငယ် တစ်ဦးကို သေနတ်ပစ် ဖမ်းဆီးပြီး ရိုက်ပုတ်ရာမှ လုံထိန်းနှင့် ရပ်ကွက်သားများ စကားများ

စစ်တွေမြို့တွင် အချိန် ၇ နာရီကျော်ပြီးမှ ဆေးရုံက ပြန်လာသူ လူငယ် တစ်ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး ရမိပြီးနောက် ရိုက်ပုတ် ထိုးကြိတ် သဖြင့် ရပ်ကွက်နေ လူထုနှင့် လုံခြုံရေး ယူထားသူ လုံထိန်းတပ်ဖွဲ့အကြား ပဋ္ဋိပက္ခ ဖြစ်ကာ အခြေအနေ တင်းမာခဲ့သည်ဟု သိရသည်။
“ ဖြစ်တာက ညနေ ၇ နာရီခွဲမှာ မောလိပ်ရပ်ကွက် ရွှေဦးဆိုတဲ့ ဆန်ဆိုင် ရှိတယ်။ အဲဒီနားမှာ ဘဲ ဖြစ်တာပါ။ ကောင်လေးက အမေ နေမကောင်းတဲ့ အတွက် ဆေးရုံကို သွားပြီး ပြန်အလာမှာ ၇ နာရီခွဲနေပြီဆိုတော့ မောလိပ်ရက်ကွက် လုံခြုံရေး ယူထားတဲ့ လုံထိန်းက ဖမ်းဖို့လိုက် တယ်။ ကောင်လေးက ကြောက်ပြီး ထွက်ပြေးတော့ သေနတ် ပစ်ပါတယ်။ နောက်တော့ ဖမ်းမိသွားပြီး ကောင်လေးကို တရွတ်တိုက်ဆွဲ ယူလာပြီး ရိုက်ပုတ် ထိုးကြိတ်ကြပါတယ်” ဟု စစ်တွေမြို့ မောလိပ်ရပ်ကွက်မှ မျက်မြင်အမျိုးသမီးတဦးက ပြောသည်။

မုံရွာအမှတ်(၁)ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအနီးမှ ရဲကားတစ်စီး အရှိန်ပြင်းစွာမောင်းနှင်၊ ဆန္ဒပြနေသူနှစ်ဦး ဒဏ်ရာရ


ယနေ့နေ့လည် ၂ နာရီခန့်အချိန်တွင် မုံရွာအမှတ်(၁)ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအနီးမှ တပ်ကြပ်မြင့်သောင်းမောင်းနှင်သော ရဲကားတစ်စီးမှ အရှိန်ပြင်းစွာကပ်မောင်းရာ ငြိမ်းချမ်းစွာဆန္ဒပြနေသူနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။

"အဲဒီကားက အစကတည်းက ဘုန်းကြီးကျောင်းထ
ဲမှာ ရပ်ထားတာ၊ ဆန္ဒပြနေတဲ့သူတွေက ဘုန်းကြီးကျောင်းအပေါက်ဝမှာ ပြနေကြတာ၊ အဲဒါကို အဲဒီကားက အတင်းမောင်းထွက်တယ်၊ လူတွေက ၀ိုင်းဆွဲပေမယ့်မရဘူး. ကားလီဗာကို အတင်းနင်းပြီး ဆန္ဒပြနေတဲ့သူတွေရဲ့ ကျောဘက်ကနေ ကပ်မောင်းသွားတယ်၊ ဆန္ဒပြနေသူတဲ့သူနှစ်ယောက် ကားဘီးနဲ့နင်းမိပြီး ဒဏ်ရာရသွားပါတယ်" ဟု မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူတစ်ဦးက ပြောကြားသည်။

မုံရွာမြို့တွင် ဆန္ဒပြမှုများကြောင့် ပုဒ်မ ၁၄၄ထုတ်ပြန်

စက်တင်ဘာလ ၁၀ရက်နေ့တွင် မုံရွာမြို့ အမှတ် (၁)ရဲစခန်း၌ လယ်ယာမြေမတရားသိမ်းဆည်းခံရခြင်းကြောင့် မုံရွာမြို့ရှိ ဆုတောင်းပြည့်ဘုရား တွင် လာရောက်ဆုတောင်းသည့် ဆားလင်းကြီးမြို့နယ် ဝက်မှေးတောင်သူ (၁၂)ဦးအား ဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၁၁ရက်နေ့ မနက် ၂နာရီကျော်တွင် ၁၀ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးထိန်းသိမ်းခြင်းခံရရသူ တောင်သူအမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

"အထဲမှာ ဆုတောင်းပွဲကို ဦးဆောင်တဲ့ မသဲ့သဲ့ဝင်းအပါအဝင် ကျွန်မတို့ ၁၂ယောက်ကို ဖမ်းဆီးပြီး အချုပ်ထဲမှာ အကြမ်းဖက်နှိပ်စက်တာတွေ လုပ်တယ်။ မနက် ၂နာရီမှာ ကျွန်မတို့ ၁၀ယောက်ကို ပြန်လွှတ်ပေးတယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ မုံရွာမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရား၌ လာရောက်ဆုတောင်းမှုပြုလုပ်သူများတွင် တောင်သူအမျိုးသမီး ၁၂ဦး ဖမ်းဆီးထိန်းသိမ်းခံရ သည့်အချိန်မှစ၍ အဆိုပါ ဖမ်းဆီးထားသည့် ရဲစခန်းရှေ့၌ မုံရွာမြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂအဖွဲ့နှင့် လက်ပံတောင်းတောင်ခြေမှ လယ် သမားအချို့အပါအဝင် အင်အား ၁၈၀၀ကျော်မှ ဆန္ဒပြမှုများအား စက်တင်ဘာလ ၁၁ရက်နေ့အထိ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

DVB သတင်းထောက်နှင့် ကျောင်းသားမိဘအမှု စတင်ကြားနာ

DVB သတင်းထောက်နှင့် ကျောင်းသားမိဘအမှု စတင်ကြားနာ

မကွေး၊စက်တင်ဘာ(၁၁)ရက် 

တိုင်းဒေသကြီးပညာရေးရုံးဝန်းအတွင်း သတင်းဝင်ရောက်ရယူခြင်းအတွက် တရားစွဲဆိုခံထားရသော
DVBသတင်းထောက်ကိုဇော်ဖေ(ခ) သူရသက်တင်နှင့် ကျောင်းသားမိဘ ကိုလှိုင်လှိုင် တို့အားမကွေးမြို့နယ်
တရားသူကြိး ဥိးတင်အောင်မှ ကြိုတင်ချိန်းဆိုထားသည့်အတိုင်း တရားလိုနှင့်လိုပြသက်သေများကိုစတင်စစ်
ဆေးကြားနာခဲ့သည်။
ယနေ့ နံနက်ပိုင်း(၁၀း၃၀)နာရီတွင် တရားလိုဖြစ်သူ လ/ထတိုင်းပညာရေးမှူးဦးမောင်ငွေအား
စတင်စစ်ဆေးရာတွင် တရားလိုမှ အမူအရာသရုပ်ပြများဖြင့်အစစ်ဆေးခံသွားခဲ့သလို
တရားစွဲဆိုရခြင်းမှာ
လည်းအထက်မှညွှန်ကြားချက်ကြောင့်ဟု အစစ်ခံသည်။
နံနက်ပိုင်းကြားနာစစ်ဆေးခြင်းကို(၁၂း၁၅)တွင်
ထမင်းစားရပ်နားခဲ့ပြီးနောက်
နေ့လည်(၁း၃၀)နာရီတွင်ပြန်လည်စတင်စစ်ဆေးမှုကိုပြုလုပ်ရာတွင် လိုပြသက်သေ(၁) ဒေါ်မြင့်
မြင့်ဌေး (စာရေး(၂) မကွေးတိုင်းဒေသကြိးပညာရေး)အားစစ်ဆေးကြားနာခဲ့သည်။
(၃း၀၀)နာရီတွင် လိုပြသက်
သေ(၂)ဒေါ်ဝင်းဝင်းသန်း(စာရေး(၁) မကွေးတိုင်းဒေသကြီးပညာရေး)ကိုဆက်လက်စစ်ဆေးခဲ့ပြီး(၃း၄၅)နာရီ
တွင်ကျန်သက်သေများကိုစစ်ဆေးရန်(၁၈-၉-၂၀၁၂)အင်္ဂါနေ့သို့ပြန်လည်ချိန်းဆိုကြောင်းသိရှိရပါသည်။
DVB
သတင်းထောက်နှင့်ကျောင်းသားမိဘအတွက် ရှေ့နေအဖြစ် မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ကိုယ်စား
ဦးဇော်မင်းလွင်နှင့်ဒေါ်ထက်ထက်လှိုင်တို့မှ လိုက်ပါဆောင်ရွက်ေ၇ှ့နေပြုလုပ်ခဲ့ခြင်းဖြစ်သည်၊
ဓါတ်ပုံ/သတင်း -ဦးမင်း
(ပုံစာ- DVB
သတင်းထောက်နှင့်ကျောင်းသားမိဘအတွက် ရှေ့နေအဖြစ် မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ကိုယ်စားလိုက်ပါဆောင်ရွက်ပေးနေသည့်
ဦးဇော်မင်းလွင်)

news from...Popular Myanmar News Journal
မကွေး၊စက်တင်ဘာ(၁၁)ရက်

တိုင်းဒေသကြီးပညာရေးရုံးဝန်းအတွ
င်း သတင်းဝင်ရောက်ရယူခြင်းအတွက် တရားစွဲဆိုခံထားရသော
DVBသတင်းထောက်ကိုဇော်ဖေ(ခ) သူရသက်တင်နှင့် ကျောင်းသားမိဘ ကိုလှိုင်လှိုင် တို့အားမကွေးမြို့နယ်
တရားသူကြိး ဥိးတင်အောင်မှ ကြိုတင်ချိန်းဆိုထားသည့်အတိုင်း
တရားလိုနှင့်လိုပြသက်သေများကိုစတင်စစ်
ဆေးကြားနာခဲ့သည်။
ယနေ့ နံနက်ပိုင်း(၁၀း၃၀)နာရီတွင် တရားလိုဖြစ်သူ လ/
ထတိုင်းပညာရေးမှူးဦးမောင်ငွေအား
စတင်စစ်ဆေးရာတွင် တရားလိုမှ အမူအရာသရုပ်ပြများဖြင့်အစစ်ဆေးခ
ံသွားခဲ့သလို
တရားစွဲဆိုရခြင်းမှာ
လည်းအထက်မှညွှန်ကြားချက်ကြောင့်ဟ
ု အစစ်ခံသည်။
နံနက်ပိုင်းကြားနာစစ်ဆေးခြင်းကိ
ု(၁၂း၁၅)တွင်
ထမင်းစားရပ်နားခဲ့ပြီးနောက်
နေ့လည်(၁း၃၀)နာရီတွင်ပြန်လည်စတင
်စစ်ဆေးမှုကိုပြုလုပ်ရာတွင် လိုပြသက်သေ(၁) ဒေါ်မြင့်
မြင့်ဌေး (စာရေး(၂) မကွေးတိုင်းဒေသကြိးပညာရေး)အားစစ
်ဆေးကြားနာခဲ့သည်။

တရုတ်က ဂျပန်သံအမတ်ကိုခေါ်သတိပေး၍ ပိုင်နက်အငြင်းပွားကျွန်းသို့စစ်သဘောင်္နှစ်စင်းစေလွှတ်

ဘေဂျင်း၊ စက်တင်ဘာ - ၁၁

တရုတ်နှင့်ပိုင်နက်အငြင်းပွားနေသော ကျွန်းများကို ဂျပန်အစိုးရကဝယ်ယူမည်ဟု ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံဘေဂျင်းရှိ ဂျပန်သံအမတ်ကို တရုတ်အစိုးရက ခေါ်ယူသတိပေးခဲ့ပြီး ပိုင်နက်အငြင်းပွားဒေသသို့ တရုတ်စစ်သဘောင်္ နှစ်စင်းကိုစေလွှတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာ ဆင်ဟွာသတင်းတွ

င်ဖော်ပြထားသည်။

တရုတ်၏ အချုပ်အခြာအာဏာကို ရဲဝံ့ပြတ်သားစွာတောင်းဆိုသွားရန် ဂျပန်နှင့်ပိုင်နက်အငြင်းပွားနေသော ကျွန်းအနီးသို့ တရုတ် ကင်းလှည့်စစ်သဘောင်္နှစ်စင်းကို စေလွှတ်လိုက်ကြောင်း ဆင်ဟွာသတင်းကဆိုသည်။

အမြန်လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းကျော်ပြီး မောင်းနှင်မှုများကို Redflex Traffic System အသုံးပြုကာ ဖမ်းဆီးတော့မည်



အဝေးပြေးအမြန်လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းအရှိန်ထက် ကျော်လွန်မောင်းနှင်မှုကို REDFLEX Traffic System အသုံးပြုကာ ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ REDFLEX Traffic System သည်  Frequency 24.0GHz ကိုအသုံးပြုထားသော Radar စနစ်ဖြစ်ပြီး

သတ်မှတ်ထားသော မိုင်နှုန်းထက်ပိုပါက အလိုအလျောက် ဓါတ်ပုံ/ မောင်းနှင်သည့်အရှိန်/မိုင်နှုန်းနှင့် တည်နေရာတို့ကို ရာသီမရွေး နေ့/ညမရွေး မှတ်တမ်းတင်ထားနိုင်ကြောင်း၊ နိုင်ငံတကာမှ တိကျမှုကို အသိအမှတ်ပြုထားခြင်းခံရသည့် ကိရိယာဖြစ်ပြီး တစ်စုံလျှင် USD 70000 ကျော်ကျသင့်ကြောင်း သိရသည်။ မည်သည့်နေရာကိုမဆို လွယ်ကူစွာ သယ်ဆောင်အသုံးပြုနိုင်သည့် Mobile ကိရိယာဖြစ်ကြောင်း သိရသည်။ ကိရိယာတွင်ပါဝင်သည့် ဘက်ထရီမှာ (၆) နာရီကြာ ဆက်တိုက်အသုံးပြုနိုင်သည်။ 500GB HDD ပါ ကွန်ပျူတာ၊ တည်နေရာပြသနိုင်သည့် GPS , 12.0 Megapixel ပါ ကင်မရာတို့ပါဝင်သည်

Android phone အတွက် အကောင်းဆုံးအခမဲ့ Antivirus ဆော့ဖ်ဝဲများ


Android phone တွေဟာ Malware (Virus အပါအ၀င်) စွဲကပ်နိုင်ချေ များလာပြီလားလို့ပြောရင် အလွန်ပဲများလာပါပြီလို့ ဖြေရမှာပါ။ ကမ္ဘာတစ်လွှားမှာ ကုမ္ပဏီအမျိုးမျိုးက တံဆိပ်အမျိုးမျိုးနဲ့ ရောင်းချနေတဲ့ Android phone အရေအတွက်ဟာ မိုဘိုင်းဖုန်းဈေးကွက်ရဲ့ (၆၀) ရာခိုင်နှုန်းနီးပါး ရှိနေပါပြီ။

ဂျာမဏီအခြေစိုက် AV-Test centre ရဲ့အဆိုအရ Android phone တွေအတွက် malware အရေအတွက်ဟာ ၂၀၁၂ ခုနှစ် ဇွန်လအထိဆိုရင် (၁၂,၀၀၀) လောက်ရှိနေပါပြီ။ လစဉ်လည်း အရေအတွက် (၄,၀၀၀) လောက်တိုးနေတယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်ထဲမှာ မြန်မာပြည်က ဖုန်းဆိုင်တွေရောင်းတဲ့ စမတ်ဖုန်း အားလုံးနီးပါးဟာ (လိုင်းအလွန်ကြပ်တဲ့ အခြေအနေကလွဲရင်) ဖုန်းပေါ်မှာတင် အင်တာနက်ထဲ ၀င်နိုင်ပါတယ်။ အီးမေးလ်ပို့နိုင်တယ်။ အဲဒီလိုလုပ်တဲ့လူတွေလည်း အတော်များနေပါပြီ။ ဒါကြောင့် ထိရောက်တဲ့ Antivirus ဆော့ဖ်ဝဲတစ်ခုတော့ ဖုန်းထဲမှာရှိသင့်ပါတယ်။ မြန်မာပြည်မှာဖုန်းဝယ်ရင် ဖုန်းဆိုင်တွေက Antivirus ဆော့ဖ်ဝဲကို သဘောလောက် ထည့်ပေးလိုက်ပါတယ်။

ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ မှ နိုင်ငံတော် သမ္မတထံသို့ တောင်းဆို




74916
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်
နိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင် အသီးသီး၌ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့မှ နိုင်ငံတော်သမ္မထံသို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ထားကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားမှုကို စက်တင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
‘‘ စက်တင်ဘာလ ၁၁ ရက် မနက် ၉ နာရီခွဲမှာပဲ ရန်ကုန်ကနေ နေပြည်တော်က နိုင်ငံတော် သမ္မထံကို မေတ္တာရပ်ခံစာတစ်စောင် ပေးပို့ခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အဓိက အကြောင်းအရာကတော့ ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံတစ်ဝန်း ထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားပေါင်း သုံးရာကျော်ကို  အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့နဲ့ ပြည်ပရောက်မြန်မာ့ဒီမိုကရေ စီအင်အားစုတွေ နိုင်ငံအတွင်းကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ဖို့အတွက်တွေကို ဦးစားပေးတောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိ ပြောင်းလဲနေတဲ့ နိုင်ငံရေးကို အစဉ် အားပေးနေပါတယ်။

ကမာရွတ်မြို့နယ်အတွင်း အိမ်ဖော် မိန်းကလေး သေဆုံးမှုအတွက် အိမ်ရှင်ဖြစ်သူအား ပုဒ်မ ၃၀၂/၃၂၅ ဖြင့် အမှုဖွင့်


ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ် (၁၉၅) တတိယထပ်၊ ညာဘက် တိုက်ခန်းတွင် အသက် ၁၈ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု ဖြစ်စဉ် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက

် အိမ်ရှင် ဖြစ်သူ အမျိုးသမီးအား ပုဒ်မ ၃၀၂/၃၂၅ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရပါသည်။

ရဲစစ်ချက်များအရ သဆုံးခဲ့သူ အိမ်ဖော်အမျိုးသမီးမှာ မနုနုလွင် (အသက် ၁၈ နှစ်) ဖြစ်ပြီး နေအိမ် အိပ်ခန်းအတွင်း နှားခေါင်းသွေး အနည်းငယ်ထွက်ပြီး ယာလက်ဖျံ၊ ယာပုခုံးသွားကိုက် ဒဏ်ရာ၊ ယာနဖူး ဖူးယောင် ဒဏ်ရာ၊ ၀ဲနို့အုံအောက် နံကြား ညိုမဲဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို စက်တင်ဘာလ ၁၀ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၄၂ ဦး ပြည့်တန်ဆာအဖြစ် ရောင်းစားခံရ

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ
ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့
မြန်မာအမျိုးသမီးငယ် ၄၂ ဦးကို ထိုင်းရဲနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့ 

ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းရတ် သတင်းဌာနက ဖော်ပြသွားပါတယ်။

ကန်ချနာဘူရီခရိုင် ဘန်းရုန်းရတ် ဘန်ဂလိုမှာ ပြည့်တန်ဆာအြဖစ် ခိုင်းစေခံနေရြပီး ကူညီ ကယ်ထုတ်ပေးဖို့ အမျိုးသမီးငယ်တဦးက ဆက်သွယ် တောင်းဆိုလာတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး ကွန်ရက်အဖွဲ့၊ ထိုင်းနိုင်ငံ မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာ ၉ ရက် ညပိုင်းမှာ အဲဒီ ဘန်ဂလိုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

အမေတို့ရွာ(စိမ့်ယမင်းခင်)




ည ၁၁ နာရီဝန်းကျင် အချိန်ဖြစ်သည်။ အရှိန်နှင့် ရွေ့လျားနေသော ကားတစ်စီးပေါ်တွင် လိုက်ပါရင်း သူမစိတ်တို့က အိမ်သို့သာ ရောက်နေမိသည်။ ဒီတစ်ခေါက် အိမ်ပြန် လာမည်ကို သူမ အမေနှင့် ညီမလေးကို ကြိုပြော မထားခဲ့။
ရုတ်တရက် ၀မ်းသာသွားအောင် လုပ်ခြင်းဖြစ်သလို သူမ လိုက်ပါ လာမည့် ကားသံကို နားစွင့်ရင်း တစ်ညလုံး မအိပ်ဘဲ မျှော်နေမည့် အမေ့ကို သနားသည်လည်း ပါသည်။ နှစ်စဉ်နှစ်တိုင်းတော့ သူမက သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် အိမ်သို့ပြန်လေ့ ရှိသည်။

သို့သော် ပြီးခဲ့သည့် နှစ်ကတော့ သူမအကြောင်း ကြောင်းကြောင့် မပြန်ဖြစ်ခဲ့။ ဒီနှစ်လည်း သင်္ကြန်အတွင်း ပြန်ဖြစ်မည်၊ မပြန်ဖြစ်မည် မသေချာ။ သင်္ကြန်ကာလက ကားလက်မှတ် ခက်ခဲသောကြောင့်လည်း ပါသည်။ ရသည့်ခွင့်ရက်နှင့် အမီ ရုံးပြန်တက်ရန် လိုအပ်သည်။ သူမလိုနယ်မှ လာပြီး ရန်ကုန်မှာ အလုပ် လုပ်သူတွေက သူသူငါငါ အိမ်ပြန်ကြသည်။ ကားလက်မှတ်က အသွားတင်ခက်ခဲ သည်မဟုတ်။ အပြန်လည်း မရေရာ။ အမြဲတမ်း စိတ်စောနေ၊ စိတ်မောနေရသည့် အတွက် ဒီနှစ်တော့ လုပ်သက်ခွင့်ခုနစ်ရက်ယူပြီး သင်္ကြန်မကျချင် သူမ အိမ်ပြန်ခဲ့သည်။

သူမ လိုက်ပါလာသည့်ကားက အခုဆိုမိုင်ပေါင်းများစွာ ခရီးနှင်လာခဲ့ပြီး ရန်ကုန်ကထွက်တော့ ညနေ ၃ နာရီခွဲ၊ လမ်းတစ်လျှောက် တရိပ်ရိပ် ဖြတ်ပြေးနေသော လယ်ကွင်းများ၊ တောတောင်များ၊ စိုက်ခင်းများ၊ မြို့ရွာများ၊ ဆိုင်းဘုတ်များ၊ ကျွဲနွားများ၊ လူများကိုငေးမောရင်း သူမ စိတ်အား တက်ကြွနေသည်။ အမေ သူမကို မြင်လျှင်ဘာပြောမည်နည်း။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြန်မာဗီဒီယို ဇာတ်ကားရောင်းချရမှု ထက်ဝက်ခန့်ကျဆင်း



e7491
ဘ၀ကို လောင်းကြေးထပ်သူများ ဇာတ်ကားရိုက်ကူးမှု မြင်ကွင်း
မြန်မာဗီဒီယို ဇာတ်ကားရောင်းချရမှုတွင် ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောင်းအား ထက်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ သိရသည်။
“ တချို့နယ်တွေဆိုရင် လုံးဝမရောင်းရတော့တာမျိုး တွေရှိသလို တချို့နယ်တွေဆိုရင် ရောင်းရတယ်လို့ပြောလို့ရတ အတိုင်းအတာတစ်ခုလောက်ပဲ ရှိနေတယ်။ တချို့နယ်တွေမှာ ဆိုရင် အ၀ယ်မရှိဆိုတာမျိုး မဖြစ်အောင် ဈေးလျော့ပြီးရောင်းနေရတဲ့ အနေအထားမျိုးမှာတောင်မှ အ၀ယ်က တက်မလာဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခြုံလိုက်မယ်ဆိုရင်တော့ အရင်ကထက် အခုလက်ရှိမှာ ရောင်းအား က ၅၀ ရာခိုင်နှုန်းလောက်ကို ကျဆင်းသွားခဲ့တာပါ။ ဒီရောင်းအားကျဆင်းမှုတွေကို ထိန်းသိမ်းနိုင်ဖို့ သက်ဆိုင်ရာနယ်မြေတွေ အလိုက် အရောင်းကိုယ်စားလှယ်တွေနဲ့ ဗီဒီ ယိုအခြေခံအဖွဲ့တွေကိုတွေ့ဆုံညှိနှိုင်း မှုတွေလုပ်နေသလို ဗီဒီယိုဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းတွေပိုမို ကောင်းမွန်လာဖို့လည်း ကြိုးစားနေ ကြပါတယ်”ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးကဆိုပါသည်။

ကျပ် ၅၀၀၀ တန်ငွေစက္ကူ အတုပြသနာများမှာ နယ်စပ်ဒေသများတွင် အများဆုံးဖြစ်ပွားနေ



74915
ကျပ် ၅၀၀၀ တန်ငွေစက္ကူအတု ပြသနာများမှာ နယ်စပ်ဒေသများတွင်သာ အများဆုံးဖြစ်ပွားနေပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပွားမှုနည်းပါး နေသော်လည်း ငွေတုများ အလုံးအရင်းဖြင့် ၀င်ရောက်နေကြောင်း စုံစမ်းသိရှိရပါက လက်ရှိညွှန်ကြားထားသည့် လုပ်ထုံးလုပ်နည်းများထက် ကျော်လွန်၍ စစ်ဆေး အရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားသည်။
“ငွေစက္ကူအတုတွေ အများဆုံး တွေ့နေတာက ထိုင်းနယ်စပ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ ငွေစက္ကူ အတုတွေ တွေ့လာခဲ့ရင် ရဲစခန်းကို အကြောင်းကြားဖို့၊ စီအိုင်ဒီကို ပို့ပြီးစစ်ဆေးဖို့ လုပ်ထုံးလုပ်နည်း အရ ညွှန်ကြားထားတာတွေ ရှိ ပါတယ်။ ငွေစက္ကူအတုနဲ့ အစစ်ကလည်း တော်တော်ကွာခြားပါတယ်။ လက်ရှိတွေ့နေရတာက သာမန်တွေ့ ရှိမှုပါ။ သာမန်ထက်ပိုလာလို့ အလုံးအရင်းတွေ့လာပြီဆိုရင် လက်ရှိ ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်း ထက်ပိုပြီး စုံစမ်းစစ်ဆေးသွားပါမယ်။ လက်ရှိအနေအထားက စိုး ရိမ်စရာမဟုတ်သေးတဲ့ အတွက် ဗဟိုဘဏ်အနေနဲ့ အထူးတလည် စီစဉ်မှု မရှိသေးပါဘူး” ဟု ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါသည်။

ABSDF မြောက်ပိုင်း သတ်ဖြတ်မှုများအား လူထုဆန္ဒမဲကောက်ခံ၍ တရားစွဲရန် စီစဉ်

Photo: ABSDF မြောက်ပိုင်း သတ်ဖြတ်မှုများအား လူထုဆန္ဒမဲကောက်ခံ၍ တရားစွဲရန် စီစဉ်

မန္တလေး စက်တင်ဘာ(၉)ရက်

၁၉၉၂ခုနှစ် နှောင်းပိုင်းက မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပေါ်ခဲ့သော ရာဇ၀တ်မှုများအား အဖွဲ့လိုက်စုပေါင်းဖော်ထုတ်တရားစွဲဆိုရန်အတွက် ရဟန်း၊ ရှင်လူပြည်သူတို့၏ ထောက်ခံဆန္ဒမဲလက်မှတ်များ တောင်းခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
 
စက်တင်ဘာ(၉)ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒက္ခိဏရာမဘုရားကြီးတိုက်တွင် မြောက်ပိုင်းအမှုမှန်ဖော်ထုတ်ရေးအဖွဲ့က  ပြုလုပ်သည့် ပါဂျောင်ရှင်းတမ်းအခမ်းအနားတွင် ပါဂျောင်ဒေသမှလွတ်မြောက်လာခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းများက ဖြစ်ပွားခဲ့သည်များကို ရှင်းလင်းပြောကြားကြသည်။ 

ယခုအမှုကို တစ်ဦးချင်းသွားလျှင် ရှည်လျားနေမည်စိုးသောကြောင့် အဖွဲ့လိုက်စုပေါင်းတရားစွဲဆိုရန် စီစဉ်ထားပြီး တရားခံစာရင်းပြုစုထားပြီးဖြစ်ကာ နိုင်ငံတော် သမ္မတ၊ လွှတ်တော်နှင့် တရားရေးအဖွဲ့ထံ တင်သွင်းသွားမည်ဟု ကိုယ်တိုင်ကြုံခဲ့သူ ဦးဆမားညီညီကပြောသည်။ 

ထိုသို့တင်သွင်းရာတွင် မန္တလေးဝန်းကျင် ပြည်သူများထံမှ လူထုထောက်ခံဆန္ဒမဲလက်မှတ် တစ်သောင်းခန့်ကောက်ခံသွားပြီး ပူးတွဲတင်ပြသွားမည်ဟု ဆိုသည်။ ယခုအမှုကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပေးရန်၊ ယင်းအဖွဲ့မှစုံစမ်းစစ်ဆေးထားသည့်ရလဒ်များအပေါ် အခြေခံပြီး တရားစီရင်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးဆမားညီညီကပြောသည်။ 

“နိုင်ငံတော်က သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုလည်း ကျွန်တော်တို့ စိတ်မ၀င်စားပါဘူး။ ခွင့်လွှတ်ဖို့ကတော့ ဘယ်တော့မှတောင်းဆိုလို့မရပါဘူး”ဟု ၄င်းကပြောသည်။ 

အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ရာတွင် ယင်းရာဇ၀တ်မှုများ ကျူးလွန်ခဲ့သူများ ပါဝင်မည်ကို မလိုလားကြောင်း မြောက်ပိုင်းပြန်ရဲဘော်ဟောင်းများက ပြောသည်။ 

ဓာတ်ပုံ- ညီညီဇော်
ဓာတ်ပုံ- ညီညီဇော်
မန္တလေး စက်တင်ဘာ(၉)ရက်

၁၉၉၂ခုနှစ် နှောင်းပိုင်းက မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပေါ်ခဲ့သော ရာဇ၀တ်မှုများအား အဖွဲ့လိုက်စုပေါင်းဖော်ထုတ်တရားစွဲဆိုရန်အတွက် ရဟန်း၊ ရှင်လူပြ
ည်သူတို့၏ ထောက်ခံဆန္ဒမဲလက်မှတ်များ တောင်းခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ(၉)ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒက္ခိဏရာမဘုရားကြီးတိုက်တွင် မြောက်ပိုင်းအမှုမှန်ဖော်ထုတ်ရေးအဖွဲ့က ပြုလုပ်သည့် ပါဂျောင်ရှင်းတမ်းအခမ်းအနားတွင် ပါဂျောင်ဒေသမှလွတ်မြောက်လာခဲ့သည့် ကျောင်းသားရဲဘော်ဟောင်းများက ဖြစ်ပွားခဲ့သည်များကို ရှင်းလင်းပြောကြားကြသည်။

ယခုအမှုကို တစ်ဦးချင်းသွားလျှင် ရှည်လျားနေမည်စိုးသောကြောင့် အဖွဲ့လိုက်စုပေါင်းတရားစွဲဆိုရန် စီစဉ်ထားပြီး တရားခံစာရင်းပြုစုထားပြီးဖြစ်ကာ နိုင်ငံတော် သမ္မတ၊ လွှတ်တော်နှင့် တရားရေးအဖွဲ့ထံ တင်သွင်းသွားမည်ဟု ကိုယ်တိုင်ကြုံခဲ့သူ ဦးဆမားညီညီကပြောသည်။

လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီး ၁၂ဦးထဲမှ ကိုးဦးကို ပြန်လည်လွှတ်ပေး

Photo: လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီး ၁၂ဦးထဲမှ ကိုးဦးကို စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး၊ သုံးဦးကိုမူ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

``မနေ့ညက ၁ နာရီမှာ လွှတ်ပေးတယ်။ မုံရွာရဲစခန်းကနေ ရွာအထိ လိုက်ပို့တာ။ ည ၂နာရီလောက်မှ ရွာရောက်တယ်။ ရဲစခန်းမှာ ရဲအင်အားနဲ့ ခြိမ်းခြောက်တော့ ကြောက်စရာသိပ်ကောင်းတယ်။ စစ်တာ၊ ဆေးတာကလည်း များတော့ ရွာကိုပြန်ချင်တာပဲသိတယ်။ အကျဉ်းခန်းမှာ နေရတဲ့ဒုက္ခက သိပ်ကြောက်စရာကောင်းတော့ ကျန်ခဲ့တဲ့ မသွယ်သွယ်ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို လွတ်အောင်ကြိုးစားပေးကြပါ´´ဟု မုံရွာရဲစခန်းမှ ပြန်လည်လွှတ်ပေးလိုက်သော လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီးတစ်ဦးက ငို၍ပြောသည်။

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းအရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ၀က်မှေးကျေးရွာနှင့် ရွှေလှေကျေးရွာတို့မှ ဒေသခံအမျိုးသမီး ၁၂ဦးအား စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁၁ နာရီခန့်တွင် ယာယီဖမ်းဆီးခဲ့ခြင်းဖြစ်၍၊ ပြန်လွတ်မြောက်လာသူ ကိုးဦးမှာ ရဲစခန်းတွင် ၁၂နာရီနီးပါး နေခဲ့ရခြင်းဖြစ်သည်။ ကျန်ရှိနေသူသုံးဦးကို ထပ်မံလွှတ်ပေးရန်အတွက် ၄င်းတို့လွတ်မြောက်ရေး တောင်းဆိုသူများက ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းပြောသည်။
မုံရွာမြို့လယ် အချို့နေရာများတွင် ယနေ့နံနက်၌ လုံခြုံရေးကို တင်းကျပ်စွာချထားသည်။

ဖမ်းဆီးခံထားရသူများထဲမှ နှစ်ဦးမှာ ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်ကြားမှုကြောင့် ထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ အပြစ်မရှိသူများကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက 7Day News ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဓာတ်ပုံ - မျိုးမင်းဦး
လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီး ၁၂ဦးထဲမှ ကိုးဦးကို စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး၊ သုံးဦးကိုမူ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း မုံရွာမြို့မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

``မနေ့ညက ၁ နာရ
ီမှာ လွှတ်ပေးတယ်။ မုံရွာရဲစခန်းကနေ ရွာအထိ လိုက်ပို့တာ။ ည ၂နာရီလောက်မှ ရွာရောက်တယ်။ ရဲစခန်းမှာ ရဲအင်အားနဲ့ ခြိမ်းခြောက်တော့ ကြောက်စရာသိပ်ကောင်းတယ်။ စစ်တာ၊ ဆေးတာကလည်း များတော့ ရွာကိုပြန်ချင်တာပဲသိတယ်။ အကျဉ်းခန်းမှာ နေရတဲ့ဒုက္ခက သိပ်ကြောက်စရာကောင်းတော့ ကျန်ခဲ့တဲ့ မသွယ်သွယ်ဝင်း၊ မဖြူဖြူဝင်းနဲ့ မအေးနက်တို့ကို လွတ်အောင်ကြိုးစားပေးကြပါ´´ဟု မုံရွာရဲစခန်းမှ ပြန်လည်လွှတ်ပေးလိုက်သော လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီးတစ်ဦးက ငို၍ပြောသည်။

'ဒီလိုလေးတွေးကြည့်ရအောင်'(မင်းလွင်(အနကလ))


စနစ်ဆိုးကြောင့် ဒီလိုဖြစ်ခဲ့ရပါတယ်ဆိုရင် ဒီစနစ်ဆိုးရဲ့ ပြုလုပ်ပုံ၊ ပြုလုပ်နည်းကို မိမိရဲ့ အဖွဲ့အစည်းအတွင်းမှာ ဘာဖြစ်လို့ ကျင့်သုံးရ တာလဲဆိုတာပါ။ ဒီစနစ်ဆိုးဆိုတာမရှိရင် ABSDF လည်း ပေါ်စရာအကြောင်း မရှိပါ။ အာဏာရှင်စနစ်ဆိုးကြောင့် တောခိုရပါတယ်ဆိုတဲ့သူက အာဏာရှင်စနစ်ဆိုးရဲ့ အမူအကျင့်၊ အပြုအမူ၊ ဆောင်ရွက်ချက်တွေကို ဘာလို လက်ခံကျင့်သုံးနေရတာလဲဆိုတာ ပါပဲ  . . .

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က The Nation သတင်းစာတွင် ဖော်ပြခဲ့သည့် ဓာတ်ပုံ (၀ဲမှယာ - ကိုကျော်နိုင်ဦး၊ မနန်းအောင်ထွေးကြည်၊ ကိုနိုင်ဝင်းအောင်၊ ကိုညီညီ၊ ကိုတိုးကြည်)
ယခုတလော အင်တာနက်မှာရော၊ ပြည်တွင်းထုတ် ဂျာနယ်တွေမှာရော ABSDF(မြောက်ပိုင်း)မှာ ဖြစ်ပွားသွားခဲ့တဲ့ကိစ္စနှင့်ပတ်သက်ပြီး တော်တော်လေး ထည့်သွင်းဖော်ပြလာကြတာ တွေ့ရှိ ဖတ်ရှုရပါတယ်။
ဒီလိုပါလာတဲ့ ဆောင်းပါး၊ အင်တာဗျူးတွေမှာ သမိုင်းတစ်ခုရဲ့ ဖြစ်ရပ် (event) ကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတဲ့သူရော၊ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူဖို့၊ ခွင့်လွှတ်သင်ပုန်းချေဖို့၊ အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်ဖို့ ကြိုးစားရင်း ရေ တိမ်နစ်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေရဲ့ ခံစားမှုစသဖြင့် အကြောင်းအရာ ရှုထောင့်မျိုးစုံက ဖော်ပြနေတာတွေကို ဖတ်ရပါတယ်။

ကမာရွတ်မြို့နယ်ရှိ တိုက်ခန်းအတွင်း ပုပ်ပွနေသော ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ




w749pic1
အခင်းဖြစ်တိုက်ခန်းအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ နေအိမ်တိုက်ခန်း တစ်ခန်းတွင် အသက် ၁၃ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ် (၁၉၅) ၊ ဒုတိယထပ်(ညာ)ရှိ တိုက်ခန်းတွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၀န်းကျင်ခန့်၌ ယင်းတိုက်ခန်းတွင် နေထိုင်သော အိမ်ရှင်အမျိုးသမီးငယ်နှင့် နောက်ထပ် အိမ်ဖော်တစ်ဦးတို့သည် ခရီးသွားနေသည်ဟု ယူဆရာမှ ပြန်လည်ရောက်ရှိလာကြောင်း၊ ထို့နောက် အိမ်ခန်းပေါ်သို့ တက်သွားရာမှ ပြန်လည်ပြေးဆင်းလာကြောင်း၊ ပတ်ဝန်းကျင်အား အကူအညီတောင်းပြီး တာဝန်ရှိ ရဲဝန်ထမ်းများနှင့်အတူ တက်ကြည့်ရာ ပုပ်ပွနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း အခင်းဖြစ် ပတ်ဝန်းကျင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

တိုက်အနောက်ဘက် (၆) လွှာမှ အရေးပေါ်လှေကား နှင့်အတူ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု အလုံမြို့နယ်၌ ဖြစ်ပွား




74912
သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ်
တိုက်အနောက်ဘက် (၆)  လွှာမှ အရေးပေါ်လှေကားနှင့်အတူ အသက်၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံးမှု တစ်ခုအလုံ မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အလုံမြို့နယ် စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါ လမ်း၊ တိုက်အမှတ်၀၀၊ ၆လွှာ/ A မှ သေဆုံးသူ မသက်ထက်စံ အသက် (၃) နှစ် သည် မွန်းတည့် ၁နာရီအချိန် ၀န်းကျင်ခန့်တွင် အိမ်နောက်ဖက်အရေး ပေါ်လှေကား၌ ဖုန်းပြောနေစဉ် ယင်းလှေကားနှင့်အတူ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းဖြစ်စဉ် ဖြစ်ပွားပြီး ချိန်တွင် ၀ဲဘက်နောက်စေ့ စုတ်ပြဲ၊ ၀ဲဘက်မေးရိုးကျိုး၊ နှာခေါင်း၊ ပါးစပ်နှင့် ၀ဲဘက်ခြေထောက်များ ပွန်း ပဲ့ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဋ္ဌာန သို့ ပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ၅ မိနစ်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာ စတော့ရှယ်ယာ ဈေးကွက် ၂ နှစ်အတွင်း အကောင်အထည် ဖော်မည်

နေပြည်တော်၊ စက်တင်ဘာ ၎

နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် စတော့ရှယ်ယာ ဈေးကွက်ကို မြန်မာနိုင်ငံ၌ လာမည့် ၂၀၁၄ ခုနှစ်တွင် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အပြီးသတ် ရေးဆွဲကာ စတင် အကောင်အထည်ဖော် သွားတော့မည် ဖြစ်ကြောင်း Myanmar Securities Exchange Centre မှ အမှုဆောင်ဒါရိုက်တာဦးစိုးသိန်းက ပြောကြားသည်။

စက်တင်ဘာလ ၃ ရက်

နေ့က နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနတွင်ပြုလုပ်သော ငွေကြေး ဝန်ဆောင်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ အခမ်းအနားတွင် 'Capital Market Development in Myanmar' ခေါင်းစဉ်ဖြင့် စာတမ်း ဖတ်ကြားရာတွင် ၎င်းက အထက်ပါ အတိုင်းပြောကြား လိုက်ခြင်းဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis